ကျုံကျိုးမြို့
Vol. 83 Ch. 1655
မျိုးနွယ်လေးခု၏ပန်းများသည် မြို့တစ်မြို့လုံးတွင် တရင်းတနှီးရှိသော ရနံ့များဖြင့် ပြည့်နှက်နေကာ နေရာတိုင်းတွင် ရင်းနှီးသောခံစားချက်ရလေ သည်။
မျှော်စင်မှ မရေတွက်နိုင်သောပုံရိပ်များထွက်လာပြီး ခေါင်းဆောင်လေး ယောက်နှင့် ဆရာနှစ်ယောက်သည် ရှေ့မှပြေးထွက်လာသည်။ အားကောင်း သောရောင်ဝါနှင့်တူ ပေထင်းဟွမ်ဆီသို့ပြေးပြီး ဓားပြတိုက်မည့်အလား သူမကို ဝိုင်းကြလေသည်။ ချင်းသည် ရှေ့တစ်လှမ်းတိုးကာ ပေထင်းဟွမ်အား ရင်ထဲ ထည့်လိုက်သည် “ရှော်ငကျို့ နောက်ဆုံးတော့ ဘိုးဘိုးကိုလာတွေ့ပြီပေါ့”
တခြားသူများသည် ပေထင်းဟွမ်ကိုမြင်သောအခါ အံ့အားသင့်ပြီးမှ ချက်ချင်းပင် နားလည်သွားကြသည်။ သူတို့အားလုံး၏ခန္ဓာကိုယ်ထဲတွင် ကစဥ့်ကလျားနတ်အရင်းအမြစ်ရောင်ဝါများရှိကြသည်။ ထိုကစဥ့်ကလျားနတ် အရင်းအမြစ်ရောင်ဝါသည် မည်သည့်နေရာမှလာသည်ကိုလည်း နားလည်ထား ကြသည်။ ပေထင်းဟွမ်သည် မိန်းကလေးမဟုတ်လျှင် ထူးဆန်းနေလိမ့်မည်။
“ဘိုးဘိုး၊ အဘိုးတုန်ဖန်း၊ အဘိုးနန်ကုန်း၊ အဘိုးရှီမန်၊ ဆရာနှစ်ယောက် ကျွန်မပြန်လာပြီ” ပေထင်းဟွမ်သည် ပြုံးပြီးရှေ့တိုးကာ ပေထင်းချင်း၏ ပခုံး ပေါ်မှတစ်ဆင့် ချူဖုန်း၏အနောက်တွင် လိုက်လာသော လူလေးယောက် ဖြစ်သည့် ပေထင်းကျင်း၊ ရှီမန်ဆုန်း၊ တုန်ဖန်းအောင်တို့ကို ပြောလိုက်သည်။
ရှီမန်ဆုန်းနှင့် တုန်ဖန်းအောင်တို့သည် ငေးကြည့်နေကြသည်။ ပေထင်းဟွမ်နှင့် ချူဖုန်းတို့၏မျက်နှာထားမှာ အပြောင်းအလဲမရှိသည်ကို ကြည့်ပြီး သူတို့အား အားပါပါရိုက်လိုက်ကြလေသည် “မင်းက သိပြီးသားလား၊ သူမက မိန်းကလေးဆိုတာကို သိပြီးသားပေါ့”
“အဲဒါကဘာမှားလို့လဲ” ပေထင်းကျင်းသည် သိချင်လာသည် “ရှောင်ကျို့က မိန်းကလေးဖြစ်တာနဲ့ မင်းတို့က အထင်သေးမလို့လား”
“အဲဒါကတူမလား၊ ငါ့ညီလေးက ရှောင်ကျို့ကို ဘယ်လောက် အပြစ်တင် ခဲ့လဲ...” တုန်ဖန်းအောင်သည် သူ၏ညီဖြစ်သူကို ပြစ်မှားခဲ့သည်။
“ငါသွားတော့မယ် ဒီမှာပဲရပ်တော့ ဘာမှထပ်မပြောနဲ့တော့” ရှီမန်ဆုန်း ကျိန်ဆဲလေသည် “မင်းက ကျုံကျူးမြို့ကို သတ်ချင်တာလား၊ နတ်မိစ္ဆာနတ် ဘုရားသိသွားရင် နောက်ဆက်တွဲကိုသိရဲ့လား”
“ဟားဟားဟား” တုန်ဖန်းအောင်ရယ်မောလေသည် “ဒါက ငါ့ရဲ့ငတုံးညီ ပဲ အဲဒါကငါနဲ့ဘာဆိုင်လို့လဲ”
