← Chapters

နဂါးနှင့်ဇာမဏီတောင်ကြား

Vol. 83 Ch. 1652

နဂါးနှင့်ဇာမဏီတောင်ကြား

Vol. 83 Ch. 1652

“ငါ ထွက်ချင်ပေမဲ့ လမ်းမရှိဘူး”

ပြိုင်ဘက်၏ခေါင်းဆောင်သည် အစိမ်းရောင်နဂါးအဖြစ်ပြောင်းကာ လေထဲတွင်ဝဲနေရာ ကောင်းကင်နှင့်နေကို ဖုံးအုပ်လေသည်။ လေနှင့်မိုးကို ခေါ် လိုက်သဖြင့် တိမ်တိုက်မည်းများလိမ့်လာပြီး ကောင်းကင်တွင် အလင်းမရှိတော့ ပေ။ နဂါးသည် အဖွဲ့ငယ်ဆီသို့ လေဖြင့်မှုတ်လေသည်။ ထိုအဝိုင်းခံရခြင်းကို ဖြတ်ရသည်မှာ မျှော်လင့်ချက်တစ်ခုသာဖြစ်သည်ကို မြင်ပြီး မေရှို့သည် အံကို တင်းတင်းကြိတ်ကာ တိုက်ခိုက်ရေးသားရဲချပ်ဝတ်တန်ဆာကိုဝတ်ဆင်ပြီး လက်ထဲတွင် ဓားရှည်ကိုကိုင်ဆောင်ကာ အစိမ်းရောင်နဂါးဆီသို့ အားပါပါ ထိုး စိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ခန္ဓာကိုယ်ထဲရှိ ရွှေရောင်အူတိုင် ကိုလှုံ့ဆော်ပြီး ပြိုင်ဘက်ကို တိုက်ခိုက်ရန် အသင့်ပြင်လေသည်။ ငါးသေပြီး ပိုက်ကွန်ပျက်သွားရာ တူညီသော ပျက်စီးမှုပင်။

“ခေါင်းဆောင်ဆယ်လင်း၊ ခေါင်းဆောင်ကြီးပြန်လာရင် ငါ မေရှို့က နောက်ဘဝမှာလည်း သူမနောက်လိုက်ပြီး သူမကို အမှုထမ်းပါ့မယ်လို့ ပြောပေးပါ” တွဲဖက်သည် ချင်းလုံဆီသို့ပြေးလာသည်။

“သတ်ကြ လုံဖုန်းတောင်ကြားကသားရဲတွေကို သတ်ပြီး မေရှို့အတွက် လက်စားချေကြ” ဆယ်လင်းအော်လေသည်။ သူမသည် ဝိညာဉ်ကွဲချောက်သို့ ပြန်ရောက်သွားသလိုပင်။ သူမသည် ပေထင်းဟွမ်နောက်လိုက်ခဲ့ပြီး နတ်ဘုရား ကိုတွေ့လျှင် နတ်ဘုရားကိုသတ်သည်။ နတ်ဘုရားကိုသတ်ရသည်မှာ မည်မျှ ပင် ကျေနပ်လိုက်ရသနည်း။

မေလော့သည် မျက်ရည်များ ထွက်လာပြီဖြစ်သည်။ ထိုအချိန်တွင် သူမ သည် လက်လျော့ရန်တုံ့ဆိုင်းနေလျှင်တောင် သူမလည်း ထိုနည်းအတိုင်းလုပ် သင့်သည်ဟု သူမ၏အသိစိတ်မှပြောနေသည်။

ခန္ဓာကိုယ်ထဲတွင် ရွှေရောင်အူတိုင်သည် အလွန်အမင်းတွန့်ပို့ခံရသလို မေရှို့သည် အစိမ်းရောင်နဂါးဆီသို့ မြားတစ်တစင်းအလား ပြေးသွားသည်။ သူသည် သေရမည်ဆိုသည့် ယုံကြည်ချက်ကို ဆွဲကိုင်ထားသည်။ ထိုအခိုက်အတန့်၌ပင်လျှင် သူသည် ခေါင်းဆောင်ကြီးကို အမှုထမ်းရသဖြင့် စိတ်ထဲမှပျော်ရွှင်နေတုန်းပင်။ မင်းရဲ့အမှုကိုထမ်းရင်း သေသွားရင် သေသွား ရတာတန်တယ်။

သို့သော် အားကောင်းသော အင်အားတစ်ခုသည် သူ့ကိုဖုံးအုပ်လိုက်ပြီး တစ်ကိုယ်လုံးကို လှုပ်မရအောင် ပြုလုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းပင် သူ၏အဖွဲ့ဆီသို့ ကျသွားသည်။ မိုးကုတ်စက်ဝိုင်းမှ ဆန့်ထွက်လာသော ကျောက်စိမ်းရောင်လက်တစ်ဖက်သည် တရင်းတနှီးဖြင့် ကောင်းကင်ကိုကာထားလေသည်။ နေရောင်ကိုကာကာ အစိမ်းရောင်နဂါးကို ဆွဲပြီး ညှစ်လေသည်။

