← Chapters

ဆင့်ခေါ်လိုက်၊ ပြောင်းပြန်ဆင့်ခေါ်လိုက်

Vol. 104 Ch. 1366

ဆင့်ခေါ်လိုက်၊ ပြောင်းပြန်ဆင့်ခေါ်လိုက်

Vol. 104 Ch. 1366

လန်ယွီတျန်း၏ အသံက အားလုံး၏ နားထဲသို့ စူးရှကျယ်‌လောင်စွာ ဝင်ရောက်လာသည်။ သူတို့မှာ နားကွဲသွားသလိုပင် ခံစားလိုက်ကြရသည်။

ချင်မူက တည်ကြည်သော မျက်နှာအမူအရာဖြင့် ပြော၏။ “မင်းတို့တွေလည်း အားမနည်းပါဘူးကွာ…. ငါ့အောက် နည်းနည်းပဲ အားနည်းကြတာပါ… ကိုယ့်ကိုကိုယ် အထင်သေးစရာမလိုပါဘူး..”

အကုန်လုံး ချောင်းဟန့်၍ ဟိုကြည့်သည်ကြည့် ကြည့်လိုက်ကြသည်။

ချင်မူ သူ၏ ကောင်းကင်နတ်သိုင်းကို အသက်သွင်းတော့မည့်အချိန်တွင် အသိစိတ်အလျဉ်လှောင်အိမ်ကို တိုက်ခိုက်နေကြသည့် သားရဲကြီးများက ရုတ်တရက် မြေပေါ် ပြားပြားဝပ် သွားကြလေသည်။

ချင်မူက မျက်မှောင်ကြုတ်ကာ အပြင်သို့ ကြည့်လိုက်သည်။ မြေကြီးများ အက်ကွဲလာပြီး မရေမတွက်နိုင်သော သစ်မြစ်များသည် မြေကြီးအား ဖောက်ထွက်လာကြောင်း တွေ့လိုက်ရ၏။ အမိကမ္ဘာမြေ၏ ပုံရိပ်က မြေကြီးထဲမှ ထွက်လာကာ မြင့်သထက် မြင့်တက်လာလေသည်။

ရှေးဟောင်းနတ်ဘုရား အမိကမ္ဘာမြေ၏ ခန္ဓာကိုယ်မှာ အသတ်အဖြတ်အရှိန်အဝါတို့ဖြင့် ခြုံလွှမ်းနေပြီး နှိုင်းယှဉ်မရနိုင်အောင် သွေးချင်းနီနေသည်။ သူမ လျှောက်လှမ်းလာသည်နှင့် သားရဲကြီးများက ဒူးထောက်၍ ပြားပြား၀ပ်ကာ သူမအား အရိုအသေပေးကြ၏။

သူမသည် အမိကမ္ဘာမြေ ၊ ကမ္ဘာဦးဘုံမှ သားရဲများ၏ သဘာဝအရှင်သခင်ပင် မဟုတ်လော။

ဤကမ္ဘာတွင် ရှေးဟောင်းသားရဲများကို ထိန်းချုပ်နိုင်သူနှစ်ဦးသာ ရှိသည်။ တစ်ဦးက လုံရှောင်ဖြစ်ပြီး နောက်တစ်ဦးက အမိကမ္ဘာမြေပင်။

လုံရှောင်သည် ရှေးဟောင်းသားရဲများ၏ ခေါင်းဆောင်ဖြစ်သည့်အတွက် မြင့်မြတ်သော ဂုဏ်ကျက်သရေကို ပိုင်ဆိုင်ထား၏။ ထို့ကြောင့် ရှေးဟောင်းသားရဲများ သူ့လက်အောက်တွင် အညံ့ခံလာအောင် လုပ်နိုင်သည်။ သို့သော် အညံ့မခံသူများလည်း ရှိလေသည်။ ဥပမာအနေဖြင့် ရှုကျွင်း၊ ကုန်းယွင်၊ မဟာဧကရာဇ်နှင့် တခြားသော ရှေးဟောင်းသားရဲများသည် လုံရှောင်ထံတွင် အညံ့ခံကြမည်မဟုတ်ပေ။ ဟင်းလင်းပြင်သားရဲများသည်လည်း သူ့ထံတွင် အညံ့ခံကြမည်မဟုတ်။