“ငါ့ညီလေးကို ဒီလိုလူလည်ကျတဲ့သူရှိလို့လား” ချူဖုန်းသည် ရယ်မော လေသည်။ ဆယ်လင်းနှင့် ပေထင်းဟွမ်တို့ အတူပြန်လာသည်ကို သူမြင်ခဲ့ သည်။ ဆယ်လင်းသည် လျှောက်လာပြီး အဖြစ်အပျက်များကို ထပ်မံပြောပြ လေသည်။
မင်သည် လက်ပိုက်ရပ်နေပြီး ပေထင်းဟွမ်နှင့် ဆွေမျိုးများ အတိတ်ကို ပြန်လွမ်းဆွတ်နေသည်ကိုကြည့်ကာ နောက်ဆုံးတွင် ချူဖုန်းအား ပြောလေ သည် “ကြည့်ရတာ မင်းတို့က လုံဖုန်းတောင်ကြားနဲ့ ရန်စရှိတဲ့ပုံပဲ၊ အတော်ပဲ ငါလည်း လုံဖုန်းတောင်ကြားကို သုတ်သင်ချင်တေနာ၊ ငတုံးနဂါးနဲ့ ငတုံးဇာမဏီ တို့က တိုက်ပွဲခေါ်တော့မယ်၊ သုံးရက်နေရင် ငါတို့တွေ အသေအကြေတိုက်ခိုက် မယ်”
“သုံးရက်ဟုတ်လား” ချူဖုန်းသည် မှင်တက်စွာဖြင့် အော်လိုက်သည်။ ခေါင်းဆောင်လေးယောက်၊ နန်လင်းနှင့် လန်ချန်းမိုတို့ပင် ထိတ်လန့်သွားသဖြင့် ပေထင်းဟွမ်အား ဆက်နှုတ်မဆက်နိုင်ကြတော့ပေ။ ယခုအချိန်မှာ နောက်ကွယ်တွင် ပေထင်းဟွမ်ရှိသည်။ အရာအားလုံးကို သူမ ဆုံးဖြတ်ထားခြင်းဖြစ်သည်။
“ဘာလဲ မင်းတို့က သေရမှာကြောက်တာလား” မင်သည် အမှုမထားသလိုပြောလေသည်။
သေရမည်ကို ကြောက်နေခြင်းမဟုတ်ပေ။ သို့သော် တစ်ဖက်လူသည် အထွတ်အထိပ်ကြီးနှစ်ဦးဖြစ်သည်။ သူတို့ဘက်တွင် အဆင့်မြင့်အထွတ်အထိပ် ပင်မရှိပေ။ သခင်ကြီးလေးဦးနှင့် ဆရာနှစ်ယောက်တို့အားလုံးသည် အထွတ်အထိပ်များဖြစ်ကြသော်လည်း သူတို့ထဲရှိ အသန်မာဆုံး လန်ချန်းမို သည် အဆင့် ၆ အထွတ်အထိပ်သာရှိသေးသည်။ နန်လင်းသည် အထွတ်အထိပ် အဆင့် ၃ သာရှိသေးသည်။
လန်ချန်းမိုသည် တဒင်္ဂမျှမျက်တောင်ခတ်လေသည်။ သူ၏အနောက်မှ ခရမ်းရောင်ဆံပင်၊ ခရမ်းရောင်မျက်လုံးများရှိသည့် လှပသောမိန်းကလေးတစ် ယောက် ထွက်လာသည်။ သူမသည် ပေထင်းဟွမ်အား ကြင်နာစွာပြုံးပြပြီး နောက် မင်ဆီသို့လျှောက်သွားလေသည် “ဇီဖုန်းက ကိုးရောင် အထွတ်အထိပ်ကြီးကို တွေ့ဆုံပါတယ်”
အထွတ်အထိပ်ကြီးဟုတ်လား။
ပေထင်းဟွမ်သည် မအံ့ဩပေ။ သို့သော် တခြားသူများသည် မျက်လုံးများ ပြုတ်ကျမတတ် ထိတ်လန့်နေကြသည်။ သို့သော် ကိုးရောင်နဂါးဇာမဏီပြော လေသည် “ငါက အပြည့်အဝ အရွယ်မရောက်သေးဘူး၊ ငါက အထွတ်အထိပ် အုပ်ချုပ်သူ အလယ်အဆင့်ပဲရှိသေးတယ်၊ သုံးရက်နေရင် ငါအမိန့်ပေးတဲ့ အတိုင်းသာ လုပ်၊ လုံဖုန်းတောင်ကြားကို အသေတိုက်မယ်”
ပြောပြီဂသည့်နောက်တွင် ဦးလေးမင်သည် ထောင်လွှားစွာဖြင့် ပျောက်ကွယ်သွားကာ ပေထင်းဟွမ်၏သားရဲနေရာထဲသို့ပြန်သွားကာ ဆက်လက်အိပ်မောကျသွားလေသည်။