← Chapters

အုပ်ဆိုင်းနေတဲ့ မြူ

Vol. 103 Ch. 1539

အုပ်ဆိုင်းနေတဲ့ မြူ

Vol. 103 Ch. 1539

ကျီချင်းရန်၏ စိတ်ခံစားချက်တို့ တည်ငြိမ်စေရန်အတွက် အချိန် အနည်းငယ် ပေးလိုက်ရသည်။

သူမ၏ အမြင်တွင် ချင်ရင်ယွဲ့သည် ဖိအားနှင့် နာကျင်မှုတို့၏ ဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့သူ ဖြစ်သည်။

လင်းရီကို မိဘမဲ့ဂေဟာသို့ ပို့လိုက်ရသည် ဆိုသော်လည်းပဲ လင်းရီသည် မေမေဝမ်၏ ကောင်းမွန်စွာ ဆက်ဆံခြင်းကို ခံရကာ မိခင် မေတ္တာရော ၊ ဖခင် မေတ္တာပါ ငတ်မွတ်ခြင်း မရှိခဲ့ချေ။

သို့သော် သူမ၏ အနာဂတ် ယောက္ခမကရော။ သူမသည် တစ်ကိုယ်တည်း ဖြစ်၏။ နေရာအနှံ့ ခရီးတို့ ထွက်ရင်း လင်းရီကို ဆက်လက် စောင့်ကြည့်နိုင်ရေးအတွက် သူမ၏ ကိုယ်ပိုင် ဘဝတွင် ခြေတစ်လှမ်း ရှေ့ဆက်မတိုးနိုင်ခဲ့ချေ။

ဤနှစ်များ တစ်လျှောက် ရုန်းကန်ခက်ခဲရဆုံးက အန်တီလင်း ဖြစ်မည်မှာ ကျိန်းသေသည်။

“ ဒီတော့ နင် အန်တီ့ကို မုန်းတော့ မမုန်းဘူးလား …”

“ ဘာလို့ မုန်းရမှာ …” လင်းရီ ပြုံးလိုက်ပြီး “ သူတို့လည်း အဲ့ဒီတုန်းက အခြေအနေမှ မကောင်းခဲ့တာ … ငါ့ကိုသာ မိဘမဲ့ ဂေဟာ ပို့မထားဘူးဆိုရင် ငါလည်း သေနေလောက်ရောပေါ့ … ပြီးတော့ သူအဲ့လိုလုပ်ခဲ့တဲ့အတွက်လည်း သူ့ကို မုန်းစရာ အကြောင်း မရှိပါဘူး … ဒါပေမယ့် …… ဒီလောက်နှစ်တွေ အများကြီး ကြာသွားတော့ ငါတို့အချင်းချင်းက သိပ်လည်း မရင်းနှီးကြဘူးလေ… နှစ်ကြိမ် သုံးကြိမ်လောက် တွေ့ရုံနဲ့ တရင်းတနှီးကြီး ရှိဖို့ဆိုတာ အတော်လေး ခက်တယ်… အထူးသဖြင့် ငါတို့နှစ်ယောက်လုံး အတွက်ပေါ့ …”

ကျီချင်းရန် အမှုမထားစွာ ခေါင်းညိမ့်လိုက်သည်။ လင်းရီ၏ အတွေးတို့က အင်မတန် နက်ရှိုင်းသည်။ တစ်နေ့တည်းနှင့် မပြီးမြောက်နိုင်သည့် ကိစ္စရပ်များစွာတို့ ရှိသည်။ နက်ရှိုင်းသည့် ရင်းနှီးမှုဟူသည်ကလည်း တစ်နေ့တည်း တည်ဆောက်၍ ဖြစ်နိုင်သည့် အရာ မဟုတ်ခဲ့ချေ။

“ သူ အခု ဘာတွေလုပ်နေလဲ ဆိုတာရော နင်သိလား …”

“ အဆင်ပြေနေတာပဲ မဟုတ်လား … မင်းက ဘာလို့ မေးနေတာ…”

“ သူငါ့ကို ပေးစွမ်းတဲ့ ခံစားချက်က တအား ထူးခြားလွန်းတယ်… နင် သိလား … အန်တီ့ကို ကြည့်ရသာ လေးစားဖို့ကောင်းတဲ့ မိသားစုက အမျိုးသမီး တစ်ယောက်လိုပဲ …”

