← Chapters

အမိကမ္ဘာမြေအား ကွက်မျက်ခြင်း

Vol. 104 Ch. 1368

အမိကမ္ဘာမြေအား ကွက်မျက်ခြင်း

Vol. 104 Ch. 1368

“ကြောင်သူတော်ကြွက်သူခိုးကောင်”

အမိကမ္ဘာမြေက စူးရှကျယ်လောင်စွာ အော်ဟစ်ရင်း ပြေးဝင်လာသည်။ ဝေစွေ့ဖုန်း၏ ခေါင်းအထက်တွင် ကောင်းကင် ပေါ်လွင်လာပြီး ကောင်းကင်ရတနာပန်းကန်လုံးကဲ့သို့ မှောက်လျက် ရှိနေ၏။ နဂါးငွေ့တန်းကြယ်အစုက ကောင်းကင်ပန်းကန်လုံးအတွင်း၌ မျောလွင့်နေပြီး ၎င်းအောက်တွင်တော့ သူ၏ကောင်းကင်နန်းဆောင် ရှိသည်။

သူ၏သိုင်းလမ်းစဉ်သည် အခြားသူများနှင့် မတူပေ။ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းမှ စတင်ကျင့်ကြံခဲ့ပြီးနောက် ၎င်းကို သုံးကာ ဧကရာဇ်ပလ္လင်ကျင့်စဉ်အမျိုးမျိုးကို ပေါင်းစည်းရင်း သူ၏ကိုယ်ပိုင်တာအိုကျင့်စဉ်ကို နားလည်ခဲ့သည်။

သူ လျှောက်လှမ်းသည့် လမ်းစဉ်မှာ မတူညီသော ကောင်းကင်နန်းဆောင်များကို ကျင့်ကြံစုစည်းရင်း ကောင်းကင်နတ်ဘုံတစ်ဘုံ ဖွဲ့တည်ရန်မဟုတ်ဘဲ တာအိုကျင့်စဉ်စနစ်၏ လမ်းစဉ်ဖြစ်၏။

သူကား တန်ခိုးရှင်သစ်ခုတ်သမား ၀မ်တျန်းကဲ၏ တပည့်မဟုတ်ပါလော။ ၀မ်တျန်းကဲသည် တပည့်သုံးယောက်ထဲတွင် သူ့အား ကြိုးစားပမ်းစားနှင့် အချိန်အကြာဆုံး သင်ပေးခဲ့လေသည်။ ခိုင်ဧကရာဇ် တာအိုလမ်းစဉ်အား ဖွင့်လှစ်ခဲ့စဉ်က ၀မ်တျန်းကဲသည် သူ့ကိုလည်း တာအိုစနစ်အား သင်ပေးခဲ့၏။

သူ၏ကောင်းကင်အမိုးခုံးဆီသို့ စိုက်ကြည့်ပါက နဂါးငွေ့တန်းအလွှာအထပ်ထပ်၊ ကောင်းကင်နတ်မြစ်အလွှာအထပ်ထပ်အား မြင်တွေ့ရလိမ့်မည်။

ဝေစွေ့ဖုန်းက သံရှည်ဆွဲ၍ ဟိန်းဟောက်လိုက်ရင်း အမိကမ္ဘာမြေနှင့် ထိပ်တိုက်ရင်ဆိုင်သည်။ တစ်ဆက်တည်းဆိုသလို သူမအတွက် ပြိုင်ဘက်မဟုတ်မှန်း ချက်ချင်း ခံစားလိုက်ရပြီး နောက်သို့ ယိမ်းယိုင်သွားသည်။

