အသိစိတ်အလျဉ်လှောင်အိမ်
Vol. 104 Ch. 1362
လုံရှောင်က ဦးခေါင်းကိုးလုံးကို ပင့်၍ ချင်မူ့အသိစိတ်အလျဉ်ကို ရှာဖွေနေသော်လည်း မတွေ့ချေ။ အသိစိတ်အလျဉ် အမျှင်လေးတစ်မျှင်သာ တွေ့လိုက်ရသည်။
လုံရှောင် ထိုအသိစိတ်အလျဉ်အမျှင်ကို ဖမ်းယူလိုက်သည့်အခါ ၎င်းသည် စကားသံတစ်သံအဖြစ် ချက်ချင်း ပြောင်းလဲသွား၏။ “လုံရှောင်၊ ကျွန်တော် ခင်ဗျားနဲ့ ရန်ငြိုး မရှိချင်ဘူး… စည်းမကျော်ပါနဲ့… ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့လူတွေကို လွှတ်ပေးလိုက်ပါ.. နောင်တစ်ချိန် သေချာပေါက် ကျေးဇူးပြန်ဆပ်ပါမယ်”
လုံရှောင်က နှာခေါင်းရှုံ့ကာ ချင်မူ့အသိစိတ်အလျဉ်အား ဖျက်ဆီးပစ်လိုက်သည်။
“စီးတော်ယာဉ်တစ်ကောင်ကများ ငါနဲ့အပေးအယူ လုပ်ပြီး စစ်သုံ့ပန်းတွေကို လွှတ်ပေးစေချင်တယ်ပေါ့လေ”
သူက အသိစိတ်အလျဉ်ကို ပြန်လည်ရုတ်သိမ်း၍ သူ၏ဦးခေါင်းတစ်လုံးသည် မျက်လုံးများဖွင့်ကာ ဧရာမအသိစိတ်အလျဉ်လှောင်အိမ်ကြီးထဲတွင် ချုပ်နှောင်ခံထားရသည့် ရှုကျွင်း၊ လန်ယွီတျန်း၊ ရှုရှန်းဟွာ၊ ပထမလူသားဧကရာဇ်နှင့် ကျန်သူများဆီသို့ ကြည့်လိုက်၏။
အားလုံးမှာ ပင်ပန်းနွမ်းနယ်နေကြပုံပေါ်သည်။ ထိုင်သူကထိုင်၊ ရပ်နေသူက ရပ်နေကြပြီး ဟိုဟိုသည်သည် ကြည့်နေကြသည်။ သူတို့၏ပတ်ပတ်လည်တွင် အင်အားကြီးမားလှသော ရှေးဟောင်းသားရဲကြီးများက ကျောက်ရုပ်တုများအလား ရပ်လျက် လုံရှောင်အား ကာကွယ်ပေးထားကြသည်။
သူတို့သည် လုံရှောင်ကို ဖမ်းဆီးရန်အစီအစဉ်ဖြင့် ရှုကျွင်းနောက်မှ ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းသို့ လိုက်လာခဲ့ကြခြင်း ဖြစ်၏၊ လုံရှောင်ကို မဖမ်းဆီးနိုင်လျှင်တောင်မှ အခြားရှေးဟောင်းသားရဲများကို ဖမ်းဆီးနိုင်လောက်သည်။
ဤခရီးကို စတင်ခဲ့သူတိုင်းမှာ ယုံကြည်ချက်အပြည့် ရှိခဲ့ကြသည်။ သူတို့အားလုံးသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်သည့်အပြင် နတ်ကောင်းကင်ခန်းမအဆင့် ပထမလူသားဧကရာဇ်လည်း ပါရှိသည်မဟုတ်ပါလော။ ထိုမျှသာမက အာဏာရှင် ရှုကျွင်းလည်း ပါရှိပြီး လူသားဧကရာဇ်အားလုံးမှာ သိုင်းလောက၏ အတွေ့အကြုံရင့်သန်နေသူများ ဖြစ်ကြသည်။
