ခေါင်းဆောင် နောက်ဆုံးတော့ပြန်လာပြီပဲ
Vol. 83 Ch. 1654
မင်၏ဘက်တွင် လုံဖုန်းဂူမှလူများသည် တစ်လှမ်းချင်း နောက်ဆုတ်သွား ကြလေသည်။ သူတို့တွင် မည်သူ့မှာမှ သားရဲသွေးသားမရှိကြပေ။ မင်သည် ပုံမှန်မဟုတ်သည်ကို သူတို့၏အရိုးအရင်းထဲမှ ခံစားမိကြသဖြင့် အညံ့ခံရတော့ သည်။ သို့သော် မင်၏ခန္ဓာကိုယ်ပေါ်မှ လူသတ်မည့်ရောင်ဝါသည်လည်း သူတို့ ကိုအညံ့ခံလိုက်လျှင် သေမည်ဟု ပြောနေသလိုပင်။
“သူနဲ့တိုက်ခိုက်ကြ”
သူတို့ထဲမှတစ်ယောက်သည် အော်ဟစ်ပြီးနောက် မင်ဆီသို့ ရှေ့တိုးလိုက် သည်။ မင်သည် နှာမှုတ်လေသည်။ ထိုအချိန်တွင် ဤနေရာသည် ပင်မတိုက် ကြီးမဟုတ်သလို ဤလူများသည် ကိုယ်ပွားများမဟုတ်ကြသည်ကို သိသွားလေ သည်။ သူသည် ပေထင်းဟွမ်အားပြောလိုက်သည် “မင်း ၃၃ ကောင်းကင်ဘုံကို ဒီလောက်မြန်မြန်ရောက်လာလိမ့်မယ်လို့ထင်မထားဘူး၊ မင်းခွန်အားက တိုးတာ မြန်သားပဲ”
“အဲဒါဘာမှားလို့လဲ” ပေထင်းဟွမ်သည် မင်ထွက်လာပြီးနောက် လက်ပိုက်ရပ်ကာ တိုက်ပွဲကို ရပ်ကြည့်နေခဲ့သည်။
“သေချာပေါက်ပဲပေါ့” မင်သည် ကောင်းကင်ကိုမော့ကြည့်ပြီး ရယ်မော လေသည် “ငါ့ဦးလေးက ၃၃ ကောင်းကင်ဘုံကို ဒီလောက်မြန်မြန် ပြန်လာလိမ့် မယ်လို့ထင်မထားဘူး၊ ၁ နှစ်တောင်မကျော်ဘူးမလား၊ ကိုးရောင်နဂါးဇာမဏီ ပြန်လာပြီ”
သူ စကားပြောပြီးနောက် တစ်ဖက်လူမှ ဖွဲ့စည်းမှု တည်ဆောက်သည်ကို ပင် မစောင့်ဘဲ ဖန်ထျန်းလှံကိုမြှောက်ပြီး လေဟာနယ်ကို ခုတ်ချလိုက်သည်နှင့် ကောင်းကင်တစ်ခုလုံးသည် နှစ်ခြမ်းကွဲသွားလေသည်။ အလင်းထွက်လာသည် နှင့်အတူ နှလုံးစူးသွားလောက်သည့် အသံထွက်ပေါ်လာသည်။ အားလုံးသည် ဝိညာဉ်အရိပ်အယောင်ပင် မကျန်တော့လောက်အောင်အထိ ပြာကျသွားလေ သည်။
“လုံဖုန်းတောင်ကြားက အဲဒီအရူးနှစ်ကောင်ကို လူလွှတ်ပြီး သတင်းပါး မလို့လုပ်နေတာ၊ ဒါပေမဲ့ မထင်မှတ်စွာနဲ့ပဲ အားမသုံးရတာကြာတော့ ငါ့ခွန်အား ကို မထိန်းချုပ်နိုင်တော့ဘူးပဲ” မင်သည် အနည်းငယ် စိတ်တိုနေပုံပေါက်သည်။ သူသည် လက်ထဲမှဖန်ထျန်းလှံတံကို ချိန်ကြည့်နေသည်။ သူသည် လက်ဖဝါး ဖြန့်ပြီး လက်ဖဝါးထဲသို့ လှံတံထည့်လိုက်သည်။
လုံဖုန်းတောင်ကြားမှ အရူးနှစ်ကောင်ဆိုသည်မှာ အရှင်ကြီးအဆင့်နှစ် ယေဦက်ပင်ဖြစ်သည်။ ဦးလေးမင်သည် တခြားသူများအကြောင်းကို ထိုကဲ့သို့ ပြောဖို့အဆင်ပြေရဲ့လား။
တောထဲတွင် တိတ်ဆိတ်နေသည်။
