၁၅ နှစ်အရွယ်အထွတ်အထိပ်
Vol. 83 Ch. 1651
ထိုအရာကိုကြည့်ပြီး အနောက်တောရိုင်းဧကရီသည် ပြုံးမိလေသည်။ သူမ၏သမီးကို ခင်ပွန်းဖြစ်သူ၏မိသားစုမှ နှင်ထုတ်ခံရခြင်းသည် ပြဿနာ မဟုတ်တော့သလိုခံစားရလေသည်။
အနောက်တောရိုင်းသည် သီးသန့်တည်ထောင်ရန် ပြင်ဆင်နေခဲ့သည်။ သို့သော် အမြဲတမ်း သိုသိုသိပ်သိပ်နေပြီး ကမ္ဘာကြီးရှေ့တွင် ပေါ်မလာခဲ့သော လျှို့ဝှက်မြူခိုးသည် ထင်ပေါ်စွာဖြင့် ၃၃ ကောင်းကင်ဘုံတွင် အခမ်းအနားကြီး ကျင်းပမည်ဟု ကြေညာခဲ့သည်။ အဓိကမိသားစုကြီးလေးခု၏ ပြန်လာခြင်း သည် တပ်တစ်သိန်းကိုဦးဆောင်ကာ ပေထင်းဟွမ်အား မင်းသမီးတစ်ဦးအနေ နှင့် ဘွဲ့ထူးပေးအပ်ခဲ့သည်။
အပ်နှင်းသည့်ရက်တွင် ၃၃ ကောင်းကင်ဘုံမှ အင်အားစုအားလုံးကို အခမ်းအနားပွဲကြည့်ရန် ဖိတ်ကြားခဲ့သည်။ အနောက်တောရိုင်းသည်လည်း ဖိတ်စာရလေသည်။
ရှီဖုန်းသည် တိကျွင်းအား ဖိတ်စာကို ကမ်းပေးလိုက်သည် “အဖေ ကြည့်လေ ညီမကပြန်လာမှာမဟုတ်ဘူး၊ သူမက အခု မြူခိုးမြေမှာရောက်နေ တယ်၊ ပြီးတော့ သူမက ပင်မတိုက်ကြီးမှာ ပြန်ဝင်စားတာလေ၊ လွန်ခဲ့တဲ့ နှစ် တစ်သိန်းကကိစ္စတွေကို မှတ်မိမှာမဟုတ်ဘူး”
“ဘာလို့ အဲလိုတွေးနေတာလဲ”
ယန်ယဲ့သည် သွေးလနန်းတော်ကို လှုံ့ဆော်ပြီးနောက် ယန်းမိုထျန်း နန်းတော်မှလူများ၏ လေးစားမှုကို လက်ခံသည်။ ယန်းမိုထျန်းမျိုးနွယ် တစ်ခု လုံးသည် စိတ်လှုပ်ရှားသည့်အနေအထားတွင်ရှိသည်။ သူသည် နောက် ၃ လ အကြာတွင် ပေထင်းဟွမ်နှင့် ထိမ်းမြားမည်ဟု ၃၃ ကောင်းကင်ဘုံတစ်ခုလုံးကို သက္ကတအသံဖြင့် ကြေညာခဲ့သည်။
ပေထင်းဟွမ်အား မြူခိုးမြေတွင် အခမ်းအနားဖြင့် တင်မြှောက်မည်ဆို သည့် သတင်း၊ ယန်းမိုထျန်းမျိုးနွယ်၏ဧကရာဇ်ပြန်လာသည့်သတင်း၊ ဧကရီနှင့် ထပ်မံထိမ်းမြားမည်ဆိုသည့်သတင်းများကြောင့် ၃၃ ကောင်းကင်ဘုံမှလူများ သည် ပေထင်းဟွမ်၏ နာမည်ကိုသိလာကြသည်။ ပေထင်းဟွမ်၏နာမည်ကို ကြားသည်နှင့် သူမ၏သရုပ်မှန်ကို မမှန်းနိုင်သူမရှိပေ။
“အထွတ်အထိပ်က နိမ့်ကျတဲ့လေဟာနယ်ကလာတာဆို”
“သူမက ၁၅ နှစ်ပဲရှိသေးတာကို အထွတ်အထိပ်အဆင့်ရောက်နေပြီဆို”
“၁၅ နှစ်အရွယ် အထွတ်အထိပ်၊ အဲဒါဖြစ်နိုင်တယ်လို့ထင်လား၊ သူက ၃၃ ကောင်းကင်ဘုံမှာဆို ကလေးပဲရှိသေးတာကို”
