← Chapters

နဂါးဇာမဏီတောင်ကြားနှင့်တိုက်ခိုက်ခြင်း

Vol. 83 Ch. 1656

နဂါးဇာမဏီတောင်ကြားနှင့်တိုက်ခိုက်ခြင်း

Vol. 83 Ch. 1656

ပေထင်းဟွမ်သည် မင် ဆိုလိုသည့်အဓိပ္ပာယ်ကိုနားလည်သည်။ သုံးရက် ကြာပြီးနောက် သူသည် ထိပ်မံအဆင့်တက်ကာ အထွတ်အထိပ် ထိပ်ဆုံးအဆင့် ဖြစ်လာသည်။

အထွတ်အထိပ်ကြီးအဆင့်တွင် အဆင့်သုံးဆင့်သာရှိသည်။ အနိမ့်၊ အလယ်နှင့် အမြင့်ဆုံးအဆင့်တို့ဖြစ်ကြသည်။ ထို့နောက်တွင် ဧကရာဇ် အထွတ်အထိပ်ရှိသည်။ ၎င်းသည် ဒဏ္ဍာရီဝင်တည်ရှိမှုမျိုးဖြစ်သည်။ နတ်မိစ္ဆာ ဝိညာဉ်ထိပ်ဆုံးအဆင့်ရှိသူ မည်သူမဆို ဧကရာဇ်အထွတ်အထိပ် တစ်ဝက် အဆင့်ဟုပြော၍ရနိုင်သည်။

ပေထင်းချင်းသည် ပေထင်းဟွမ်အား မေးရတော့သည် “ရှောင်ကျို့ ငါတို့ တွေက အထွတ်အထိပ်ကြီးအဆင့်ရောက်နေပြီဆိုမှတော့ လုံဖုန်းတောင်ကြားနဲ့ စစ်တိုက်ဖို့ ဘာမှမလွဲနိုင်ဘူးထင်တာပဲ”

ဆိုလိုသည်မှာ ပေထင်းဟွမ်အား မင်၏အမိန့်ကို နာခံစေချင်နေသည် လား။ ထို့အပြင် မင်သည် ပေထင်းဟွမ်၏ အသက်သားရဲဖြစ်သည်။

“သေချာပေါက်ပဲပေါ့” ပေထင်းဟွမ်သည် ပြုံးပြီးပြောလိုက်သည် “ကျွန်မ တို့ပြန်လာတော့ မင်က အထွတ်အထိပ်ဖြစ်နေပြီ၊ အထွတ်အထိပ်အဆင့် မဟုတ်ရင်တောင် သူတို့နဲ့တိုက်ခိုက်ဖို့ မဖြစ်နိုင်တာမဟုတ်ဘူး၊ ဒါပေမဲ့ မင်ရဲ့ ကိစ္စဆိုမှတော့ သူပြောသလိုလုပ်တာပေါ့၊ လိုအပ်တာကို ထောက်ပံ့ပေးကြတာ ပေါ့”

အမြဲတမ်းသည်အတိုင်းဖြစ်ခဲ့သည်။ ဤအရာသည် သူတို့၏ခေါင်းဆောင် ကြီးဖြစ်သည်။ သူမအနားမှလူများ မည်သည့်အရာပင်လုပ်စေကာမူ ဘာမှမမေး ဘဲ ထောက်ပံ့ပေးသည်။

တက်ကြွပြီး စိတ်လှုပ်ရှားစရာကောင်းသည့် လေထုပြီးသည့်နောက် ကျုံကျူးမြို့တစ်မြို့လုံးသည် အပြင်းအထန် ပြင်ဆင်ကြလသည်။

အမြင့်မားဆုံးမျှော်စင်၏ ထိပ်ဆုံးအထပ် အစည်းအဝေးခန်းမတွင် ဆရာ နန်လင်းသည် နံရံပေါ်တွင်ချိတ်ဆွဲထားသော မြေပုံကိုထောက်ပြနေသည် “ကျုပ်တို့က နဂါးဇာမဏီတောင်ကြားနဲ့ကပ်လျက်ပဲ၊ စစ်မြေပြင်ကြီးရင် စစ်ပွဲ က ဒီနေရာမှာဖြစ်လိမ့်မယ်၊ အဲလိုဆိုရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ရှောင်ဖို့နေရာရှိလာမယ် သူတို့တွေရဲ့ ကာကွယ်ရေးက ဒီမှာရှီမယ်၊ အဲတော့ ရှေ့ထပ်တိုးဖို့မရှိဘူး၊ သူတို့ တွေဝ၍်လာနိုင်ရင်တောင် နဂါးဇာမဏီတောင်ကြားမှာက နှစ်ထောင်ချီ ဆက်ခံနိုင်တဲ့စွမ်းအားရှိတယ်၊ ပြီးတော့ သူတို့ရဲ့သားရဲတွင်းမှာ နည်းလမ်းတွေ ဘယ်လောက်ရှိနေလဲဆိုတာ မသိနိုင်ဘူး၊ နဂါးဇာမဏီတောင်ကြားထဲမှာ အလောတကြီး စစ်ပွဲစလို့မဖြစ်ဘူး”

