← Chapters

မင်ဟုန်း၊ မင်းငါ့ကို ရှင်းပြချက်ပေးရမယ်

Vol. 83 Ch. 1649

မင်ဟုန်း၊ မင်းငါ့ကို ရှင်းပြချက်ပေးရမယ်

Vol. 83 Ch. 1649

ရှီဖုန်းသည် မလိုလားပေ။ သို့သော် စကားပြောရန်မဖြစ်တော့ပေ။ ဘိုးဘေးကြီးသည် သူမအား အထင်သေးသောအကြည့်ဖြင့် ကြည့်လေသည် “မင်ဟုန်း မင်းက ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ အထွတ်အထိပ်ကြီးတစ်ယောက် အနေနဲ့ မိန်းမတစ်ယောက်ရဲ့အကြံကို နားထောင်ပြီး အဲဒီကလေးရဲ့သွေးကို ခိုးခဲ့တယ်၊ ငါ့ရဲ့ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ လျှို့ဝှက်နည်းပညာကိုသုံးပြီး မင်ရှို့ နဲ့ သွေးစာချုပ်တည်ထောင်ခဲ့တယ်၊ ပြီးတော့ အဲဒီကလေးကို တမင်ထောင်ချောက်ဆင်ပြီး အဲဒီကလေးလက်ထဲကျအောင်လုပ်ခဲ့တယ်...”

“မင်းက ဒီနည်းလမ်းကိုသုံးပြီး သူ့ကို အကွက်ဆင်ခဲ့တယ်၊ အဲဒါကြောင့် မင်းရှုံးမှာပဲ”

ထိုအချိန်တွင် မင်ဟုန်းသည် နားမထောင်နိုင်တော့ပေ။ ဘိုးဘေးကြီး ယန်ယဲ့အား သုတ်သင်ခိုင်းစဉ်က လင်းရှန့်မျိုးနွယ်နှင့် ယန်းမိုထျန်းမျိုးနွယ် သည် မရေတွက်နိုင်အောင် စစ်ပွဲဖြစ်ခဲ့သည်။ သူတို့သည် မနိုင်ခဲ့ကြပေ။ သူ ယန်ယဲ့အား မည်သို့သတ်မည်နည်း။

ထင်ရှားစွာပင် ဘိုးဘေးကြီးသည် ယန်ယဲ့အား အသက်ရှင်ရန် အခွင့်အရေးပေးခဲ့သည်။ ဘိုးဘေးကြီးသာ အရင်ကတည်းက လုပ်ခဲ့လျှင် ယနေ့ ကိစ္စများ မည်သို့ဖြစ်လာမည်နည်း။

ဘိုးဘေးကြီးသည် မင်ဟုန်းအား သဲ့သဲ့ကြည့်လိုက်သည်။ သူ၏ရင်ထဲမှ အတွေးများကို ဘိုးဘေးကြီး မသိဘဲမည်သို့နေမည်နည်း။ သူသည် သက်ပြင်း ချလိုက်သည် “မင်ဟုန်း မင်းက ငါ့သွေးသားဆိုပေမဲ့ ငါ မင်းကို အမြဲတမ်း အထင်သေးခဲ့တယ်၊ မင်းက မင်းအမေလိုပဲ ပညာမဲ့တယ်၊ ဝိညာဉ်နတ်ဘုရား မျိုးနွယ်နဲ့ ယန်းမိုထျန်းမျိုးနွယ်က နှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့ရင်တောင် စစ်ပွဲ တစ်ခုချင်းစီက ကြမ်းတမ်းတဲ့တိုက်ပွဲဖြစ်ခဲ့တယ်၊ ဒီစက်ဆုပ်ဖို့ကောင်းတဲ့ မိန်းမ ရဲ့စကားကိုနားထောင်ပြီး ဒီနည်းလမ်းသုံးပြီး မိန်းကလေးတစ်ယောက်နဲ့ မင်းရဲ့ ပြိုင်ဘက်ကို တိုက်ခိုက်တာက မင်းကိုယ်မင်း မလေးစားတာပဲ”

“ပတ္တမြားကမ္ဘာမှာရပ်တည်ဖို့ ကမ္ဘာကြီးကိုထိန်းချုပ်ဖို့ မင်းမှာ မှီခိုစရာရှိ တယ်ဆိုတာပြောဖို့အတွက်နဲ့ ငါ နေလာခဲ့တာ နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ တောင်မသိတော့ဘူး၊ ဘယ်သူသိမလဲ မင်းက အဲဒီကလေး ပတ္တမြားကမ္ဘာကို သုံးခြမ်းကွဲအောင် လုပ်ခိုင်းခဲ့တယ်၊ အခု ငါ့မှာ ငါ့အချစ်ဆုံးသားတောင်မရှိတော့ ဘူး၊ မင်ဟွမ်တောင် သေသွားပြီ၊ မင်ဟုန်း... မင်း ငါ့ကို ရှင်းပြချက်ပေးရမယ်”

