← Chapters

ဦးလေးမင်ပြန်လာပြီ

Vol. 83 Ch. 1653

ဦးလေးမင်ပြန်လာပြီ

Vol. 83 Ch. 1653

တစ်ဖက်အဖွဲ့သည် သရဲမရဲစီးနေသည့်အဖွဲ့ဖြစ်သည်။ ဆယ်လင်း ဦးဆောင်သည့်အဖွဲ့သည် လက်ရှိတွင် သန်မာနေပြီဖြစ်သည်။ သို့သော် ယခုအခါတွင် သူတို့သည် သားရဲဖမ်းရန် ထုံရှန့်တောင်သို့ ဝင်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူတို့သည် နဂါးဇာမဏီတောင်ကြား၏ ချောင်းမြောင်းတိုက်ခိုက်ခြင်း ကိုခံရလေသည်။

ထိုလူများသည် ပေထင်းဟွမ်နှင့် အလုပ်လုပ်ကြသူများဖြစ်ကာ မင်နှင့် မရင်းနှီးသော်လည်း တစ်ယောက်နှင့်တစ်ယောက် သိကြသည်။၏

ထိုအချိန်တွင် ကိုးရောင်ဆံပင်ရှည်မှာ လေမတိုက်ဘဲ နောက်တွင် လွင့်နေကာ လက်တွင် ကိုးရောင် ဖုန်ထျန်းလှံတံကိုင်ထားပြီး ထူးခြားသော ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် ကိုးရောင်လူငယ်ကိုကြည့်ရသည်မှာ လင်းထျန်းစစ်နတ်ဘုရားနှင့်တူနေသည်။ ရုတ်တရက်ပင် ထိုအမဲလိုက်အဖွဲ့ သည် မထိန်းနိုင်လောက်အောင် စိတ်လှုပ်ရှားလေသည်။

ဤနေရာသည် ပင်မတိုက်မဟုတ်ဘဲ ၃၃ ကောင်းကင်ဘုံဖြစ်သည်ဟု မင် စကားမှားသွားသည်ကိုပင် သူ ဂရုမစိုက်နိုင်တော့ပေ။

“ဦးလေးမင် ဦးလေးမင် ပြန်လာပြီ”

“အာ... ငါ တကယ် ဦးလေးမင်ကိုထပ်မြင်လိုက်ရပြီပဲ”

“ခေါင်းဆောင်ရော ခေါင်းဆောင်ရောပြန်လာပြီလား”

“ခေါင်းဆောင်”

အားလုံးသည် တညီတညာတည်း အော်ကြလေသည်။ ပေထင်းဟွမ်သည် ဖြည်းဖြည်းချင်းလျှောက်လာသည်။ သူမသည် အရင်ကနှင့် သိပ်မကွဲပြားသည့် အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည်။ သူမ၏ ဆံပင်ကို စုစည်းထားဆဲဖြစ် သည်။ သူမသည် မိန်းကလေးမှ အမျိုးသမီးတစ်ယောက်အသွင်ပြောင်းသွား၍ လားမသိပေ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ ပေါ်လွင်လာသည်။ ဆွဲဆောင်မှု တချို့ဖြင့် မျက်လုံးမျက်လုံးထဲမှ ဆွဲဆောင်မှုရှိသည့်အကြည့်ရှိသည်။ ထို့ကြောင့် ကြည့်လိုက်သည်နှင့် အမျိုးသမီးတစ်ယောက်အနေနှင့် သူမ၏ သရုပ်မှန်ကို အားလုံးမြင်နိုင်လေသည်။

“ခေါင်းဆောင်”

“ဟုတ်တယ် ငါပဲ” ပေထင်းဟွမ်သည် လေပေါ်တွင်ရပ်နေပြီး သူမ၏ မျက်ခုံးမျက်ခုံး မျဉ်းများသည် မပြောင်းလဲသေးပေ “ငါ အကြောင်းအရင်း အမျိုးမျိုးကြောင့် ယောက်ျားလေးလို ဝတ်စားခဲ့တယ်၊ ငါ့မှာ မရှောင်လွှဲနိုင်တဲ့ အခက်အခဲတချို့ရှိလို့ပါ၊ မင်းတို့ကို လိမ်ဖို့မရည်ရွယ်ပါဘူး၊ မင်းတို့ရဲ့ အဖွဲ့ခွဲ ခေါင်းဆောင် ချူဖုန်းလည်း သိတယ်”

ပေထင်းဟွမ် ပြုံးလိုက်သည်။ သူမ၏အကြည့်သည် မေရှို့ဆီသို့ရောက် သွားကာ ဆေးတစ်လုံးထုတ်ပေးသည်။ တောင်နှင့်တောများဖြင့်ပြည့်နေသည့် အားကောင်းသော ရနံ့သည် ထိုဆေး၏သက်ရောက်မှုနှင့် အဆင့်ကို သံသယဝင် ဖွယ်ရာမရှိပေ။ မေရှို့သည် ခေတ္တမျှအေးခဲသွားပြီး ပါးစပ်ထဲသို့ထည့်လိုက် သည်။ ပေထင်းဟွမ် သူ့ကိုပေးသည့်ဆေးမှာ အဆိပ်ဖြစ်လိမ့်မည်ဟု တွေးပင် မတွေးတော့ပေ။

