← Chapters

ထူးခြားတဲ့ လက်ဆောင်

Vol. 103 Ch. 1531

ထူးခြားတဲ့ လက်ဆောင်

Vol. 103 Ch. 1531

လင်းရီ လက်မြှောက်၍ ရန်စီ၏ တင်ပါးကို ဆုပ်နယ် ပွတ်သပ်နေလိုက်သည်။

“ မင်းရဲ့ အကြံပေးချက်က မဆိုးဘူး … ဒီလို ပြတင်းပေါက် အကျယ်ကြီးနဲ့ ပင်လယ်ဘက်ကို မျက်နှာမူပြီး ပန်းတွေ ပွင့်လန်းလာအောင် လုပ်လို့ရတယ်… မသုံးဘဲ ထားရင် ဖြုန်းတီးရာကျတာပေါ့…”

“ နင် အဲ့လိုစဉ်းစားထားတယ်ဆိုတာ ငါသိသားပဲ … ဒါကြောင့်မို့ ဟိုးတုန်းကတည်းကရင် ပြင်ဆင်ထားခဲ့တာလေ…”

“ပြင်ဆင်ထားတယ်.... ဘာကို ပြင်ဆင်ထားတာ…”

လင်းရီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။ သူက သူမနှင့်အတူ ထမင်းတစ်နပ်စားရန်အတွက်သာ ထွက်လာခဲ့ခြင်း ဖြစ်ပြီး အခြား မည်သည်ကိုမျှ တွေးထားခဲ့ခြင်း မရှိပါချေ။

“ နင့်ဘာနင် ကြည့်ပေါ့....…” ရန်စီ မောဟိုက်လှိုက်မောနေသည့် အသံဖြင့် နားအတွင်းသို့ တီးတိုးပြောလိုက်သည်။

မည်သည့်အရာလဲဆိုတာကို သူမ မပြောသွားခဲ့သော်လည်းပဲ ယခုလို အခြေအနေထိတိုင် ရောက်နေပြီးမှတော့ အရူးပင် မည်သည့်နေရာကို ကြည့်ရန် လိုအပ်ကြောင်း သိလေသည်။

အဝတ်များကို တစ်လွှာချင်း ဖြည်ကြည့်လိုက်ရာ ရမ္မက်အသားပေးသည့် အတွင်းခံ ဝတ်စုံ တစ်စုံက လင်းရီ၏ မျက်စိရှေ့မှောက်တွင် ထွက်ပေါ်လာခဲ့၏။

“ ဒီဇိုင်းက …. သိပ်ရဲတင်းလွန်းတယ်… ငါ ဒါမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး …”

ရန်စီသည် လင်းရီ၏ ပါးတစ်လျှောက် ကလူကျီစယ်စွာ ပွတ်သပ်လိုက်ရင်း “ နင်ပဲ မွန်းလွဲပိုင်းကျရင် ကြမ်းရမယ့် တိုက်ပွဲတစ်ခု ရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား … ဒီက မောလ်ကို သွားပြီးတော့မှ သေချာအချိန်ပေး ရွေးခဲ့တဲ့ ဥစ္စာနော် … မဟုတ်ရင် ဒီလောက် နောက်ကျနေမှာတောင် မဟုတ်ဘူး …”

လင်းရီ သဘောပေါက်သွားခဲ့တော့၏။ သူမ နောက်ကျနေခဲ့ရခြင်းက ယခု ဝတ်စုံကို သွားဝယ်နေ၍ပင်။

‘ ဒါပေမယ့် ကြမ်းရမယ့် တိုက်ပွဲဆိုတာ မင်းနဲ့ ကြမ်းမှာကို ပြောချင်နေတာ မဟုတ်ဘူးဟ ..’