သို့သော် အမိကမ္ဘာမြေမှာတော့ ကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုမှ မွေးဖွားလာခဲ့သော ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်၏။ သူမသည် ဂုဏ်ကျက်သရေကို အားကိုးစရာမလိုဘဲ ကောင်းကင်နှင့် မြေကြီးမှ ဖွဲ့တည်လာခြင်းဖြစ်သည်။ မဟာတာအိုမှ မွေးဖွားလာခဲ့ပြီး သဘာဝအလျောက် အုပ်ချုပ်သူတစ်ယောက် ဖြစ်၏။

“ကောင်းကင်နတ်အရှင်မူ”

အမိကမ္ဘာမြေက လှောင်အိမ်အရှေ့သို့ ရောက်လာကာ အထဲရှိ လူတို့အား စိတ်ဝင်တစား ကြည့်လိုက်သည်။ သူမက ပြုံးလျက် ပြောသည်။ “နင်လည်း ဒီကိုရောက်နေတာပါလား”

ချင်မူမှာ မျက်နှာအနည်းငယ်ပျက်သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “အမိကမ္ဘာမြေ၊ ကျွန်တော့်ကို အနိုင်ယူနိုင်မယ်ထင်နေတာလား… ကျွန်တော့်ကို လုံရှောင်ရဲ့ အသိစိတ်အလျဉ်လှောင်အိမ်က ကာကွယ်ပေးထားတာနော်… ကျွန်တော်တို့ထဲက တစ်ယောက်က လှောင်အိမ်ထဲမှာ နောက်တစ်ယောက်က အပြင်ဘက်မှာ…ဒါပေမဲ့ ကျွန်တော်က လှောင်အိမ်အပြင်မှာ ဖြစ်ပြီးတော့ ခင်ဗျားကတော့ အထဲမှာပဲ… နှုတ်ဆက်ခဲ့ပါတယ် အမိကမ္ဘာမြေ… ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ”

အမိကမ္ဘာမြေက နှာခေါင်းရှုံ့လိုက်ရင်း ပြော၏။ “နင် လှောင်အိမ်ထဲမှာ ပုန်းနေတာနဲ့ ငါ ဘာမှမလုပ်နိုင်တော့ဘူး ထင်နေတာလား… နင်က ငါ့ကို အထင်သေးနေတာပဲ… လုံရှောင်ရဲ့ အသိစိတ်အလျဉ်လှောင်အိမ်က နင့်ကို ချုပ်နှောင်နိုင်ပေမယ့် ငါ့ကိုတော့ မချုပ်နှောင်နိုင်ဘူး…. ငါ့မှာ အထွတ်အမြတ်ရတနာတစ်ပါး ရှိတယ်…*

သူမက လက်ဖဝါးတစ်ဖက် ထုတ်လိုက်သည်။ ၎င်းသည် မဟာဧကရာဇ်၏ လက်ဖဝါးဖြစ်ပြီး လက်နက်အဖြစ် သန့်စင်ခံထားရလေသည်။ သူမက နှာခေါင်းရှုံ့လိုက်၏။ “နင်က ငါ့ကို ဒီလိုဖြစ်သွားစေတဲ့သူပဲ… ဒီနေ့ နင့်ဝိညာဉ်ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်မယ်…. နင့်လို မှော်ဆရာမျိုးက ကိုယ့်ကိုယ်ကို ပြန်အသက်သွင်းနိုင်မလား ကြည့်ရသေးတာပေါ့…”

သူမက မဟာဧကရာဇ်၏ လက်ကို အသက်သွင်းလိုက်ရင်း လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်။

ကမ္ဘာဦးသားရဲတစ်ဦးပင်လျှင် မချိုးဖျက်နိုင်သည့် အသိစိတ်အလျဉ်မှာ မဟာဧကရာဇ်လက်၏ တိုက်ခိုက်မှုအောက်တွင် ချက်ချင်း အက်ကွဲလာတော့သည်။

မဟာဧကရာဇ်လက်၏ စွမ်းအားမှာ အင်မတန် ပြင်းထန်ချေသည်။ လက်သီးချက် လှောင်အိမ်ပေါ် ကျရောက်သွားသည့်အချိန်တွင် ၎င်းသည် ဒြပ်ထုဒြပ်ထည် မရှိသည့် လှောင်အိမ်အား အသွင်သဏ္ဍာန် ဖွဲ့တည်လာစေပြီး မဟာဧကရာဇ်၏ လက်ကြောင့် ပျက်စီးသွားစေ၏။