“ ရန်ချိန်မှာတုန်းက သူ့အခြေအနေကို ပြောချင်တာလား … ချင်မိသားစုရဲ့ အခြေအနေကလည်း သိပ်ဆိုးလှတဲ့ထဲ မပါပါဘူး …”

“ ငါပြောချင်တာ အဲ့တာ မဟုတ်ဘူးဟ… အဲ့လို စိတ်နေစရိုက်မျိုးက ငွေနဲ့ ပျိုးထောင်လို့ရတာ မဟုတ်ဘူး …” ကျီချင်းရန်သည် လင်းရီ၏ လက်ကို တွဲထားရင်း သူမပြောလေလေ ၊ ပိုပြီး စိတ်လှုပ်ရှားလာလေလေ ဖြစ်နေသည်။

“ ညစာ စားတုန်းက အန်တီ့ရဲ့ အပြုအမူတွေ ၊ စိတ်နေအကျင့်စရိုက်တွေက တအား ကောင်းလွန်းတယ်… ငါတောင်မှ သူနဲ့ စားပွဲတစ်ခုတည်း အတူစားဖို့ မထိုက်တန်ဘူးလို့တောင် ခံစားမိတယ်… ငါ့မှာ အဲ့လို အမူအကျင့်မျိုး မရှိသလိုပဲ …”

“ သူက သူလေ…. မင်းက မင်းပဲကို … ဘာလို့ နှိုင်းယှဉ်နေမှာ …”

“ မဟုတ်ဘူးလို့ … နင့်အရိုးထဲထိ ထွင်းထုထားတဲ့ အံ့အားသင့်ဖို့ကောင်းတဲ့ အမှုမျိုးဆိုတာ နင် နားလည်နိုင်တာ မဟုတ်ဘူး … ငါ နည်းနည်းလေး ဖိအားများသလိုပဲ…”

“ မလိုအပ်တာတွေကို ဖိအားတွေ ဇွတ်များနေတယ် ဟုတ်လား … မင်းကတော့ ကိုယ့်ပြဿနာကိုယ် ကြံဖန်ပြီးကို ရှာတယ်…”

“ ဘာပဲဖြစ်ဖြစ် သူက ငါ့ရဲ့ အနာဂတ် ယောက္ခမပဲလေ… ဒီလောက်ထိ အံ့အားသင့်ဖို့ ကောင်းနေတာကို ငါက ဖိအား မရှိဘဲ ဘယ်လို ဖြစ်နိုင်မှာလဲ ….”

“ ဘာတွေ အဲ့လောက်ထိ ဂရုစိုက်နေတာ … ကိုယ်တစ်ယောက်တည်း မင်းကို သဘောကျရင် ပြီးပြီ မလား …”

လင်းရီ၏ ဖြောင်းဖြနှစ်သိမ့်ခြင်းကို ခံလိုက်ရပြီးနောက် ကျီချင်းရန်သည် ခံစားချက်တို့ အများအပြား ကောင်းမွန်သွားခဲ့၏။ လင်းရီ၏ လက်မောင်းကို တွယ်မှီထားရင်း မော်လ်၏ ကားပါကင်သို့ ပြန်ရောက်လာကာ ဟိုတယ်သို့ မောင်းလာခဲ့ကြသည်။

“ ချွေးတွေ ပြန်ထွက်လာလို့ ရေထပ်ချိုးဦးမယ်…”

“ အင်း .. လုပ်လေ…”

လင်းရီ အေးအေးဆေးဆေး ပြောလိုက်ပြီး ဆိုဖာပေါ် ထိုင်လိုက်၏။

သူ ရှန်းထျန်းကျိုးနှင့် နင်ချဲ့ထံ ဖုန်းဆက်ဖို့ စီစဉ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ပြန်လာသည့် လမ်းတွင် ရှန်းထျန်းကျိုးက ဖုန်းဆက်လာသော်ငြား လင်းရီ ကိုင်ခွင့် မသာချေ။

သူ ဖုန်းထုတ်လိုက်သည့် အခိုက်အတန့်တွင်ပဲ ကျီချင်းရန်သည် ရေချိုးခန်း တံခါးဝ၌ မတ်တပ်ရပ်နေကာ အထဲမဝင်သေးကြောင်းကို သတိပြုမိလိုက်သည်။

‘ ဟင် …’

“ ငါ့ကို ဘာလို့ အဲ့လိုကြီး ကြည့်နေတာ …”