သို့ပေမယ့် ဤသည်ကလည်း ကောင်းပါသည်။ လှပသည့် အထင်လွဲမှုလေး တစ်ခုဟူ၍ မှတ်ယူ၍ရသည်။ နောင်အနာဂတ်တွင် ယခုလို သုံးလေးကြိမ်လောက် မှားလည်း ပြဿနာ မရှိချေ။

မကြာမီ နှစ်ဦးလုံးက မီးတောက်နေသည့် ထင်းနှစ်ချောင်းကဲ့သို့ ရမ္မက်မီးလျှံက တဆထက် တဆ ပြင်းပြလာခဲ့တော့သည်။

ရန်စီ၏ အသက်ရှူသံမှာ ရင်ဖိုလှိုက်မောနေပြီး တစ်စုံတစ်ရာကြောင့် အသက်ရှူမဝ ဖြစ်နေဟန်ပင်။ နှစ်ဦးကြားတွင် မရေမတွက်နိုင်သည့် အနမ်းမိုးတို့ ဖလှယ်ရင်း လင်းရီဘက်က ကောင်းသော အစပျိုးမှုကို ပျိုးထောင်နေလျက် ရှိတော့သည်။

ဤနေရာက မည်သည့် ပရိဘောဂတို့မျှ ထည့်သွင်းရခြင်း မရှိသေးသည့် အိမ်အသစ် ဖြစ်သော်လည်းပဲ လင်းရီ၏ ကောင်းမွန်လှသည့် အတွေ့အကြုံ အရည်အချင်းတို့ဖြင့် ထိုပြဿနာကို ကောင်းမွန်စွာ ဖြေရှင်းလိုက်နိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေ ကျုံးယွီပင် လက်ထပ်စဉ်က မင်္ဂလာဦးညကို ကုတင်မပါဘဲ ကုန်ဆုံးခဲ့၏။

ထို့ပြင် ဤအိမ်က ပင်လယ်ဘက်သို့ မျက်နှာမူထားသည်ကလည်း တမူထူးခြားသည့် ဆွဲဆောင်မှုကို ထပ်ပေါင်းတိုးသွားစေသည်။

နှစ်နာရီခန့် ကြာညောင်းပြီးနောက် ကြမ်းတမ်းသည့် တိုက်ပွဲသည်လည်း ပြီးဆုံးသွားခဲ့သည်။ တိုက်ပွဲ၏ အကြွင်းအကျန်များအား ရှင်းလင်းပြီးနောက် နှစ်ယောက်သည် လင်းရှီ ပင်လယ်အော်ထဲက စိတ်အားတက်ကြွမှု အပြည့်ဖြင့် ပြန်ထွက်လာသည်။

ဟော်ယွမ်ယွမ်နှင့် ကြမ်းရမည့် တိုက်ပွဲကိုတော့ လင်းရီ နောက်တစ်နေ့အထိ ရွေ့ဆိုင်းထားရန်သာ တတ်နိုင်တော့သည်။ မတတ်နိုင်ပေ။ ခွန်အား အလုံးစုံကို ရန်စီထံတွင် အသုံးပြုလိုက်ရ၏။

နောက်ရက်သတ္တပတ် တစ်ခုကျော်သည်အထိ လင်းရီသည် အသုံးမဝင်သည့် ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေး တစ်ယောက်ကဲ့သို့ အချိန်ကို ကုန်ဆုံးနေသည်ဟု ပြော၍ရသည်။

နေ့အချိန်တွင် ဆိုပါက ကုမ္ပဏီသို့ သွား၍ ဟော်ယွမ်ယွမ်နှင့် စကားများ ရန်ဖြစ်ပြီး ပင်ပန်းသည့်အခါတွင် ကျီချင်းရန်၏ နေရာသို့သွားကာ ဝမ်ရင်းနှင့် ဆော့ကစားသည်။

ထို့နောက် လီချူးဟန် သို့မဟုတ် ရန်စီ၏ နေရာသို့သွားကာ ကောင်းမွန်သည့် နေထိုင်မှု ဘဝကို ထိန်းသိမ်းထားလေသည်။

သူပြင်ဆင်ထားသည့် လက်ဆောင်ကိုလည်း သူမတို့အား ပေးပြီး ဖြစ်၏။ ထိုအထဲ ယွမ်သန်း ၂၀၀ ကတ်တစ်ခုစီလည်း ပါဝင်သည်။ သို့သော် ကျီချင်းရန်အဖို့ ယင်းကို လျစ်လျူရှုထား၏။

