← Chapters

တွေ့ဆုံခြင်း

Vol. 83 Ch. 1657

တွေ့ဆုံခြင်း

Vol. 83 Ch. 1657

“အဖေ”

“ခေါင်းဆောင်”

ပေထင်းသည် ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ မျက်ရည်များသည် သူ၏မျက်နှာပေါ်တွင် စီးကျလာကာ တစ်ကိုယ်လုံးတုန်ယင်ပြီး သူ့ကိုသူကိုပင် မချုပ်တည်းနိုင်တော့ပေ။ သူ့ရှေ့တွင်ဒူးထောက်လိုက်သည်မှာ အစောင့်ကြီး စောင့်လာရသည့် သားနှင့်ချွေးမတို့ဖြစ်ကြသည်။ သူတို့သည် မြူခိုးမြေတွင်ရှိ သည်ကို သိထားသည်။ သို့သော် သူ မြူခိုးမြေဧကရာဇ်နှင့် နီးစပ်ရန်ကြိုးစား တိုင်း တစ်ဖက်လူသည် သူ့အားတိုက်ခိုက်ခဲ့သည်။

ယွဲ့မြန်ယင်းတွင် အထူးသရုပ်မှန်တစ်ခုရှိသည်ကို သူသိသည်။ ယွဲ့မြန်ယင်းပေါ်ထွက်လာမှုသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်မှ ကျုံကျူးမြို့ကို တိုက်ခိုက်မည့် အကြောင်းအရင်းဖြစ်မည်ကို လျှို့ဝှက်မြူခိုးမှ ခေါင်းဆောင် စိုးရိမ်ခဲ့သည်။ မြူခိုးမြေသည် ပေထင်းလန်နှင့်ဇနီးဖြစ်သူတို့ကို နှစ်ပေါင်းများစွာ ခေါ်ထားခဲ့ပြီး ကာကွယ်ပေးထားခဲ့သည်။

ရှေးခေတ်များဆီမှ ဆင်းသက်လာခဲ့သော မျိုးနွယ်လေးခုသည် ပင်မတိုက်ကြီးရှိ မျိုးနွယ်ကြီးလေးခုမှ မြူခိုးမြေခွဲထွက်လာခဲ့သည်မှာ နှစ်ပေါင်း တစ်သိန်းကြာပြီဖြစ်သည်။ သူတို့သည် ဤအဆင့်ကို စွန့်စားရလောက်အောင် အထိ မလိုအပ်ပေ။

သို့သော် တုန်ဖန်းဧကရာဇ်ပြောလေသည် “ဘိုးဘေးတွေရဲ့ အမွေကို မေ့လို့မရဘူး၊ မျိုးနွယ်လေးခုရဲ့ တိုက်ရိုက်သွေးသားဆိုတာ အများကြီးရှိတာ မဟုတ်ဘူး”

ပေထင်းချင်းသည် ပေထင်းလန်နှင့်ဇနီးဖြစ်သူကို တစ်ယောက်ချင်းစီ ထူလိုက်သည်။ သူသည် ပေထင်းကျင်နှင့် ပေထင်းဟွမ်တို့ကိုပါ ရှေ့သို့ဆွဲလိုက် သည် “သူတို့နှစ်ယောက်လုံးကိုကယ်ဖို့ ငါ လုပ်ခဲ့ပါတယ်၊ မင်းကို စိတ်ပျက်သွား စေမိလား”

ပေထင်းဟွမ်၏ဂုဏ်သတင်းသည် ၃၃ ကောင်းကင်ဘုံတွင် ပျံ့နှံ့နေပြီဖြစ် သည်။ ပေထင်းဟွမ်အမည်ရှိ လူငယ်တစ်ယောက်သည် ဝိညာဉ်နတ်ဘုရား မျိုးနွယ်မှ မင်ဟွမ်နှင့်မင်စူး ဘုရင်နှစ်ပါးကိုသတ်ဖြတ်ခဲ့သည်။

ပေထင်းလန်နှင့် ယွဲ့မြန်ချင်းတို့ ထွက်လာခဲ့စဉ်က ပေထင်းကျင်သည် အရွယ်ရောက်ပြီးဖြစ်ရာ မိဘများနှင့်ပတ်သက်၍ ထင်ရှားစွာမှတ်မိခဲ့သည်။ သို့သော် ပေထင်းဟွမ်သည် ထိုသို့မဟုတ်ပေ။ ထိုအချိန်က သူမသည် မွေးခါစ သာရှိသေးသည်။ သူမသည် မိဘများကို ငေးငိုင်စွာစိုက်ကြည့်ပြီး ထူးဆန်း သော်လည်း ရင်းနှီးသည့်ခံစားချက်ရလေသည်။ ယွဲ့မြန်ချင်းသည် မျက်ရည်များ ကျလာကာ ပေထင်းဟွမ်အား ပွေ့ဖက်လေသည် “သမီး အမေ့ကို အပြစ်မတင် ပါနဲ့၊ အမေက အဲတုန်းက ဖိအားပေးခံခဲ့ရတာပါ”