“ နင်ငါ့ကို ဘာလို့ အဲ့လောက် မြန်မြန်ကြီး ရေချိုးခွင့်ပြုလိုက်တာလဲ … နင် မကောင်းတာ တစ်ခုခု လုပ်ဖို့ ကြံနေတာမလား …”

လင်းရီ “ …. “

“ ချင်းရန် … ခုမှပဲ မင်းဘယ်လောက်ထိ စိတ်ပြင်းပြလဲဆိုတာ ငါ သိလိုက်ရတော့တယ်…”

“ ငါက ဘယ်လို စိတ်ပြင်းပြနေလို့ …”

“ ငါမင်းကို ကျီစယ်ရင်ကျတော့ ငါ့ကို နှာဘူးဆိုပြီး ခေါ်တယ်… ခု မကျီစယ်ပြန်တော့လည်း ငါ့ကို မူမမှန်ဘူးဆိုပြီး ထင်တယ်… “ လင်းရီသည် ကျီချင်းရန်ကို ကျီစယ်စွာ ကြည့်လိုက်ရင်း “ အတွေးတွေက သိပ်အန္တရာယ် များတယ်နော်…”

“ ရှူး ရှူး ရှူး … နင့် အတွေးတွေကပဲ အန္တရာယ်များတာ …”

လင်းရီကို မျက်လုံးလှန်ကြည့်လိုက်ရင်း ကျီချင်းရန်သည် ရေချိုးခန်းထဲ ဝင်သွားခဲ့၏။

လင်းရီ၏ ဖုန်းထဲတွင် မဖတ်ရသေးသည့် မက်ဆေ့ချ်တို့ ဒါဇင်ကျော်အောင် ရှိနေပြီး အများစုက ရှန်းထျန်းကျိုးထံက ဖြစ်၏။

လင်းရီသည် ဒုတိယထပ်သို့ တက်၍ ရှန်းထျန်းကျိုးကို ဖုန်းပြန်ခေါ်လိုက်သည်။

“ ဒါရိုက်တာရှန်း … အခြေအနေ ဘာထူးတုန်း …”

“ မင်း ပြောတဲ့လူကို ငါရှာတွေ့ထားပြီ… သူက လွန်ခဲ့တဲ့ သုံးရက်ကတည်းကရင် ဆေးလ်ဘုတ် ဟိုတယ်မှာ တည်းနေတာ … ဒါပေမယ့် အချိန်အများစုမှာ သူ့အခန်းထဲပဲ နေတယ်… ဟိုတယ် အပြင်ထွက်တဲ့ အကြိမ်က ငါးကြိမ်တောင် မရှိဘူး …” ရှန်းထျန်းကျိုး ပြောလိုက်ပြီး “ ပြီးတော့ သူ့ကိုယ်သူလည်း တင်းကြပ်နေအောင် ဖုံးကွယ်ထားတာ ငါတောင် သူ့ပုံစံ ဘယ်လို ရှိလဲ မမြင်နိုင်တဲ့ အထိပဲ …”

“ သူ ဘယ်အခန်းမှာ နေနေလဲ ရှာပေးလို့ ရလား …”

“ အခန်း ၂၉၀၉ …” ရှန်းထျန်းကျိုး ပြန်ဖြေလိုက်၏။

“ အသုံးဝင်တဲ့ သတင်းဆိုလည်း ဒီတစ်ခု ရှိတာပဲ … စောင့်ကြည့်ရေး ကင်မရာ မြင်ကွင်းတွေကိုတော့ မင်းရဲ့ ဖုန်းထဲ ပို့ထားပေးပြီပြီ.. တစ်ချက်ကြည့်ပြီး တစ်ခုခု လိုအပ်ရင် ငါ့ဆီ ပြန်ခေါ်လိုက် …”

“ ကျေးဇူးပါ မာစတာရှန်း …”

“ ဒီကောင်စုတ်လေးကတော့ . ………….”

