ညနက် မုန်တိုင်း
Vol. 103 Ch. 1534
“ ဒါကြောင့်မို့လို ဒီနေ့ ခင်များပြောတဲ့ လေလံပွဲက ဖြစ်လာတာလား ဟုတ်လား …”
“ သိဘူးလေ… သူတို့ ပြောတာပဲ .. ဟုတ်မဟုတ် သူတို့ဘဲ သိမှာပေါ့ … ငါလည်း ဘယ်သိမှာ …” လျိုဟုန် ပြောလိုက်ပြီး “ ဘာလို့ဆို အရင်ကလည်း ဒီလိုမျိုး တူညီတဲ့ သတင်းတွေ ရှိခဲ့ဖူးတယ်…. ဘက်စ် သတ္တုရိုင်းနဲ့ ပြုလုပ်ထားတဲ့ ရွှေနဲ့ငွေ လက်ဝတ်လက်စားက လေလံအိမ်ကနေ ထွက်လာမယ်လို့ ပြောကြတာ အဆုံးသတ်လည်း ရောက်တော့ကျ ဘာမှ ပါမလာဘူး … သတင်းက အတုကြီး …”
လင်းရီ ဖြည်းညင်းစွာ ခေါင်းညိမ့်လိုက်ပြီး အစီအစဉ်ကို နားလည်သဘောပေါက်သွားခဲ့တော့သည်။
ဤသည်က ဘာကြောင့်လဲဆိုတော့ ဘက်စ် သတ္တုရိုင်းက တိုင်ကွန်း အများအပြားကို ဆွဲဆောင်နိုင်ပြီး လေလံပွဲ၏ အဆင့်ကို မြင့်တင်နိုင်သည်။ သူတို့ လေလံတင် ရောင်းချသည့် ကုန်ပစ္စည်းတို့ကလည်း ထင်ထားသည်ထက် ပို၍ ဈေးမြင့်မြင့် ရနိုင်မည် ဖြစ်၏။
“ ကျုပ် သိပြီ…” လင်းရီ ပြောလိုက်ပြီး “ လေလံပွဲက ဘယ်တော့လဲ …”
“ သန်ဘက်ခါ ည ၈ နာရီ …”
“ နင်ချဲ့ကို သွားခိုင်းလိုက် … တကယ်လို့ တစ်ခုခု လိုအပ်တယ်ဆို ကျုပ်ကို အသိပေး …”
“ စိတ်ချစမ်းပါ … ငါတို့တွေ အကြောင်းမရှိဘဲ မင်းကို မနှောင့်ယှက်ပါဘူးကွ….” လျိုဟုန် ပြောလိုက်ပြီး “ ဒါနဲ့ မင်း … မင်းရော ခု လက်ရှိ ဘာတွေလုပ်နေတာ …”
“ ကျုပ်လည်း ဂိမ်းဆော့နေတာလေ… ဒါပေမယ့် ကျုပ်တို့ကြား ကွာဟမှုတော့ သိပ်မရှိပါဘူး … ခင်များက 5 VS 5 … ကျုပ်က 1 VS 9 …. “
“ 1 VS 9 …. မင်းအသင်းက အဲ့လောက်ပိန်းလား …”
“ ကျုပ်တစ်ယောက်နဲ့ မိန်းကလေး ကိုးယောက် တိုက်ခိုက်ရတဲ့ ဂိမ်းကို ပြောပါတယ်…”
“ သောက်ရှက်မဲ့တဲ့ကောင် …”
“ ကျုပ် ပင်ဂွင်းက လူတစ်ချို့နဲ့ သိတယ်… အကန့်အသတ်နဲ့ ထုတ်တဲ့ စကင်တွေ ယူပေးလို့ရတယ်နော်…”
“ အဲ့တာဆို အပိုမပြောနဲ့ … တစ်စုံ အရင်ပို့လိုက် …”
“ အိုကေ …”
လျိုဟုန်နှင့် ဖုန်းပြောပြီးနောက် လင်းရီသည် ဖုန်းကို လှည့်ကစားရင်း ယခင် မြင်ကွင်းက သူ၏ စိတ်ထဲတွင် ပြန်လည် ပြသနေသည်။