ဗဟုသုတနှံ့စပ်၍ ထူးချွန်သော လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့လို့ ပုဂ္ဂိုလ်များလည်း ပါသည့်အတွက် ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းတွင် ပြိုင်ဘက်ကင်းဖြစ်လိမ့်မည်ဟု ယုံကြည်ခဲ့ကြ၏။
ချင်မူ ဖန်ဆင်းရှင်တို့၏ အသိစိတ်အလျဉ်ကျင့်စဉ်အား ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ လွှဲပြောင်းပေးခဲ့သည့်အချိန်မှစ၍ အသိစိတ်အလျဉ်ကျင့်စဉ်သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ ကောင်းကင်နတ်သိုင်းပညာရှင်များ၊ နတ်ဘုရားများအတွက် မရှိမဖြစ် အခြေခံဖြစ်လာခဲ့သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ကျင့်စဉ်များစွာ ရှိသည်။ ထို့ကြောင့် အသိစိတ်အလျဉ်ကို ထာဝရငြိမ်းချမ်းအင်ပါယာကျင့်စဉ်လမ်းစဉ်တို့ဖြင့် ပေါင်းစည်းလိုက်သည့်အခါ အသိစိတ်အလျဉ်အောင်မြင်မှုများသည် အဆပေါင်းများ ထိုးတက်သွားခဲ့၏။ ဧရာမသားရဲကြီးများကို ဖမ်းဆီးချိုးနှိမ်ရသည်က သူတို့အတွက် မခက်ခဲပေ။
သို့သော် သူတို့ ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းသို့ ရောက်ရှိပြီး ရက်အနည်းငယ်ကြာသည့်အခါ ဧရာမသားရဲအုပ်တစ်အုပ် တိုက်ခိုက်သည်ကို ခံခဲ့ရကာ မရှူမလှ ရှုံးနိမ့်ခဲ့ကြရသည်။
ဧရာမသားရဲကြီးများကို ဖမ်းဆီးချိုးနှိမ်ရန် ကြိုးစားခဲ့ကြသော်လည်း တုန်လှုပ်ဖွယ်ကောင်းစွာဖြင့် ထိုသားရဲကြီးများ၏ အသိစိတ်အလျဉ်များက အားကောင်းလွန်းနေခဲ့သည်။ သူတို့၏ အသိစိတ်အလျဉ်များကို ခုခံနိုင်သည်သာမက ရှုကျွင်းကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်များအတွက်ပင် ရန်သူများဖြစ်ကြ၏။
ထို့နောက်မှာသာ အခြေအနေမဟန်ကြောင်း သိခဲ့ရသည်။ ကံကောင်းစွာဖြင့် လူသားဧကရာဇ်တို့မှာ အရိုးရင့်နေသည့် တမူထူးခြားသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ ယခင်က သူတို့သည် မည်သည့်နေရာဆို လျှောက်သွားခဲ့ကြသည့်အလျောက် လှည့်ကွက်များဖြစ်စေ၊ ပရိယာယ်များဖြစ်စေ ကျွမ်းကျင်ကြ၏။
သူတို့က အားလုံးကို ဦးဆောင်၍ ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းတွင် လျှောက်သွားကြရင်း ဧရာမသားရဲကြီးများ ဝိုင်းဝန်းတိုက်ခိုက်လာသည်ကို မကြာခဏ ရှောင်တိမ်းခဲ့ကြသည်။ အဖွဲ့ထဲတွင် အားအကောင်းဆုံး အသိစိတ်အလျဉ် ပိုင်ဆိုင်ထားသည့် ရှုကျွင်းလည်း ပါဝင်သည့်အတွက် ဤအန္တရာယ်များသော နေရာတွင် ရှင်သန်နိုင်ခဲ့ကြ၏။