လက်ဆောင်တို့က အရေးကြီးသည့် အရာမဟုတ်ပေ။ လင်းရီ သူမ အနား ရှိနေသရွေ့ အဆင်ပြေသည်။

အတိတ် တစ်ချိန်က ကျီချင်းရန် အမြဲ တွေးထားခဲ့သည်မှာ relationship တစ်ခုတွင် အမြဲတမ်း ချိုမြိန်၍ ရိုမန်တစ် ဆန်နေသင့်သည်ဟု မရင့်ကျက်သည့် အတွေးတို့ ရှိခဲ့ဖူးသည်။

ယခုတော့ အဖော်ပြုပေးမှုကသာလျှင် အရေးကြီးဆုံး ဖြစ်ကြောင်းကို သူမ နားလည်သဘောပေါက်သွားခဲ့တော့၏။ ကျန်သည်တို့က အပေါ်ယံများပင်။

“ ငါ စားလို့ ပြီးပြီ … အပေါ်တက်ပြီး အဝတ်စားလဲလိုက်ဦးမယ်… ပြီးရင် အတူ ထွက်ကြတာပေါ့ …”

“ ငါ လိုက်ပို့ပေးမယ်…”

“ နင် ကုမ္ပဏီ မသွားဘူးလား …”

“ ကုမ္ပဏီမှာ လုပ်စရာက သိပ်မရှိဘူး … မင်းကို လိုက်ပို့ပေးပြီးမှဆိုရင်တောင် အချိန်တွေ အများကြီး ရှိသေးတယ်…”

“ မွ… သိတတ်လိုက်တာ ကြည့်စမ်း …”

ကျီချင်းရန်သည် လင်းရီ၏ ပါးထက် နှုတ်ခမ်းနီရာတစ်ခုကို ချန်ရစ်ခဲ့လိုက်သည်။

“ မကြာဘူး … တစ်မိနစ်ပဲစောင့် …”

ထိုသို့ပြောပြီးနောက် သူမသည် အပေါ်ထပ်သို့ လှေကားထစ်ကျော်တက်၍ ရှားပါးသည့် သံစဉ်တစ်ခုကိုပင် ညည်းလို့နေသည်။

မိနစ်နှစ်ဆယ်ကြာပြီးနောက် ကျီချင်းရန်သည် အဝတ်စားလဲလို့ ပြီးစီးသွားခဲ့၏။

ဘေဂီကက်ရှ်မီးယား ကုတ်က အဖြူရောင် ဂစ်ဗန်ချီရှပ်နှင့် အနက်ရောင် ဂျင်းတို့အပေါ်တွင် လိုက်ဖက်ညီနေပြီး ခြေတံနှင့် တင်တို့ကို စွင့်ကားပေါ်လွင်စေကာ အကန့်အသတ်မဲ့သည့် ဆွဲဆောင်မှုတို့အား ထုတ်လွှတ်နေလျက် ရှိတော့၏။

ဒုတိယထပ်တွင် မတ်တပ်ရပ်နေရင်း ကျီချင်းရန်သည် လင်းရီကို ငုံ့ကြည့်ကာ တစ်ပတ်လှည့်ပြလိုက်၏။

“ ဘယ်လိုနေလဲ … လှလား .... “

“ သိပ်ကောင်းတယ်… သွားစို့ …”

“ အွန်း…”

လင်းရီထံကနေ အတည်ပြုစကား ကြားရပြီးနောက် ကျီချင်းရန်သည် အောက်ထပ်သို့ ဆင်းလာခဲ့၏။

လင်းရီက သူမကို အလုပ်သို့ လိုက်ပို့ပေးမည် ဆိုသဖြင့် ဆိုလိုသည်က သူမ အသစ်ဝယ်ထားသည့် ဒေါက်မြင့်ဖိနပ်များကို စီးနိုင်လိမ့်မည်ဟူ၍ပင်။

