မင်းက ပျော်ရွှင်ဖို့အရည်အချင်းမပြည့်မှီဘူး
Vol. 83 Ch. 1650
ရှီဖုန်း၏နှုတ်ခမ်းထောင့်တွင် သွေးစွန်းသွားသည်။ သူမသည် မင်ဟုန်းရှိ ရာသို့ လျှောက်သွားသည်။ မင်ဟုန်းသည် မရှောင်ပေ။ ရှီဖုန်းသည် ကြောင် မဟုတ်သလို ခွေးလည်းမဟုတ်ပေ။ သူမသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်သို့ ဝိညာဉ်အောင်သွယ်တော်မှခေါ်လာခဲ့သည့် ချွေးမဖြစ်သည်။ ဝိညာဉ်နတ်ဘုရား မျိုးနွယ်သည် သူမအား နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့လျှင်တောင် သူမသည် အနောက်တောရိုင်း၏ အကြီးဆုံးမင်းသမီးဖြစ်တုန်းပင်။
“ပြီးခဲ့တဲ့တစ်ခေါက် တိကျွင်းနဲ့ သေရည်သောက်ခဲ့တုန်းက တိကျွင်း လည်း သက်ပြင်းချနေတာ၊ အဲတုန်းက သူ့မှာလည်း ကလေးနှစ်ယောက်ထပ်ပို ရှိချင်တာ၊ သူ့မှာလည်း မင်းနဲ့ဟွမ်ကျို့ပဲရှိတာလေ၊ အခု ဟွမ်ကျို့မရှိတော့ အနောက်တောရိုင်းမှာ အရိုက်အရာဆက်ခံမယ့်သူတောင်မရှိဘူး”
ရှီဖုန်း ပါးစပ်မဟခင်မှာပင် မင်ဟုန်းသည် ထိုစကားလုံးများကိုပြောကာ ရှီဖုန်း၏ပါးစပ်ကို တိုက်ရိုက်ပင် ပိတ်ပင်လိုက်သည်။
သူမသည် ရယ်မောလိုက်သည်။ သူမ၏ရယ်သံသည် သေချာပေါက်ပင် လှောင်ပြောင်နေခြင်းပင် “ကမ္ဘာကြီဂက လှည့်ကွက်များတယ်လို့ ရှင့်စိတ်ထဲမှာ တွေးနေတုန်းဖြစ်မယ်၊ အဲတုန်းက ကျွန်မ မင်ရှို့ကိုလက်ထပ်ပြီး ယန်ယဲ့ကို ရှင်းထုတ်ဖို့ကူညီပေးဖို့ ရှင်တို့နဲ့ သဘောတူညီချက်လုပ်ခဲ့တယ်၊ နှစ်တစ်သောင်း ကြာသွားပြီ ယန်ယဲ့က ၃၃ ကောင်းကင်ဘုံမှာ ပျောက်ကွယ်မသွားဘူး၊ ကျွန်မ မင်ရှို့နဲ့လက်ထပ်ထားတာ နှစ် နှစ်သောင်းပဲရှိသေးတယ်၊ နှစ်တစ်သောင်းနဲ့ ကျွန်မရဲ့ နှစ် နှစ်သောင်းကြာ မပျော်ရွှင်တဲ့အိမ်တောင်ရေးကို လဲလှယ်လိုက် တာ၊ ဒါကျွန်မ ဝဋ်လည်တာပဲလား”
“မပျော်ရွှင်တဲ့အိမ်ထောင်ရေးဆိုမှတော့ အခုပဲ ဘာလို့လက်မလွှတ်ရမှာ လဲ” မင်ဟုန်းသည် ပြုံးပြီးမေးလေသည်။
ရှီဖုန်းသည် နှုတ်ခမ်းများကိုကိုက်လိုက်သည် “သခင်မင်ဟုန်း ၃၃ ကောင်းကင်ဘုံမှာ ပျော်ရွှင်တဲ့စုံတွဲဆိုတာရှိလို့လား၊ သူတို့တွေ လိုအပ်တာကို အရယူနေကြရုံပါပဲ”
“ဟုတ်တယ်” မင်ရှို့သည် ရောက်လာပြီး ဖြတ်ပြောလေသည် “ရှီဖုန်း ထျန်းယွိရဲ့ ဧကရာဇ်ဖုန်း၊ ကျုံကျူးမိုယွိရဲ့ဧကရာဇ်မို ပြီးတော့ အခု ယန်းမိုထျန်း မျိုးနွယ်ရဲ့ဧကရာဇ်ဖြစ်မယ်၊ ရှီဖုန်း... ငါကရှောင်ကျို့ကို အရယူဖို့ အရည်အချင်း မပြည့်မှီခဲ့သလို မင်းလည်း ပျော်ရွှင်ဖို့ အရည်အချင်းမရှိဘူး”
ဤအချိန်တွင် မင်ရှို့သည် မသက်ညှာတော့ပေ။