မင်ဟုန်းသည် တိတ်တိတ်လေး သက်ပြင်းချမိသည် “ဟုတ်ကဲ့ပါ ဂိုဏ်းခေါင်းဆောင် ကျွန်တော် ရှင်းပြချက်ပေးပါ့မယ်၊ ဒါပေမ့ ကျွန်တော့် သွေးသားအတွက် အရေးကြုံတဲ့အချိန်မှာ ဘိုးဘေးကြီးကို ကူညီဖို့ တောင်းဆို ချင်ပါတယ်”

ယန်ယဲ့သည် ဘိုးဘေးများနှင့် တူညီသောတည်ရှိမှုပင်။ ယခုအခါ သူတို့ လက်ဦးမှုရယူနိုင်မလားဆိုသည်ကို သူတို့၏ခွန်အားကို မှီခိုရမည်ပင်။

ဘိုးဘေးသည် ဘာမှမပြောသော်လည်း မင်ရှို့အား ကြည့်လေသည် “ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့မင်းသား၊ မင်းက တော်တဲ့ မင်းသားဖြစ်ချင်ရင် ကြင်ယာတော်ကောင်းကောင်းရွေးရမယ်”

ရှီဖုန်းသည် တုန်ယင်သွားကာ ဘိုးဘေးကြီးအား မယုံကြည်စွာကြည့်လေ သည်။ သို့သော် ဘိုးဘေးကြီးသည် တဖြည်းဖြည်းမျက်လုံးများမှိတ်လိုက်သည်။ မင်ဟုန်းနှင့်တခြားသူများ တဖြည်းဖြည်း နောက်ဆုတ်သွားသည်။

သူမ ဒဏ်ရာရခဲ့သည်။ သို့သော် မပြင်းထန်ပေ။ သူမသည် မင်ရှို့နောက် သို့ တွန့်ဆုတ်စွာဖြင့်လိုက်သွားခဲ့သည်။

“အရှင်”

မင်ရှို့၏မျက်လုံးများသည် ရှောင်တိမ်းနေသည်။ သူသည် သက်ပြင်းချ ကာ လင်းရှန့်နန်းတော်ရှိရာဘက်သို့ကြည့်နေသည်။ သူ၏အသံသည် မသဲကွဲလှ ပေ “မင်း ရက်နည်းနည်းလောက် အနောက်တောရိုင်းမှာသွားနေလိုက်ဦး”

“အရှင်”

ရှီဖုန်း ပျာယာခတ်သွားသည်။ ဘိုးဘေးကြီးပြောလိုက်သည်နှင့် မည်သူမှ မလိုက်နာဘဲမနေရဲသည်ကို သူမ သိသည်။ ဘိုးဘေးကြီးသည် မင်ရှို့ မင်းသား မဖြစ်မချင်း သူမနှင့် ခပ်ခွာခွာနေရမည်ဟု ဆိုလိုခြင်းပင် “အရှင် အဲလူက ဟွမ်ကျို့ဖြစ်နေရင် ဘယ်လိုလုပ်မှာလဲ”

ဘိုးဘေးကြီး သဘောမကျတဲ့သူက ဟွမ်ကျို့ဖြစ်နေရင်ရော။

မင်ရှို့သည် ခေါင်းအသာညိတ်လေသည် “ရှောင်ကျို့သာဆိုရင် ဘိုးဘေး ကြီးက အဲလိုပြောမှာမဟုတ်ဘူး”

ဟွမ်ကျို့သည် အမြဲဖြောင့်မတ်ခဲ့သည်။ သူမသည် သူမ၏ဘိုးဘေးကြီးကို မနှစ်ခြိုက်လျှင် ဘိုးဘေးရှေ့တွင် ပုန်းကွယ်နေမည်မဟုတ်ပေ။

ရှီဖုန်းသည် တုန်ယင်နေသည်။ သူမသည် မင်ရှို့အား ပြောလည်း အသုံး မဝင်မည်ကိုသိသည်။ သူမသည် အစကတည်းက်ပင် မင်ရှို့လိုချင်သည့်လူ မဟုတ်ပေ။ သူမ အစတည်းက လက်ထပ်ချင်သူသည် မင်ရှို့ဖြစ်နေခြင်းသာ။ သူမသည် ယန်ယဲ့ကိုချစ်သည်။ သို့သော် သူမသည် ယန်ယဲ့၏သဘောထားကို သထားသည်။ ယန်ယဲ့သည် သူမ တွက်ချက်နိုင်သူမဟုတ်ပေ။

ဘာကြောင့်လဲ။ ဘာလို့ အကုန်လုံးက ဟွမ်ကျို့ကို သဘောကျကြတာလဲ။ သူမကရော။ သူမ သေသွားသည့်အချိန်က သူမကိုတွေးခဲ့သည်။ ပြန်ရှင်လာချိန် တွင် သူတို့သည် စတင်ပြန်တွက်ချက်ကြသည်။

All Chapters