“ နင် ဒီနေ့ ကားပြောင်းလိုက်တာလား …”

ပုံမှန်ဆို လင်းရီက အပြင်ထွက်သည့် အချိန်တွင် အနက်ရောင် သားရိုင်းကောင်လေးအား မောင်းနှင်လေ့ ရှိပြီး ယနေ့တွင်တော့ Lexus 570 ကို မောင်းဖို့ ဟန်ပြင်နေသည်။

“ အဲ့ကား မောင်းရတာ နည်းနည်း ငြီးငွေ့လာလို့လေ… ပြီးတော့ ဒီကားလောက်လည်း သက်တောင့်သက်သာ မရှိလို့ … ဒီနေ့တော့ အလုပ်ကို ဒီကားနဲ့ မောင်းသွားမယ်…”

ကျီချင်းရန်သည် နှာခေါင်းသေးသေးလေးကို ပွစိပွစိ ပြုလိုက်၏။

သက်တောင့်သက်သာ ရှိမှု အပိုင်းတွင် Rolls Royce Phantom က သာ၍ ကောင်းသည်။

သို့သော် သူမ ဆက်ပြောခြင်းတော့ မရှိချေ။ မည်သို့ပင်ဆိုစေ လိုရာခရီးရောက်ရန် အသုံးချသည့် ယာဉ်တစ်စီးသာဖြစ်ပြီး မည်သည်ကိုပဲ မောင်းပါစေ ပြဿနာ မရှိချေ။

အဆင်သင့် ဖြစ်ပြီးသည့်နောက် နှစ်ယောက်လုံး ကားထဲသို့ ဝင်လိုက်ကြပြီး လင်းရီက ကျိုကျုံးဗီလာထဲကနေ မောင်းထွက်လာသည်။

သို့သော် မကြာမီ တစ်စုံတစ်ရာ လွဲချော်နေသည်ကို သူမ သတိထားမိသွားခဲ့၏။

ဤလမ်းက ကုမ္ပဏီသို့ ဦးတည်နေသည့် လမ်းမဟုတ်ချေ။

“ နင် တခြား ကိစ္စလုပ်စရာ ရှိနေလို့လား …” ကျီချင်းရန် သိချင်စိတ် ပြင်းပြစွာ မေးလိုက်သည်။

“ ကိုယ်ရေးကိုယ်တာ ကိစ္စလေး တစ်ချို့ ရှိလို့ အဲ့တာ အရင်လုပ်မလို့ …”

“ အိုကေ .. ငါလည်း အလျင်လိုနေတာမှ မဟုတ်တာ … ဖြည်းဖြည်းလေးမောင်း …”

ကျီချင်းရန် များများစားစား စဉ်းစားမနေချေ။ ကုမ္ပဏီ၌ သူမကိုင်တွယ်ရမည့် ကိစ္စ တစ်ချို့ ရှိနေသော်လည်းပဲ ခေတ္တနောက်ကျသွား၍ ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။

မကြာမီ သွားနေသည့် လမ်းက ရင်းနှီးသယောင် ရှိသည်ဟု သူမစိတ်ထဲ ခံစားလိုက်ရ၏။ ယင်းက လေဆိပ်သို့ သွားသည့် လမ်းပင်။

သူမ ထင်မှတ်ထားသည့်အတိုင်း တစ်နာရီကျော်ကြာပြီးနောက် လင်းရီသည် လေဆိပ်သို့ မောင်းနှင်လာသည်။

“ နောက်ဆုံးတော့ နင်ဒီနေ့ ဘာလို့ ဒီကားမောင်းလဲဆိုတာ ငါသိသွားပြီ…”

“ ဘာလို့ ..”

“ ဘာလို့ဆို ဒီကားက လူခုနစ်ယောက်ထိုင်လို့ရတယ်လေ… လူတွေ ကြိုလို့ ပိုအဆင်ပြေတယ်… ပြီးတော့ နောက်ဖုံးကလည်း ခရီးဆောင်အိတ်တွေ ထည့်ဖို့ အကျယ်ကြီးပဲ….”

