← Chapters

ယောက္ခမ

Vol. 83 Ch. 1658

ယောက္ခမ

Vol. 83 Ch. 1658

ပေထင်းဟွမ်သည် ပေထင်းကျင်အား အကူအညီတောင်းသည့် အကြည့် ကြည့်လေသည်။ သို့သော် ပေထင်းကျင်သည် မျက်နှာလွှဲကာ မမြင်ချင်ယောင် ဆောင်နေလေသည်။ ပေထင်းဟွမ်သည် စိတ်ထဲမှကျိန်ဆဲမိသည်။ ဒီအစ်ကိုကြီးက အရေးကြီးတဲ့အချိန်ဆို အားကိုမကိုးရဘူး။

“ရှောင်ကျို့ ဒီလူက....” ပေထင်းလန်သည် ယန်ယဲ့၏ဝတ်ရုံမှ ရွှေရောင် ပန်းကိုမြင်သောအခါ မျက်လုံးများအရောင်တောက်သွားသော်လည်း ချင့်ချိန်စွာ ဖြင့် မေးလိုက်သည်။

နေပါဦး။ သူက အခုမှသူ့သမီးကိုတွေ့တာ သူမကို အိမ်ထောင်ပြုခိုင်းရ တော့မှာလား။

ယန်ယဲ့သည် အရိုအသေပြုပြီးနောက် ယောက္ခထီးနှင့် ယောက္ခမတို့ဘာမှ မဖော်ပြသည်ကို မြင်နေရသည်။ သူတို့သည် အလွန်ရင်းနှီးသလိုထင်ရသဖြင့် အနည်းငယ်ကွေးညွှတ်ကာ တလေးတစားပြောလိုက်သည် “ယောက္ခထီး ကျုပ်က ဟွမ်အာရဲ့ခင်ပွန်း ယန်းမိုထျန်းမျိုးနွယ်က ယန်ယဲ့လို့ခေါ်ပါတယ်”

ဒါက နာမည်ကြီးနတ်မိစ္ဆာဧကရာဇ်လား။

ယွဲ့မြန်ယင်းသည် မျက်လုံးများပြတ်ကျမတတ် ထိတ်လန့်နေသည်။ ဤအရာသည် နှစ်ပေါင်းတစ်သိန်းကြာအောင် နေလာခဲ့သူ၏ ထူးခြားသော ဝိသေသလက္ခဏာပင်ဖြစ်သည်။ သူမရဲ့ ခင်ပွန်းက သူများကို အခက်တွေ့ အောင်လုပ်ဖို့ အဆင်ပြေပါ့မလား။ ပေထင်းလန် စကားပြောတော့မည်အပြု တွင် သူမသည် အလျင်အမြန်ပင် လက်ဦးမှုယူလေသည် “အိုး နတ်မိစ္ဆာ ဧကရာဇ်အရှင်ကိုး”

“ယောက္ခမ ကျေးဇူးပြုပြီး ယန်ယဲ့လို့ပဲခေါ်ပါ” ယန်ယဲ့သည် ပြုံးပြီးပြော လိုက်သည်။

ပေထင်းဟွမ်သည် အလွန်အမင်းရှက်နေပုံပေါက်သည်။ ဒီလူကြီးသည် စကားပြောဆိုရလွယ်သည်ဟု ထင်ရသော်လည်း တကယ်တမ်းတော့ တော်တော်ဝမ်းမည်းသည်။ သူ သည်တစ်ခေါက်ပြေးလာခဲ့သည်မှာ မည်သည့် ရည်ရွယ်ချက်မျိုးရှိနေလိမ့်မည်ဟု မည်သူသိမည်နည်း။

လျှို့ဝှက်မြူခိုးမြေမှ လူငယ်တစ်ယောက်ရောက်လာပြီး ယန်ယဲ့အား အထက်အောက်ကြည့်ကာ ယွဲ့မြန်ယင်းအားပြောလေသည် “သခင်မ သူက ချန်းယွင်ဆိုရင် သခင်မရဲ့အရင် ကမ်းလှမ်းချက်ကို သဘောတူပါတယ်၊ ကျွန်တော် ချန်းကျင်းကို ဇနီးမယားအဖြစ် လက်ထပ်ချင်ပါတယ်”

ဘာ....