ရှီဖုန်းသည် သူတို့နှစ်ယောက်ထွက်သွားသည်ကို စိုက်ကြည့်နေပြီး မျက်ရည်များကျလာသည်အထိ ဒေါသထွက်လေသည်။ ဘာလို့လဲ။ သူမက အနောက်တောရိုင်းရဲ့ မင်းသမီးကြီးဖြစ်ပြီးတော့ ပေထင်းဟွမ်က ဘာမှမဟုတ် တဲ့လူကို ဘာလို့ သူမထက်သာနေရတာလဲ။
အနောက်တောရိုင်းရှိ ဧကရာဇ်နှင့် ဧကရီတို့သည် ငြင်းခုံနေကြသည်။ နတ်မိစ္ဆာဧကရီပြန်လာသည်ဟု ဧကရာဇ်ကြားခဲ့ကာ နတ်မိစ္ဆာဧကရီအား စောင့်ရှောက်ချင်သည်။ သို့သော် ဧကရီသည် ဝိညာဉ်နတ်ဘုရားများကို ဆန့်ကျင်မိမည်ကို ကြောက်သဖြင့် အပြင်းအထန်ကန့်ကွက်လေသည်။ ထိုအချိန်တွင် ရှီဖုန်းသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်မှ နှင်ထုတ်ခံရကာ မင်ရှို့ သည် ဖိအားပေး ကွာရှင်းခိုင်းလေသည်။ ဧကရီသည် စိတ်ဆိုးလွန်းသဖြင့် မေ့လဲ လုမတတ်ပင်။
“အဖေ ကျွန်မက ဟွမ်ကျို့ပြန်လာလို့ နှင်ထုတ်ခံရတာ၊ မင်ရှို့လက်ထပ် ချင်တဲ့သူက ဟွမ်ကျို့ပဲ၊ ကျွန်မမဟုတ်ဘူး၊ အဲလိုဆိုမှတော့ ဟွမ်ကျို့ကို ပြန်ခေါ် ချင်သေးတာလား” ဧကရာဖ်ရှေ့တွင် သူမသည် ပေထင်းဟွမ်အား ဟွမ်ကျို့ဟု ခေါ်သော်လည်း 'ညီမ' ဆိုသည့်အသုံးအနှုန်းကို မသုံးပေ။
တိကျွင်းသည် ရှီဖုန်းအား စူးစိုက်ကြည့်လေသည် “မင်ရှို့က မင်းရဲ့ခင်ပွန်း ပဲ၊ သူက မင်းကို တစ်ရက်မကွာရှင်းရသေးရင် တစ်ရက်ခင်ပွန်းပဲ၊ မင်းရဲ့ညီမကို အဲလိုမပြောနဲ့”
“ညီမ ဟုတ်လား” ဧကရီသည် ရုတ်တရက် သတိဝင်လာကာ ထခုန်လေ သည် “အဲဒါကဘယ်လို ညီမမျိုးလဲ၊ ရှင်က အဲဒီအရှက်မဲ့တဲ့မိန်းကလေးကို မွေးခဲ့တာလား၊ ရှင်က အမှောင်နတ်မိစ္ဆာဘုံကို သွားတာနဲ့ အဲဒီမိန်းမနဲ့ချိတ်ခဲ့ တာ ပြီးတော့ တော်တော်ကြာတဲ့အထိ ပြန်မလာဘူး၊ အခု ရှင်နဲ့ အဲဒီမိန်းမရဲ့ သမီးက ကျွန်မသမီးကို ထပ်ပြီး ထိခိုက်အောင်လုပ်ချင်နေတာ၊ ကျွန်မက သူတို့ ကို အကြွေးတင်နေရဦးမှာလား”
တိကျွင်းသည် ခေါင်းငုံ့ကာ ဘာမှမပြောပေ။ သူ ဤဇနီးသည်ကို လက်ထပ်စဉ်က တခြားမိန်းကလေးနောက်သို့ ပါမသွားပါဟု ကတိပေးခဲ့သည်။ သို့သော် အမှောင်နတ်မိစ္ဆာဘုံမှမိန်းကလေးကို မြင်သည့်အခိုက်မှာပင် သူ စိတ်လွတ်သွားခဲ့သည်။ သူသည် ဧကရီကို တာဝန်ယူထားသော်လည်း ဟွမ်ကျို့ မိခင်နောက်သို့ စိတ်ပါသွားခဲ့သည်။
ရှီဖုန်းသည် စိတ်ထဲမှနှာမှုတ်လေသည် “အဖေ အနောက်တောရိုင်းမှာ ဆက်ခံသူမရှိဘူးလို့ အထွတ်အထိပ်သခင် မင်ဟုန်းကို ပြောခဲ့တယ်ဆို၊ အခု ကျွန်မပြန်လာပြီ ကျွန်မကို ဆက်ခံသူအရိုက်အရာပေးလို့ရပြီ”
တိကျွင်းသည် ရုတ်တရက်ခေါင်းမော့ကာ ရှီဖုန်းအား ကြည့်လေသည်။ သူမသည်လည်း သူ့ကိုစိုက်ကြည့်နေသည်ကိုကြည့်ပြီး သူသည် အတင်းခေါင်းညိတ်ပြလိုက်သည်။