ဂျွတ်

ဂျွတ်ခနဲမြည်သံဖြင့် အစိမ်းရောင်နဂါး၏ခေါင်းကျိုးသွားပြီး ငိုက်စိုက်ကျ ကာ ၎င်း၏ကြီးမားသောခန္ဓာကိုယ်သည် ထုံရှန့်ဆီသို့ တောင်ကြီးတစ်လုံး အလား ပြုတ်ကျလေသည်။ အောက်တွင် တိုက်ခိုက်နေကြသော အဖွဲ့နှစ်ဖွဲ့ရှိ လေသည်။ ခေါင်းအထက်တွင် အစိမ်းရောင်နဂါးသည် တည့်တည့်ဆင်းလာရာ နှစ်ဖက်လုံးမှလူများသည် ချက်ချင်းပင် ကြောက်လန့်တကြား အသီးသီး ရှောင်တိမ်းကြသည်။ မဟုတ်လျှင် သူတို့သည် ဂရုမစိုက်မိလျှင် ရွှံ့ထဲသို့နစ်သွား နိုင်သည်။

ဘုန်း...

အစိမ်းရောင်နဂါးသည် တောင်ငယ်တစ်လုံးကို ပြားသွားစေသည်။ ကြီးမားသောအစိမ်းရောင်နဂါးသည် အသက်သွေးကြော ပျောက်ဆုံးသွားပြီဖြစ် သည်။ ထိုကောက်စိမ်းရောင်လက်သည် အရည်အသွေးမြင့် အဆီခဲကျောက်စိမ်းမှ ထွင်းထုထားသကဲ့သို့ထင်ရသော်လည်း ၎င်းတွင်ပါဝင် သော စွမ်းအားသည် ကြောက်စရာကောင်းလှသည်။

ဘေးနှစ်ဖက်မှလူများ ရပ်တန့်သွားပြီး အစိမ်းရောင်နဂါးဘေးတွင် ရပ်ကာ ကြောက်လန့်သောမျက်လုံးများဖြင့် ကြည့်ကြလေသည်။

“အစ်ကို” မေလော့သည် မေရှို့ဆီသို့ ပြေးသွားပြီး အသက်ရှင်ကျန် နေသည့်အတွက် မျက်ရည်များအကြားမှပင် ပျော်ရွှင်မိသည်။

မေရှို့အသက်ပြန်ရှင်လာသည့်အတွက် ဆယ်လင်းနှင့်တခြားသူများ ပျော်ရွှင်မိကြသည်။ သို့သော် သူတို့သည် မေရှို့အား ကယ်တင်သည့်လူကို ပို သိချင်ခဲ့သည်။

ပြိုင်ဘက်သည်လည်း ထိုအချိန်တွင် ပျာယာခတ်သွားကြသည်။ ချင်းလုံ သည် သူတို့၏ခေါင်းဆောင်ဖြစ်ကာ ခွန်အားသည် တိဘက်ဘုံ၏ အလယ် အဆင့်ရှိ အရှင်ကြီးအဆင့်ဖြစ်သည်။ သူ ဒီအတိုင်းသေသွားပြီလား။

သားရဲတစ်ကောင်၏ ခန္ဓာကိုယ်သည် မည်မျှအားကောင်းလိုက်သနည်း။ ချင်းလုံသည် ရှေးဟောင်းနဂါး၏သွေးသားရှိသော သားရဲဖြစ်သည်။ ခန္ဓာကိုယ် စွမ်းအားရှိသော်လည်း ပြိုင်ဘက်၏ ပုရွက်ဆိတ်ကဲ့သို့ ထိုးစိုက်မှုကြောင့် သေသွားရသည်လား။ ထိုလူသည် အထွတ်အထိပ်ထိပ်ဆုံး သို့မဟုတ် အထွတ်အထိပ်ကြီးခွန်အားအဆင့်ရှိသူဖြစ်နိုင်မည်။

မင်သည် အိပ်မောကျနေရာမှ နိုးလာသည်။ ထိုလူသည် ခွေးနှာခေါင်းရှိ သည်ဟု ပေထင်းဟွမ်ခံစားရသည်။ သူသည် သားရဲလေဟာနယ်ထဲမှ တစ်စုံတစ်ခုကို အနံ့ခံမိပြီး နိုးလာခြင်းဖြစ်သည်။ “ချင်းလုံလား နဂါးနဲ့ဇာမဏီ တောင်ကြားကလား”

သူသည် ပြောပြီးနောက် ခန္ဓာကိုယ်ကိုမတ်ကာ တိုက်ပွဲရှိရာဘက်ဆီသို့ ရောက်သွားလေသည်။ ပေထင်းဟွမ်ကြောင့် လည်ကျိုးသွားသော ချင်းလုံသည် သေနေပြီဖြစ်သည်ကို သူ မြင်လိုက်ရပြီး ကိုးရောင်မျက်အိမ်ဖြင့် လုံဖုန်းဂူမှ လူများကိုကြည့်လေသည်။ ဖွဲ့စည်းပုံကိုကြည့်ပြီး သူသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည် “ငါ မင်းနဲ့ ပင်မတိုက်ကြီးလိုမျိုး ကျဉ်းမြောင်းတဲ့နေရာ မှာတွေ့ရလိမ့်မယ်လို့ ထင်မထားဘူး”

All Chapters