ထိုစဉ် မင်းသားယိုမင်းက ပြေးဝင်လာ၏။ သူတို့နှစ်ယောက်အနက် တစ်ယောက်သည် ရှေ့တွင် နေရာယူထားပြီး နောက်တစ်ယောက်က အနောက်တွင်ရပ်နေသည်။ သူတို့ကား ဧကရာဇ်ပလ္လင် အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်များဖြစ်ကြ၏။ သူတို့ထဲမှ တစ်ယောက်က အင်အားကြီးမားသော မှော်စွမ်းအင်ကြောင့် နာမည်ကြီးသော်လည်း အသိစိတ်အလျဉ်က အနည်းငယ်နိမ့်ကျသည်။ ကျန်တစ်ယောက်က အသိစိတ်အလျဉ်စွမ်းရည်များကြောင့် ကျော်ကြားသော်လည်း မှော်စွမ်းအင်တွင် အားနည်း၏။

သို့သော် ထိုပုဂ္ဂိုလ်နှစ်ယောက်သည် မဟာကောင်းကင်ဆရာသခင်လေးပါးနှင့် ကောင်းကင်နတ်ဘုံမှ နတ်မင်းလေးပါးတို့ဖြင့် ယှဉ်ပြိုင်နိုင်သော ဖြစ်တည်မှုများ ဖြစ်ကြ၏။ ကောင်းကင်နတ်ဘုံ၌ပင် သူတို့ကို ယှဉ်ပြိုင်နိုင်သူ နည်းပါးချေသည်။

အမိကမ္ဘာမြေက သူတို့နှစ်ယောက်အား တစ်စက်လေးမှ မကြောက်ရွံ့ဘဲ ရင်ဆိုင်တိုက်ခိုက်နေသည်။ ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်နှစ်ယောက် ပူးပေါင်းလိုက်လျှင်တောင်မှ သူမကို မည်သို့မှ ထိခိုက်နိုင်မည်မဟုတ်ပေ။

သူမက တစ်လှမ်းချင်း တိုးလာကာ ဖန်သားကောင်းကင်စေတီအောက်ရှိ ချင်မူနှင့် နီးကပ်သထက် နီးကပ်လာသည်။

သူမ၏ ကမ္ဘာဦးသစ်ပင်ကလည်း ဖန်သားကောင်းကင်စေတီထဲရှိ ကောင်းကင်ဘုံ ၂၈ ဘုံကို မည်သို့နည်းနှင့်မှ လှုပ်ရှား၍မရအောင် ချုပ်နှောင်ထားလေသည်။

သူမ၏ ကမ္ဘာဦးသစ်မြစ်များကလည်း ကောင်းကင်ဘုံ ၂၈ ဘုံကို ထိုးဖောက်၍ ရတနာများကို ရစ်ပတ်ထားကြချေပြီ။

သူမအနေဖြင့် တစ်ရာရာခိုင်နှုန်း အနိုင်ရနိုင်ပေသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ဘုံ ၂၈ ဘုံကို မြှောက်တင်ပေးထားသည့် ကျောက်စိမ်းတိုင်ကြီးများ၏ အောက်မှ ချင်မူက အမိကမ္ဘာမြေကို ဦးညွှတ်အရိုအသေပေးလိုက်၏။

အမိကမ္ဘာမြေက ဟက်ခနဲ ရယ်သည်။ “ကောင်းကင်နတ်အရှင်မူ၊ နင်ကလည်း ကြောင်သူတော်ကြွက်သူခိုးပဲ”

ချင်မူက အရိုအသေပေးပြီးနောက် အသက်တစ်ချက် ရှူသွင်းလိုက်သည်။ ရုတ်တရက် သူ့အနောက်တွင် ကောင်းကင်နန်းဆောင်များ တစ်‌ဆောင်ပြီးတစ်ဆောင် ထွက်လာကာ ကောင်းကင်နန်းဆောင် ၁၉ ဆောင် အဖြစ် ပေါင်းစည်းသွားပြီး ဧရာမ ကောင်းကင်နတ်ဘုံကြီးအား ဖွဲ့တည်လိုက်သည်။

ထိုကောင်းကင်နန်းဆောင်များထဲတွင် မူလဝိညာဉ်များက မားမားမတ်မတ် ရပ်နေကြပြီး ကောင်းကင်ဘုံ ၂၈ ဘုံဆီသို့ မော့ကြည့်နေကြသည်။ သူတို့အားလုံးက‌ မှော်စွမ်းအင်များ အသက်သွင်းလိုက်ရာ ကောင်းကင်ဘုံ ၂၈ ဘုံထဲရှိ ရတနာများအားလုံး အသက်ဝင်လာကြသည်။

ဒေါင်….