“ မှန်တယ်… နောက်ဖုံးထဲမှာ ခရီးဆောင်အိတ် တစ်ခု ရှိတယ်… ဒါပေမယ့် ဒီကို လာခဲ့တာ လူကြိုဖို့ မဟုတ်ဘူး …”

“ လူကြိုဖို့ လာခဲ့တာ မဟုတ်ဘူးလား …” ကျီချင်းရန်သည် လင်းရီကို စူးစိတ်ချင်စိတ် အပြည့်ဖြင့် ကြည့်လျက် “ ဒါဆို ငါတို့က လေဆိပ်လာပြီး ဘာလဲလာလုပ်တာ …”

“ နောက်ဖုံးထဲက ခရီးဆောင်အိတ်ကို တစ်ချက် သွားကြည့်လိုက် …”

ကျီချင်းရန်၏ ကြီးမားရွှန်းစိုသည့် မျက်ဝန်းကြီးတို့က အကြိမ်အနည်းငယ်မျှ လှုပ်ခတ်သွားခဲ့ပြီး နောက်ဆုံးတွင် ထိုင်ခုံခါးပတ် ဖြုတ်၍ ကားပေါ်က ဆင်းလိုက်သည်။ ထို့နောက် နောက်ဖုံးထဲရှိ ခရီးဆောင်အိတ်ကိုဖွင့်လိုက်၏။

သူမ၏ ကိုယ်ပိုင် အဝတ်များ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် ဂါဝန်မျိုးစုံတို့ ပြည့်နှက်နေသည်ကို မြင်တော့ ကျီချင်းရန် အံ့အားသင့်သွားခဲ့၏။ လင်းရီက သူမ၏ အတွင်းခံ အဝတ်အစားများကိုပင် သေချာ ထည့်လာခဲ့ပေးလေသည်။

“ ဟင် … နင် ဘာလို့ ငါ့ဥစ္စာတွေ ထည့်လာခဲ့တာလဲ…”

လင်းရီ သူမကို အပြုံးလေးဖြင့် ကြည့်လိုက်သည်။ “ မင်းက ပုံမှန်ဆို အလုပ်တွေနဲ့ပဲ ဗျာများနေရတာ မလား … ဒါကြောင့်မို့ မင်းကို အပန်းဖြေ ခရီးတစ်ခု ခေါ်သွားပေးမလို့ …”

ကျီချင်းရန် အတန်ငယ်ကြာအောင် ကြက်သေသေသွားခဲ့ပြီး ထို့နောက် ဤသည်က လင်းရီ သူမအတွက် ပြင်ဆင်ထားပေးသည့် ခရစ်စမတ် စပရိုက် ဖြစ်ကြောင်းကို သတိပြုမိသွားခဲ့တော့သည်။

သူက သူမကို အပန်းဖြေခရီး တစ်ခု ခေါ်သွားချင်သည်တဲ့လေ။

“ တကယ်ပါပဲ… နင်ငါ့ကို ဘာလို့ ကြိုမပြောတာ …”

သူမ၏ မျက်လုံးတို့က စိတ်လှုပ်ရှားမှုကြောင့် နီရဲနေတော့၏။

“ ကြိုတင်ပြောလို့ ဘာအဓိပ္ပာယ် ရှိတော့မှာ …”

သူမ၏ မျက်ရည်များကို သုတ်ပစ်ရင်း ကျီချင်းရန် ရင်ထဲ ခံစားသွားခဲ့ရ၏။

“ ဒါပေမယ့် ငါ ဒီနေ့ ဘာမိတ်ကပ်မှလည်း မပြင်ခဲ့ရဘူး .. ဘာမှကို မပြင်ဆင်ထားခဲ့ရတာ … ကြိုသိခဲ့ရင် ဒီထက်ပိုပြီး လှလှပပလေး ဝတ်စားခဲ့မှာပေါ့ …”

