← Chapters

ဘုရင်နှစ်ပါး၊ ဧကရာဇ်တစ်ပါး

Vol. 104 Ch. 1364

ဘုရင်နှစ်ပါး၊ ဧကရာဇ်တစ်ပါး

Vol. 104 Ch. 1364

အဘွားစစ်က မီးအိမ်ကို သယ်ကာ ခပ်သုတ်သုတ် ထွက်ခွာသွားသည်။ မီးအိမ်မှာ ကောင်းကင်နတ်အရှင်ယွဲ့၏ ရတနာဖြစ်သဖြင့် ခရီးသွားလာရာ၌ အသုံးဝင်၏။

ချင်မူ မီးအိမ်အား ထားရစ်ခဲ့စဉ်က ကောင်းကင်နတ်အရှင်ကုန်းသည် နတ်အရှင်မချန်း၏ မဟာရန်သူတော်ဟု ပြောခဲ့သည်။ ထို့နောက် နဂါးချီလင်ဆီသို့ တစ်ချက်ကြည့်ခဲ့သည့်အတွက် အဘွားစစ်သည် သူ ဆိုလိုသည့် အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်ခဲ့၏။ ချင်မူက သူမကို မီးအိမ်နှင့်အတူ ကောင်းကင်နတ်အရှင်ကုန်းအား သွားရှာကာ နဂါးချီလင်ဖြင့် ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းသို့ ပို့‌ဆောင်စေလိုခဲ့ခြင်းပင်။

အဘွားစစ် နတ်ဧကရာဇ်လန်ရွှမ်၏ ပိုင်နက်မှ ဖြတ်သွားသည့်အချိန်တွင် ငုံ့ကြည့်လိုက်ရာ မရေမတွက်နိုင်သော အမြစ်ကြီးများ ပျံဝဲနေသည်ကို တွေ့လိုက်ရ၏။ ဧရာမယဇ်ပလ္လင်ကြီးတစ်ခုသည်လည်း လျင်မြန်စွာ ဖွဲ့တည်နေလေသည်။

နတ်စစ်သူကြီးများက ယဇ်ပလ္လင်ပေါ်တွင် အစီအရီ နေရာယူထားကြပြီး နတ်ဧကရာဇ်လန်ရွှမ်က ‌ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို အသက်သွင်းနေ၏။

'နတ်အရှင်မချန်း ထင်ထားတဲ့အတိုင်းပဲ နတ်ဧကရာဇ်လန်ရွှန်အနေနဲ့ ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို အဖြေထုတ်ဖို့ မခက်ဘူးပါလား”

နေရာဟင်းလင်းပြင် တွန့်လိမ်ပုံပျက်၍ ယဇ်ပလ္လင်ပေါ်ရှိ လူရိပ်များ ပျောက်ကွယ်သွားနေသည်အား အဘွားစစ် မြင်နေရသည်။ အခြေအနေမှာ အလျင်လိုနေသဖြင့် ဆက်ကြည့်မနေတော့ပေ။

သူမ ဘိုးဘေးနန်းတော်အပြင်ဘက်သို့ ရောက်သည်နှင့် စွမ်းအင်အကူးအပြောင်းတံတားကို ဖြတ််ကာ ကောင်းကင်နတ်ဘုံသို့‌ ရောက်ရှိသွားသည်။

ကောင်းကင်နတ်အရှင်ဆယ်ပါးတွင် သူတို့၏ ကိုယ်ပိုင်ပိုင်နက်များဆီသို့ ဆက်သွယ်ပေးထားသော စွမ်းအင်အကူးအပြောင်းတံတား ကိုယ်စီရှိကြ၏။ အဘွားစစ် လျှောက်နေသည့် စွမ်းအင်အကူးအပြောင်းတံတားသည် ကောင်းကင်နတ်ဘုံမှ ကောင်းကင်နတ်အရှင်ကုန်း၏ တံတား ဖြစ်သည်။

အဘွားစစ် စွမ်းအင်အကူးအပြောင်း တံတားမှ ထွက်လာသည့်အခါ ကောင်းကင်နန်းဆောင်ကို စောင့်ကြပ်နေသော နတ်စစ်သူကြီးတစ်ဦးက သူမကို တားလိုက်သည်။