ရတနာများအနက်မှ ခေါင်းလောင်းတစ်လုံး၏ မြည်သံကြီး ထွက်ပေါ်လာပြီး ထိုခေါင်းလောင်းကို ရစ်ပတ်ထားသည့် ကမ္ဘာဦးသစ်မြစ်အားလုံး ချက်ချင်း ကျိုးပျက်သွားသည်။

ကောင်းကင်ဘုံ ၃၃ ဘုံဖြင့် ဖွဲ့တည်ထားသော ၃၃ထပ် အဆောက်အဦတစ်လုံးသည် ထွန်းလင်းတောက်ပလာပြီး အထပ်တစ်ထပ်ချင်းစီသည် မတူညီသောဘက်သို့ လည်သွားကြ၏။ ၀င်္ကပါအမှတ်အသားမျိုးစုံက အဆောက်အဦးဆီမှ ပေါက်ကွဲထွက်လာပြီး ကမ္ဘာဦးသစ်ပင်သစ်မြစ်များကို ချေမှုန်းဖျက်ဆီးလိုက်သည့် အသက်အဖြတ်၀င်္ကပါများအဖြစ် ပြောင်းလဲကုန်ကြသည်။

ဗျပ်စောင်းတစ်လက်က မည်သူမှ မတီးခတ်ဘဲ လေထဲတွင် အလိုအလျောက် ကခုန်နေသည်။ ဗျပ်စောင်းသံက ထောပတ်ကို လှီးဖြတ်လိုက်သော ဓားသွားကဲ့သို့ ကမ္ဘာဦးသစ်မြစ်များကို ခုတ်ပိုင်းလိုက်သည်။

မရေမတွက်နိုင်သော ရတနာတို့၏ စွမ်းအားက ဤအခိုက်အတန့်၌ ထွက်ပေါ်လာကြချေပြီ။ ချက်ချင်းဆိုသလို ကောင်းကင်ဘုံတို့အား ရစ်ပတ်ချုပ်နှောင်ထားသည့် သစ်မြစ်များ ဖျက်ဆီးခံလိုက်ရတော့သည်။

ကောင်းကင်ဘုံများထဲရှိ ရတနာအားလုံး၏ စွမ်းအားက ရုတ်တရက် ပြိုင်တူပေါက်ကွဲထွက်လာ၏။ မရေမတွက်နိုင်သော အမှတ်အသားများနှင့် သံကြိုးများက ထိုရတနာများ ပတ်ပတ်လည်တွင် ပေါ်လာကာ မတူညီသော ကောင်းကင်သိုင်းကွက်မျိုးစုံအဖြစ် ပြောင်းလဲသွားကြပြီး တစ်ပြိုင်တည်း ထိုးဆင်းလာကြသည်။

အမိကမ္ဘာမြေမှာ အံ့အားသင့်သွားသည်။ သူမက ဝေစွေ့ဖုန်းနှင့် မင်းသားယိုမင်းအား တွန်းထုတ်လိုက်ပြီးနောက် မော့ကြည့်လိုက်ချိန်တွင် အလွန်အမင်း အံ့ဩတုန်လှုပ်ကာ ပါးစပ်အဟောင်းသားဖြစ်သွားစေသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ကောင်းကင်ဘုံ ၂၈ ဘုံထဲရှိ ရတနာများက ၎င်းတို့၏ စွမ်းအားများကို စုစည်းလျက် ကမ္ဘာဦးသစ်ပင်အနှစ်သာရကို အရပ်လေးမျက်နှာမှ တိုက်ခိုက်နေကြသည်။ ၎င်းက သူမ ကြိုးစားကျင့်ကြံ၍ အားဖြည့်ခဲ့ရသော ကမ္ဘာဦးသစ်ပင်အနှစ်သာရ၏ ထိပ်ကို ပြားကပ်သွားစေကာ သစ်မြစ်များအား လုံးလုံးလျားလျား ချိုးဖျက်ပစ်လိုက်ချေပြီ။

