← Chapters

အစီးခံရပြီလား

Vol. 104 Ch. 1372

အစီးခံရပြီလား

Vol. 104 Ch. 1372

'တောင်ကောင်းကင်မုခ်၀အဆင့်က ကောင်းကင်နတ်ဘုံက တောင်ကောင်းကင်မုခ်၀ရဲ့ အခြေခံပေါ်မှာ တည်ဆောက်ထားတာ … ကောင်းကင်နတ်ဘုံရဲ့ တောင်ကောင်းကင်မုခ်၀က ကောင်းကင်နတ်ဧကရာဇ်ရဲ့ အာဏာ၊ နတ်ဘုရားတွေရဲ့ ခမ်းနားတင့်တယ်မှုကို ကိုယ်စားပြုတယ်…. ဆိုတော့ ‌သမာရိုးကျ ကောင်းကင်နန်း‌ဆောင်ကျင့်စဉ်က ခွန်အားကိုပဲ အားကိုးထားပြီး တာအိုအပေါ် နားလည်တဲ့နေရာမှာ လိုအပ်ချက်ရှိတယ်…”

ချင်မူ့မူလဝိညာဉ်က ရပ်တန့်သွားပြီး အကြောင်းပြချက်ကို တွေးတောစဉ်းစားနေ၏။ 'တခြားနည်းနဲ့‌ ပြောရရင် အဆင့်တွေ မတည်ငြိမ်မှုက ရှေးရိုးစဉ်လာ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်အခြေခံပေါ်မှာ ကျင့်ကြံကြတဲ့ နတ်ဘုရားမိစ္ဆာတွေအားလုံးမှာ မုချပေါ်လာမှာပဲ…. ‘

'ဘာလို့လဲဆိုရင် သူတို့ တောင်ကောင်းကင်မုခ်၀ကို ဖြတ်ကျော်ကြတဲ့အချိန်မှာ ခွန်အားပဲ ရခဲ့ပြီး တာအိုကို နားမလည်ခဲ့ကြဘူး… ဒီအကြောင်းပြချက်ကြောင့်ပဲ ခိုင်ဧကရာဇ် ကောင်းကင်နတ်ဘုံကို နှစ်ခြမ်းခွဲခဲ့တဲ့အချိန်မှာ နတ်ဘုရားမိစ္ဆာတွေအားလုံး တာအိုနှလုံးသားတွေ အက်ကွဲပြီး ပြိုလဲတော့မလို ဖြစ်ခဲ့ရတာပဲ…’

ထိုဖြစ်စဉ်တွင် ချင်မူ၊ ခိုင်ဧကရာဇ်ကိုယ်တိုင်နှင့် ကောင်းကင်နတ်အရှင်ဆယ်ပါးပင် ပါ၀င်ခဲ့လေသည်။

ခိုင်ဧကရာဇ်သာ တာအိုရချင်ရင်… သာ ဓားလမ်းစဉ်ရဲ့ ကောင်းကင်ဘုံ ၃၆ ဘုံကို တည်ဆောက်နိုင်ချင်ရင်… ဓားလမ်းစဉ်ကို အန္တိမဟင်းလင်းပြင်အထိ ရောက်ချင်ရင် .... ဘိုးဘေးနန်းတော်ထဲက ကောင်းကင်မုခ်၀လေးခု ၊ နဂါးသွဲ့‌ရေကန်၊ နတ်ဘုရားစီရင်ရာစင်မြင့်၊ ကျောက်စိမ်းမြို့တော်နဲ့ ကျန်တဲ့နေရာတွေ‌‌ဆီ လာရလိမ့်မယ်… အဲ့လိုလုပ်မှ သူ့တာအိုနားလည်မှုက အထွတ်အထိပ်ကို ရောက်မှာ..”