သို့သော် မကြာသေးခင်က လုံရှောင်ကိုယ်တိုင် လှုပ်ရှားခဲ့သဖြင့် သူတို့အဖွဲ့မှာည် လုံးလုံးလျားလျား ရှုံးနိမ့်ခဲ့ကြသည်။
ရှုကျွင်း၏ အသိစိတ်အလျဉ်က စွမ်းအားကြီးသော်လည်း လုံရှောင်နှင့် နှိုင်းယှဉ်ပါက မိုးနှင့်မြေပမာ ကွာခြားလေသည်။ ထိမိရုံနှင့်တင် ပြိုလဲသွား၏။
ပထမလူသားဧကရာဇ်မှာ အစွမ်းထက်သော်လည်း လုံရှောင်၏ အံ့မခန်းလိလိ အသိစိတ်အလျဉ် ထွက်ပေါ်လာချိန်တွင် မည်သည့်ခွန်အားကိုမှ ထုတ်မသုံးနိုင်ဘဲ မြေပေါ်လဲကျသွားခဲ့သည်။
လူသားဧကရာဇ်ဟောင်းများ၏ အတွေ့အကြုံမှာတော့ အသုံးမဝင်တော့ပေ။ လုံရှောင်က အသိစိတ်အလျဉ်ဖြင့် ဖုံးအုပ်လိုက်ရာ သူတို့အားလုံး သတိမေ့ကုန်ကြသည်။
ရှုရှန်းဟွာနှင့် လန်ယွီတျန်း၏ အသိစိတ်အလျဉ်တို့ကတော့ ထူးခြား၏။ တခဏမျှ တောင့်ခံနိုင်ခဲ့သော်လည်း နောက်ဆုံးတော့ တောင့်မခံနိုင်တော့ပေ။
သူတို့ လုံရှောင်၏ အသိစိတ်အလျဉ်ကို တောင့်ခံနိုင်ခဲ့သည့် တခဏတွင် လုံရှောင်က သူတို့အား အထင်ကြီးသွားခဲ့သည်။ သူတို့၏ သိုင်းအဆင့်များသည် မမြင့်မားသော်လည်း စွမ်းဆောင်နိုင်စွမ်းတို့ကတော့ ထူးကဲ၏။ သူတို့အား ပျိုးထောင်ပေးနိုင်ပေသည်။
အရွယ်ရောက်လာလျှင် သူ့အတွက် စီးတော်ယာဉ်နှစ်ယောက် ဖြစ်လာနိုင်၏။ အံ့ဩဖွယ်ကောင်းပေလိမ့်မည်။
“ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းက ချိပ်တံဆိပ်က ပျက်စီးတော့မယ်လို့ အဲဒီဖန်ဆင်းရှင်လေး ပြောခဲ့တယ်… ကောင်းကင်နတ်အရှင်ဆယ်ပါးက သေချာပေါက် ကျူးကျော်လာမှာပဲ... အဟက် သူက ငါ့ကို တကယ်ကြီး အထင်သေးခဲ့တာပါလား”
လုံရှောင်က မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပြီး စိတ်ထဲမှ တွေးနေသည်။ “ဘိုးဘေးနန်းတော်ရဲ့ ချိပ်တံဆိပ် ပျက်စီးသွားရင် တခြားကမ္ဘာက ချိပ်တံဆိပ်တွေလည်း ပျက်စီးသွားကြလိမ့်မယ်… အဲဒီကမ္ဘာတွေမှာ ငါ့ရဲ့မျိုးဆက်တွေ အတောမသတ်နိုင်အောင် ရှိတယ်… ကမ္ဘာဦးဘုံက ရွှမ်တု၊ ယိုတုနဲ့ စကြ၀ဠာက တခြားကမ္ဘာလောကတွေရဲ့ အနောက်ဘက်မှာလည်း ငါ့ရဲ့မျိုးဆက်တွေ ရှိတယ်… ဆိုတော့ ကောင်းကင်နဲ့ မြေကြီးအပေါ် ဘယ်သူအုပ်စိုးမလဲ ပြောရခက်တယ်.. အဲဒီကောင်းကင်နတ်အရှင်တွေ၊ မိစ္ဆာတွေနဲ့ တခြားသက်ရှိတွေက ငါ့မျိုးနွယ်တွေရဲ့ စီးတော်ယာဉ်တွေ ဖြစ်လာနိုင်တာပဲ..”