အဘွားစစ်က တင်ပြ၏။ “ကောင်းကင်နတ်အရှင်မူက လွှတ်လိုက်တာပါ… ကောင်းကင်နတ်အရှင်ကုန်းကို အသိပေးစရာ ရှိလို့ပါတဲ့”

မကြာမီ သူမသည် ကောင်းကင်နတ်အရှင်ကုန်းဆီ ခေါ်ဆောင်သွားခံရ၏။ အဘွားစစ်က လျှောက်တင်သည်။ “ကောင်းကင်နတ်အရှင်မူက နတ်အရှင်မချန်း ဖိအားပေးလို့ လုံရှောင်ကို ဖမ်းဆီးဖို့ ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းဆီ ရောက်သွားပါပြီ”

ကောင်းကင်နတ်အရှင်ကုန်းက ဆတ်ခနဲ ထရပ်လိုက်သည်။ “ခွေးမ…. ကောင်းကင်ကိုပါ ပြောင်းပြန်လှန်ချင်နေတာလား… ငါ့ကို အဲ့ဒီ ခေါ်သွားပေး”

သူတို့နှစ်ယောက်လုံး ဘိုးဘေးနန်းတော်၏ သစ်နက်တောင်တန်းဆီသို့ ပြန်ရောက်သည့်အချိန်တွင် နဂါးချီလင်နှင့် အခြားသူများမှာ ယဇ်ပလ္လင်ကို ပြင်ဆင်ထားပြီး ဖြစ်၏။ ကောင်းကင်နတ်အရှင်ကုန်း ယဇ်ပလ္လင်ပေါ် တက်လိုက်ရာတွင် ဝေစွေ့ဖုန်း၊ မင်းသားယိုမင်းနှင့် ကျန်သူများလည်း ယဇ်ပလ္လင်ပေါ်၌ ရပ်နေကြောင်း တွေ့လိုက်ရသည်။

ကောင်းကင်နတ်အရှင်ကုန်းက ခေါင်းရမ်းရင်း ပြော၏။ “ကောင်းကင်နတ်အရှင်တွေရဲ့ တိုက်ပွဲမှာ ဝင်ပါကြမလို့လား….. လူများလေလေ ငါ နင်တို့ကို ကာကွယ်ဖို့ ဝန်များလေလေ ဖြစ်လိမ့်မယ်”

ဝေစွေ့ဖုန်းလည်း တုံ့ဆိုင်းသွားသည်။ ကောင်းကင်နတ်အရှင်ကုန်းက သဲနာရီတစ်လုံး ထုတ်၍ လှန်လိုက်သည်။ သူမက တည်ငြိမ်စွာ ပြော၏။ “ဒီသဲနာရီထဲက နောက်ဆုံးသဲမှုန် ကျသွားတဲ့အထိ စောင့်နေကြပါ… အဲ့ဒီအချိန်ကျရင် သတင်းရလိမ့်မယ်”

ထိုသို့ပြောပြီးနောက် သူမက နဂါးချီလင်ဆီသို့ ခေါင်းညိတ်ပြသည်။ နဂါးချီလင်က ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို ချက်ချင်း ထုတ်လွှတ်ကာ ယဇ်ပလ္လင်အား အသက်သွင်းလိုက်သည်။

ယဇ်ပလ္လင်တွင် အလင်းတန်းများ တောက်ပလာကြသည်။ ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ်က ဘိုးဘေးနန်းတော်ထဲရှိ ဧရာမသားရဲကြီးများနှင့် ချက်ချင်း ဆက်နွယ်သွားပြီး ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းအား မည်သို့အသုံးပြုကြောင်း ချက်ချင်း သဘောပေါက်သွားတော့သည်။ “အသိစိတ်အလျဉ်ကို သုံးပြီး ရန်သူရဲ့ ‌ ခေါင်းထဲမှာ ယဇ်ပလ္လင်တစ်ခု ဖွဲ့တည်လိုက်တာပေါ့… စိတ်ဝင်စားစရာပဲ…. ကောင်းကင်နတ်အရှင်မူဆိုတဲ့ အတိုင်းပါပဲ… သူ့မှာပဲ အံ့ဖွယ်အကြံတွေ ရှိတာ… ဒါပေမဲ့ ဧရာမသားရဲထောင်ပေါင်းများစွာက ငါ့ကို မဆင့်ခေါ်နိုင်ဘူး… လုံရှောင်ကို သုံးပြီး ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းကို ဖွဲ့တည်တာ ကောင်းလိမ့်မယ်”