“ခိုင်ဧကရာဇ်ရဲ့ ဓားလမ်းစဉ် အန္တိဟင်းလင်းပြင်အထိ ရောက်နိုင်ဖို့ လမ်းက ဘိုးဘေးနန်းတော်မှာပဲ…”

သူက သိမြင်နားလည်နိုင်ရန် အကောင်းဆုံးကြိုးစားရင်း ရှေ့ဆက်သွားနေသည်။

ချင်မူသည် ‌ဖြည်းဖြည်းချင်း လျှောက်နေ၏။ တာအိုမီးတောက်များက အားကောင်းပြင်းထန်သော်လည်း သူ့ကို မထိခိုက်နိုင်ပေ။ ကောင်းကင်မုခ်၀ထဲရှိ တာအိုသံများက သူ့တာအိုနှလုံးသားကို ပို၍ပွင့်လင်းမြင်သာလာစေသည်။

'ဒါက တောင်‌ကောင်းကင်မုခ်၀ မဟုတ်ဘူး…. တာအို၀င်ရောက်ဖို့ မုခ်၀ပဲ… တစ်ယောက်ယောက်သာ ဒီမုခ်၀ကို ဖြတ်သွားနိုင်ရင် တာအိုကို ရောက်နိုင်လိမ့်မယ်.. တစ်နည်းအားဖြင့် လမ်းစဉ်ကို ဝင်ရောက်နိုင်မယ်’’

သူက စိတ်ထဲမှ သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ လောက၌ ဤမျှဆန်းကြယ်သော နေရာများ ရှိပါသေးသည်လော။

'ဒါပေမဲ့ လမ်းစဉ်၀င်ရောက်ဖို့ ဒီမုခ်၀ကို ဖြတ်ရင် တာအိုမီးတောက်တွေက အစစ်အမှန်နတ်ဘုရားအများစုကို ပြာကျသွားစေလောက်တယ်...’

ချင်မူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ တာအိုမီးတောက်သည် ရုပ်ခန္ဓာကို ပစ်မှတ်မထားဘဲ ချီစွမ်းအင်၊ မူလဝိညာဉ်နှင့် အသိစိတ်အလျဉ်တို့ကို ပစ်မှတ်ထား၏။ ၎င်းက ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်များကိုလည်း ပစ်မှတ်မထားဘဲ တာအိုနှလုံးသားကိုသာ ပစ်မှတ်ထားပြန်သည်။

တာအိုနှလုံးသားသာ မခိုင်မာလျှင် တောင်ကောင်းကင်မုခ်၀ရှိ မီးတောက်များဖြင့် မီးလောင်တိုက်သွင်းခံရကာ မည်သည်မှ ကျန်ရစ်လိမ့်မည်မဟုတ်‌ချေ။

အစ်ကိုကြီး၊ မင်းသားယိုမင်းနဲ့ တခြားသူတွေ တောင်ကောင်းကင်မုခ်၀ထဲ တန်း၀င်မသွားဖို့ သတိပေးရမယ်… အကောင်းဆုံးလမ်းက တာအိုမီးတောက်တွေကို စစ်ဆေးအဖြေရှာပြီး သူတို့ကိုယ်ပိုင်ကောင်းကင်နန်းဆောင်အသီးသီးထဲက တောင်ကောင်းကင်မုခ်၀တွေကို ပြီးပြည့်စုံအောင် လုပ်ဖို့ပဲ…. ဒီလိုနည်းနဲ့ဆိုရင် အခွင့်အရေးက မများပေမယ့် အခွင့်အရေးတော့ ရှိလာပြီ”

သူ ဘိုးဘေးနန်းတော်၏ တောင်ကောင်းကင်မုခ်၀အား ဖြတ်လျှောက်နေသည်။ ကောင်းကင်နှင့်မြေကြီးမှ ဖွဲ့တည်လာသော ဤတောင်ကောင်းကင်မုခ်၀မှ သူ ထွက်လာသည့်အချိန်တွင် ရက်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း သူ့မှာ တာအိုသို့ မ၀င်ရောက်နိုင်ခဲ့သေးပေ။

