← Chapters

အချေအတင်

Vol. 103 Ch. 1540

အချေအတင်

Vol. 103 Ch. 1540

“ နင့်အိပ်မက်ထဲမှာလား …” ကျီချင်းရန် မော်ကြွားစွာ တုံ့ပြန်လိုက်၏။

“ နင် ရေမချိုးဘူးဆိုရင် ဒီည ဆိုဖာပေါ်မှာပဲ အိပ်… ဘယ်မှာ အိပ်ချင်လဲ ကိုယ့်ဘာကိုယ်ရွေး…”

ပြောပြီးနောက် သူမလေးသည် မာန်တက်နေသည့် မျက်နှာ အမူအရာဖြင့် ကုတင်ပေါ် တွားသွား တက်သွားခဲ့၏။

“ မင်း … စောင့်နေစမ်း … ခဏကျရင် အဲ့လို မာန်တက်နိုင်ဦးမလား ကြည့်ဦးမယ်…”

ထိုသို့ ကြိမ်းဝါးရင်း လင်းရီ ရေချိုးခန်းထဲသို့ ဝင်သွားသည်။ သို့သော် ရေချိုးဖို့ အလျင်လိုမနေချေ။ အိမ်သာ အဖုံးပေါ် ထိုင်ရင်း သူ့ရှေ့ရှိ ကိစ္စရပ်တို့အား ဆက်လက် တွေးတောနေလိုက်၏။

ယခုတော့ နင်ချဲ့သည် လေလံပွဲနှင့် ပတ်သက်၍ သတင်း အချက်အလက်တို့ပိုပြီး တူးဆွနိုင်ဖို့ရာသာ မျှော်လင့်နေမိသည်။

ဤသည်က နောင်တွင် ရှေ့ဆက်မည့် လုပ်ဆောင်ချက်တို့အား ပိုပြီး သေချာသွားစေမည်။

နာရီဝက်ကြာာပြီးနောက် လင်းရီသည် ရေချိုးခန်းထဲက ထွက်၍ ကုတင်ပေါ်သို့ ယုတ်မာမည့် အပြုံးမျိုးဖြင့် တွားသွားတက်လာခဲ့သည်။

နောက်ဆက်တွဲ လိုက်လာသည်က ကျီချင်းရန်၏ တခစ်ခစ် ရယ်မောသံတို့ဖြင့် မောဟိုက်နေသည့် တောင်းပန်တိုးလျှိုးသည့် အသံတို့သာ ဖြစ်၏။

နောက်တစ်နေ့နံနက် သူတို့နှစ်ဦးလုံး မျက်လုံးဖွင့်တော့ အချိန်က ခုနစ်နာရီ ကျော်နေပြီ ဖြစ်သည်။

ကျီချင်းရန်သည် အိပ်ရာပေါ်ဆင်း၍ အညောင်းဆန့်ပြီး လင်းရီကို လှုပ်ခါပြီး နိုးသည်။

“ မြန်မြန် ခိုးအိပ်မနေနဲ့ … ဒီမှာ မိုးလင်းနေပြီ… ငါတို့ ခဏခဏ ခရီးထွက်ဖြစ်တာလည်း မဟုတ်ဘူး … မြန်မြန်လုပ်ပြီး လမ်းလျှောက်ထွက်ရအောင်လို့ …”

ဤနှိုးစက်ကို လင်းရီ မပိတ်နိုင်သဖြင့် လင်းရီ အိပ်ရာက ထလိုက်ရ၏။ အမှန်တော့ သူ၏ စိတ်ကလည်း နိုးနေပါပြီ။

မျက်နှာသစ်၊ သွားတိုက်ပြီးနောက် သူတို့နှစ်ယောက်လုံး မနက်စာကို ဟိုတယ်၌သာ စားလိုက်ကြသည်။

အများကြီး မစားကြပေ။ သို့သော် တွက်ကြည့်လျှင် ကျသင့်ငွေက ယွမ် ၁,၀၀၀ ကျော်သည်။ ဟွာရှကထက် ဈေးအများကြီး ကြီး၏။

“ လူကြီးမင်းလင်းရဲ့ ဒီနေ့အတွက် အစီအစဉ်တွေက ဘာတွေလဲ …”