သူ၏ အသိစိတ်အလျဉ် ဖြတ်တောက်ခံလိုက်ရသလို ခံစားလိုက်ရသဖြင့် နဂါးချီလင်မှာ အံ့ဩမှင်သက်သွားသည်။ ကောင်းကင်နတ်အရှင်ကုန်းသည် သူ၏ အသိစိတ်အလျဉ်ကို ဖြတ်တောက်၍ သူမ၏ အသိစိတ်အလျဉ်ဖြင့် အစားထိုးကာ ဘိုးဘေး‌နန်းတော်အနောက်ဘက်ခြမ်းရှိ သားရဲကြီးကို ရှာဖွေနေလေသည်။

“ကောင်းကင်နတ်အရှင်ကုန်းက တကယ့်ကို အာဂအမျိုးသမီးပါလား... ဂိုဏ်းသခင် သူ့အကြောင်း ပြောရင် လေးစားအားကျနေတာ အံ့ဩစရာမရှိဘူး” နဂါးချီလင်က စိတ်ထဲမှ တွေးနေမိသည်။

ထိုစဉ် ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းတွင် လုံရှောင်၏ ဦးခေါင်းကိုးလုံးမှာ နှစ်နှစ်ခြိုက်ခြိုက် အိမ်မောကျနေသည်။ သူ၏ခန္ဓာကိုယ်က ကြီးမားလွန်းသည့်အတွက် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်အောက် မနိမ့်ကျပေ။ ဘိုးဘေးနန်းတော်အနောက်ဘက်ကဲ့သို့ နေရာမျိုးကသာ သူ၏ခန္ဓာကိုယ်ကို လက်ခံပေးထားနိုင်၏။

မရေမတွက်နိုင်သော သားရဲကြီးများက သူ့ခန္ဓာကိုယ်ပေါ်တွင် နေထိုင်ကြကာ မျိုးပွားနေကြသည်။ ၎င်းတို့ထဲ တချို့ဆိုလျှင် သေသည်အထိ သူ့ခန္ဓာကိုယ်မှ ဆင်းမလာကြပေ။ မွေးဖွားချိန်မှ သေဆုံးသည်အထိ ပုပ်သိုးနေသော အရိုးစုများသည်ပင် သူ၏ခန္ဓာကိုယ်ပေါ်တွင်သာ ရှိကြသည်။

ရုတ်တရက် လုံရှောင်မှာ သတိအနေအထားဖြင့် မျက်လုံးများဖွင့်ကာ မော့ကြည့်လိုက်၏။ သူ၏ဦးခေါင်းကိုးလုံးက မျက်လုံးများဖွင့်လိုက်ရာ ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းအား အလွန်တရာ တောက်ပသွားစေသည်။ နေ ၁၈ စင်း ကောင်းကင်ထက်တွင် ရုတ်တရက် ပေါ်ထွက်လာသည့်အလားပင်။

သူ၏ပိုင်နက်အတွင်း၌ အလွန်တရာ အင်အားကြီးသော ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာသည်အား အာရုံခံလိုက်မိချေပြီ။

ထိုအခိုက်အတန့်တွင် ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းရှိ သားရဲကြီးများမှာ လေပေါ်သို့ မြှောက်တင်ခံလိုက်ရပြီး ထူးဆန်းသော အစီအရင်တစ်ခုအား ဖော်ဆောင်နေကြရ၏။

သားရဲကြီးများ၏ အသိစိတ်အလျဉ်တို့သည် အခြားကမ္ဘာမှ ရောက်ရှိလာသော အင်အားကြီးပုဂ္ဂိုလ်၏ အတင်းအကြပ် နှုတ်ယူခြင်းကို ခံလိုက်ရကာ အလိုအလျောက် ပေါင်းစည်းသွားပြီး သင်္ကေတများအဖြစ် ပြောင်းလဲကုန်ကြသည်။