ဘိုးဘေးနန်းတော်၏ တောင်ကောင်းကင်မုခ်၀ထံမှ ရရှိခဲ့သော ဉာဏ်အလင်းပွင့်မှုက နက်နဲသည့်တိုင် ချင်မူသည် ဟိုးယခင်ကတည်းက လမ်းစဉ်၀င်ရောက်ခဲ့ပြီးဖြစ်၏။ ထိုမျှသာမက သူ၏သိုင်းအခြေံကလည်း အလွန်တရာ နက်နဲသဖြင့် တောင်ကောင်းကင်မုခ်၀ထံမှ ရရှိသော ဉာဏ်အလင်းပွင့်မှုသည် သူ လမ်းစဉ်သို့ နောက်တစ်ကြိမ် ၀င်ရောက်နိုင်အောင် မပံ့ပိုးပေးနိုင်သည့်အပြင် သူ၏သိုင်းအဆင့်ကိုလည်း တစ်ဆင့်တိုးလာအောင် လုပ်မပေးနိုင်ချေ။

'ငါ တခြားကောင်းကင်မုခ်ဝသုံးခုဆီ သွားရမယ်… အဲ့ဒီကောင်းကင်မုခ်၀သုံးခုဆီက ရတဲ့ တာအိုနှလုံးသားနဲ့ မဟာတာအိုဉာဏ်အလင်းပွင့်မှုက ငါ ဒီသိုင်းအဆင့်မှာ အားနည်းချက်မရှိအောင် လုပ်ပေးနိုင်တယ်...”

သူ့မူလဝိညာဉ်က တောင်ကောင်းကင်မုခ်ဝမှ ထွက်လာပြီးသည်နှင့် ချာခနဲ ပြန်လှည့်လိုက်ကာ သူ့ရုပ်ခန္ဓာဆီသို့ ပြန်သွားရန် မုခ်၀အား နောက်တစ်ကြိမ် ဖြတ်သန်းသွားသည်။

သူ့မူလဝိညာဉ်မှာ မုခ်၀အဝင်ပေါက်သို့ ရောက်လျှင် အံ့ဩမှင်သက်သွားမိတော့သည်။ တောင်ကောင်းကင်မုခ်၀အရှေ့တွင် မည်သည်မှမရှိတော့ပေ။

သူ့မှာ ဤတစ်ချိန်လုံး တောင်ကောင်းကင်မုခ်၀ထဲတွင် လမ်းလျှောက်နေခဲ့ရင်း စိတ်ထဲတွင်လည်း လစ်ဟာနေခဲ့၏။ သူ့ရုပ်ခန္ဓာ ပျောက်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

“မြစ်ဘေးမှာ လမ်းလျှောက်နေရင်း နောက်ဆုံးတော့ ဖိနပ်ရေစိုသွားခဲ့ပြီပဲ…. ငပိန်းအမှားကိုမှ လုပ်ခဲ့မိပြီ… ဘယ်လိုသားရဲမျိုးက ကောင်းကင်နတ်သိုင်းရဲ့ ချိပ်တံဆိပ်ကို ဖြတ်ပြီးတော့ ငါ့ရုပ်ခန္ဓာကို ယူသွားနိုင်တာပါလိမ့်”

သူ့ရုပ်ခန္ဓာကို အာရုံခံကြည့်လိုက်ရာ ဤနေရာ၌သာ ရှိသေးပြီး သားရဲများ၏ အစားမခံရသေးကြောင်း သိလိုက်ရသည့်အတွက် စိတ်အေးသွားသည်။

ထိုအခိုက်အတန့်တွင် မင်းသားယိုမင်းက ဖန်သားကောင်းကင်စေတီနှင့်အတူ သစ်နက်တောင်တန်းဆီမှ လူများကို ခေါ်ဆောင်လာသည်။ သူတို့မှာ ချင်မူ့မူလဝိညာဉ်ကို မြင်လျှင် အံ့အားသင့်သွားပြီး အပြေးအလွှား ‌ရောက်လာကာ မေးမြန်းကြတော့သည်။

အဘွားစစ်၏ မျက်ခုံးများက တွန့်ချိုးနေ၏။ “မူအာ၊ နင့်ရုပ်ခန္ဓာရော….”