တံခါးဝတွင် မြင်တွေ့ခဲ့သည့်လူက သူနှင့် ကြိမ်ဖန်များစွာ ထိတွေ့ တိုက်ခိုက်ခဲ့ဖူးသည့် အနက်ဝတ်နှင့်လူဖြစ်ကြောင်း ငါးဆယ် ရာခိုင်နှုန်းတော့ သေချာသည်။
သူ့ဘက်က သာမန် အဝတ်အစားတို့ကိုသာ ဝတ်ထားသည်ဆိုသော်လည်း အဆိုပါ ဆန်းကြယ်သည့် ခံစားချက်နှင့် နက်ရှိုင်းသည့် မျက်ဝန်းတို့က ထိုလူနှင့် တစ်ထပ်တည်း နီးပါး ထပ်တူညီကျနေလျက် ရှိသည်။
ထိုအကြောင်း စဉ်းစားမိတော့ လင်းရီသည် ရှန်းထျန်းကျိုးထံ ဖုန်းဆက်လိုက်၏။
“ ဒါရိုက်တာရှန်း …. အလုပ်ရှုပ်နေလား ….”
“ ဒီရက်ပိုင်းတော့ အလုပ်မများပါဘူး …” ရှန်းထျန်းကျိုး အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ကလေးနဲ့ ဇနီးကို အချိန်ပေးမယ်ဆိုပြီး ခရစ်စမတ် အားလပ်ရက် နှစ်ရက် ယူထားတယ်…”
ရှန်းထျန်းကျိုးက အမေရိကားတွင် ဆယ်နှစ်ကျော်မျှ နေထိုင်ခဲ့ရသဖြင့် အကျင့်တစ်ခုက အလိုအလျောက် ဖြစ်ပေါ်လာသည်။ ထိုအရာကတော့ ခရစ်စမတ် ရောက်လျှင် အလုပ်နားရမည် ဆိုတာပင်။
“ ကျုပ် ဒါရိုက်တာရှန်းကို ဒုက္ခပေးစရာလေး တစ်ခု ရှိလို့ ..”
“ ဘာများတုန်း …”
“ ဒူဘိုင်းက ဆေးလ်ဘုတ်ဟိုတယ်ရဲ့ နက်ဝေါ့ထဲ ဖောက်ဝင်ပေးနိုင်မလား .. ကျုပ် သူတို့ရဲ့ စောင့်ကြည့်ရေး မှတ်တမ်းတွေ လိုချင်လို့ …”
“ ဆေးလ်ဘုတ် ဟိုတယ် …. ဒါ တော်တော်ခက်မှာပဲ …” ရှန်းထျန်းကျိုး ပြောလိုက်ပြီး “ ဟိုတယ်ရဲ့ အရွယ်အစားနဲ့ဆိုရင် ခိုးဝင်ဖို့က လွယ်မှာ မဟုတ်ဘူး .. ဒါပေမယ့် ဖြစ်နိုင်ပါသေးတယ်.. အချိန်တော့ နည်းနည်း ပိုယူရမှာပေါ့…”
ရှန်းထျန်းကျိုးသည် လင်းယွင်အုပ်စု၏ နက်ဝေါ့လုံခြုံရေး အပိုင်းကို တာဝန်ယူထားသူ ဖြစ်သည်။ ကမ္ဘာ့ အကျွမ်းကျင်ဆုံး ထူးချွန် IT ပညာရှင်များအနက် တစ်ဦး အပါအဝင်လည်း ဖြစ်လေသည်။
သူကပင် ထိုသို့ ပြောလာသဖြင့် ဆေးလ်ဘုတ်၏ လုံခြုံရေး စနစ်သည် မည်မျှ သန်မာအားကောင်းကြောင်းကို ကောင်းကောင်း ခန့်မှန်းကြည့်၍ရသည်။
“ အောက်ကလူတွေ အားလုံးကို ပြောလိုက် … ဒီကိစ္စကို ဦးစားပေးလုပ်ပါလို့ … အရေးသိပ်ကြီးလို့ … မြန်မြန် ရနိုင်လေ ကောင်းလေပဲ ..”