“ငါ့အတွက်ကတော့ ဒီလူလေးနှစ်ကောင်ကို ပျိုးထောင်ပြီး သူတို့ကောင်းကင်နတ်အရှင်တွေ ဖြစ်လာဖို့ စောင့်နေရုံပဲ… အဲဒီနည်းနဲ့ စီးတော်ယာဉ် ကောင်းကင်နတ်အရှင်နှစ်ပါး ရလိမ့်မယ်… ကောင်းကင်နတ်အရှင်ဆယ်ပါးက ငါနဲ့ ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မှာလဲ”
သူ၏ဟောက်သံက တဖြည်းဖြည်း ကျယ်လောင်လာသည်။ “ရှုကျွင်းက စီးတော်ယာဉ်အနေနဲ့ အဆင့်နိမ့်ပေမယ့် အလားအလာတော့ ရှိတယ်… ဒါပေမဲ့ သူ့ကို စီးရမှာ ရှက်စရာကြီး… ငါက နတ်ဘုရင်ပိုယန်ကို စီးခဲ့တာလေ”
အသိစိတ်အလျဉ်လှောင်အိမ်ထဲတွင် ရှုကျွင်းက ခပ်ဩဩလေသံဖြင့် ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်မူကို ဖမ်းမိမသွားဘူး… အားလုံးပဲ စိတ်အေးအေးထားကြပါ… ကောင်းကင်နတ်အရှင်မူ ငါတို့ကို သေချာပေါက် ကယ်လိမ့်မယ်”
ပထမလူသားဧကရာဇ်က အသိစိတ်အလျဉ်လှောင်အိမ်ကို အသာအယာ ထိလိုက်သည်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် သူ၏လက်ဖဝါး လှောင်အိမ်ကို ထိလိုက်သည်နှင့် လှောင်အိမ်အား ဖွဲ့တည်ထားသော အသိစိတ်အလျဉ်သည် ပုံစံပေါ်လာပြီး သူ၏လက်ဖဝါးကို ချက်ချင်း ချုပ်လိုက်၏။ သူ့တစ်ကိုယ်လုံးမှာ လှောင်အိမ်၏အသားထဲသို့ ဆွဲသွင်းခံရပေတော့မည်။
ပထမလူသားဧကရာဇ်က လက်ဖဝါးကို အလျင်အမြန် ပြန်ဆွဲယူလိုက်သည်၏။ သူ၏နှလုံးသားမှာ ကြောက်ရွံ့မှုကြောင့် တဒိန်းဒိန်း ခုန်နေသည်။
ယခုလေးတင် လှုပ်ရှားသွားသည့် လှောင်အိမ်မှာ ချက်ချင်း ကြည်လင်သွား၏။
အသိစိတ်အလျဉ်လှောင်အိမ်သည် ရုပ်ဒြပ်ထု တည်ရှိပုံမပေါ်ပေ။ ၎င်းမှာ အသိစိတ်အလျဉ်ဖြင့် ဖုံးအုပ်ထားသည့် ထွင်းဖောက်မြင်ရနိုင်သော နေရာလွတ်တစ်ခုသာ ဖြစ်သည်။ သို့သော် ဤလှောင်အိမ်သည် သူတို့ထွက်မပြေးနိုင်အောင် တင်းတင်းကြပ်ကြပ် ပိတ်လှောင်ထားနိုင်၏။
“ကျွန်တော်တို့ အမြန်ဆုံးအရှိန်နဲ့ လှုပ်ရှားရင် လှောင်အိမ်ထဲကနေ လွတ်မြောက်နိုင်မှာလား” ကျန်းယွင်ကျန့်က ရုတ်တရက် မေးလိုက်သည်။
ပထမလူသားဧကရာဇ်မှာ စိတ်လှုပ်ရှားသွားပြီး ရှုကျွင်းဆီသို့ ကြည့်လိုက်၏။ ရှုကျွင်းက ခေါင်းရမ်းလျက် ဖြေသည်။ “ငါတို့ မလွတ်နိုင်ဘူး…လုံရှောင်ရဲ့ အသိစိတ်အလျဉ်က ငါ အထွတ်အထိပ်အခြေအနေမှာ ရှိနေတုန်းကထက် ပိုပြီး သန်မာတယ်… သူ့ရဲ့ အသိစိတ်အလျဉ်လှောင်အိမ်က အမြဲပြောင်းလဲနေတာ… အသန်မာဆုံး ရုပ်ဒြပ်ထုကို အချိန်မရွေး ဖွဲ့တည်နိုင်သလို အကျယ်ပြန့်ဆုံး ဟင်းလင်းပြင်ထဲလည်း ဝင်ရောက်ပျောက်ကွယ်သွားနိုင်တယ်… ဘယ်လောက်ပဲ မြန်မြန် လွတ်နိုင်မှာ မဟုတ်ဘူး”
ကျန်းယွင်ကျန့်၏ မျက်လုံးများက ဖျတ်ခနဲ လက်သွားပြီး သူက ပြောလိုက်သည်။ “ကျွန်တော်ရဲ့ဆရာက သူခိုးနတ်ဘုရားဆီကနေ အကြာကြီး သင်ယူထားခဲ့တာ ... ခိုးတဲ့နေရာမှာ သူက အစွမ်းထက်လွန်းလို့ သူခိုးနတ်ဘုရားကိုတောင် အရှက်ရစေခဲ့တယ်... သူ့အမြန်နှုန်းက မြန်လွန်းတော့ အသိစိတ်အလျဉ်လှောင်အိမ်တောင် အချိန်မီမပြောင်းလဲနိုင်ခင် သူက ဒီနေရာကနေ လွတ်မြောက်နိုင်တယ်”
လူသားဧကရာဇ်နှင့် လန်ယွီတျန်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ လန်ယွီကျန်းက ပြော၏။ “အသိစိတ်အလျဉ်လှောင်အိမ် ပြောင်းလဲမှုရဲ့ အကန့်အသတ်က ဘယ်မှာလဲ ကျွန်တော်မသိဘူး… ပထမဆုံး အကန့်အသတ်ကို သိရတော့မှ အမြန်နှုန်းနဲ့ ပြောင်းလဲမှုကို တွက်ချက်နိုင်လိမ့်မယ်… ပြီးတော့..”