“မမေးပါနဲ့”

ချင်မူက ရှက်ကိုးရှက်ကန်း ပြောသည်။ “လုံရှောင်နောက် လိုက်ရင်း ကျွန်တော့်မူလဝိညာဉ်နဲ့ ဉာဏ်အလင်းပွင့်အောင် သိမြင်နားလည်နေတုန်း ရုပ်ခန္ဓာအခိုးခံရလိမ့်မယ်လို့ ထင်မထားခဲ့လို့ပါ…. ကျွန်တော့်ရုပ်ခန္ဓာကို ဘယ်သူခိုးသွားတာလဲ သိထားပြီးပြီ… ဒါကြောင့် မြန်မြန်သွားယူရမယ်…”

ဝေစွေ့ဖုန်းမှာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ခပ်တိုးတိုး မေးလိုက်၏။ “လုံရှောင်လား”

ချင်မူက ခေါင်းညိတ်သည်။ “သူက ကျွန်တော့်ကို စီးတော်ယာဉ်လုပ်ချင်လို့ ရုပ်ခန္ဓာကို ခိုးသွားတာ… ကျွန်တော် သူနဲ့ သွားတွေ့လိုက်မယ်…. ဘာမှမဖြစ်နိုင်ပါဘူး’

သူက ဘိုးဘေးနန်းတော်၏ တောင်ကောင်းကင်မုခ်ထဲမှ သိခဲ့ရသည့်အရာဟူသမျှအား ပြန်ပြောပြနေသည်။ “ခင်ဗျားတို့စွမ်းရည်တွေ လုံလောက်ရင်… အစစ်အမှန်နတ်ဘုရားအဆင့်မှာ ကျွန်တော့်ထက် တစ်လှမ်းပဲ နောက်ကျရင် မူလဝိညာဉ်နဲ့ ၀င်ကြည့်လို့ရတယ်… ဒါပေမဲ့ ကျွန်တော့်ထက် အများကြီး အားနည်းရင်တော့ အထဲ၀င်ပြီး အသေမခံကြပါနဲ့…”

ထိုစကားကြားလိုက်ရသည်နှင့် လူတိုင်းမှာ စမ်းသပ်ချင်စိတ်များ ပြင်းပြလာကြတော့သည်။ ချင်မူက ယွီချွီးတုနှင့် ဝေစွေ့ဖုန်းဆီသို့ တစ်ချက်ကြည့်ပြီး ခေါင်းခါပြ၏။ “အစ်ကိုကြီးတို့ ၀င်လို့မရဘူး… အများကြီး လိုအပ်သေးတယ်”

ဝေစွေ့ဖုန်းမှာ နှာမှုတ်ရင်း အတော်လေး မကြည်မသာ ဖြစ်သွားသည်။

ချင်မူက ပထမလူသားဧကရာဇ်၊ ဒုတိယလူသားဧကရာဇ်နှင့် ကျန်လူသားဧကရာဇ်များဆီသို့ ကြည့်ကာ ခေါင်းရမ်းလိုက်သည်။ ‘“ခင်ဗျားတို့လည်း မရသေးဘူး”

လူတိုင်းမှာ မျက်ခွက်ဖြတ်ခံရသည်နှင့် အသားကျနေသဖြင့် စိတ်ထဲမှ တွေးနေ၏။ “တည်ထောင်သူဂိုဏ်းသခင်ဝေက အသားကျသေးပုံ မပေါ်ဘူး…ဒါပေမဲ့ နေသားကျသွားမှာပါ”