“ ပြဿနာ မရှိဘူး … ဒါပေမယ့် မင်း လစာတော့ သုံးဆပေးရမှာနော်… ဘာလို့ဆို သုတေသန ပညာရှင်တွေ အကုန်လုံးက ဥရောပက … ဒီနေ့ ခရစ်စမတ်နဲ့ အနားယူနေကြတာ …” ရှန်းထျန်းကျိုး စနောက်ပြီး ပြောလိုက်သည်။
“ ပြဿနာ မရှိဘူး…. အဆင်ပြေအောင်သာ စီစဉ်လိုက် … မြန်မြန်ရလေ ကောင်းလေပဲ… ကိစ္စက အရေးတအား ကြီးလို့ …”
“ ကောင်းပြီ.. ငါနဲ့လွှဲထားလိုက် … ရရင် အကြောင်းပြန်မယ်…”
“ အိုကေ …”
ရှန်းထျန်းကျိုးနှင့် ဖုန်းပြောပြီးနောက် လင်းရီသည် အတွေးရေယာဉ်ကြောထဲ ပြန်နစ်မြောသွားခဲ့သည်။
လျိုဟုန်က သတင်းမှန်သည် ၊ မှားသည်ကို မပြောနိုင်သော်လည်းပဲ လင်းရီကတော့ မှန်ဖို့များသည်ဟု သူ့စိတ်က ထင်နေသည်။
သို့သော် သူ နားမလည်နိုင်သည့် အရာ တစ်ခုကလည်း ထပ်ရှိနေသေးသည်။ ၎င်းကို လင်းရီ စိတ်အပူဆုံးဖြစ်၏။
ယခုလေးတင် လျိုဟုန်ပြောသွားခဲ့သည်မှာ ယခင်ကလည်း ယခုကဲ့သို့ လေလံပွဲမျိုး ကျင်းပခဲ့ဖူးသည် ဟူ၍ပင်။ သို့သော် မည်သည့် ထုတ်ကုန် ပစ္စည်းကမျှ ထွက်ပေါ်လာခဲ့ခြင်း မရှိချေ။ ဟာသ သက်သက်သာ ဖြစ်နေသည်။
သို့သော် အခြားသော ဖြစ်နိုင်ချေ နောက်တစ်ခုကလည်း ရှိနေသေး၏။
လေလံပွဲတွင် သတ္တုရိုင်းက အမှန်တကယ် ထွက်ပေါ်လာပြီး လျိုဟုန်ပြောခဲ့သည့် အခြေအနေကဲ့သို့ ဖြစ်ပေါ်လာခဲ့ရခြင်းမှာ အနက်ဝတ်နှင့်လူသည် ကြိုတင်၍ ပစ္စည်းကို ခိုးယူသွားခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ဤသည်က ဘာကြောင့်လဲဆိုတော့ ယင်းက အနက်ဝတ်နှင့်လူ၏ အမူအကျင့်နှင့် ကိုက်ညီနေသည်။ ထိုလူက လက်ပူးလက်ကြပ်မိသည်ကို စောင့်ဆိုင်းနေမှာ မဟုတ်ဘဲ ကြိုတင် လှုပ်ရှားမှာ ဖြစ်သောကြောင့်ပင်။
သူတို့နှစ်ဦး ဆုံတွေ့သည့် အချိန်တိုင်း သူက အမြဲတမ်း ထိုသို့ချည်း ဖြစ်၏။
အကယ်၍ တံခါးဝတွင် တွေ့ခဲ့သည့် အနက်ဝတ်နှင့်လူက တကယ်ကြီး ထိုသူ ဖြစ်နေခဲ့မည် ဆိုပါက နင်ချဲ့၏ လေလံပွဲ အတွက် ခရီးစဉ်သည်လည်း အလဟဿ ဖြစ်သွားလိမ့်မည် ဖြစ်ပြီး အခြားသော ပြက်လုံး နောက်တစ်ခုသာ ထွက်ပေါ်လာလိမ့်မည်။