ကမ္ဘာဦးသစ်ပင်၏ သစ်ခေါက်များပင်လျှင် မကျန်ရစ်ခဲ့ပေ။

လက်ရှိ ကမ္ဘာဦးသစ်ပင်မှာ ကမ္ဘာဦးသစ်ပင် အနှစ်သာရအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး တုတ်ချောင်းတစ်ချောင်း ဖြစ်သွားသည်။

“အမိကမ္ဘာမြေ၊ ခင်ဗျားက ကျုပ်ကို ကမ္ဘာဦးသစ်ပင်ရဲ့ အမြုတေ ပေးခဲ့တယ်... နောက်တော့ ခင်ဗျားမှာ ရုပ်ခန္ဓာမရှိတာ မြင်တာနဲ့ ကျုပ် ခင်ဗျားဆီ ဒီရတနာ ပေးခဲ့တယ်”

ချင်မူ၏ အသံက ထွက်ပေါ်လာပြီး အလေးမထားသည့် လေသံပေါက်နေသည်။ ၎င်းက ကြည်လင်ပြတ်သားစွာဖြင့် အမိကမ္ဘာမြေ၏ နားထဲ ၀င်ရောက်လာ၏။ “ကောင်းကင်နယ်စားမင်းက ဝင်ပါပြီး ခင်ဗျားရဲ့အသက်ကို ကယ်တင်ပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် ကျုပ် ခင်ဗျားရဲ့အသက်ကို ချမ်းသာပေးခဲ့တာ… ချက်ကျလက်ကျ ပြောရမယ်ဆိုရင် ကျုပ်တို့ကြားက ရန်ငြိုးက ဖြေရှင်းပြီးနေပြီ… အဲ့တော့ ကျုပ် ခင်ဗျားကို မသတ်ခဲ့တာတောင် ခင်ဗျား ကျေးဇူးတင်သင့်တာ… ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို ခဏခဏ လာနှောင့်ယှက်နေတယ်”

ကောင်းကင်ဘုံ ၂၈ ဘုံထဲရှိ ရတနာထောင်ပေါင်းများစွာသည် တဝီဝီ လှုပ်ရှားရင်း ကောင်းကင်ဘုံများအထက်တွင် စုဝေးသွားကာ ထွန်းလင်းတောက်ပနေကြ၏။ ထိုရတနာတို့၏အဝများသည် အောက်သို့ မျက်နှာမူလျက် ရှိကြ၏။ ။ ဗျပ်စောင်းကလည်း အောက်သို့မျက်နှာမူနေပြီး မျှော်စင်အောက်ခြေကလည်း အောက်သို့ မျက်နှာမူနေ၏။ ရုတ်တရက် ရတနာအားလုံး၏ စွမ်းအားတို့ ပေါက်ကွဲသွားကြတော့သည်။

နှိုင်းယှဉ်မရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲအားလှိုင်းကြီးက ပထမကောင်းကင်ဘုံမှ ဒုတိယကောင်းကင်ဘုံသို့ ထိုးဖောက်သွားကာ ဒုတိယကောင်းကင်ဘုံမှ တတိယကောင်းကင်ဘုံ၊ ထို့နောက် တတိယကောင်းကင်ဘုံမှ စတုတ္ထကောင်းကင်ဘုံရှိ စွမ်းအားတို့ဖြင့် ပေါင်းစည်းသွား၏။

“အခုတောင် အစ်ကိုကြီး၊ ကျုပ်နဲ့ မင်းသားယိုမင်းတို့က ခင်ဗျားရဲ့ ရန်ငြိုးတွေကို လွှတ်ချလိုက်ပြီးတော့ ဗြဟ္မာ့ဗုဒ္ဓနဲ့ သွားတွေ့ဖို့ ဖြောင်းဖျခဲ့ကြတယ်… ဒါတောင်မှ ခင်ဗျားက နားမထောင်ခဲ့ပြန်ဘူး”