မရေမတွက်နိုင်သော သင်္ကေတများမှာ ဧရာမစက်ယန္တရားကြီးတစ်ခု၏ အစိတ်အပိုင်းများသဖွယ် အလိုအလျောက် စုစည်းသွားကာ သံကြိုးတို့အား ဖွဲ့တည်လိုက်သည်။

သံကြိုးများက တစ်ချောင်းနှင့် တစ်ချောင်း ယှက်ဖွဲ့လျက် ယဇ်ပလ္လင်တစ်ခုအား တည်ဆောက်လိုက်၏။

ဤသည်က ပြောင်းပြန်ဆင့်ခေါ်ခြင်းသိုင်းကွက်ပင်။

လုံရှောင်မှာ တအံ့တဩ ဖြစ်သွားသည်။ ရှုကျွင်းနှင့် အခြားသူများ ရောက်လာခဲ့ချိန်တုန်းက ဤမျှ ရုတ်ရုတ်သဲသဲ မဖြစ်ခဲ့ပေ။ သို့သော် ယခုတွင်တော့ ဧရာမသားရဲကြီးများမှာ ဆွဲယူခံရကာ ယဇ်ပလ္လင်အဖြစ် ဖွဲ့တည်နေရချေပြီ။

ထိုအခိုက်အတန့်တွင် များစွာသော သားရဲကြီးများမှာ ကောင်းကင်ထက်သို့ မြှောက်တင်ခံလိုက်ရပြီး ယဇ်ပလ္လင်နောက်ထပ်တစ်ခုအဖြစ် တည်ဆောက်ခံနေရသည်။

တစ်ဆက်တည်းဆိုသလို နတ်ဘုရားများနှင့် မိစ္ဆာများက ဘိုးဘေးနန်းတော်အနောက်ဘက်တွင် တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကြ၏

“ဟားဟား… ကောင်းကင်နတ်အရှင်ဆိုတဲ့ကောင်တစ်ကောင် ဒီကိုရောက်လာတာလား... ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

လုံရှောင်က ထရပ်၍ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ကာ မရေမတွက်နိုင်သော သားရဲများအား ခန္ဓာကိုယ်ပေါ်မှ ပြုတ်ကျသွားစေသည်။

သူသည် ဖန်ဆင်းရှင်တို့၏ နတ်ဘုရားဖြစ်၏။ ဖန်ဆင်းရှင်တို့ အသုံးပြု၍ ရှေးဟောင်းနတ်ဘုရားများကို အပြစ်ပေးရန် မျှော်လင့်ထားခဲ့သော သားရဲနတ်ဘုရားတစ်ပါး ဖြစ်လေသည်။ အဆုံးအစမဲ့သော စွမ်းအားနှင့် သန်မာအားကောင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။

သူ မတိုက်ခိုက်ခဲ့ရသည်မှာ အချိန်ကြာခဲ့လေပြီ။

သူ မျက်လုံးများ ဖွင့်လိုက်လျှင် နေ့အချိန်ဖြစ်ပြီး မျက်လုံးများ မှိတ်လိုက်လျှင်တော့ ညအခါဖြစ်၏။ သူ လှုပ်ရှားတိုင်း ဘိုးဘေးနန်းတော်အနောက်ဘက်သည် လျှပ်စီးတို့ဖြင့် ပြည့်နှက်သွားတတ်ပြီး ဘိုးဘေးနန်းတော်တစ်ခုလုံးတွင် လေမုန်တိုင်းတို့ တိုက်ခတ်လာတတ်သည်။

ယခုတွင်တော့ သူ၏စွမ်းအားကို ထုတ်ဖော်ပြသပေတော့မည်။

ဝုန်း…

ပထမဆုံး ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်း၏ စွမ်းအား ထွက်ပေါ်လာပြီးနောက်၌ ချင်မူနှင့် နတ်အရှင်မချန်းတို့ ဘိုးဘေးနန်းတော်အနောက်ဘက်သို့ ရောက်လာကြသည်။ နတ်အရှင်မချန်း၏ မျက်၀န်းလှလှလေးများက ပတ်ဝန်းကျင်အား အကဲခတ်ရင်း ဖြည်းဖြည်းချင်း မြောက်ကြွလာနေသည့် ဧရာမအရာဝတ္ထုကြီးကို ပထမဆုံး သတိထားမိလိုက်သည်။ ထို့နောက် အဝေးတွင် ပေါက်ကွဲထွက်ပေါ်နေသော ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းဆီသို့ ကြည့်လိုက်၏။