ပေထင်းဟွမ်သည် မင်၏လှုပ်ရှားမှုကြောင့် မှင်တက်နေသည်။ မင်၏ ခွန်အားသည် နက်နဲလွန်းကာ သူမပင် မမြင်နိုင်ပေ။ သူ၏ခုတ်ချက်သည် ပေထင်းဟွမ်ကို အလင်းရသွားစေသည်။ သူမသည် မီးဒြပ်စင်နှင့် သူမ၏ စိတ် ဝိညာဉ်တို့ အနီးကပ်ဆက်သွယ်မှုရှိသည်ကို ခံစားမိလိုက်သည်။
“ငါ ကိုးရောင်နိဗ္ဗာန်မီးကို သန့်စင်လိုက်တာကြောင့်ဖြစ်မယ်” ပေထင်းဟွမ်သည် သူမဘာသာတွေးနေမိသည်။
သို့သော် မင်သည် ခေါင်းလှည့်ပြီး ပေထင်းဟွမ်အား ပြောလေသည် “အရှင်က ဒြပ်စင်စည်းမျဉ်းကို စပြီးနားလည်လာပြီပဲ၊ မင်းက ကိုးရောင်နိဗ္ဗာန်မီး ကို သန့်စင်ပြီးပြီ၊ တကယ်တော့ အဲဒါကို ရတုန်းက အတွေ့အကြုံရှိရင် ဒြပ်စင် စွမ်းအင်ကို ထိန်းချုပ်လို့ရတယ်၊ မင်း အထွတ်အထိပ်အကြီးအဆင့် မတက်ခင် အနည်းဆုံး ဒြပ်စင်လေးခုစည်းမျဉ်းကို ကျွမ်းကျင်ရမယ်၊ အဲလိုမှ နောက်ဆိုရင် လက်ချောင်းထိပ်နဲ့တင် လေဟာနယ် ဖန်တီးနိုင်မယ်”
အထွတ်အထိပ်ကြီးအဆင့်သို့တက်ပြီး အချိန်နှင့်နေရာစည်းမျဉ်းကို နားလည်နိုင်လျှင် လေဟာနယ်ဖန်တီးနိုင်မည်ဖြစ်ပြီး ယန်ယဲ့၊ နတ်မိစ္ဆာနတ် ဘုရားကဲ့သို့ အချိန်နှင့်နေရာကို ဖန်ဆင်းနိုင်မည်ဖြစ်သည်။ သူတို့သည် ထိုလေဟာနယ်တွင် ဖန်ဆင်းရေးနတ်ဘုရားများဖြစ်ကြသည်။
ပေထင်းဟွမ် ခေါင်းညိတ်လိုက်သည်။ သူမသည် ဒြပ်စင်စည်းမျဉ်းများကို နားလည်ရန် အချိန်လိုအပ်သည့်ပုံပင်။ သူမသည် အဆင့်မြင့်အထွတ်အထိပ် ဖြစ်သော်လည်း ဒြပ်စင်များကို နားလည်စသာရှိသေးသည်။
“ခေါင်းဆောင် နောက်ဆုံးတော့ပြန်လာပြီပဲ” မေလော့သည် ပြေးလာပြီး ပေထင်းဟွမ်အား လုပ်နေကျအတိုင်း ပွေ့ဖက်ကာ နှုတ်ဆက်လေသည်။
ဆယ်လင်းနှင့်တခြားသူများလည်း စိတ်လှုပ်ရှားနေကြသည် “ခေါင်းဆောင်ပြန်လာတာကို တခြားသူတွေသိရင် ဘယ်လောက်ပျော်နေလိုက် မလဲမသိဘူး”
“ငါသွားမှာပါ၊ ငါသွားပြောလိုက်မယ်” မေ့ရှိုသည် ပေထင်းဟွမ်၏ အပြော ကိုပင် မစောင့်တော့ဘဲ ထခုန်ကာ ကျုံကျန်းမြို့ ဆီသို့ပျံသွားလေသည်။
မြင့်မားပြီးကျယ်ပြောသည့် မြို့တံခါးနှင့် ထူထဲသောမြို့တံတိုင်းသည် အရင်စီကျူးမြို့ကို ဤနေရာကိုရွှေ့လာသည့်အတိုင်းပင်။ မြို့ထဲတွင် မြင့်မား သော မျှော်စင်ငါးခုရှိသည်။ အလယ်မှတစ်ခုသည် အမြင့်ဆုံးဖြစ်ကာ ကိုးရောင် နဂါးနှင့် ဇာမဏီချည်ထိုးထားသော အလံကိုချိတ်ဆွဲထားသည်။ တခြား မျှော်စင်လေးခုတွင် အဓိကမိသားစုလေးခုကို ကိုယ်စားပြုသော နတ်ဘုရားနှင့် သားရဲ လေးပါးတို့၏ပုံစံ နဖူးစည်းများရှိလေသည်။