“အပြစ်တင်ချင်ရင် အဖေ့ကိုပဲ အပြစ်တင်ပါ” ပေထင်းလန်သည် ဇနီးဖြစ် သူ ဝမ်းနည်းသည်ကိုမကြည့်နိုင်သလို သမီးဖြစ်သူ ဝမ်းနည်းအောင်လည်း မလုပ်ချင်ပေ။ ထို့ကြောင့် သူ့ကိုယ်သူ အပြစ်တင်လေသည်။

ပေထင်းကျင်သည် ညီမဖြစ်သူအား ဂရုတစိုက်ကြည့်လေသည်။ သူ၏ ညီမငယ်သည် ငယ်စဉ်က မည်မျှအနိုင်ကျင့်ခံခဲ့ရသည်ကို သူ သိသည်။ အကြောင်းအရင်းမှာ သူမတွင် ကာကွယ်ပေးမည့်မိဘမရှိခြင်းကြောင့်ပင်။ ပေထင်းချင်းပင် စိတ်လှုပ်ရှားလာသည်။ သူမ ငယ်စဉ်က အဘိုးဖြစ်သူသည် သူမအား လော့ပေမြို့တွင် တစ်ယောက်တည်းထားခဲ့သည်။

ပေထင်းဟွမ်သည် မျက်လုံးထဲမှ မျက်ရည်များဖြင့်ပြုံးလိုက်သည် “အဖေ အမေ သမီးတို့မိသားစု ပြန်ဆုံပြီ၊ သိလား သမီး အမေတို့ကို ကြိုးစားပြီး ရှာနေခဲ့တာ၊ သမီး အမှောင်နတ်မိစ္ဆာဘုံကိုသွားတော့ အဒေါ့်ကိုတွေ့ခဲ့တယ်၊ သူမလည်းမကြာခင် ပြန်လာမယ်လို့ပြောလိုက်တယ်၊ သူမခန္ဓာကိုယ်လည်း ပြန်ကောင်းလာပြီ၊ သမီး မန္တလာမြေကိုလည်းသွားခဲ့သေးတယ် ဒါပေမဲ့ နောက်ဆုံးတော့ အမေတို့သတင်းကိုမရခဲ့ဘူး”

“လိမ္မာလိုက်တာ” ယွဲ့မြန်ယင်းသည် ဘာပြောရမည်ကိုမသိတော့ပေ။ ဤကလေးသည် သူမ၏သမီးဖြစ်သည်။ သူမကို ရွှေ့ပြောင်းအစီအရင်မှ ပစ်ထုတ်ခဲ့ပြီး ပင်မတိုက်ကြီးတွင် ထားခဲ့စဉ်က သူမ အသည်းနှလုံးများကွဲကြေ ခဲ့သည်။ နတ်ဘုရား သူမကို အပြစ်ပေးရန် မျှော်လင့်ခဲ့သည်။ သူမသည် ကလေး တစ်ဦး၏မိခင်မဖြစ်ထိုက်ပေ။

သူမ ပြင်ဆင်ခဲ့သေးသည်။ သူမ၏သမီးဖြစ်သူ ပြန်လာသည်နှင့် သူမဆီသို့ ပြေးလာပြီး သူမကိုထုရိုက်သတ်ချင်လျှင်တောင် သူမ ခံယူရန် အလိုရှိသည်။ ဤအရာသည် သူမ၏ အပြစ်ဒဏ်ပင်ဖြစ်သည်။

“ယောက္ခမ ယောက္ခထီး သမက် နှုတ်ဆက်ပါတယ်”

ပေါ့ပါးပြီး စိတ်ရင်းအပြည့်နှင့်အသံသည် ရုတ်တရက်ထွက်လာရာ ပေထင်းဟွမ်၏တစ်ကိုယ်လုံးတုန်ယင်သွားကာ မယုံကြည်နိုင်စွာဖြင့် ကြည့်လေသည်။ ယန်ယဲ့သည် သူတို့ရှေ့တွင်ရပ်ပြီး အရိုအသေပြုလေသည်။

ပေထင်းဟွမ်၏မျက်နှာသည် ချက်ချင်းပင် နီရဲသွားလေသည်။ ဒီလူက ဘယ်တုန်းကရောက်နေတာလဲ။ ဒီအချိန်ကြီးမှာ အပျော်ရောက်လာတာလား။

နတ်ဘုရားနှင့်တူသည့် ပေါ်ထွက်လာမှုသည် ယွဲ့မြန်ချင်းနှင့် ပေထင်းလန်တို့ကို ချက်ချင်းပင် မှင်တက်သွားစေသည်။ ပြန်လည်ဆုံတွေ့ရ ခြင်းကြောင့် ဖြစ်လာသည့်ဝမ်းနည်းမှုများသည် အရိပ်အယောင်မရှိ ပျောက်ကွယ်သွားကာ ပေထင်းဟွမ်အား မေးခွန်းထုတ်သည့်မျက်လုံးများဖြင့် ကြည့်ကြလေသည်။

All Chapters