“နတ်ဧကရာဇ်လန်ရွှမ်က တကယ် ရောက်လာတာပဲ”

နတ်အရှင်မချန်းက မျက်မှောင်ကြုတ်၍ နှာခေါင်းရှုံ့လိုက်သည်။ “ထိုက်ချူက ငါ့ဆီက ဘယ်အရာမဆို လုယူချင်နေတာ…. အာဏာ၊ ရာထူး၊ မိန်းမ… သူ့သားကတောင်မှ ငါ့ဆီကနေ လုယူချင်နေတယ်… ကောင်းကင်နဲ့ မြေကြီးရဲ့ ကြီးမြတ်မှုကို နားမလည်သေးဘူးပဲ”

ချင်မူက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။

“သူက နတ်ဘုရင်ကုန်းယွင်နဲ့ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူရဲ့ တိတ်တိတ်ပုန်းသားလေ” နတ်အရှင်မချန်းက မှင်သေသေ ပြောသည်။ “သူ မွေးလာကတည်းက အဆုံးအစမရှိတဲ့ ခမ်းနားမှုကို ပိုင်ဆိုင်ခဲ့တယ်.. ကောင်းကင်နတ်ဧကရာဇ်နဲ့ ရှေးဟောင်းနတ်ဘုရားတွေ ကောင်းချီးပေးတာ ခံခဲ့ရပြီးတော့ ပထမဦးဆုံးနတ်ဘုရားတစ်ပိုင်း၊ နတ်ဘုရားတစ်ပိုင်းတွေရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တယ်… အခုတော့ ကောင်းကင်နတ်အရှင် ဖြစ်နေပြီ… နတ်ဘုရင်ကုန်းယွင်နဲ့ ကောင်းကင်နတ်ဧကရာဇ်ရဲ့ သားဆိုတော့ သူ့အဖေအောက်တော့ မနိမ့်ကျလောက်ဘူးမလား”

ထိုအခိုက်အတန့်တွင် ပြောင်းပြန်ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းသည် အင်မတန်စူးရှသော အလင်းတန်းတို့ဖြင့် ပေါက်ကွဲထွက်သွား၏။ နတ်ဧကရာဇ်လန်ရွှမ်ကား အမိကမ္ဘာမြေနှင့်အတူ ရောက်ရှိလာလေပြီ။

“ထိုက်ချူက ဘာကောင်မလို့လဲ”

နတ်အရှင်မချန်း၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်အလင်းရောင်တို့မှာ သိပ်သည်းသထက် သိပ်သည်းလာပြီး သူမ၏ခန္ဓာကိုယ်မှာ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ နောက်တခဏတွင် ရောက်ရှိလာခဲ့သော နတ်ဧကရာဇ်လန်ရွှမ်၏ ဘေး၌ ပေါ်လာလေသည်။ သူမ၏ အသိစိတ်အလျဉ်က ပေါက်ကွဲထွက်၍ ပြေးဝင်သွား၏။ နတ်ဧကရာဇ်လန်ရွှမ်မှာ မျက်နှာပျက်သွားပြီး အမိကမ္ဘာမြေကို ချက်ချင်း ဆွဲကာ သူ့ထံ ပြေးဝင်လာနေသော အသိစိတ်အလျဉ်အား လျှပ်တပြက် ကာလိုက်သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နန်းဆောင်များက သူဦးခေါင်းနောက်တွင် ထွက်ပေါ်လာပြီး ကောင်းကင်နတ်ဘုံအား ဖွဲ့တည်ကာ သူ၏သိုင်းအဆင့်နှင့် ခွန်အားကို အထွတ်အထိပ်အထိ တိုးမြှင့်ပေးလိုက်သည်။

ဝုန်း….