သူ့မှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ “ကျွန်တော်ရဲ့ သင်္ချာအောင်မြင်မှုက အဲ့လောက်မမြင့်ဘူး…”
“ကျွန်တော်ရဲ့ သင်္ချာအောင်မြင်မှုက မဆိုးဘူး..”
ရှုရှန်းဟွာက ပြုံးလျက် ပြောသည်။ “တာအိုသခင်လင်းရွှမ်ရဲ့ သင်္ချာအောင်မြင်မှုက ကျွန်တော်နဲ့ တန်းတူပဲ”
ပထမလူသားဧကရာဇ်က ခပ်ဩဩ ပြောသည်။ “ကောင်းပြီလေ… အဲဒါဆိုရင် ငါ ဒီအသိစိတ်အလျဉ်လှောင်အိမ် အသွင်ပြောင်းခြင်းရဲ့ အကန့်အသတ်ကို စမ်းသပ်လိုက်ဦးမယ်…”
သူက ကျောက်စိမ်းလင်းရောင်ဓားအား ထုတ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ထို့နောက် အသိစိတ်အလျဉ်နံရံဆီသို့ ရုတ်တရက် အားကုန် ပြေးသွားသည်။ မကြာမီ သူ၏ အရှိန်မှာ အကန့်အသတ်သို့ ရောက်ရှိသွားပြီး အသိစိတ်အလျဉ်အကာအရံကို ဝင်တိုက်သွားတော့သည်။
သူသည် ရိပ်ခဲ ဖြတ်ပြေးသွားသော အလင်းရောင်ပမာ အသိစိတ်အလျဉ်အကာအရံထဲတွင် တဟုန်ထိုး ပြေးလွှားနေ၏။ သို့သော် သူ၏ခန္ဓာကိုယ် လှုပ်ရှားသွားသည့် အခိုက်အတန့်မှာပင် အသိစိတ်အလျဉ်လှောင်အိမ်က အလျင်အမြန် ပြောင်းလဲသွားသည်။
လှောင်အိမ်မှာ ပါးလွှာပုံ ပေါ်သော်လည်း လှောင်အိမ်နံရံထဲ ရောက်ရှိသွားသည့်အခါတွင် အဆုံးမရှိသော ဟင်းလင်းပြင်က အဆက်မပြတ် ကျယ်ပြန့်လာကြောင်း တွေ့လိုက်ရသည်။
ထိုမျှသာမက နေရာဟင်းလင်းပြင် ထွက်ပေါ်လာသည့်နှင့် သူ့မှာ အလွန်သိပ်သည်းသော အရာဝတ္ထုတစ်ခုထဲသို့ ရောက်သွားသည့်အလား ခံစားလိုက်ရသည်။
သူ၏အမြန်နှုန်းမှာ ပိုမိုနှေးကွေးလာပြီး လှောင်အိမ်သည် သူ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို ချေမှုန်းတိုက်ဖျက်ကာ လှောင်အိမ်နှင့် တစ်သားတည်း ဖြစ်လာစေသည်အား ခံစားနေရ၏။
ပထမလူသားဧကရာဇ်က ဟိန်းဟောက်လိုက်သည်။ သူ မှော်စွမ်းအင်မှန်သမျှ စုစည်းကာ ကျောက်စိမ်းလင်းရောင်ဓားထဲသို့ ပေါင်းထည့်လိုက်၏။ ကျောက်စိမ်းလင်းရောင်ဓားက သူ့လက်ထဲမှ ပျံထွက်သွားပြီး လေဟုန်စီးကာ ပိုမိုလျှင်မြန်သောအမြန်နှုန်းဖြင့် လွှဲရမ်းသွားသည်။ ၎င်းက ရှေ့သို့ပြေးထွက်သွား၍ အသိစိတ်အလျဉ်လှောင်အိမ်၏ ကန့်သတ်ချက်များကို ချိုးဖျက်ရန် ကြိုးစားနေ၏။
