← Chapters

လုယူခြင်း

Vol. 83 Ch. 1659

လုယူခြင်း

Vol. 83 Ch. 1659

ပေထင်းဟွမ်သည် စိတ်ဆိုးလေသည်။ သို့သော် ဤအချိန်တွင် သူမ၏ လူ မျက်နှာမပျက်အောင်မလုပ်သင့်သည်ကိုလည်း သိသည်။

သူမသည် မင်းသား ၁၇ ကို အထက်အောက်ကြည့်လေသည်။ သူမသည် ဤလူ၏သရုပ်မှန်ကိုမသိပေ။ ဤလူသည်လည်း ရုပ်ရည်ကြည့်ကောင်းသည်၊ ထူးခြားသည့်စိတ်သဘောထားနှင့် ခွန်အားကောင်းသည်ကို မြင်ရသည်။ သူသည် အရှင်ကြီးထိပ်ဆုံးအဆင့်ဖြစ်သည်။ “အမေ ကျွန်မကိုထားသွားတုန်း က ကျွန်မက ကလေးပဲရှိသေးတာ၊ သူမက ကျွန်မအခြေအနေကိုမသိဘူး၊ ကျွန်မမှာ ခင်ပွန်းရှိနေပြီ၊ သူနဲ့သွေးစာချုပ်တည်ထောင်ထားတယ်၊ ပြီးတော့ တစ်ဘဝလုံးအတူနေသွားကြတော့မှာ၊ ကျွန်မက ရှင်နဲ့ဘာမှဆက်ဆံရေးမရှိဘူး လို့ပဲပြောနိုင်တော့မယ်”

ပြောရလျှင် သူမသည် ဖြစ်ကတတ်ဆန်းမလုပ်ဘဲ ရိုးရှင်းစွာပင် ငြင်းဆန် လိုက်သည်။

မည်သူသိမည်နည်း။ ဤလူသည် မည်သည့်နေရာတွင် မှားယွင်းနေသည် ကိုမသိပေ။ အစက ပေထင်းဟွမ်သည် ကောင်းသည်ဟု သူတွေးခဲ့သည်။ သို့သော် ထိုစကားများကြားပြီးနောက် ပေထင်းဟွမ်သည် တခြားယောက်ျား တစ်ယောက်အတွက်နှင့် သူ့ကိုငြင်းဆန်ခံလိုက်ရသဖြင့် ပျော်မိလေသည်။ သူသည် ပေထင်းဟွမ်ကို ပိုတွယ်ကပ်လာသည်။

“နတ်ဘုရားသွေးစာချုပ်ပဲဟာကို၊ မင်းဆန္ဒရှိရင် တစ်နေ့ကျ မင်းနဲ့သူ ကြားက နတ်ဘုရားသွေးစာချုပ်ကို ချိုးဖောက်ဖို့ ကူညီပေးမယ်၊ ငါ ကောင်းကင် ဘုံကပေးတဲ့ အပြစ်ဒဏ်ကိုခံယူရမယ်ဆိုရင်တောင် ဘာဖြစ်လဲ၊ ပေထင်းဟွမ် မင်း ငါ့ကိုစောင့်နေပေး” မင်းသား ၁၇ စကားပြောပြီးသည်နှင့် ပေထင်းဟွမ် ငြင်းဆန်သည်ကိုပင် မစောင့်တော့ဘဲ ပေထင်းလန်နှင့် ယွဲ့မြန်ယင်းတို့ဘက်သို့ လှည့်ကာ နှုတ်ဆက်လေသည် “ယောက္ခထီး ယောက္ခမ ရောက်လာပြီဆိုတော့ သမက်လေး အရင်ပြန်နှင့်ပါမယ်”

ထိုလူစကားပြောပြီးသည်နှင့် မြူခိုးမြေမှလူများကို ဦးဆောင်ကာ အရင် ထွက်သွားလေသည်။

ကျံကျူးမြို့တစ်ခုလုံးသည် တစ်ယောက်နှင့်တစ်ယောက် ငေးငိုင်စွာ ကြည့်ကြလေသည်။ ယန်ယဲ့၏မျက်နှာသည် မည်းနက်သွားသည်ကို မြင်လိုက် ရသည့်အခါ ရယ်မောမိကြလေသည်။

သို့သော် ပေထင်းကျင်သည် ဒေါသထွက်ကာ မင်းသား ၁၇ နောက်တွင် ကျိန်ဆဲလေသည် “ဒီကောင်က လူတွေရဲ့ဘာသာစကားကိုနားမလည်တာလား ဘာလားပဲ၊ အဲလိုပြောလိုက်ရင် သူကဖြောင့်မတ်တယ်လို့ထင်နေတာလား၊ သူက သမက်လုပ်ချင်တာ ဘယ်လိုမျိုးသမက်လုပ်ချင်နေတာလဲ”