မနက်စာ စားပြီးနောက် ကျီချင်းရန်သည် မေးနှစ်ဖက်ထောက်လျက် လင်းရီကို အပြုံးဖြင့် မေးလိုက်သည်။

“ မမေးနဲ့ .. ငါ ဦးဆောင်တဲ့နောက်ကိုသာ လိုက် …”

ထမင်းစားပြီးနောက် လင်းရီသည် ကျီချင်းရန်ကို မြို့၏ ရှုခင်းကြည့်သည့် နေရာများသို့ လိုက်ပို့ပေးသည်။

IMG Theme Park နှင့် တောတွင်း စူးစမ်းလေ့လာမှု။

ကျီချင်းရန်၏ အမြင်တွင် IMG Theme Park က ဒစ်စနီလန်ထက် အများအပြား ပိုစိတ်ဝင်စားဖို့ ကောင်းပါသည်။ အရေးကြီးဆုံးကတော့ ဤနေရာ၌ တန်းစီရန် မလိုအပ်ချေ။ ကိုယ်စီးချင်သည့် အရာမှန်သမျှကို စီး၍ရသည်။ ဤသည်က ပန်းခြံ၏ ပျော်ရွှင်စရာ ကောင်းသည့် အချက်ကို ကြီးစွာ တိုးမြင့်သွားစေသည်။

ပြီးနောက် သူတို့တွေ သစ်တောအုပ်ထဲ စူးစမ်းကြ၏။ လင်းရီ၏ လှုံ့ဆော် မြှောက်ပင့်ပေးမှုအောက်တွင် နှစ်ယောက်လုံး ပထမဆုံးအကြိမ် ကုလားအုတ် စီးဖူးသွားကြသည်။

သူမ စစထိုင်ချင်းတုန်းက ကြောက်လန့်လွန်း၍ မျက်ရည်ပင်ဝဲ၏။ သို့သော် အချိန်ပြည့်သည့် အခါတွင်တော့ ဆင်းပါပြောသည့်တိုင် မဆင်းချင်တော့ချေ။

“ ကမ်းခြေ သွားကြတာပေါ့ …”

တောတွင်း စူးစမ်းသည့် ပန်းခြံထဲက ထွက်လာပြီးနောက် ကျီချင်းရန်သည် လင်းရိ၏ လက်မောင်းကို တွဲရင်း အပြုံးလေးဖြင့် ပြောလိုက်၏။ “ ငါတို့ ဒီအထိ ရောက်လာပြီးမှ ကမ်းခြေကို မသွားကြရင် နှမြောစရာကြီး …”

“ မင်း အဲ့ဒီ ဝတ်စုံသေးသေးလေးတွေ ဝယ်ထားလို့ အဲ့ဒီကို သွားချင်နေတာ မဟုတ်လား …”

“ အဲ့တာက လုံးဝကြီး မှန်မနေပါဘူးနော်..”

လင်းရီ၏ ဖော်ထုတ်ခြင်းကို ခံလိုက်ရပြီးနောက် ကျီချင်းရန်သည် ခေါင်းကို မြင့်မြင့်မော့၍ လင်းရီရှေ့ကနေ ထွက်သွားခဲ့သည်။

“ ငါက ဒီတိုင်း ရေသွားဆော့ချင်တာ … အဲ့ဒီ အဝတ်အစားတွေနဲ့ ဘာမှမဆိုင်ဘူး …”

“ ကောင်းပြီလေ… ဒါဆိုလည်း သွားကြတာပေါ့ …”

ဧကရီကျီ ဆန္ဒရှိသည့် အတိုင်း နှစ်ဦးလုံး ဒူဘိုင်းရှိ ရွှေရောင် ကမ်းခြေသို့ ရောက်လာခဲ့ကြသည်။

လင်းရီ ထင်ထားသည့်အတိုင်းပဲ ကျီချင်းရန်သည် သူမ၏ ကမ်းခြေဝတ် အဝတ်စားအသစ်ကို ကားထဲတွင် လဲလှယ်လိုက်သည်။