တခဏအတွင်း ကျောက်စိမ်းလင်းရောင်ဓား၏ အမြန်နှုန်းသည် နေရာဟင်းလင်းပြင်ကိုပင် ဖြတ်သန်းသွားလာနိုင်သည့် အတိုင်းအတာသို့ ရောက်ရှိသွား၏။ နေရာဟင်းလင်းပြင်ကို လျစ်လျူရှုထားသည့်အလား လှောင်အိမ်ထဲမှ ဖောက်ထွက်သွားလေသည်။
သို့သော် နောက်တခဏတွင် အသိစိတ်အလျဉ်လှောင်အိမ်၏ အမြန်နှုန်းမှာ ကျောက်စိမ်းလင်းရောင်ဓားကို လိုက်မှီသွားပြီး ကျောက်စိမ်းလင်းရောင်ဓားအား နှေးကွေးသထက် နှေးကွေးလာစေ၏။
ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သော လှပသည့် သင်္ချာသင်္ကေတများက ရှုရှန်းဟွာ ပတ်ပတ်လည်တွင် လှည့်ပတ်လာကြပြီး သာမန်မျက်စိဖြင့် မမြင်ရနိုင်သော အမြန်နှုန်းဖြင့် တွက်ချက်နေကြသည်။ မရေမတွက်နိုင်သော သင်္ကေတများမှာ တစ်ပြိုင်နက် အသက်သွင်းခံလိုက်ရသည့် မရေမတွက်နိုင်သော စိတ်ဝိညာဉ်လက်နက်များအလားပင်။ ထိုသင်္ချာသင်္ကေတများ၏ တွက်ချက်မှု အလယ်ဗဟိုအနေဖြင့် သူသည် တွက်ချက်မှုများကို တစ်ပြိုင်တည်း စုပေါင်းနားလည်နိုင်လေသည်။
“တွေ့ပြီ”
ရှုရှန်းဟွာ၏ အသိစိတ်အလျဉ်က လှိုင်းထသွားပြီး တွက်ချက်မှုများ၏ ရလဒ်တို့ကို လန်ယွီတျန်း၏ စိတ်ထဲ လွဲပြောင်းပေးလိုက်သည်။
လန်ယွီတျန်း၏ မျက်လုံးများ ပြူးကျယ်လာသည်။ သူက ချက်ချင်း ရှေ့တက်လိုက်ပြီး အသိစိတ်အလျဉ်လှောင်အိမ်ထဲသို့ ပြေးဝင်သွားသည်။ ထိုအခိုက်အတန့်တွင် သူ၏အမြန်နှုန်းက မယုံကြည်နိုင်ဖွယ် အဆင့်တစ်ဆင့်သို့ ရောက်ရှိသွား၏။
ထော့ကျိုးသည် သူခိုးကောင်းကင်နန်းဆောင်အပါအဝင် သူ့ဘ၀တွင် သင်ယူဖူးသမျှအရာတို့အား လန်ယွီတျန်းဆီသို့ သင်ကြားပေးခဲ့သောကြောင့် လန်ယွီတျန်းသည် သူ့ထက်ပင် ထူးချွန်၏။
သူက အသိစိတ်အလျဉ်လှောင်အိမ်ထဲရှိ ဒြပ်ထုအပြောင်းအလဲတို့အား လျစ်လျူရှုကာ ရှေ့သို့ ပျံသန်းသွားသည်။ တခဏအတွင်း ပထမလူသားဧကရာဇ်ကို လိုက်မှီသွားချေပြီ။
ပထမလူသားဧကရာဇ်၏ ခန္ဓာကိုယ်မှာ အသိစိတ်အလျဉ်လှောင်အိမ်နှင့် တစ်သားတည်း ပေါင်းစည်းလုနီးပါး ဖြစ်နေသည်။ သို့သော် သူ၏ရုပ်ခန္ဓာနှင့် အသိစိတ်အလျဉ် ပြင်းပြင်းထန်ထန် တုန်ခါပြီး ပေါင်းစည်းမှုမှ အံ့မခန်းလိလိ အမြန်နှုန်းဖြင့် ခွဲထွက်နေသည်အား ခံစားလိုက်ရသည်။