အင်အားကြီးသော အသိစိတ်အလျဉ်က အမိကမ္ဘာမြေကို လွှမ်းခြုံသွားပြီး မျက်ခုံးနှစ်ဖက်ကြားရှိ နေရာထံ တိုက်ခိုက်ကာ မူလဝိညာဉ်ကို မတည်မငြိမ်ဖြစ်သွားစေသည်။

သူဟ အသိစိတ်အလျဉ်မှာ စွမ်းအားကြီးသော်လည်း ဤပုဂ္ဂိုလ်နှင့်ယှဉ်ပါက မပြောပလောက်တော့ပေ။

မည်သူဖြစ်မှန်း သိသွားလျှင်ချင်း သူ့မှာ အကြီးအကျယ် မျက်နှာပျက်သွား၏။ “မဟာဧကရာဇ်၊ ကောင်းကင်နတ်အရှင်မူ ပြောတာ မှန်နေတာပဲ… ခင်ဗျားက ကောင်းကင်နတ်အရှင်ဆယ်ပါးကြားမှာ တကယ်ကြီး ပုန်းနေတာပါလား”

သူ့မှာ နောက်သို့လွင့်ထွက်သွားသော်လည်း စိုးရိမ်မသွားချေ။ ချက်ချင်း နတ်ဘုရားမူလ‌လက်ချောင်းကို အသုံးပြုလိုက်၏။ နတ်အရှင်မချန်းသည် ဤလက်ချောင်း၏ စွမ်းအားကို မြင်ဖူးသဖြင့် မည်မျှအင်အားကြီးကြောင်း သိရှိထားလေသည်။ သူမက ချက်ချင်းရှောင်တိမ်းလိုက်၏။

နတ်ဧကရာဇ်လန်ရွှမ်က ဟန်ချက်ထိန်းလိုက်ပြီး သူ၏မူလဝိညာဉ်က သူ့အနောက်တွင် မြောလွင့်နေသည်။ သူက နှာခေါင်းရှုံ့လိုက်သည်။ “မဟာဧကရာဇ်၊ ခင်ဗျား အရင်တစ်ခါ လွတ်သွားခဲ့တယ်… ဒီတစ်ခါရော ဘယ်ကိုထွက်ပြေးဦးမှာလဲ… ကောင်းကင်နတ်အရှင်ဆယ်ပါးအနေနဲ့ ကျုပ်တို့ကို အမြဲတမ်း ကောင်းကင်နတ်အရှင်ဟောင်က ဦးဆောင်ခဲ့တာ… အခုတော့ ပိုပြီး ထူးချွန်တဲ့ ကောင်းကင်နတ်အရှင်အစစ်အမှန်က ဘယ်သူလဲဆိုတာ ကြည့်ကြစို့”

အဝေးတွင် လုံရှောင်သည် သူ၏ မူလဝိညာဥ်ကို မြင်လိုက်ရသဖြင့် မျက်နှာပျက်သွား၏။ “ဒီကောင်းကင်နတ်အရှင်က တကယ်ကို အစွမ်းထက်တဲ့ပုံပဲ”

သို့သော် သူ့ကိုယ်သူ ယုံကြည်ချက်ရှိနေသေးသဖြင့် တောင်တန်းများ၊ ပင်လယ်များကို ဖြတ်ကာ သူတို့ရှိရာသို့ ဦးတည်သွားနေသည်။

ရုတ်တရက် ကောင်းကင်နတ်အရှင်နှစ်ပါးက တိုက်ခိုက်ကြပြန်၏။ ကြောက်မက်ဖွယ် ကောင်းကင်နတ်သိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး လှိုင်းဂယက်များက အရပ်လေးမျက်နှာကို ဖုံးလွှမ်းသွားသည်။ လုံရှောင်၏ ခန္ဓာကိုယ်မှာ ကောင်းကင်နတ်အရှင်နှစ်ပါး၏ ကောင်းကင်နတ်သိုင်းများမှ ထွက်ပေါ်လာသော လှိုင်းများဖြင့် ရိုက်ခတ်ခံလိုက်ရသောကြောင့် သူ၏နဂါးကြေးခွံများတွင် အက်ကွဲကြောင်းများ ချက်ချင်း ပေါ်လာတော့သည်။