“ လူမှာအဝတ် တောင်းမှာ အကွပ်လို့ ပြောကြပေမယ့် အဲ့ဒီ အဝတ်တွေက မင်းရဲ့ အလှကို လုံလောက်အောင် ပါရမီဖြည့်ပေးနိုင်တာ မဟုတ်ဘူး .. ဒီခုဝတ်ထားတဲ့ဟာက လုံလောက်တာထက်ကို ပိုနေပြီ… ဘာလဲ … အရမ်းတွေလှပအောင် ဝတ်ပြီး ပြည်ပျက်စေချင်နေတာလား …”

“ ခစ်ခစ် … ပြောတာကောင်းတယ်…” ကျီချင်းရန်သည် သူမ၏ ခေါင်းကို မော်ကြွားလိုက်ပြီး “ ဒါနဲ့ ငါတို့က ဘယ်သွားကြမှာလဲတဲ့ …”

“ အဲ့တာက လျှို့ဝှက်ချက် … ပြောပြလို့ မရသေးဘူး …”

“ ကျစ် …”

ကျီချင်းရန် ဆက်မမေးတော့ချေ။ မမေးချင်သောကြောင့် မဟုတ်ဘဲ သူမ ဆက်မေးမြန်းလျှင်ပင် လင်းရီက ပြောပြလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။

သူ့ဘက်က စီစဉ်မှုများ ပြုလုပ်ထားပြီး ဖြစ်ရာ သူမသည်လည်း ဘာကိုမျှ ဂရုစိုက်စရာ မလိုပါဘဲနှင့် သူ့နောက်က လိုက်ပါပေးရုံပင်။

မကြာမီ နှစ်ယောက်သား ခရီးဆောင်အိတ်ကိုယ်စီဖြင့် လေယာဉ်ပေါ်သို့ တက်လိုက်ကြ၏။

ရှစ်နာရီကြာပြီးနောက် လေယာဉ်က ဒူဘိုင်း နိုင်ငံတကာ လေဆိပ်သို့ ဆင်းသက်လာသည်။

အချိန်ကွာဟမှုကြောင့် ဒူဘိုင်းတွင် ညနေ နှစ်နာရီ ရှိနေပြီ ဖြစ်သည်။ တိုင်မင်က ကွက်တိကျပြီး လုံးဝ နောက်ကျခြင်း မရှိချေ။

“ ငါ ထင်ထားတာ နင်ငါ့ကို ဥရောပ မြောက်ပိုင်း ခေါ်သွားမယ်ထင်တာ ဒီကို ခေါ်လာတယ်ဆိုတာ ယုံကို မယုံနိုင်ဘူး …”

ကမ္ဘာ့ အချမ်းသာဆုံး နေရာတစ်နေရာ ဖြစ်သည်နှင့်အညီ ၊ ဒူဘိုင်းသည် အမြဲတစေ နိုင်ငံခြားသား ခရီးသွားတို့အတွက် ပေါ်ပြူလာဖြစ်သည့် မြို့တစ်မြို့ပင်။

နေရောင်၊ ကမ်းခြေနှင့် ဇိမ်ခံကားတို့က နေရာအနှံ့၌ မြင်တွေ့နိုင်လေသည်။

အမျိုးသား ဖြစ်စေ ၊ အမျိုးသမီး ဖြစ်စေ ၊ ဤနေရာသည်ကား မိမိတို့၏ စိတ်လှုပ်ရှားတက်ကြွစေသည့် ဟော်မုန်းတို့အား လှုံ့ဆော်ပေးနိုင်မည့် နေရာတစ်နေရာပင် ဖြစ်သည်။

သို့သော် လင်းရီအဖို့ ဤနေရာက အထူးအဓိပ္ပာယ် တစ်ခုကိုလည်း ဖော်ဆောင်နေပြန်သည်။

သူ့အမေ ရန်ကျင်းက ထွက်ခွာသွားပြီးသည့်နောက် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။ သူမ ယခုအချိန် မည်သည့် နေရာ၌ ရှိ၍ သူမနှင့် တစ်နေရာရာတွင် ဆုံတွေ့နိုင်ဦးမည်လားဆိုတာကို သိချင်နေမိတော့သည်။

All Chapters