“အဲလိုဆိုရင် အဲဒီက တောင်နှစ်လုံးလောက် သိမ်းပိုက်ဖို့ လူလွှတ်လိုက် ရင် သူတို့လူတွေက ကျုပ်တို့ ကာကွယ်ရေးစည်းကိုကျော်ရဲမှာမဟုတ်ဘူး၊ ပြီးတော့ နဂါးဇာမဏီတောင်ကြားကို အဝေးကနေ တိုက်ရိုက် တိုက်ခိုက်လို့ရ မယ်၊ ကောင်းကင်ပေါ်က တိုက်ပွဲက အသာစီးမရနိုင်ရင်တောင် မရှုံးနိုင်ဘူး”

တိုက်ပွဲများကို အမြဲတစေ ကောင်းကင်နှင့်မြေကြီးတိုက်ပွဲဟူ၍ ခွဲခြား ထားသည်။ ကောင်းကင်တိုက်ပွဲသည် အသန်မာဆုံးလူများ၏စစ်မြေပြင်ဖြစ် သည်။ စစ်ပွဲစသည်နှင့် ကောင်းကင်တစ်ခုလုံးကို အားကောင်းသော အထွတ်အထိပ်ကြီးများက သိမ်းပိုက်ထားသည်။ ကောင်းကင်အဆင့်ထက်ရှိ သည့် တခြားသူများသည် မြေပြင်တွင် စောင့်ကြပ်ရသည်။ ကောင်းကင်ကို မစဉ်းမစားသွားလိုက်သည်နှင့် အထွတ်အထိပ်၏ လှောင်ချိုင့်ဖုံးအုပ်ခြင်း သို့မဟုတ် အထွတ်အထိပ်အဆင့်မြင့်၏ လေဟာနယ်ထဲတွင် သေသွားနိုင်သည်။

မြေပုံသည် အလွန်ရှင်းလင်းသည်။ ပေထင်းဟွမ်သည် သူမ၏ အရင်ဘဝ က ကြေးစားဖြစ်ခဲ့သည်။ သူမသည် တိုက်ပွဲများစွာကိုတိုက်ခိုက်ခဲ့သည်။ တပ်ဖြန့်ခြင်း တာဝန်ချခြင်းများသည် သူမ ကျွမ်းကျင်သည့်ကိစ္စများပင်။ သူမ သည် နဂါးဇာမဏီတောင်ကြား၏ခွန်အားကို မရင်းနှီးသဖြင့် မည်သည့်အရာကို မှ အလောတကြီးမပြောနိုင်ပေ။

သူမ၏ထင်မြင်ချက်ကို ကြားချင်လိုသည့်အလား အားလုံးသည် သူမကို ကြည့်နေသည်ကိုကြည့်နေကြသည်။ ပေထင်းဟွမ်သည် ပြုံးပြီး လက်ကိုယမ်း လိုက်သည် “အဲအချိန်ကျရင် မင်လည်းအတူရှိလိမ့်မယ်၊ အဲတော့ ကျွန်မကိုတော့ စိတ်မပူကြနဲ့ ကိုယ့်ဘာသာ စီမံထားတာရှိပါတယ်၊ အဲအချိန်ကျ ရင် ဒီစစ်ပွဲကနေတစ်ဆင့် ကျွန်မ ဟွမ်ကျို့နဲ့ မင်တို့ပြန်လာပြီလို့ ၃၃ ကောင်းကင်ဘုံကို ကြေညာမယ်”

“ဟုတ်ပြီ” တညီတညာတည်းအသံထွက်လေသည်။

နည်းဗျူဟာ ဆွေးနွေးပြီးသည်နှင့် ကျုံကျူးမြို့သို့ ပြန်လာကြသည်။ ထို အချိန်တွင် လျှို့ဝှက်မြူခိုးမှလူတစ်စုရောက်လာကာ ပေထင်းဟွမ်အား ပင်လယ်ကဲ့သို့ နက်ရှိုင်းသော မျက်လုံးများဖြင့် ကြည့်လေသည်။

သို့သော် ပေထင်းကျင်သည် မျက်ရည်များကိုနောက်ပို့ကာ ပေထင်းဟွမ် အား ကြည့်နေသည်။ သို့သော် စုံတွဲတစ်တွဲသည် သူတို့အား စိုက်ကြည့်နေပြီး ပေထင်းချင်းဆီသို့လျှောက်သွားပြီး အားလုံးရှေ့တွင် ပေထင်းချင်းအား ဒူးထောက်လိုက်လေသည်။

All Chapters