ဖုန်းချပြီးနောက် လင်းရီသည် ရှန်းထျန်းကျိုး ပို့လာသည့် မက်ဆေ့ချ်တို့အား လှန်လော ဖတ်ရှုတော့သည်။

သူ ပြောခဲ့သည့် အတိုင်းပင်။ သူ နေထိုင်သည့် အခန်းကလွဲ၍ ကင်မရာ မှတ်တမ်းထဲတွင် အသုံးဝင်သည့် အချက်အလက်ဟူ၍ မရှိချေ။

သုံးရက်အတွင်း အခန်းထဲ လေးကြိမ်ထွက်သည်။ သူတို့ တံခါးဝတွင် ဆုံတွေ့ခဲ့သည့် အကြိမ်ကလည်း တစ်ကြိမ် အပါအဝင်ပင်။

ထို့ပြင် သူ အပြင်ထွက်သည့် အချိန်တိုင်း၌ သူ၏ အဝတ်အစားတို့က ပြောင်းလဲသွားခြင်း မရှိချေ။ လင်းရီသည် သူ၏ မျက်နှာအား ကောင်းစွာ မမြင်နိုင်ချေ။

သူ လက်ရှိ ရရှိထားသည့် သတင်းအချက်နှင့်ဆိုပါက ထိုလူ၏ အထောက်အထားသည် ဆန်းကြယ်လို့နေသည်။ သူ လုံးဝ ခန့်မှန်းလို့ ထွက်မလာခဲ့ချေ။

လင်းရီ၏ အမူအရာသည် လေးလံနေလျက် ရှိ၏။ သူ မသေချာလင့်ကစား လုံခြုံ စိတ်ချရမှု ရှိရေးအတွက် ထိုလူကို အနက်ဝတ်နှင့်လူ ဖြစ်သည်ဟု သဘောထား ယူဆရန်သာ ရှိတော့သည်။

ကိစ္စများလုပ်ဆောင်ရာ၌ သတိဟူသည် ပိုသည် မရှိပေ။

ရှန်းထျန်းကျိုး၏ သတင်းကို ဖတ်ကြည့်ပြီးနောက် လင်းရီသည် နင်ချဲ့၏ စာများကို စတင်ဖတ်တော့သည်။ သူမက စာရွက်စာတမ်း ဖိုင်နှစ်ခုကို ပေးပို့လာသည်။

လင်းရီ တစ်ချက်ကြည့်လိုက်ပြီး လေလံပွဲက သန်ဘက်ခါတွင် ကျင်းပတော့မည်ဟု အကြမ်းဖျင်း နားလည်သဘောပေါက်သွားခဲ့တော့သည်။

လေလံကို Fuseby လေလံအိမ်က ဦးဆောင် ကျင်းပမည် ဖြစ်ပြီး ကမ္ဘာ့ နာမည် အကြီးဆုံး တာဝါဖြစ်သည့် ဟာလီဖာ တာဝါတွင် ကျင်းပလိမ့်မည်။

ထိုအချိန်သို့ ရောက်သည်နှင့် ကမ္ဘာတစ်လွှားက ချမ်းသာသည့် သူဌေးကြီးတို့အား ဖိတ်ကြားကာ လေလံပွဲ၌ ပါဝင်ရန် ကမ်းလှမ်းကြလိမ့်မည်။

လေလံပွဲ၌ ပါဝင်သည့် ပစ္စည်းများကိုတော့ နင်ချဲ့ ပြောပြထားခြင်း မရှိချေ။

ကျန်သည့် အချက်အလက်များကို ဖတ်ရှုပြီးနောက် လင်းရီသည် နင်ချဲ့ထံ ဖုန်းဆက်လိုက်၏။

“ ငါ ပို့ထားတာတွေ နင်ကြည့်ပြီးလောက်ရောပေါ့ …”

“ လေလံပွဲမှာ တင်မယ့် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဘာလို့ ဘာသတင်းမှ မရှိတာလဲ …”

“ အဲ့တာက လျှို့ဝှက်ချက် … သူတို့ ဘာတွေ တင်ရောင်းမလဲ ဘယ်သူမှ မသိကြဘူး …’

“ မင်းတောင် မရှာနိုင်ဘူးပေါ့ …”

“ ဒါပေါ့ … ဖူဆာဘိုင် လေလံအိမ်ကို အထင်မသေးလိုက်နဲ့လေ… လေလံပွဲထဲမှာ ဘက်စ် သတ္တုနဲ့ လုပ်ထားတဲ့ လက်ဝတ်တန်ဆာ ပါမယ်လို့ နောက်ကွယ်ကနေ တိတ်တဆိတ် သတင်းတွေလွင့်ပြီး လေလံပွဲကို အရှိန်ကောင်းအောင် လုပ်နေတာ … သူတို့မှာသာ အရည်အချင်း တစ်ချို့ မရှိဘူးဆိုရင် အဲ့လိုတွေ လုပ်ရဲမှာတဲ့လား … ပစ္စည်းတွေ ပေါက်ကြားပြီးတာ ကြာပေါ့ …”