အမိကမ္ဘာမြေက ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။ အသိစိတ်အလျဉ်လှောင်အိမ်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားလေသည်။ နှစ်ကြိမ်၊ သုံးကြိမ်မျှ တိုက်ခိုက်ရုံနှင့် လုံရှောင် ဖွဲ့စည်းထားခဲ့သည့် လှောင်အိမ်မှာ လုံးလုံးလျားလျား လွင့်ပြယ်ပျောက်ကွယ်သွားပေတော့မည်။

လှောင်အိမ်ထဲရှိ လူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ ချင်မူက မျက်မှောင်ကြုတ်၍ ရှုကျွင်း၏ ကျောပေါ်မှ အစီအရင်ကို ယူလိုက်သည်။ သူက ပြုံးလျက် ပြောလိုက်၏။ “တာအိုနောင်တော် မဟာဧကရာဇ်၊ ဒီနေ့ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို လွှတ်ပေးရတော့မယ်… လွတ်မြောက်တော့မှာမလို့ ဝမ်းမြောက်မိပါတယ် တာအိုနောင်တော်”

လှောင်အိမ်ထဲရှိ လူတိုင်းမှာ အံ့ဩငေးမောကြသည်။ သူ့ကျောပေါ်တွင် မဟာဧကရာဇ်၏ ဦးခေါင်းဖြင့် သန့်စင်ထားသော အတားအဆီးအစီအရင် ရှိသည်ကိုပင် မေ့နေသော ရှုကျွင်းလည်း အပါအ၀င်ဖြစ်၏။

မဟာဧကရာဇ်၏ အသိစိတ်အလျဉ်မှာ စွမ်းအားကြီးလွန်းပေသည်။ ထို့ကြောင့် သူတို့၏ အတွေးနှင့် အသိစိတ်အလျဉ်များအပေါ် သက်ရောက်ကာ အတားအဆီးအစီအရင်ကို မမြင်နိုင်ခဲ့ကြပေ။

ရှုကျွင်းပင်လျှင် မဟာဧကရာဇ်၏ သက်ရောက်ခြင်း ခံထားရသဖြင့် သူ့ကျောပေါ်ရှိ အတားအဆီးအစီအရင်အား မေ့လျော့နေခဲ့သည်။

မဟာဧကရာဇ်ဦးခေါင်းက နှာခေါင်းရှုံ့လိုက်၏။ “မင်းက ငါ့ကို လွှတ်ပေးတာတဲ့လား… ကောင်းကင်နတ်အရှင်မူ၊ မင်း ရက်စက်လွန်းတာ မဟုတ်ဘူးလား… ငါ့ကို လွှတ်ပေးတာ အမိကမ္ဘာမြေနဲ့ ရင်ဆိုင်ဖို့ပဲ မဟုတ်ဘူးမလား…. နတ်အရှင်မချန်းနဲ့ နတ်ဧကရာဇ်လန်ရွှမ်ကိုပါ အကောက်ကြံမလို့မလား”

ချင်မူက ခေါင်းရမ်းရင်း မှင်သေသေ ဖြေလိုက်သည်။ “ကျွန်တော်က ဟန်ချက်ကို ယာယီထိန်းထားရုံပါပဲ… ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းမှာ ဘယ်ကောင်းကင်နတ်အရှင်ရဲ့ လက်ထဲကိုမှ ရောက်မသွားချင်ရုံပါ..”