ဆေးသည် ပါးစပ်ဝ၌ပင် အရည်ပျော်သွားကာ မှော်စွမ်းအားသည် ခန္ဓာ ကိုယ်အနှံ့ပျံ့သွားသည်။ ပေထင်းဟွမ်သည် ချက်ချင်းပင် ပြောလိုက်သည် “မင်းက လင်းဇုံထိပ်ဆုံးအဆင့်ရောက်နေပြီ၊ ဒီဆေးက မင်းကို နတ်ဘုရား အဆင့်ကိုဝင်ဖို့ အကူအညီပေးနိုင်တယ်၊ နောက်ဆိုရင် မင်းလည်း သားရဲထိန်း နိုင်မယ်”

“ခေါင်းဆောင်”

သူမသည် သူတို့၏ခေါင်းဆောင်ဖြစ်သည်။ အမှန်တကယ်ပင် ခေါင်းဆောင်ဖြစ်သည်။ မေရှို့သည် ခေတ္တမျှနင်သွားသည်။ နတ်ဘုရားအဆင့် ဖြစ်ရန် အချိန်တစ်ခုသာလိုအပ်သည်။ ကိစ္စကြီးတော့မဟုတ်ပေ။ သို့သော် သားရဲထိန်းကျောင်းရသည်မှာ သွေားသားနှင့်ပတ်သက်သည်။ ခေါင်းဆောင် ပေးသည့်ဆေးသည် သူတို့၏သွေးသားကို ပြောင်းလဲပေးပြီး သားရဲများကို ထိန်းကျောင်းအောင်ပြုလုပ်ပေးသည်။

သည်လိုနှင့် သူ၏ခွန်အားသည် ဆတိုး တိုးတက်သွားလိမ့်မည်။

ယခု မေရှို့သည်လည်း ဆယ်လင်းအဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည်။ ဆယ်လင်း သည် ဓားနတ်ဘုရားဘုရင်ဖြစ်နေပြီဖြစ်သည်။ သူမသည်လည်း ဝိညာဉ်အဆင့် တက်ဆေးဖြင့် နတ်ဘုရားအဆင့်သို့ရောက်ရှိခဲ့ကာ သားရဲထိန်းဖြစ်နေပြီဖြစ် သည်။

ကျုံကျိုးမြို့၏အဓိကသော့ချက်မှာ အားလုံးသည် ရှေးဟောင်းသားရဲထိန်း များဖြစ်ကြသည်။ ၎င်းသည် ၃၃ ကောင်းကင်ဘုံတွင် သတိထားမိလောက်စရာ အင်အားစုဖြစ်လာခဲ့သည်။ မည်သည့်အင်အားစုမှ အလွယ်တကူ မပြစ်မှားရဲ ပေ။ ဤအင်အားစုအား အကူအညီတောင်းရမည့်နေ့ရောက်မလာဟု မည်သူ သိမည်နည်း။

ထို့အပြင် ရှေးဟောင်းသားရဲထိန်းသည် အလွန်ပင် ထူးကဲသည့် တည်ရှိမှု မျိုးဖြစ်သည်။

တခြားသူများသည် အားကျကြသည်။

ပေထင်းဟွမ်ပြောလိုက်သည် “စစ်မြေပြင်မှာ ရန်သူနဲ့အတူ ကိုယ့်ကိုယ် ကိုယ် စတေးလိုက်ဖို့ ငါ မင်းကို မတိုက်တွန်းခဲ့ပါဘူး၊ ငါ ဒီလိုမျိုး ကစားတာကို သဘောမတူဘူး၊ မင်းတို့အသက်ကယ်ဖို့ ငါ ကောင်းကင်ပေါ်က အမြဲတမ်းကျ လာမှာမဟုတ်ဘူး၊ မင်းတို့သန်မာမှပဲ ကိုယ့်ဘာသာအရင်ကာကွယ်ပြီး ဒုတိယ အနေနဲ့ရန်သူကိုသတ်နိုင်မှာ၊ မေရှို့က အဆင့်တက်တော့မယ် အဲတော့ ငါ သူ့ကို ဆေးပေးလိုက်ပြီ၊ တခြားသူတွေက အဆင့်တက်တော့မယ့်အချိန်ထိ ကြိုးစား မယ်ဆိုရင် အဲလိုပဲ ဆေးပေးမယ်”

သံမဏိသွေးတစ်ဖွဲ့လုံးသည် အားပေးသံများညံသွားသည်။ သူတို့သည် ၃၃ ကောင်းကင်ဘုံသို့ရောက်လာခဲ့ကာ ဆေးမပြတ်လပ်ခဲ့ပေ။ တစ်စုံတစ်ယောက်အဆင့်တက်လျှင် ဆေးများဖြင့် ဆုပေးခဲ့သည်။ သို့သော် ပေထင်းဟွမ်ရောက်လာခြင်းသည် သူတို့အား သေချာပေါက် စိတ်လှုပ်ရှားစေခဲ့ သည်။

All Chapters