ယောက်ဖဖြစ်သူသည် သူ့အား ထိုသို့ကူညီသည်ကိုကြားပြီးနောက် ယန်ယဲ့သည် အနည်းငယ် စိတ်သက်သာရာရလေသည်။ သူ သတိပြန်ဝင်လာ ချိန်တွင် ပေထင်းဟွမ်၏လက်သည် သူ၏လက်ဖဝါးကို အေးချမ်းစွာ ဆုပ်ကိုင် ထားသည်ကိုခံစားမိလိုက်သည်။ သူသည် စိတ်ထဲတွင် ဆုံးဖြတ်ပြီးလေသည်။ နတ်ဘုရားရဲ့အပြစ်ဒဏ်က ဘာမှမဟုတ်ဘူးလို့ ထင်နေတာလား။ ဒါဆိုလည်း သူ့ကို နတ်ဘုရားအပြစ်ပေးတာခံခိုင်းလိုက်လေ။

စီဖုန်းနတ်ဘုရားအကျဉ်းထောင်ကို ယန်ယဲ့ သန့်စင်ထားလိမ့်မည်ဟု မင်းသား ၁၇ တွေးမိမည်မဟုတ်ပေ။ ယနေ့ ဤကဲ့သို့ အသင့်တော်သော စကားများကို ပြောခဲ့မိခြင်းကြောင့် တစ်နေ့ သူ စီဖုန်းနတ်ဘုရားအကျဉ်းထောင် သို့ဝင်သည်နှင့် နှစ်တစ်သောင်းကြနေသွားရနိုင်သည်။

ပေထင်းဟွမ်သည် ထိုကိစ္စကို စိတ်ထဲမထည့်ပေ။

ညနေခင်းတွင် ကျုံကျူးမြို့၌ ညစာစားပွဲကျင်းပလေသည်။ နှစ်ပေါင်း များစွာ ခွဲခွာခဲ့ရသောဆွေမျိုးများ အတူတကွစုဝေးကာ စားသောက်ကာ ရက်စွဲအဟောင်းများအကြောင်းကို ပြောဆိုကြပြီး ညဥ့်နက်မှပင် ထွက်ခွာကြ လေသည်။

ပေထင်းဟွမ် အခန်းသို့ပြန်သည်နှင့် ယန်ယွဲ့လိုက်လာပြီး ရှင်းပြချက်မရှိ သူမ၏အိပ်ရာပေါ်သို့တက်လေသည် “အခုကစပြီး ညတိုင်း ဒီကိုလာပြီး မနက်မှ ပြန်မယ်”

“ဘာ” ပေထင်းဟွမ်သည် ခေတ္တမျှမှင်တက်သွားသည်။ ငြင်းဆန်မည် အပြုတွင် ယန်ယဲ့သည် သူမ၏နှုတ်ခမ်းဖျားမှ စကားများကို တားမြစ်လိုက် သည် “ဟွမ်အာ သဘောမတူရင် နေ့ပိုင်းမှာပါ ဒီမှာနေမယ်”

ဤနေရာတွင် သူ့ကို မည်သူနေစေချင်သနည်း။ ပေထင်းဟွမ်သည် ဒေါသ ထွက်လာသဖြင့် မျက်ရည်များဝဲလာသည်။ သူမသည် သူ၏ပခုံးကို လက်နှစ် ဖက်ဖြင့် ပွေ့ဖက်လိုက်ကာ ယန်ယဲ့၏ချပ်ရပ်သောခါးကို ခြေထောက်ဖြင့် ချိတ် ကာ အနားသို့ဆွဲလိုက်သည်။

ခန္ဓာကိုယ်သည် ရေလှိုင်းများကဲ့သို့ အားပါပါ လှိုင်းထနေသည်။ ဆံပင် များသည် ရေအောက်အပင်များကဲ့သို့ ယန်ယဲ့၏လက်မောင်းကိုရစ်ပတ်ကာ ယန်ယဲ့၏ လေသံများသည် သူမ၏နားထဲသို့ဝင်လာသည်။ သူသည် အချစ် အကြောင်း ဆက်တိုက်ပြောနေကာ သူမအား စွဲမက်စေသည်။

သူတို့နှစ်ယောက်သည် တစ်ညလုံး စိတ်အားထက်သန်စွာ ကုန်ဆုံးကြ လေသည်။ အရုဏ်တက်အချိန်တွင် ယန်ယဲ့သည် ခြံဝင်းအပြင်မှ လှုပ်ရှားနေ သောအသံများကို ကြားရလေသည်။ ထို့ကြောင့် သူမကို လွှတ်လိုက်ရာ ပေထင်းဟွမ်သည် ဒေါသဖြင့်ကန်လေသည်။ သို့သော် သူသည် သူမ၏ ခြေချင်းဝတ်ကို ဆုပ်ကိုင်ကာ သူမ၏ခြေခုံကိုနမ်းလိုက်သည် “နဂါးဇာမဏီ တောင်ကြားစစ်ပွဲကျရင် ကိုယ်လာခဲ့မယ်”

All Chapters