လုံရှောင်မှာ အံ့အားသင့်သွားသည်။ သူ၏ဦးခေါင်းကိုးလုံးက ဒေါသူပုန်ထသွားပြီး ကောင်းကင်နတ်အရှင်နှစ်ပါးကို တပြိုင်နက်တည်း တိုက်ခိုက်လိုက်၏။

ဝုန်း…

တိုက်ကွက်အချို့ပြီးနောက် သူ့မှာ နောက်သို့လွင့်သွားကာ ဇဝေဇဝါဖြစ်နေတော့သည်။ “သန်မာလိုက်တာ… မဟုတ်သေးဘူး ငါ့ခန္ဓာကိုယ်က ကြီးလွန်းနေတာ… ကျုံ့သွားစမ်း..”

သူ၏ခန္ဓာကိုယ် ကျုံ့၀င်သွားပြီး နောက်တစ်ကြိမ် ပြေးဝင်သွားပြန်သည်။ နတ်ဧကရာဇ်လန်ရွှမ်နှင့် နတ်အရှင်မချန်းတို့မှာ တစ်ယောက်ကိုတစ်ယောက် သည်းကြီးမည်းကြီး တိုက်ခိုက်နေကြသဖြင့် သူတို့၏မြင်ကွင်းထဲတွင် အချင်းချင်းသာ ရှိပြီး လုံရှောင်၏ တိုက်ကွက်များကို အာရုံမစိုက်ချေ။ သူတို့က မကြာခဏ ရှောင်တိမ်းနိုင်သောကြောင့် လုံရှောင်မှာ လိုက်မမှီတော့ဘဲ အမှန်တကယ် အခက်တွေ့နေ၏။ ထို့နောက် လွင့်ထွက်သွားရပြန်သည်။

‘ဒီသားရဲက သေပြီးသွားတာတောင် မပြောင်းလဲသေးဘူးပဲ’

နတ်အရှင်မချန်းနှင့် နတ်ဧကရာဇ်လန်ရွှမ်က သူ အခက်တွေ့နေသေးသည်ကို တွေ့လိုက်ရသဖြင့် နှာခေါင်းရှုံ့လိုက်ကြသည်။ အသိစိတ်အလျဉ်လှိုင်းနှစ်လှိုင်းသည် တစ်ပြိုင်နက် ထွက်ထွက်ပေါ်လာပြီး ပြိုင်တူ ဖိချလိုက်ကြသည်။ လုံရှောင်၏ ခေါင်းကိုးလုံးမှာ မူးဝေသွားပြီး အသိစိတ်အလျဉ်ကို အသုံးမပြုနိုင်တော့‌ပေ။ ထိုအချိန်မှသာ ဤပုဂ္ဂိုလ်နှစ်ဦးသည် မည်မျှကြောက်မက်ဖွယ်ကောင်းမှန်း သဘောပေါက်သွား၏။

‘ဒီကောင်းကင်နတ်အရှင်နှစ်ယောက်က သန်မာလွန်းတယ်… ကောင်းကင်နတ်အရှင်မူလို အမှိုက် မဟုတ်ဘူး’

သူ့မှာ သဘောပေါက်သွားလျှင်ချင်း ထွက်ပြေးရန် ပြင်လိုက်စဉ် ပို၍အားကောင်းပြင်းထန်သည့် အသိစိတ်အလျဉ်က သူ့အပေါ် ကျရောက်လာသည်။ ၎င်းက သူ၏ အသိစိတ်အလျဉ်ကို ထိန်းချုပ်ကာ သူ့စိတ်ထဲတွင် ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။

လုံရှောင်၏ ဦးခေါင်းကိုးလုံးမှာ တဂျိန်းဂျိန်း မြည်ဟီးသွားပြီး သူ့ရင်ထဲတွင် အကြောက်တရားတို့ ကြီးစိုးလာတော့သည်။

ထိုအခိုက်အတန့်တွင် ချင်မူက အသိစိတ်အလျဉ်လှောင်အိမ်အရှေ့သို့ ရောက်နေပြီး အထဲရှိ လူအားလုံးကို ကြည့်နေသည်။ သူက ပြုံးလျက် မေးလိုက်၏။ “အားလုံး အဆင်ပြေကြရဲ့လား”

All Chapters