သူက ကျောက်တုံးတွင်းလေးတွင်း၏ အစီအရင်ကို ဖြေလျော့လိုက်ရာ မဟာဧကရာဇ်ဦးခေါင်းမှာ ချက်ချင်း လွတ်မြောက်သွားတော့သည်။

အမိကမ္ဘာမြေက မဟာဧကရာဇ်၏ လက်ဖဝါးကို ထိန်းချုပ်၍ နောက်တစ်ကြိမ်တိုက်ခိုက်လိုက်ပြန်သည်။ သို့သော် လက်ဖဝါးသည် ရုတ်တရက် အထိန်းအချုပ်မဲ့သွားပြီး သူမ၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားကာ သူမကို ပြန်တိုက်ခိုက်လေသည်။

အမိကမ္ဘာမြေမှာ အငိုက်မိသွားသဖြင့် အနောက်သို့ လွင့်ထွက်သွားတော့သည်။ မြေကြီးထဲရှိ မရေမတွက်နိုင်သော သစ်မြစ်များပင်လျှင် လွင့်ထွက်ကုန်သည်။ တဝုန်းဝုန်း မြည်သံများနှင့်အတူ သစ်မြစ်များမှာ မြေကြီးထဲမှ မြောက်တက်ကုန်ကာ အမိကမ္ဘာမြေနှင့်အတူ လွင့်ထွက်သွားကြ၏။

မဟာဧကရာဇ်ဦးခေါင်းက ပျံတက်လိုက်ရင်း မာနထောင်လွှားစွာဖြင့် ပတ်ဝန်းကျင်အား အကဲခတ်လိုက်သည်။ ဧရာမသားရဲကြီးများမှာ အမိကမ္ဘာမြေ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားခဲ့ကြသော်လည်း သူ၏အသိစိတ်အလျဉ် တစ်ချက်မျှ ထုတ်လွှတ်လိုက်ရုံဖြင့် ၎င်းသားရဲများမှာ သူ့အသိစိတ်အလျဉ်ဖြင့် ထိန်းချုပ်ခြင်း ခံလိုက်ရသည်။

မဟာဧကရာဇ်၏ဦးခေါင်းကြီးက ဧရာမသားရဲကြီးတစ်ကောင်၏ ခေါင်းပေါ်သို့ ဆင်းသက်လိုက်ကာ ရယ်လျက် ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ ဘိုးဘေးနန်းတော်က ကျယ်ပြန့်တယ်… ဒါက ငါ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ နေရာတစ်နေရာပဲ.. ဟင်းလင်းပြင်သားရဲတွေမရှိတာ နှမြောစရာကောင်းတယ် … မဟုတ်လို့ကတော့ အတိတ်က ငါ့ရဲ့ခမ်းနားအောင်မြင်မှုကို မင်းမြင်အောင် ပြပေးတယ်”

ဧရာမသားရဲကြီးများက သူ၏ လက်နှင့် ဦးခေါင်းကို သယ်ဆောင်ကာ အဝေးသို့ ပြေးထွက်သွားကြသည်။ ထိုနေရာတွင် ကောင်းကင်နတ်အရှင်ကုန်း၊ လန်ရွှမ်၊ နတ်အရှင်မချန်းနှင့် လုံရှောင်တို့မှာ အပြင်းအထန် တိုက်ခိုက်နေကြဆဲဖြစ်ကာ အနိုင်ရသူ မထွက်ပေါ်သေးပေ။

“ကောင်းကင်နတ်အရှင်မူ၊ ငါ မင်းကို မသတ်ဘူး… ဒါပေမဲ့ မင်းကိုလည်း အလွယ်တကူ လွတ်ပေးမယ် မထင်နဲ့”

မဟာဧကရာဇ်အသံက အဝေးမှ ပျံ့လွင့်လာကာ အားရပါးရ ရယ်မောနေလေသည်။ “အမိကမ္ဘာမြေ၊ ကောင်းကင်နတ်အရှင်မူကို မင်း လက်ထဲ အပ်ခဲ့မယ်”

ချင်မူမှာ မျက်နှာအကြီးအကျယ်ပျက်သွားပြီး ခြေထောက်ဆောင့်ချလိုက်သည်။ သူက မည်သည့်ရှင်းပြချက်မှမပေးဘဲ အသိစိတ်အလျဉ်ကို အသက်သွင်း၍ ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို ထုတ်ဖော်လိုက်၏။ တခဏအတွင်း ပြောင်းပြန်ဆင့်ခေါ်ခြင်း ယဇ်ပလ္လင် ထွက်ပေါ်လာသည်။