တစ်ဖန် အကျိုးအမြတ် ရရှိသွားခဲ့သည့်လူက အနက်ဝတ်နှင့်လူ ဖြစ်သွားလိမ့်မည်။
လေလံပွဲက သန်ဘက်ခါမှသာ ကျင်းပမည် ဆိုသော်လည်းပဲ အနက်ဝတ်နှင့်လူက လေလံပွဲ မစတင်မီ လှုပ်ရှားဖြစ်ဖို့ များ၏။ သို့သော် လက်ရှိ အခြေအနေအရ ကိစ္စရပ်တို့က ထို အဆင့်ထိတိုင် မရောက်သေးသည့်ပုံပင်။ ဤကဲ့သို့ ဖြစ်လာမည်ကို ကြိုတင် ကာကွယ်တားဆီးနိုင်မည့် အခွင့်အရေး တစ်ခု ရှိနေသေး၏။
သို့ပေမယ့် ဒူဘိုင်းက အခြေအနေ ကိစ္စရပ်တို့အား လင်းရီ ရင်းနှီးနေခြင်း မရှိချေ။ ထို့ကြောင့် နင်ချဲ့အား ဤအကြောင်း မေးမြန်းရန် လိုအပ်၏။
လင်းရီ ထိုကိစ္စများအား တွေးတောနေစဉ်မှာပဲ ရေချိုးခန်းထဲရှိ ရေကျဆင်းသည့် အသံတို့က ရပ်တန့်သွားခဲ့ပြီး ကျီချင်းရန်သည် သူမကိုယ်သူမ တဘက် တစ်ထည်ဖြင့် ပတ်လျက် အပြင်သို့ ထွက်လာခဲ့၏။
“ ငါပြီးပြီ … နင် ဝင်လို့ရပြီ…”
“ အလျင်လိုစရာ မလိုပါဘူး …”
လင်းရီသည် အပြုံးတစ်ခုဖြင့် ကျီချင်းရန်အနား လျှောက်လာခဲ့ကာ သူမအား ခုန်အုပ် ကျီစယ်လိုက်တော့သည်။
တောအုပ်အား ဖြတ်ကျော်၍ နက်ရှိုင်းသော ချောက်ကြီးထဲသို့ ခရီးနှင်ကာ တောင်တန်းများဆီသို့ ဖြည်းဖြည်းချင်း တက်ရောက်လာသည်။ ကျီချင်းရန်၏ မျက်နှာတစ်ပြင်လုံး နှင်းဆီရောင် တောက်ပနေကာ အင်မတန် ကဗျာဆန် လှပသည့် မြင်ကွင်းပင်။
“ လက်ဆော့မနေနဲ့ … မြန်မြန် ရေချိုးတော့ … ပြီးရင် သွားကြမယ်…”
ကျီချင်းရန် ညွှန်ကြားသည့်အတိုင်း လင်းရီသည် စကားနာခံသည့် လူလိမ္မာလေးလုပ်ကာ ရေချိုးခန်းထဲဝင်၍ စာကလေး ရေဆွတ် လုပ်လိုက်၏။
ရေချိုးခန်းထဲက ထွက်လာပြီးနောက် ကျီချင်းရန်သည် အခြား ဝတ်စုံ တစ်ခုကို လဲပြုပြီး ဖြစ်ကာ မိတ်ကပ်လိမ်းနေသည်။
“ လာ လာ … ငါနင့်ကိုလည်း နည်းနည်းတို့ပေးမယ်… အပြင်မှာ နေက အရမ်းပူတာ သုံးလေးရက် နေမှာဆိုတော့ နေပူလောင်သွားလိမ့်မယ်…”
“ ညိုသွားတော့လည်း ပိုမကောင်းဘူးလား … ပိုပြီး သန်မာတဲ့ရုပ် ပေါက်သွားမယ်လေ…”
“ မရပါဘူး … ငါတော့ နင် အခုလိုမျိုး ဖြူဖွေး နူးညံ့နေတာမျိုးလေးပဲ ကြိုက်တယ်… မဲသွားရင် ကြည့်ကောင်းတော့မှာ မဟုတ်ဘူး …”