ချင်မူက ဖန်သားကောင်းကင်စေတီကို မှင်သေသေ မျက်နှာပေးဖြင့် အသက်သွင်းလိုက်သည်။ ထောင်ပေါင်းများစွာသော ရတနာတို့၏ စွမ်းအားက စုစည်းသွားပြီး ကမ္ဘာဦးသစ်ပင်အနှစ်သာရ၏ ထိပ်ကို တိုက်ခိုက်လိုက်ကြ၏။

စွမ်းအားမှာ ပြင်းထန်လွန်းသဖြင့် ကမ္ဘာဦးသစ်ပင်အနှစ်သာရထိပ်တွင်ပင် ပေါက်ကွဲသွားပြီး ၎င်းကို အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားစေသည်။ ၎င်းက ကမ္ဘာဦးသစ်ပင်၏ အတွင်းတည်ဆောက်ပုံအားလုံးကို ပျက်စီးသွားစေပြီး အောက်ဆုံးအထိ ရိုက်ချလိုက်သည်။

အမိကမ္ဘာမြေက စူးခနဲ တစ်ချက်အော်လျက် ကမ္ဘာဦးသစ်ပင်အနှစ်သာရဆီသို့ ပျံသန်းသွား၏။

“ကျုပ် လုပ်သင့်တာကို လုပ်လိုက်ပြီ” ချင်မူက တည်ငြိမ်အေးဆေးနေသော မျက်နှာအမူအရာဖြင့် ပြောသည်။

မင်းသားယိုမင်းက နာကျင်နေသော မျက်နှာထားဖြင့် ရုတ်တရက် ထအော်သည်။ “ကောင်းကင်နတ်အရှင်မူက ငဲ့ညာတတ်ပါတယ်... အမိကမ္ဘာမြေ၊ ခေါင်းငုံ့ပြီး အရှုံးပေးကြောင်း ဝန်ခံလိုက်ပါတော့”

ဝေစွေ့ဖုန်းကလည်း နာကျင်နေသော မျက်နှာအမူအရာဖြင့် ဝင်ပြောပေးသည်။ “ညီလေး၊ အမိကမ္ဘာမြေရဲ့ အပြစ်တွေက သေရလောက်တဲ့အထိ မကြီးမားပါဘူးကွာ…”

ဝုန်း…

ဖန်သားကောင်းကင်စေတီ၏ စွမ်းအားက ပြေးဆင်းသွားပြီး ကမ္ဘာဦးသစ်ပင် အနှစ်သာရကို စိစိညက်ညက် ချေပစ်လိုက်တော့သည်။

အမိကမ္ဘာမြေမှာ အလျင်အမြန် ပျံသန်းလာသော်လည်း ထွက်ပေါ်လာသော စွမ်းအားကြောင့် လွင့်ထွက်သွား၏။

သူမ၏ခန္ဓာကိုယ်က တဖြည်းဖြည်း လွင့်ပြယ်လာပြီး ပြာကျသွားသည်။ မကြာမီ နတ်ဝိညာဉ်တစ်ခုသာ ကျန်ရစ်တော့ပြီး သူမ၏သိုင်းအခြေခံသည်လည်း အလျင်အမြန် ပျောက်ကွယ်လာနေ၏။

ထိုအခိုက်အတန့်တွင် ဖန်သားကောင်းကင်စေတီရှိ ရတနာများ၏ စွမ်းအားမှာ ထပ်မံအသက်သွင်းခံလိုက်ရသည်။ ရတနာများ၏ သံကြိုးများစွာက ကောင်းကင်ပေါ်မှ ဆင်းသက်လာကြပြီး အမိကမ္ဘာမြေ၏နတ်ဝိညာဉ်ကို ချုပ်နှောင်လိုက်၏။