ယန်ယဲ့၏မျက်နှာသည် ချက်ချင်းပင် မည်းနက်သွားသည်။ ကြီးမားသော ဖိအားသည် အားလုံးကိုဖိနှိပ်ထားပြီး အားလုံးမှာ နှလုံးခုန်မြန်သွားသည်။ ပေထင်းလန်နှင့် ယွဲ့မြန်ယင်းတို့၏မျက်နှာများမှာလည်း ပြောင်းလဲသွားသည်။

ပေထင်းဟွမ်သည် လက်ဆန့်ထုတ်ပြီး ယန်ယဲ့၏လက်ဖဝါးကို အားပါပါ ဆွဲညှစ်ကာ စိတ်ဝိညာဉ်မှ အသံကူးပြောင်းနည်းဖြင့် ပြောလိုက်သည် “ရှင် ဘာတွေလုပ်နေတာလဲ၊ ကျွန်မ အမေ ပြောတာကိုနားထောင်ပြီးမှ ဒေါသထွက် နော်၊ ဟုတ်လား”

“ဟင်း” ယန်ယဲ့သည် ဘာမှမပြောသော်လည်း အေးစက်စွာနှာမှုတ်နေ သည်မှာ သူသည် အလွန်ပင် စိတ်ခံစားချက်မကောင်းနေသည်ကို ဖော်ပြနေ သည်။

ယွဲ့မြန်ယင်းသည် ဤကဲ့သို့အရာမျိုးကို တစ်ခါမှမကြုံတွေ့ဖူးပေ။ ဤလူငယ်သည် လျှို့ဝှက်မြူခိုးမြေမှ အရှေ့ဧကရာဇ်၏ ၁၇ ယောက်မြောက် သားဖြစ်သည်။ တုန်ဖန်းတိကျွင်းတွင် ကြင်ယာတော် အားလုံးပေါင်း ၃၂ ပါးရှိ သည်။ သူမ မင်းသား ၁၇ ၏မိခင်နှင့်တွေ့ခဲ့စဉ်က မင်းသား ၁၇ သည် ကလေး သာရှိသေးသည်။ သူမသည် သူမ၏ကလေးနှစ်ယောက်ကို အောက်မေ့သဖြင့် ပြောလိုက်သည် “ကျွန်မရဲ့ကျင်အာနဲ့ ရှောင်ကျို့တို့ ဒီမှာရှိနေရင် ကောင်းမှာပဲ၊ အခုလောက်ဆို မင်းသား ၁၇ လောက်ရှိရောပေါ့”

ရှောင်ကျို့သည် မိန်းကလေးဖြစ်သည်ဟုကြားသည်နှင့် မင်းသား ၁၇ ၏ မိခင်သည် ပြုံးပြီးပြောလိုက်သည် “ကောင်းတာပေါ့၊ ဒါဆိုရင် ရှောင်ကျို့နဲ့ ရှီချီး ကို လက်ထပ်ပေးလိုက်ကြတာပေါ့”

ယွဲ့မြန်ယင်းသည် ပြုံးပြီးတုံ့ပြန်လိုက်သည် “ကလေးနှစ်ယောက် မငြင်းဆန်ဘူးဆိုရင် ကောင်းပါတယ်”

သူမ ကတိမပေးဖူးပေ။

ဤအချိန်တွင် သူမသည် အိမ်မရှိသည့် အိမ်ခြေယာမဲ့တစ်ယောက်လို ခံစားလိုက်ရသည်။ သူမသည် မင်းသား ၁၇ ၏မိခင်ပြောခဲ့သည့်စကားကိုသာ သဘောတူခဲ့ခြင်းဖြစ်သည်။ အမှားမလုပ်ခဲ့ပေ။ သူမ သမီးဖြစ်သူ လိုချင်ရင် ဘယ်လိုနေရာကို ဆန့်ကျင်ရမှာလဲ။

ပေထင်းလန်သည် ယန်ယဲ့နှင့်ပတ်သက်၍ အခက်မတွေ့ပေ။ သူသည် သမီးဖြစ်သူကို အခုမှတွေ့ခြင်းဖြစ်ရာ ဤကလေးသည် သူမအား လက်ထပ်နေ ချင်နေသဖြင့် သူသည် စိတ်မကောင်းပေ။ သို့သော် ဇနီးဖြစ်သူသည် သမီးအား တခြားသူနှင့် မင်္ဂလာစကားပြောထားပြီးဖြစ်ရာ မိသားစုနှစ်ခုနှင့် သမီးတစ် ယောက်တည်းကို မည်သို့အိမ်ထောင်ချပေးမည်နည်း။

ယွဲ့မြန်ယင်းသည် မင်းသား ၁၇ ၏အရိုအသေပေးမှုကို ရှောင်ရှားကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလေသည် “အဲတုန်းက ပြောခဲ့ပါတယ်၊ ငါ့သမီး ရှောင်ကျို့ပေါ်မှာ မူတည်ပါတယ်လို့၊ သူမ သဘောတူရင် ငါ ငြင်းဆန်စရာမရှိ ဘူး”

အားလုံးသည် ပေထင်းဟွမ်အားကြည့်ပြီး သူမ၏ထင်မြင်ချက်ကို စောင့်ဆိုင်းနေကြသည်။ ပေထင်းဟွမ်သည် ငိုချင်သော်လည်း မျက်ရည်မထွက် တော့ပေ။ ဒီလိုကိစ္စမှာ သူမရဲ့ထင်မြင်ချက်ကိုမေးတဲ့သူရှိရဲ့လား။

ယန်ယဲ့သည် သူမအား ပြုံးသော်လည်း မပြုံးသည့် မျက်လုံးများဖြင့် ကြည့်လေသည်။

All Chapters