လင်းရီ မရယ်မောဘဲ မနေနိုင်ချေ။ ဤကောင်မလေးက ရုပ်ရည်နှင့် ပတ်သက်လာလျှင် အတော်လေးကို စွဲစွဲလမ်းလမ်း ရှိလှသည်။
အရာအားလုံး ပြင်ဆင်ပြီးနောက် လင်းရီတို့နှစ်ဦးသည် ဟိုတယ်ထဲက ထွက်လာခဲ့ကာ ပန်နားမီးယား တစ်စင်း ငှားလိုက်၏။ မဟုတ်ပါက ဤနေရာတစ်ဝိုက်တွင် သွားလာ၍ လွယ်ကူလိမ့်မည် မဟုတ်ချေ။
လင်းရီသည် သူဌေးမကြီး ဖြစ်စေချင်သည့်အတိုင်း ဒူဘိုင်း မောလ်ထံသို့ မောင်းနှင်လာခဲ့၏။ ဤနေရာက ကမ္ဘာ့အကြီးဆုံး ရှော့ပင်း မောလ်ကြီး တစ်ခု အဖြစ်လည်း လူသိများကြသည်။ ဤနေရာသို့ ရောက်မှသာလျှင် လင်းရီသည် ရန်ကျင်းက SKP နှင့် ကျိုးဟိုင်က ဟေးလုံ ပလာဇာတို့မှာ ညီငယ်လေးများ ဖြစ်ကြောင်း သတိပြုမိလိုက်တော့၏။ ကွာဟမှုက သိသာကြီးမားလွန်းလှသည်။
“ လုပ် … မြန်မြန် မြန်မြန် … ငါ မစောင့်နိုင်တော့ဘူး …”
ကျီချင်းရန်၏ မျက်လုံးတို့မှာ စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပနေသည်။
လင်းရီကတော့ နားမလည်နိုင်ဖြစ်နေတော့၏။ မောလ်တစ်ခုမှာ ဈေးဝယ်ထွက်ရတာက အဲ့လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလို့လား။ နေ့တစ်နေ့ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအပိုင်းက ကိုယ့်အင်္ကျီတွေကို ဖြည်းဖြည်းချင်း အချွတ်ခံရတဲ့ အချိန် ဖြစ်သင့်တာ မဟုတ်ဘူးလား။
ကားပါကင်ထိုးပြီးနောက် သူတို့နှစ်ဦးလုံး ဒူဘိုင်းမောလ်ထဲ ဝင်ရောက်လိုက်ကြသည်။ လင်းရီသည် ကျီကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်သော်လည်း တလက်လက်တောက်ပနေသည့် အသုံးအဆောင် ပစ္စည်းတို့ဖြင့် အလှဆင်ထားသည်က လွဲ၍ ထူးထူးခြားခြား တစ်စုံတစ်ရာကို ခံစားမိခြင်း မရှိချေ။
အခြားတစ်ဖက်ရှိ ကျီချင်းရန်၏ စိတ်ဝင်စားမှုကတော့ ပျောက်ကွယ်မသွားဘဲ မောလ်ထဲရှိ အရာအားလုံးကို လိုက်ကြည့်ရန် သူမ၏ မျက်လုံးနှစ်လုံးတည်းက မလောက်ငှဟု ခံစားနေရ၏။
“ ကျိုးဟိုင်မှာလည်း ဒါမျိုးတွေရှိတာကို ဒီလောက်ထိ စိတ်လှုပ်ရှားစရာ လိုလို့လား …”
“ ဘယ်လိုလုပ် တူနိုင်မှာလဲ … နင်က အသေးစိတ်မှ လိုက်မကြည့်တာ …”
