← Chapters

သွေးလနန်းတော်ရှိနေတယ်

Vol. 83 Ch. 1646

သွေးလနန်းတော်ရှိနေတယ်

Vol. 83 Ch. 1646

သို့သော် ချင်းညောင် နှာမှုတ်လေသည် “မင်း အဲဒီကောင်မလေးကို စကား တည်ပါမယ်လို့ ကတိပေးခဲ့တာပဲ ငါပြောနိုင်မယ်” ချင်းညောင်သည် မျက်နှာ မပေးပေ “မင်းက ယန်းမိုထျန်းမျိုးနွယ်ကို ကာကွယ်ပါမယ်လို့ ကတိပေးပြီးသား လေ၊ ဒါပေမဲ့ အခုကဘာဖြစ်တာလဲ၊ မင်းက အဲဒီကောင်မလေးကြောင့် မလုပ်ဘဲ အကုန်လုံးကနေ ထွက်ပြေးချင်တာလား”

ယန်ယဲ့သည် အေးစက်စွာနှာမှုတ်လိုက်သည် “ငါက ကိုယ့်ဇနီးကိုတောင် ကာကွယ်မပေးနိုင်တာ ဘာလို့သူများအသက်ကို လိုက်ဂရုစိုက်နေရမှာလဲ”

လူငယ်သည် စကားလုံးမဲ့သွားသည်။ ရဲရဲတင်းတင်းခံစားကြည့်ရမည်ဆို လျှင် လူများ၏ဘဝနှင့် ယန်းမိုထျန်းမျိုးနွယ်သည် ယန်ယဲ့အတွက် သူ၏အားလပ်ချိန်တွင် ကစားသည့်အရာများလား။ သို့မဟုတ် ပေထင်းဟွမ် သူ့အား မနှစ်သက်တော့သည့်နောက်တွင် ကစားနေရာမှ ရပ်လိုက်သည့်အရာ လား။

အမှန်တကယ်မသိတော့ပေ။ သူတို့၏ဧကရာဇ်သည် ထိုကဲ့သို့လူမျိုးဖြစ် သည်ကို သိပြီးနောက် ယန်းမိုထျန်းမျိုးနွယ်တစ်ခုလုံးသည် မည်သို့တွေးကြ တော့မည်နည်း။

ဟေးလုံသည် ယန်ယဲ့၏မင်္ဂလာပွဲပြင်ဆင်ရန် သွားလိုက်ပြီဖြစ်သည်။

ထိုအချိန်တွင် ယန်ယဲ့သည် အားလုံး၏ ရိုသေမှုကိုလက်ခံရရှိပြီး ထိုလူများ ကို ထွက်သွားစေခဲ့သည်။ သူသည် မြို့တံတိုင်းတံခါးဝအပေါ်တွင် ရပ်ကာ လက်နှစ်ဖက်ဖြင့် ချိတ်စည်းပြုလုပ်ပြီး ကောင်းကင်နှင့်မြေကြီးစွမ်းအားကို နှိုးဆော်လေသည်။ တဖြည်းဖြည်းနှင့် လှပသောအင်ပါယာမြို့သည် ကောင်းကင်တွင်ပေါ်လာသည်။ အဝေးမှကြည့်လျှင် ၎င်းသည် ကောင်းကင်ပေါ် တွင် သွေးလရှိနေသည်နှင့်တူလေသည်။

သွေးလနန်းတော် ပေါ်လာချေပြီ။

နတ်မိစ္ဆာဧကရာဇ်ဟောင်းသည် သူ၏ဧကရီအတွက် သွေးလနန်းတော် တည်ဆောက်ရန် ငွေကြေးအများအပြားကုန်ကျခံခဲ့သည်ကို လွန်ခဲ့သည့်နှစ် တစ်သိန်းက ၃၃ ကောင်းကင်ဘုံတွင် အသက်ရှင်ခဲ့ကြသူများသိကြသည်။ နတ်မိစ္ဆာဧကရီကျဆုံးပြီးနောက် သွေးလနန်းတော်ကို နတ်မိစ္ဆာဧကရာဇ်မှ ချိတ်ပိတ်ခဲ့သည်။ သို့သော် လက်ရှိတွင် ကြီးမားသောအနီရောင်အလင်းတန်း ဖြာထွက်လာပြီး ၃၃ ကောင်းကင်ဘုံတစ်ခုလုံးကိုဖုံးလွှမ်းလေသည်။ တောင်မှ မြောက်၊ အရှေ့မှအနောက်ထိ တိုက်တစ်ခုလုံးမှလူများသည် ထိုအလင်းတန်းကို မြင်ကြသည်။ မရေတွက်နိုင်သောလူများသည် ကောင်းကင်ပေါ်သို့မော့ကာ ထူးခြားသောနန်းတော်ပေါ်လာသည်ကို ကြည့်နေခဲ့ကြသည်။

“နတ်မိစ္ဆာဧကရာဇ်ပြန်လာပြီ၊ နတ်မိစ္ဆာဧကရီလည်းပြန်လာပြီ”

“မိုးနတ်မင်းရေ ဧကရီပြန်လာပြီ”

“ဟုတ်တယ် ဧကရီပြန်လာပြီ ၃၃ ကောင်းကင်ဘုံက ပြန်ပြီးပြောင်းလဲ တော့မယ်”