လင်းရီ နှုတ်ခမ်းကိုက်လိုက်၏။ နင်ချဲ့၏ စကားလုံးတို့က ယုတ္တိရှိနေသောကြောင့်ပင်။

“ ဒါပေမယ့် ငါနည်းနည်းလေး သိချင်တာ ဘက်စ် သတ္တုက ဒီလောက်ထိ တင်းကြပ်ထားတဲ့ စီးပွားရေး လုပ်ငန်းကို သူတို့က အဲ့ဒီဥစ္စာ ဘယ်ကနေ ရခဲ့တာလဲတဲ့ …” လင်းရီ ပြောလိုက်၏။ “ တစ်ယောက်ယောက်က သူတို့ကို လျှို့ဝှက် ထောက်ပံ့နေတာများလား …”

“ လက်ရှိ အနေအထားအတိုင်း ဆိုရင်တော့ အဲ့လို ဖြစ်ဖို့ များတယ်… ဒါပေမယ့် ဘယ်သူလဲဆိုတာတော့ ငါတို့မသိဘူး … “ နင်ချဲ့ ပြောလိုက်ပြီး “ အမှန်တရား သိရဖို့ကတော့ စိတ်ရှည်ရမှာပဲလေ… လောလို့မှ မရတာ …”

“ ခုတော့ ဒါပဲ … တစ်ခုခု ဖြစ်ရင် အချင်းချင်း ဆက်သွယ်ဖို့ မမေ့နဲ့ …”

“ အိုကေ ..”

ဖုန်းချပြီးနောက် လင်းရီသည် ပြတင်းပေါက် ရှေ့သို့ သွားရပ်လိုက်သည်။

ယခု လေလံပွဲ၏ အဆင့်က ဖူဆာဘိုင် လေလံအိမ်၏ စွမ်းဆောင်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေသည်ဟု ခံစားနေရသည်။

တစ်စုံတစ်ယောက်က သူတို့အား နောက်ကွယ်ကနေ ပံ့ပိုးပေးနေဖို့ များလေသည်။

မဟုတ်ပါက သန်ဘက်ခါ ကျင်းပမည့် လေလံပွဲနှင့် ပတ်သက်သည့် လေလံပစ္စည်းတို့အား လျှို့ဝှက်ချက် တစ်ခုအဖြစ် အဖွဲ့အစည်းများစွာ၏ စုံစမ်းမှုအောက်ကနေ ထိန်းသိမ်းထားနိုင်လိမ့်မည် မဟုတ်ချေ။ ကျုံးဝေ့ တပ်ဖွဲ့ဝင် ရပ်တန့်ခြင်း ခံလိုက်ရ၏။

ကြည့်ရသည်မှာတော့ ဤသည်ကလည်း သူ့အတွက် အခွင့်အရေး တစ်ရပ် ဖြစ်နေသည့်ဟန်ပင်။

ကျီချင်းရန် သူ့အနားတွင် ရှိနေသဖြင့် ဤကိစ္စများအား ကိုင်တွယ်ရန် အချိန်မရှိခဲ့ချေ။

သို့သော် လက်ရှိ အခြေအနေအရ သူ့ကို ကူညီရန်အတွက် သူ၏ သွေးရင်းမေမေကို ဒုက္ခပေးရတော့မည်။

“ လင်းရီ … ငါပြီးပြီ… နင်ဝင်တော့ …” ကျီချင်းရန် လှမ်းခေါ်လာသည်။

“ ငါ ရေမချိုးချင်သေးဘူး …”

“ မင်းက ဖြူစင်သန့်ရှင်းနေတဲ့ လူလေ… ပြီးတော့ မင်းက ငါ့ကိုထိမှာလည်း မဟုတ်ဘူး … ဒီတော့ ငါရေမချိုးလည်း ကိစ္စ မရှိဘူး … မင်းကိုယ်မင်းသာ သေချာသန့်ရှင်းရေး လုပ်ဖို့လိုတာ … ဘာလို့ဆို ငါ ထိတွေ့ နမ်းရှုံ့ဖို့ သန့်ရှင်းနေမှ ဖြစ်မှာလေ…”

All Chapters