← Chapters

ရှီဖုန်း

Vol. 83 Ch. 1648

ရှီဖုန်း

Vol. 83 Ch. 1648

ရှီဖုန်းသည် တုံ့ဆိုင်းနေသည်။ သူမသည် ဘိုးဘေးကိုတွေ့မည့်အစား အသေခံလိုက်မည်။ သို့သော် ထိုအရာသည် သူမ ငြင်းဆန်နိုင်သည့်အရာမဟုတ် ပေ။

၃၃ ကောင်းကင်ဘုံရှိ အရှေ့မြောက်ထောင့်တွင် နန်းတော်တစ်ခု လေပေါ် ပေါ်နေကာ သန်မာသောနတ်မိစ္ဆာဝိညာဉ်ရှိနေသည်။ ထိုနေရာသို့လာသည့် မည်သူမဆို ရေစိုနေသောဝတ်စုံကို ဝတ်ဆင်ထားသကဲ့သို့ ဤလေးလံသော ဖိအားကို ခံရမည်ဖြစ်သည်။ ချည်ဝတ်စုံပင် လမ်းလျှောက်ရန်ခက်ခဲလေသည်။

နန်းတော်သည် အထီးကျန်ဆန်ကာ ဘေးတွင်ဘာမှမရှိပေ။ အရင်ကဆို လျှင် တေးဆိုသောငှက်များ၊ မွှေးပျံ့သောငှက်များရှိကာ တိရစ္ဆာန်များမြူးတူးပြီး နှစ်တစ်သောင်းသက်တမ်းရှိ သစ်ကိုင်းနှင့်သစ်ရွက်ရှိသော သစ်ပင်အိုများသည် အခုံးအကာများသဖွယ်ရှိနေသည်။ လမ်းတစ်လျှောက်မှပန်းများသည် နွယ်ပင် များနှင့်ရောယှက်နေပြီး သက်ဝင်မှုအပြည့်နှင့်ပင်။

နတ်ဘုရားသုံးပါး သေဆုံးပြီးနောက် ယခုအခါ ဝမ်းနည်းလောက်စရာ အခြေအနေသို့ရောက်နေပြီဖြစ်သည်။

ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ ဘိုးဘေးများ ဤနေရာတွင် နေထိုင်လျှင် တောင်၊ မည်မျှကျော်ကြားသောပန်းများနှင့် ဆေးပင်များ စိုက်ပျိုးလျှင်တောင်၊ မည်သည့်နည်းလမ်းဖြင့်သုံးပြီးကြိုးစားစေကာမူ ဤနေရာတွင် အပင်တစ်ပင်မှ စိုက်ပျိုးနိုင်ခြင်းမရှိပေ။

နတ်မိစ္ဆာနတ်ဘုရားသည် နတ်ဘုရားသုံးပါး၏ ဝိညာဉ်ဖြင့် အသွင်ပြောင်း မှုထဲတွင် ထိပ်ဆုံးအဆင့်ဟုပြောကြသည်။ သူတို့၏ဝိညာဉ်သည် အစကတည်း ကပင် ဤမြေကြီးကို အဟာရဖြည့်တင်းခဲ့ကြသည်။ သူတို့ ပျက်စီးသွားသော အခါ နတ်မိစ္ဆာဝိညာဉ်ထိပ်ဆုံး တဖြည်းဖြည်း အားလျော့နည်းလာပြီး ၎င်း၏ အရင်တက်ကြွမှုကို ပြန်မရနိုင်တော့ပေ။

ရှီဖုန်းသည် ထိုနေရာသို့ တစ်ခါသာရောက်ဖူးသည်။ သူမနှင့် မင်ရှို့သည် သူတို့၏မင်္ဂလာဒုတိယမြောက်နေ့တွင် ဘိုးဘေးများကိုသွားတွေ့ခဲ့သည်။

ရှင်းလင်းနေသောခန်းမထဲတွင် နတ်ဘုရားသုံးပါး ထိုင်ခဲ့သည့် ပုလ္လင်တစ် ခုသာရှိကာ ကျန်နှစ်ခုမှာ ဝိညာဉ်နတ်ဘုရားမျိုးနွယ်မှ ဖယ်ရှားပစ်ခဲ့ပြီး ဝိညာဉ် နတ်ဘုရားမျိုးနွယ်၏ခန်းမထဲတွင် နေရာချထားခဲ့သည်။

ဘိုးဘေးသည် ပုလ္လင်ပေါ်တွင် ခွေနေသည်။ သူသည် အရပ်ပုပြီး မုတ်ဆိတ်၊ ဆံပင်ခပ်ပါးပါးရှိသည်။ တစ်ချက်ကြည့်လိုက်လျှင် သူသည် ရှေးကျ သည့်ပုံစံ ကြွက်နှင့်တူသည်။ ရှီဖုန်းသည် သူ့အကို အထင်မသေးရဲပေ။ ဤလူ၏ မျက်လုံးများသည် လူများ၏ရင်ထဲသို့ ထိုးစိုက်နိုင်သည်။ မလေးမစား တစိုးတစိ လုပ်မိလျှင် သူရှာဖွေနိုင်သည်။