ချွမ်း…. ချွမ်း… ချွမ်း…

မရေမတွက်နိုင်သော သင်္ကေတများသည် သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ပျံသန်းနေကြပြီး မရေမတွက်နိုင်သော ဆင့်ခေါ်သင်္ကေတများမှာ ယဇ်ပလ္လင်ပေါ်တွင် ခတ်နှိပ်ခံလိုက်ကြရသည်။ ယဇ်ပလ္လင်မှာ တစ်ခဏအတွင်း အဆင်သင့်ဖြစ်သွားပြီး သူက ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်၏။

ယဇ်ပလ္လင်ပေါ်ရှိ လူတိုင်းမှာ ချင်မူ၏ ကျယ်ပြောနက်နဲသော အသိစိတ်အလျဉ် ဟင်းလင်းပြင်ထဲ ပြေးဝင်သွား၍ ဘိုးဘေးနန်းတော်အရှေ့ခြမ်းမှ သစ်နက်တောင်တန်းအပေါ်ရှိ မင်းသားယိုမင်းနှင့် ဆက်နွယ်သွားသည်ကို ခံစားလိုက်ကြရသည်။

ချင်မူ၏ အသိစိတ်အလျဉ်မှာ နှိုင်းယှဉ်မရလောက်အောင် အစွမ်းထက်လွန်းသည်နှင့်အညီ သူက မင်းသားယိုမင်း၏ အသိစိတ်အလျဉ်ကို ဆင့်ခေါ်ခြင်းအစီအရင်အဖြစ် ပြောင်းလဲလိုက်၏။

သစ်နက်တောင်တန်းတွင် မင်းသားယိုမင်းမှာ လေပေါ် မြောက်တက်သွားသည်။ လှပ‌သည့် သင်္ကေတမျိုးစုံက သူ့ပတ်ပတ်လည်တွင် ထွက်ပေါ်လာနေသဖြင့် နဂါးချီလင်နှင့် ကျန်သူများမှာ ကြောင်အနေကြလေသည်။

ဝုန်း…

ကောင်းကင်နတ်သိုင်း အသက်သွင်းခံလိုက်ရသည်နှင့် မင်းသားယိုမင်းဘေးတွင် လူရိပ်များ ပေါ်လာသည်။ ပထမလူသားဧကရာဇ်၊ ရှုကျွင်း၊ ရှုရှန်းဟွာ၊ လန်ယွီတျန်းနှင့် အခြားသူတို့သည် ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်း သံကြိုးများပေါ်တွင် တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကြပြီး လူအရေအတွက်က တိုးလာနေ၏။

ချင်မူက အားလုံးကို ပြန်ပို့လိုက်သောအခါ သူ့ကိုယ်သူ ဘိုးဘေးနန်းတော်အရှေ့ပိုင်းသို့ ဆင့်ခေါ်ရန် ပြင်ဆင်နေသည်။ သူ၏ပုံရိပ် ပျောက်ကွယ်သွားတော့မည့်အချိန်၌ပင် မရေမတွက်နိုင်သော သစ်မြစ်များက မြေကြီးမှ ထိုးထွက်ကြပြီး ယဇ်ပလ္လင်အား ဖောက်ထွက်သွားကြသည်။

ဝှစ်… ဝှစ်… ဝှစ်..

၎င်းတို့က သူ၏ခြေထောက်ကို အသည်းအသန် ရစ်ပတ်ထားကြသည်။

ချင်မူက အံတင်းတင်းကြိတ်ရင်း မှော်စွမ်းအင်ကို အသားကုန် လှည့်ပတ်နေသည်။ သူ၏ခန္ဓာကိုယ်နှင့် သစ်မြစ်များကား ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းမှ ပျောက်ကွယ်သွားတော့သည်။

“ထွက်သွားချင်တယ်ပေါ့… ကောင်းကင်နတ်အရှင်မူ၊ နင်က ငါ့ကို သိပ်အထင်သေးတာပဲ”

သူ၏ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်နှင့် သစ်မြစ်ကြီးများသည် သူနှင့်အတူ ဟင်းလင်းပြင်ထဲတွင် လိုက်ပါကာ တိုက်ခိုက်တော့သည်။

အမိကမ္ဘာမြေ၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး သူမ၏ ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းကို အသက်သွင်းကာ အော်ဟစ်လိုက်၏။ “နင် ဘယ်ကိုသွားသွား ငါ နင့်ကို ပြန်ဆင့်ခေါ်လို့ရတယ်”