“ အတုအစစ် ခွဲနေမှာလည်း မဟုတ်တာကို ဘာလို့ အသေးစိတ် လိုက်ကြည့်နေရမှာ …”
“ အဲ့ဒီ Graff လည်ဆွဲကို မြင်လား … အဲ့တာ ဂန္တဝင် လက်ရာ … ကျိုးဟိုင်မှာ အဲ့တာမျိုး မရှိဘူး …”
“ Vancleef & Arpels က ခရမ်းရောင် လက်ကောက်ရောပဲ … ဟွာရှမှာတောင် ရှိတာမဟုတ်ဘူး … ဟို အနီရောင်လေးရောပဲ…”
“ ဒီမှာ ကာတီရာ လီရိုပါ့ ဆံထိုးနဲ့ ဟယ်ရီ ဝင်စတန်ရဲ့ နားစွဲတွေကောပဲ … ငါတို့နိုင်ငံမှာ တစ်ခုမှကို မရှိတာ … နင့်မျက်လုံးက အဲ့တာတွေကျ မမြင်ဘူးလား …”
လင်းရီ “ …… “
ကျီချင်းရန် “ ဝါး … အမေးဇင်းတွေချည်းပဲ…”
“ ငါတော့ အဲ့ဟာတွေ လိုက်ပြီး အာရုံစိုက်နေစရာ မလိုဘူးလို့ ထင်တာပဲ …”
“ ဒါဆိုလည်း နင် ငါ့အတွက် လိုက်ပြီး အာရုံစိုက်နေသင့်တယ်… “
“ အဲ့မှာ ပြဿနာပဲ … မင်းကျတော့ ငါ့အကြောင်းတွေ ဘာမှလိုက်အာရုံစိုက်မနေဘဲနဲ့များ … ဟမ့်…”
လင်းရီ ခေါင်းခါရမ်းလိုက်သည်။ အကယ်၍ သူသာ ယနေ့ ကျီချင်းရန်ကို သင်ခန်းစာ တစ်ခု မပေးဘူးဆိုပါက အနာဂတ်တွင် သူကပဲ ပိုပြီး ခံစားရဖို့ များ၏။
“ La Voiture Noire က တစ်နာရီကို ၁၈၀ မိုင်နှုန်းနဲ့ ပြေးနေချိန် သူ့ရဲ့ တာကိုမီတာမှာ RPM က ဘယ်လောက်ရှိလဲ သိလား …”
“ ဒီနှစ် ဂျော်ဒန် 13 ရဲ့ အရောင်ကရော ဘာလဲ သိလား …”
“ Faker က ဘယ်သူလဲ သိလား …”
“ အင်း ………… La Voiture Noire က ၁၈၀ မိုင်နှုန်းနဲ့ ပြေးနေရင် သူ့ RPM က 3,200 rpm ဖြစ်မယ် ထင်တာပဲ …”
“ ဂျော်ဒန် 13 ရဲ့ ဒီနှစ် အရောင်က တယ်ရာကော်တာ ဝေါ်ရီယာ …”
“ Faker က ကိုးရီးယားက … သူက LOL ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက် … အလယ်လမ်း အဓိက ထားကစားတယ် … ဒါပေမယ့် သူ့လိုမျိုးပဲ တော်တဲ့ ဟွာရှ ကစားသမားလည်း ရှိတယ်… သူတို့က လက်ရည်တူလု နီးပါးပဲ … ဒါပေမယ့် CCTV မှာ သူ့ရဲ့ ပထမဆုံး ပွဲဦးထွက် လုပ်ပြီးတော့ လူမြင်ကွင်းကနေ ပျောက်သွားခဲ့တယ်…. ငါ ပြောတာ မှန်တယ်မလား …”
လင်းရီ ဆွံ့အသွားခဲ့ရ၏။
Faker က CCTV မှာ ပါဖူးတာလားဟ …..။