“ပွဲကြီးပွဲကောင်းဖြစ်တော့မယ်”

ဧကရာဇ်ဖုန်းနှင့်ဇနီးတို့သည် ရှောင်ဖုန်းထျန်းယွိဆီသို့ သွားရာလမ်းတွင် ရောက်နေကာ လှည့်ကြည့်လိုက်ချိန်တွင် ကောင်းကင်ရှိ သွေးလနန်းတော်မှာ ရှင်းလင်းစွာ အဝေးတွင်ရှိနေသော်လည်း မျက်စိရှေ့တွင်ရှိနေသလိုထင်ရလေ သည်။

ပေထင်းဟွမ်သည် ရပ်ပြီး လေထဲမှ သွေးလကိုပြန်လှည့်ကြည့်မိသည်။ ယန်ယဲ့သည် အထီးကျန်ပြီး အဆုံးမရှိသည့်စကြာဝဋာထဲတွင် သွေးလကိုသာ မှီခိုနေခဲ့ရသည်ကိုသာ သူမ မြင်ခဲ့ရသည်။ သူမသည် ကျိုးပဲ့သွားသလိုပင်။

လွန်ခဲ့သည့်နှစ်တစ်သောင်းက သူမသည် ယန်ယဲ့အား ထိမ်းမြားပါ့မည်ဟု ကတိပေးခဲ့သည်ကို သူမ မှတ်မိသေးသည်။ မင်္ဂလာပွဲမတိုင်ခင်ညတွင် ယန်ယဲ့ သည် စိတ်လှုပ်ရှားစွာဖြင့် ပြေးလာခဲ့ပြီး လက်ဖြန့်ပြခဲ့သည်။ သူ၏ဖြူစွတ်သော လက်ဖဝါးတွင် သွေးလကို ရိုက်နှိပ်ခဲ့သည်။ သူသည် ပြုံးပြီးပြောခဲ့သည် “မင်းကို သွေးလနန်းတော်ကိုပေးမယ်၊ မင်း နန်းတော်မှာပဲနေ၊ ၃၃ ကောင်းကင်ဘုံရဲ့ ထောင့်တွေထိ ငုံ့ကြည်လို့ရမယ် မင်း သဘောကျလား”

သေချာပေါက် သူမ သဘောကျသည်။ သူမသည် ထိုညကိုမှတ်မိသေး သည်။ သူမသည် အိပ်ပျော်သွားမည်ကိုပင် နှမြောသည်အထိ ပျော်ရွှင်ခဲ့သည်။ သူမသည် ယန်ယဲ့နှင့် ထိမ်းမြားခြင်းမပြုသင့်သည်ကို သူမ ကောင်းစွာသိသည်။

ဤဘဝတွင်ရော။ ဤဘဝတွင် မည်သို့ဖြစ်မည်နည်း။

လပြည့်ညတွင် ယန်ယဲ့သည် သူမအား သဘောတူရန်ဖိအားပေးခဲ့သည် “ဟွမ်အာ မင်း လွန်ခဲ့တဲ့နှစ်တစ်သောင်းက ကိုယ့်ကိုကတိပေးခဲ့တဲ့ မင်္ဂလာ ဖယောင်းတိုင်ကို ဒီတစ်ခါ ပြည့်မြောက်အောင်လုပ်ရမယ် ဒါက...”

သူမ သူ့အား နောင်တကင်းကင်း လက်ထပ်မည်ဆိုပါက ဝိညာဉ် နတ်ဘုရားမျိုးနွယ်ကို အရင်ဖြေရှင်းရမည်ဖြစ်သည်။

ဝိညာဉ်နတ်ဘုရားမျိုးနွယ်အထက်ရှိ ကောင်းကင်တွင် ပုံရိပ်သုံးခုပေါ်လာ သည်။ မင်ဟုန်သည် ရှေ့တွင်ရပ်ပြီး မင်ရှို့နှင့် ရှီဖုန်းတို့သည် နောက်မှရပ်နေ သည်။ သူတို့သုံးယောက်သည် မယုံနိုင်ကြပေ။ သူတို့ သတင်းရနောက်ကျခဲ့ကာ နတ်မိစ္ဆာဧကရာဇ်သည် ပြန်ရောက်နေပြီဖြစ်သည်။

“ဟင်း” မင်ဟုန်သည် အင်္ကျီလက်ကို ခပ်ကြမ်းကြမ်းခါလိုက်သည် “လက်ရှိ ယန်းမိုထျန်းမျိုးနွယ်ကို အခြေခံရရင် ငါတို့ဝိညာဉ်နတ်ဘုရားမျိုးနွယ် ကို ရန်သူဖြစ်အောင်လုပ်မယ်ဆိုလို့ကတော့ ကိုယ့်ဘာသာ ဖျက်ဆီးလိုက်တာပဲ”

ရှီဖုန်းသည် မင်ဟုန်အား သဲ့သဲ့ကြည့်ကာ ရှေ့တိုးပြီး တလေးတစား အရိုအသေပေးလိုက်သည် “အဖေ ကျွန်တော်တို့တွေ အမှောင်နတ်မိစ္ဆာဘုံနဲ့ အဆက်အသွယ်ပြတ်သွားပါပြီ၊ မှော်အရင်းအမြစ်ကျောက်တုံးတစ်ဝက်ကို မရနိုင်တော့ပါဘူး”

All Chapters