ဘုန်း…

ဧရာမသစ်မြစ်အထွေးကြီးက ကောင်းကင်ထက်မှ ကျဆင်းလာပြီး မြေထုနှင့် ကျောက်တုံးများကို လေပေါ်မြင့်တက်သွားစေသည်။ ချင်မူသည် မြေပေါ်ပြုတ်ကျ၍ အမိကမ္ဘာမြေအရှေ့တွင် ရပ်နေ၏။ သူ့တစ်ကိုယ်လုံးမှာ သစ်မြစ်များဖြင့် ချည်နှောင်ခံထားရသောကြောင့် ဦးခေါင်းသာ ပေါ်နေသည်။

အမိကမ္ဘာမြေက နှာခေါင်းရှုံ့လိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ ဒီနေရာရဲ့ ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းက ဘယ်လိုလဲ… နင် လမ်းလျှောက်နိုင်သေးလား”

ချင်မူက မတ်မတ် ရပ်လိုက်သော်လည်း လှုပ်ရှား၍မရပေ။ သူက ပြုံးလျက်‌ ဖြေလိုက်သည်။ “ဒါပေါ့ ဘယ်လျှောက်လို့ရပါ့မလဲဗျာ… ဒါပေမဲ့ ကျွန်တော် မိတ်ဆွေတွေ ခေါ်လာတယ်”

ဝုန်း…

ဧရာမခန္ဓာကိုယ်ကြီးတစ်ခုက မြေပေါ်ကျဆင်းလာပြီး မင်းသားယိုမင်းသည် ဖြည်းဖြည်းချင်း ထရပ်လိုက်၏။ သူက အမိကမ္ဘာမြေဆီသို့ ကြည့်လိုက်ပြီး သူ၏အသံကြီးက မိုးခြိမ်းသံတမျှ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ “လိပ်နက်သားတော် ယိုမင်း၊ အမိကမ္ဘာမြေကို ဂါဝရပြုပါတယ်”

ဝုန်း…

နောက်ထပ်လူရိပ်တစ်ခုက ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ ဝေစွေ့ဖုန်းက ထရပ်ကာ ဦးညွှတ်အရိုအသေပေးလိုက်သည်။ “အဆုံးမဲ့တိမ်တိုက်ဧကရာဇ် ဝေစွေ့ဖုန်း၊ အမိကမ္ဘာမြေကို ဂါဝရပြုပါတယ်”

အုန်း…

အသံကြီးနောက်တစ်သံ ထွက်ပေါ်လာပြီး နဂါးချီလင်သည် တွင်းထဲမှ ဇဝေဇဝါဖြင့် တက်လာ၏။ သူက ဟိုဟိုသည်သည် ကြည့်ရင်း အဘယ်ကြောင့် ဆင့်ခေါ်ခံလိုက်ရသည်လဲ စဉ်းစားနေဟန်တူသည်။ “ကျွန်တော် ဒီကိုတိုက်ခိုက်ဖို့ ရောက်လာတာမဟုတ်ဘူးဗျ.... ပစ္စည်းတစ်ခုလာပို့တာ.. ဂိုဏ်းသခင်၊ ကျွန်တော် ဖန်သားကောင်းကင်စေတီ ပေးပါ့မယ်… ကျွန်တော့်ကို ပြန်ပို့ပေးပါ”

“ဖက်တီးနဂါး၊ မင်း ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းကို ဘယ်လိုပြောင်းပြန်သုံးရမလဲ မသိဘူးလား”

ချင်မူ၏ ခန္ဓာကိုယ်က တွန့်လိမ်သွားပြီး ကမ္ဘာဦးသစ်ပင်၏ သစ်မြစ်များကြားမှ ရုတ်တရက် လွတ်မြောက်သွားသည်။ သူက လက်ဆန့်တန်း၍ ဖန်သားကောင်းကင်စေတီကို လှမ်းယူကာ ပျံသန်းလာသည်။ “မင်း ကိုယ့်ဘာသာပြန်တော့…. မင်းသားယိုမင်း၊ အစ်ကိုကြီး ခင်ဗျားတို့ ရှေးဟောင်းနတ်ဘုရားတစ်ပါးကို ရှင်းလင်းသတ်ဖြတ်ပစ်ဖို့ ယုံကြည်ချက် ရှိကြလား”

All Chapters