ထိုအချိန်တွင် ပေထင်းဟွမ်သည် အမှောင်လကျားဖြူနှင့် အစောင့်အရှောက်လေးဦးတို့၏ ကာကွယ်မှုအောက်တွင် ကျုံကျူးမြို့သို့ ဝင်နေ ပြီဖြစ်သည်။ ၎င်းနေရာသည် မြူခိုးမြေနှင့် နဂါးဇာမဏီတောင်ကြားတို့အကြား မှ ဒါဇင်ခန့်ရှိသော အင်အားစုငယ်များ သိမ်းပိုက်ခဲ့သည့် နယ်နိမိတ်ဖြစ်သည်။ ပေထင်းချင်းနှင့် တခြားသူများ ၃၃ ကောင်းကင်ဘုံသို့ ရောက်ပြီးနောက် ဆယ်စုနှစ်အနည်းငယ် တိုက်ခိုက်ပြီးနောက်တွင် ထိုအင်အားစုငယ်လေးများ သည် လုံးလုံးလျားလျားပျက်စီးသွားလေသည်။ ဤနေရာကိုသိမ်းပိုက်ကာ မြို့ တစ်မြို့တည်ထောင်ပြီး ကျုံကျိုးမြို့ဟု ကြေညာခဲ့သည်။
အတွင်းနန်းတော်မှာ ဟွမ်ကျို့နန်းဆောင်ဟု အမည်တွင်သည်။
ကျုံကျိုးမြို့၏နောက်တွင် ထုံရှန့်တောင်ရှိသည်။ ကျုံကျိုးမြို့တွင် အထွတ်အထိပ် ၆ ဦးနှင့် အရှင်ကြီးအဆင့်များစွာရှိသည်။ အားလုံးမှာ ရှေးဟောင်းသားရဲထိန်းများဖြစ်ကြသည်။ သူတို့ထဲတွင် အရှင်ကြီးချူဖုန်း ဦးဆောင်သည့် သံမဏိသွေးဟုခေါ်သည့် ဂိုဏ်းမှလွဲပြီး တခြားသူများအားလုံး သည် အားကောင်းသော သားရဲမျိုးနွယ်ကို ဦးဆောင်ကြသည်။
ကျုံကျိုးမြို့တွင် အထွတ်အထိပ်ကြီးအဆင့်မရှိသော်လည်း အလွန် အားကောင်းသည်။ သံမဏိသွေးအဖွဲ့ဖြစ်စေ သားရဲအဖွဲ့ဖြစ်စေ ၃၃ ကောင်းကင်ဘုံကို လွှမ်းမိုးနိုင်လေသည်။
ထို့အပြင် ကျုံကျိုးမြို့တည်ထောင်ပြီးနောက် လျှို့ဝှက်မြူခိုးသည် ကျုံကျိုးမြို့အား ကာကွယ်မည်ဟု ကြေညာခဲ့ကာ ရှောင်ဖုန်းထျန်းယွိနှင့် ကျို့ကျူးမိုယွိသည် မကြာခဏ မျက်နှာသာပေးသည်။ မိုယွိကွေ့ရှို့မှ မင်းသမီး နှင့် ရှောင်ဖုန်းထန်းယွိမှ မင်းသားနှစ်ပါးတို့သည် ကျုံကျိုးမြို့တွင် တစ်ချိန်လုံး နေထိုင်သဖြင့် တခြားသူများသည် ကျုံကျိုးမြို့အားရှင်းချင်လျှင်တောင် ချိန်ကြည့်နေရသည်။
၃၃ ကောင်းကင်ဘုံတွင် အားလုံးပေါင်း အထွတ်အထိပ်ကြီး ၁၀ ယောက် ရှိသည်။ ယခုအခါ အထွတ်အထိပ်ကြီးလေးယောက်သည် ကျုံကျိုးမြို့နှင့် မဟာမိတ်တည်ထောင်ရန် သူတို့၏စိတ်ရင်းကို ဖော်ပြပြီးဖြစ်သည်။ ထူးကဲသာလွန်သောတည်ရှိမှုအနေနှင့် သူသည်ကျုံကျိုးမြို့ကို စိတ်ဝင်မစားခဲ့ ဖူးပေ။
ထုံရှန်းတောင်အစွန်တွင် အဖွဲ့နှစ်ဖွဲ့တွေ့ဆုံကြရာ စတင်တိုက်ခိုက်ကြ တော့သည်။
“ငါ ဒီကိုရောက်ပြီးတော့ မေရှို့၊ မင်းက ဦးဆောင်ပြီး ဖောက်ထွက်တော့၊ ငါတို့ကိုကူညီဖို့ ခေါင်းဆောင်ကို လူလွှတ်ပြီးသတင်းပို့လိုက်” ထိုအဖွဲ့ငယ်ကို ဦးဆောင်သူသည် မိန်းကလေးတစ်ယောက်ပင်ဖြစ်သည်။