ချင်မူက ရှုရှန်းဟွာနှင့် လန်ယွီတျန်းကို ကြည့်ကာ ပြော၏။ “မင်းတို့တော့ ဝင်လို့ရတယ်… မင်းသားယိုမင်း၊ အဘွားစစ်… ဘွားဘွားတို့လည်း ၀င်လို့ရတယ်… တစ်ခုခု မှားနေသလို ခံစားရတာနဲ့ ချက်ချင်း ပြန်ထွက်ခဲ့ကြပါ…. ဘွားဘွားတို့က တစ်ယောက်နဲ့တစ်ယောက် အဆင့်တွေ အရမ်းကွာတယ်… ဟွာရွှမ်းရှို့၊ မင်းက ငယ်လွန်းပြီး ကောင်းကင်ရတနာအဆင့်ပဲ ရှိသေးတယ်…. မူလဝိညာဉ်ကလည်း မတည်ငြိမ်သေးဘူးဆိုတော့ အပြင်မှာပဲ ငြိမ်ငြိမ်လေးနေ… လုံပိရော…. လုံပိ ဘယ်ရောက်သွားလဲ”

သူ ရှာကြည့်သော်လည်း လုံပိကို မတွေ့သဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“လုံပိ ပြန်မသွားခဲ့ဘူးပဲ”

ဝေ‌စွေ့ဖုန်းက ပြော၏။ “ငါ အားလုံးကို ဆင့်ခေါ်ခဲ့တုန်းက သူ့အစအနတောင် ရှာမတွေ့ခဲ့ဘူး… အဲ့ဒါကြောင့် ယန်အာ စိတ်ပူနေမှာစိုးလို့ သူ့တောင် မခေါ်ခဲ့တာ”

ချင်မူမှာ စိတ်ထဲ လေးပင်သွားသည်။ သူ အမိကမ္ဘာမြေအား တိုက်ခိုက်ခဲ့စဉ်က နဂါးချီလင်သည် အရင်ဆုံး ထွက်သွားခဲ့သော်လည်း ဘိုးဘေးနန်းတော် သစ်နက်တောင်တန်းဆီသို့ ပြန်မရောက်ဘဲ နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

“ကျွန်တော့်ရုပ်ခန္ဓာကို ရှာပြီးရင် သူ့ကို ရှာရမယ်”

ချင်မူမှာ ရတက်မအေး ဖြစ်နေသည်။ သူ၏မူလဝိညာဉ်က ရုတ်တရက် ပျံတက်သွားပြီး ပျောက်ကွယ်သွား၏။

သူ့မူလဝိညာဉ်သည် မိုင်တစ်သောင်းအထိ ခရီးနှင်လာခဲ့ပြီး ရုပ်ခန္ဓာကို အာရုံခိမိသွားသည်။ ၎င်းက ဘိုးဘေးနန်းတော် တောင်ကောင်းကင်မုခ်၀မှ အလှမ်းဝေး၍ ထူးဆန်းသော နေရာတစ်နေရာသို့ ရောက်‌နေသည်။

ဤနေရာတွင် တောင်တန်းများကား ထူထပ်ပြီး ဓားသွားများအလား မတ်စောက်ချွန်ထက်နေကြသည်။ မြေပေါ်တွင် ပေါက်နေသည့် ဆူးချွန်များအလား ကြောက်မက်ဖွယ်ကောင်း၏။ နှိုင်းယှဉ်မရနိုင်အောင် ချွန်မြနေပြီး ကောင်းကင်သို့ ထောင်လိုက် ထူမတ်နေကြလေသည်။

သူ့မူလဝိညာဉ်က ထူးဆန်းသော တောင်တန်းများကို ဖြတ်သန်းသွားသည့်အခါ ဆန်းပြားသော စွမ်းအားက သူ့ဆီ ထိုးစိုက်ဝင်ရောက်လာသောကြောင့် အရှိန်နှေးကွေး‌သွားလေသည်။