မင်းသားယိုမင်းက ရုတ်တရက် အော်သည်။ “ကောင်းကင်နတ်အရှင်မူ၊ စဉ်းစားပါဦး… အမိကမ္ဘာမြေက ကမ္ဘာဦးဘုံအတွက် ကောင်းမှုအများကြီး သယ်ပိုးပေးခဲ့တာ”

“ဒါပေမဲ့ ကမ္ဘာဦးပုံအပေါ် ကပ်ဘေးဒုက္ခတွေလည်း ဖြစ်စေခဲ့တာပဲလေ”

ချင်မူ့ကောင်းကင်နန်းဆောင်များထဲရှိ မူလဝိညာဉ်များသည် မှော်စွမ်းအင်တို့အား တစ်ပြိုင်နက် အသက်သွင်းလိုက်ကြသောကြောင့် ကောင်းကင်ဘုံ ၂၈ ဘုံထဲရှိ ရတနာစွမ်းအားတို့က ကျဆင်းလာ၏။ ၎င်းတို့က လှိုင်းတစ်လှိုင်းအဖြစ် ပေါင်းစည်းသွားပြီး အမိကမ္ဘာမြေ၏ နတ်ဝိညာဉ်ကို ဝင်တိုက်ပစ်လိုက်သည်။

“ချုံဧကရာဇ်သေသွားတာ နှစ်ပေါင်းသုံးသိန်း ကြာခဲ့ပြီ… မရေမတွက်နိုင်တဲ့ အသက်တွေလည်း ဆုံးရှုံးခဲ့ရတယ်… အဲဒါတွေအတွက် အပြစ်တင်ရမယ့်သူက အမိကမ္ဘာမြေပဲ”

ချင်မူသည် ဤမြင်ကွင်းကို မကြည့်ရက်သဖြင့် မျက်လုံးများ မှိတ်ထားလေသည်။

ဖန်သားကောင်းကင်စေတီ၏ စွမ်းအားက အမိကမ္ဘာမြေ၏ နတ်ဝိညာဉ်အပေါ်သို့ ပြေးဆင်းလာကြချေပြီ။ အမိကမ္ဘာမြေက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါ အညံ့ခံပါတယ်… ကောင်းကင်နယ်စားမင်းရဲ့ မျက်နှာကို ထောက်ထားပြီးတော့ ငါက ကမ္ဘာဦးဘုံရဲ့ အသက်တွေကို နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့တယ်ဆိုတာ သတိရပါဦး….”

ဝုန်း…

အဖျက်အ‌ဆီးလှိုင်းဂယက်များ ထွက်ပေါ်လာပြီး သူမ၏ နတ်ဝိညာဉ်မှာ လုံးလုံးလျားလျား လွှမ်းမိုးခံလိုက်ရတော့သည်။ တုန်လှုပ်ဖွယ် စွမ်းအားတို့က ကောင်းကင်ဘုံ ၂၈ ဘုံတွင် လူးလိမ့်နေကာ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသည့် လှိုင်းဂယက်များအား ထုတ်လွှတ်နေ၏။

ဝေစွေ့ဖုန်းနှင့် မင်းသားယိုမင်းမှာ လေအရှိန်အဟုန်ကြောင့် အဝတ်များ လွင့်ခါရင်း ထိုနေရာ၌ ရပ်နေမိကြသည်။ သူတို့မှာ အချိန်အတော်ကြာသည်အထိ ရင်တဒိန်းဒိန်း ခုန်နေကြလေသည်။

အမိကမ္ဘာမြေ၏ အနက်ရောင်ဝိညာဉ်သဲမှုန်များမှာ မစုစည်းနိုင်ဘဲ ကောင်းကင်ဘုံများအကြား မြောလွင့်နေကြောင်း မြင်နေကြရသည်။

အမိကမ္ဘာမြေမှာ ရုပ်ခန္ဓာရော ဝိညာဉ်ပါ ဖျက်ဆီးခံလိုက်ရလေပြီ။

“ကောင်းကင်နတ်အရှင်မူ… မင်း….” မင်းသားယိုမင်း၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုတို့ ပြည့်နှက်နေ၏။