သူက အံ့ဩစွာဖြင့် ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။ လုံရှောင်၏ အသိစိတ်အလျဉ်အပြောင်းအလဲများအပါအ၀င် သူ့ပတ်ပတ်လည်ရှိ အရာအားလုံး နှေးကွေးသွားသည့်အလားပင်။
သူက လန်ယွီတျန်း သူ့နောက်မှ ကျောက်စိမ်းလင်းရောင်ဓားနှင့်အတူ လိုက်မှီလာသည်ကို ကြည့်နေသည်။
ပထမလူသားဧကရာဇ်က ကျောက်စိမ်းလင်းရောင်ဓားကို ဆွဲယူလိုက်သည့်အခါ မရေမတွက်နိုင်သည့် တဖျတ်ဖျတ် အလင်းရောင်တို့က သူတို့ထံ ပြေးဝင်လာသည်။ နောက်တခဏတွင် နှစ်ယောက်သား အသိစိတ်အလျဉ်လှောင်အိမ်ထဲမှ ပြေးထွက်သွား၏။
ဧရာမကျောက်ရုပ်တုကြီးများသည် အံ့အားသင့်စွာဖြင့် မျက်လုံးများပွင့်လာကြကြောင်း ပထမလူသားဧကရာဇ် မြင်လိုက်ရသည်။ သူက ဖြည်းဖြည်းချင်း လှည့်၍ သူတို့ဆီ ကြည့်လိုက်ပြီးနောက် လုံရှောင်၏ မျက်လုံးများလည်း တဖြည်းဖြည်း ပွင့်လာကြောင်း တွေ့လိုက်ရသည်။
သူ့မှာ ပြောပြမတတ်နိုင်အောင် စိတ်လှုပ်ရှားနေသည်။ ထိုအခိုက်အတန့်တွင် နဂါးကြေးခွံက သူတို့အရှေ့တွင် ပေါ်လာ၏။ ၎င်းက လုံရှောင်၏ အကြေးခွံများထဲမှ တစ်ချပ် ဖြစ်သည်။ သူတို့နှစ်ယောက်သည် အကြေးခွံကို ဝင်တိုက်သွားပြီး သူတို့၏ခန္ဓာကိုယ်များက ၎င်းကို ထိုးဖောက်သွား၏။
လန်ယွီတျန်းက ပထမလူသားဧကရာဇ်ကို ရပ်တန့်စေလိုက်ပြီးနောက် ရှုကျွင်း၊ လူသားဧကရာဇ်ဟောင်းများနှင့် ကျန်သူများကို သူတို့ဘေးတွင် မြင်လိုက်ရသည်။
လှောင်အိမ်ထဲသူများမှာ တိတ်ဆိတ်နေကြလေသည်။
လန်ယွီတျန်းသည် အသိစိတ်အလျဉ်လှောင်အိမ်ထဲမှ အမှန်တကယ် ဖောက်ထွက်နိုင်သော်လည်း လုံရှောင်က အစွမ်းထက်လွန်းပေသည်။ သူတို့ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
“ကောင်းကင်နတ်အရှင်မူ၊ ငါတို့ကို ကယ်နိုင်ပါ့မလား” ရှုကျွင်းက ရေရွတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူ့ကျောရှိ အတားအဆီးအစီအရင်၏ အလယ်က မဟာဧကရာဇ်ဦးခေါင်းကြီးသည် ပြုံးလိုက်၏။
“လုံရှောင်၊ အပြစ်ကင်းတဲ့ကောင်လေး…. သူ့ကို ချိုးနှိမ်ပြီး တစ်လောကလုံးမှာ စွမ်းအားအကြီးဆုံး အားတစ်ရပ်ကို ဖျက်စီးနိုင်ခဲ့တယ်”