ချင်မူက ကောင်းကင်နတ်သိုင်းအား အသက်သွင်းလိုက်ကာ တာအိုအမှတ်အသားများကို ဖွဲ့တည်လိုက်၏။ အမှတ်အသားတို့က တာအိုကွန်ယက်များ ဖွဲ့တည်လိုက်သော်လည်း ၎င်းတို့၏ လှည့်ပတ်မှုမှာ လျော့တိလျော့ရဲ ဖြစ်လာသည်။ ဧရိယာတစ်ခုလုံးတွင် နေရာယူထားသော အဆန်းတကြယ်စွမ်းအားက သူ၏ တာအိုကွန်ယက်များ၊ တာအိုအမှတ်အသားများနှင့် မဟာတာအိုသင်္ကေတများကို ထိုးဖောက်ကာ ကောင်းကင်နတ်သိုင်းအား ဖွဲ့တည်မရ ဖြစ်နေစေ၏။

သူ၏မူလဝိညာဉ်မှာ တဖြည်းဖြည်း နှေးလာသည်။ နောက်ဆုံးတော့ မှော်စွမ်းအင်ကိုပင် မစုစည်းနိုင်တော့သဖြင့် သူ၏မူလဝိညာဉ်က ကောင်းကင်ထက်မှ ကျဆင်းလာတော့သည်။

ချင်မူက အားကုန်ပြေးတော့သည်။ သူ၏အရှိန်က အလွန်တရာမြန်ဆန်သော်လည်း ဤထူးဆန်းသော တောင်တန်းအထဲသို့ ရောက်လေလေ ဖိနှိပ်မှုကို ပို၍ခံစားရလေလေ ဖြစ်နေသည်။

‘ဒါက ဘယ်လိုနေရာကြီးလဲ’

သူ ထိုသို့တွေးလိုက်စဉ် သူ၏မူလဝိညာဉ်နှင့် ရုပ်ခန္ဓာအကြား အားကောင်းပြင်းထန်စွာ ချိတ်ဆက်သွားမှုအား ခံစားလိုက်ရသည်။

ဝှစ်…

သူ၏မူလဝိညာဉ်က ရုပ်ခန္ဓာထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။ ချင်မူက မျက်လုံးများဖွင့်ကာ ရယ်မောလိုက်သည်။ “လုံရှောင်၊ ခင်ဗျားက ဘာလို့ ကျုပ်ရဲ့ရုပ်ခန္ဓာကို ခိုးသွားရတာတုန်း”

ထိုအခိုက်အတန့်တွင် ချင်မူမှာ သူ၏လည်ပင်း လေးလံနေသလို ခံစားလိုက်ရသည်။ သူ၏လည်ပင်းတွင် နတ်ရွှေသတ္ထုဖြင့် သွန်းလုပ်ထားသော သံကြိုးတစ်ကြိုးက ရစ်ပတ်လျက်ရှိ၏။ လုံရှောင်က ကိုက်သုံးဆယ်အရွယ်အစားဖြင့် သလွန်ပေါ်တွင် လှဲလျောင်းကာ တခေါခေါ အိပ်မောကျနေလေသည်။

လုံရှောင်ဘေးတွင် နဂါးချီလင်က လုံရှောင်၏ ဒဏ်ရာများအား ကုသနိုင်ရန် ဆေးဖော်ပေးနေသည်။ သူက ခပ်တိုးတိုး ပြောလိုက်သည်။ “မွေးစားဖေဖေ၊ ကောင်းကင်နတ်အရှင်မူ ရောက်လာပြီဗျ”

လုံရှောင်၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာပြီး သူက သမ်းလိုက်ကာ ပြုံး၏။ “သူ့ကို ကောင်းကင်နတ်အရှင်မူလို့ မခေါ်နဲ့… စီးတော်ယာဉ်မူလို့ ခေါ်”

All Chapters