ချင်မူ့မျက်နှာအမူအရာမှာ ရှေးဟောင်းရေတွင်း၏ ရေမျက်နှာပြင်အလား တည်ငြိမ်နေသည်။ “အမိကမ္ဘာမြေက ကမ္ဘာဦးဘုံကို ကာကွယ်ပေးခဲ့တဲ့သူ ဖြစ်ပေမယ့် ကမ္ဘာဦးဘုံကို ချေမှုန်းသတ်ဖြတ်ခဲ့တဲ့သူကလည်း အမိကမ္ဘာမြေပဲ… သူက စက်ဆုပ်စရာကောင်းလွန်းတဲ့ ကိစ္စတွေကို လုပ်ခဲ့ဖူးတယ်… အတိတ်တုန်းက အကျိုးဆောင်ဖူးတာနဲ့ပဲ သူ့ရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးလို့မရဘူး… ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ဘူး”

ဝေစွေ့ဖုန်းက ပြော၏။ “ဒါပေမဲ့ ညီလေး… မျိုးဆက်သစ်တွေ မင်း အမိကမ္ဘာမြေကို သတ်ခဲ့တဲ့အကြောင်း ပြန်ပြောကြရင် မင်းက အမိကမ္ဘာမြေကို အခွင့်အရေးတောင် မပေးဘဲ ရစ်စက်ကောက်ကျစ်စွာ သတ်ပစ်ခဲ့တယ်လို့ ပြောကြမယ့်သူတွေ သေချာပေါက်ရှိလာလိမ့်မယ်…”

ချင်မူက ဖန်သားကောင်းကင်စေတီ၏ ကျောက်စိမ်းတိုင်များကို ဆုပ်ကိုင်လိုက်သည်။ သူ၏မျက်နှာတွင် ခံစားချက်ကင်းမဲ့နေ၏။ “အမှန်နဲ့အမှား၊ ကောင်းကျိုးနဲ့ဆိုးကျိုး… မျိုးဆက်သစ်တွေ ပြောကြပါလိမ့်မယ်… ဒါပေမဲ့ မျိုးဆက်သစ်တွေဆိုတာ တန်ခိုးရှင်တစ်ယောက်ရဲ့ နှလုံးသားရှိပေမယ့် တန်ခိုးရှင်တစ်ယောက်ရဲ့ စွမ်းဆောင်နိုင်စွမ်းမရှိတဲ့ သာမန်ပုဂ္ဂိုလ်တွေပဲ… သူတို့က အပြောပဲရှိပြီး မလုပ်နိုင်ကြဘူး”

ကောင်းကင်ဘုံ ၂၈ ဘုံက ဖန်သားကောင်းကင်စေတီ၏ အမိုးခုံးအလွှာများအဖြစ် ပြန်လည်စုစည်းသွားကာ ရတနာများကို သိမ်းဆည်းလိုက်သည်။

သူက ဖန်သားကောင်းကင်စေတီကို မှီလျက် ရပ်နေပြီး အမိုးကာက သူ့မျက်နှာကို ဖုံးအုပ်ထားသဖြင့် ခပ်ပါးပါးနှုတ်ခမ်းများကိုသာ မြင်နေရသည်။

သူက နှုတ်ခမ်းပါးများကို တင်းတင်းစေ့၍ ပြောသည်။ “စကားဖွာတဲ့သူတွေက ဘယ်လိုအရည်အချင်းမျိုးတွေနဲ့…. ကျွန်တော့်ကို ဘယ်သူက ဝေဖန်ရဲမှာလဲ… ကောလဟာလတွေ လျှောက်ဖွပြီးတော့ ရန်သူတွေကျ မသတ်နိုင်ဘဲနဲ့များ... လူမှန်တွေကျ သူတို့သတ်ရဲကြတယ်... အဲဒီလိုလူတွေ ရဲ့ အပြောခံရမှာ ကျွန်တော် မကြောက်တော့ဘူး”

All Chapters