ပထမဆုံးအကြိမ် ဤနေရာသို့ မလာခင်က မင်ရှို့သည် သူမအား အထူး တလည်သတိပေးခဲ့သည်။

နောက်တော့ သူမသည် သူ့အား စူးစိုက်ကြည့်မိသဖြင့် သူမကို သတ်မိလု နီးပါးဖြစ်ခဲ့သည်။

သူတို့သုံးယောက်သည် ပုလ္လင်အောက်တွင် ဒူးထောက်ပြီး ရှီဖုန်းသည် အနည်းငယ်ဝေးသောနေရာတွင် ဒူးထောက်လိုက်သည်။

“မင်စူး သေသွားပါပြီ”

ထိုစကားလုံးများသည် သူတို့နားများကိုဖြတ်ကာ သူတို့သုံးယောက်၏ ရင်ထဲသို့ ရိုက်ခတ်လေသည်။ ခန်းမထဲတွင် ခစားနေကြသော တခြားသူများ သည် ခြေထောက်များပျော့ခွေကာ ဒူးထောက်ကျသွားသည်။ သူသည် တစ်နှစ် ပတ်လုံး အိပ်မောကျနေခဲ့ကာ သူ နိုးလာသည့်အချိန်တိုင်းတွင် ခွန်အား တိုးတက်လာခဲ့သည်။ သူသည် အရင်ကထက် ပိုသန်မာလာသလိုပင်။

“ငါပြောတာက ငါ သေမှာပဲ သူသေလို့ရမယ် မင်ဟုန်း ငါပြောခဲ့တာ မင်း မေ့သွားပြီလား”

မင်ဟုန်းသည် ကြက်သွန်ဖြူကဲ့သို့ ခေါင်းကိုဝပ်ထားကာ ခန်းမ၏ ကြမ်းပြင်နှင့် ရိုက်ချလေသည် “မမေ့ရဲပါဘူး၊ ကျွန်တော် အမှောင်နတ်မိစ္ဆာဘုံ မှာ ဘာဖြစ်ခဲ့လဲဆိုတာ မသိလို့ပါ”

“မင်းကို အမှောင်နတ်မိစ္ဆာဘုံကိုသွားဖို့ ပြောတုန်းက မင်း မသွားခဲ့ဘူး၊ မင်းက မင်းရဲ့လက်သီးကို အဆုံးရှုံးမခံဖို့ဆုံးဖြတ်ခဲ့တယ်၊ မင်းက မင်စူးကို တွက်ကပ်ပြီးတော့ သူ့ကိုဆုံးရှုံးစေခဲ့တယ်၊ အခု သူက အမှောင်နတ်မိစ္ဆာဘုံမှာ အသက်ပျောက်သွားပြီ၊ မင်းက အစ်ကိုတစ်ယောက်ဖြစ်ပြီး ဒါလေးတောင် မသိဘူး” ဘိုးဘေး ပြောလေသည်။ သူ၏အသံမှာတိုးညင်းသော်လည်း ရက်စက် လှသည်။

မင်ဟုန်းသည် လက်နှစ်ဖက်ဖြင့် ကြမ်းခင်းကို မှောက်ထားဟန်တူသည်။ ဘိုးဘေးကြီးသည် ထိုအကြောင်းများသိနေလိမ့်မည်ဟု သူ ထင်မထားပေ။

“ဒီပတ္တမြားကမ္ဘာမှာ ဘာမှ ငါ့ကိုဖုံးကွယ်ထားလို့မရဘူး” ဘိုးဘေးကြီး သည် မျက်လုံးများ အနည်းငယ်ဖွင့်ဟလိုက်ရာ မြေကြီးပေါ်မှ သုံးယောက်သည် ကြီးမားသော ဖိနှိပ်မှုကိုခံစားရပြီး ရုန်းကန်မရပေ “လွန်ခဲ့တဲ့ နှစ်တစ်သိန်းက အဲဒီကလေးဖြစ်ရမယ်လို့ငါ ပြောခဲ့တယ်၊ မင်ဟုန်း မင်းက အငယ်ကိုတောင် မကိုင်တွယ်နိုင်ဘူး၊ အခု သူက ငါ့နောက်က ဆက်ခံသူဖြစ်လာမယ့်ဟာကို မင်ဟုန်း မင်း သူ့ကိုဘယ်လိုကိုင်တွယ်တော့မှာလဲ”

ထိုကလေးဆိုသည်မှာ ယန်ယဲ့ကိုဆိုလိုခြင်းပင်။ သူသည် ဤမျှကောင်း နေသည်လား။ မင်ရှို့မယုံပေ။

“ဘိုးဘေးကြီး” ရှီဖုန်းသည် ထိုဖိနှိပ်မှုကို မခံနိုင်ပေ “ကျွန်မတို့ အကောင်း ဆုံးကြိုးစားခဲ့ပြီးပါပြီ”

သူမ ဘာမှမပြောလျှင် အဆင်ပြေသေးသ်ည။ သို့သော် ဘိုးဘေးကြီး သူ၏လက်ကို အနည်းငယ်မြှောက်လိုက်သောအခါ ရှီဖုန်း၏ခန္ဓာကိုယ်သည် ခန်းမဝင်ပေါက်ဆီသို့ ကြိုးပြတ်သည့်စွန်ကဲ့သို့ ပြုတ်ကျသွားလေသည် “မိန်းမ တစ်ယောက်က ဒီအချိန်မှာ စကားဝင်ပြောရဲသေးတာလား”

All Chapters