သူမ၏ ဖြူဖွေးကျယ်ပြောလှသည့် ကျောပြင်ကြီးကို လှစ်ဟာ ပြထားပြီး ဘေးတွင် ကြိုး အနည်းငယ်သာလျှင် ချိတ်ဆက်ထားကာ လန်းလည်း လန်းသလို ကျော့ရှင်းမှုလည်း ရှိလှ၏။

ထို့နောက် သူမ၏ ရှူးဖိနပ်ကို ချွတ်၍ ပျော့ပျောင်းနွေးထွေးသည့် ကမ်းခြေပေါ် ခြေချလိုက်လေသည်။ ပင်လယ်လေညင်းက သူမ၏ ရှည်လျားသည့် ဆံနွယ်များနှင့် စကတ်ကို တိုက်ခတ်သွားခဲ့ကာ ပင်လယ်ထဲက ထွက်လာခဲ့သည့် မဏိမေခလာ နတ်သမီးလေးအတိုင်းပင်။ ကမ္ဘာပေါ်ရှိ အလှတရားကို ဖော်ညွှန်းသည့် အရာ ပြပါဆိုလျှင် သူမကိုသာ လက်ညိုးညွှန်ရလိမ့်မည်။

ပင်လယ်ရေက ကမ်းခြေပေါ်သို့ ပြေးတက်လာပြီး ကျီချင်းရန်၏ ဖြူဖွေးနုထွတ်သည့် ခြေထောက်လေးများအား ဆားငံရည်ဖြင့် ဆေးကြောပေးသွားခဲ့သည်။

အေးမြမြ ခံစားချက်က သူမ၏ စိတ်ကို အနှောင့်အယှက် ဖြစ်စေသဖြင့် ကျီချင်းရန်သည် စကတ် အနားစကို မ၍ ပြေးတက်လာသည့် ရေတို့အား ကန်ကျောက်လိုက်၏။

“ အား ….”

ကျီချင်းရန်သည် သူမကိုယ်သူမ ပျော်မြူးဆော့ကစားနေခိုက် ရုတ်ချည်းဆိုသလို ကျယ်လောင်စွာ မြည်တမ်းမိလိုက်၏။

လင်းရီ လှည့်ကြည့်လိုက်တော့ ကျီချင်းရန်၏ တင်ကို ဘောလုံးတစ်လုံးက လာထိမှန်သည်အား မြင်တွေ့လိုက်ရလေသည်။

အကယ်၍ ကလေးငယ် တစ်ဦး၏ မရည်ရွယ်ဘဲ ထိခိုက်စေသည်ဆိုပါက လင်းရီနှင့် ကျီချင်းရန်တို့နှစ်ဦးလုံး စိတ်ရှိလိမ့်မည် မဟုတ်ချေ။ တစ်ဖက်က တောင်းပန်သည်နှင့် ဤကိစ္စကို အဆုံးသတ်ပေးလိုက်၍ရသည်။

သို့သော် တစ်ဖက်သူက အသက် ၁၈ ၊ ၁၉ လောက် ရှိမည့် အရွယ်ရောက်ပြီးသား လူငယ်နှစ်ယောက် ဖြစ်နေသည်ကို သတိထားမိလိုက်လေသည်။

သူတို့နှစ်ဦးက အသားအရေက ညိုပြီး ကိုယ်အပေါ်ပိုင်း ဗလာကျင်းနေကြသည်။ သူတို့ ဘယ်ကနေ ရောက်လာကြလဲဆိုတာကို ခန့်မှန်းရခက်လှ၏။

“ မြင်လား … ငါကန်လိုက်တာ သူ့ဖင်တည့်တည့်ပဲ …”

ပြောလိုက်သူက အရပ်ရှည်ရှည်နှင့် ကောင်လေး ဖြစ်ပြီး ခါးထောက်လျက် ရှိကာ လင်းရီနှင့် ကျီချင်းရန်အား လှောင်ပြောင် ထေ့ငေါ့စွာ ကြည့်နေသည်။

သူက အာရပ်ဘာသာစကားကို ပြောဆိုနေခြင်းပင်။

“ ရက်ဖ်မန်… မင်းက အတော်ဆုံးပဲ …”

ပြောလိုက်သူက သူ့လောက်တော့ အရပ်မရှည်ပေ။ သူနှင့် မတိမ်းမယိမ်းတွင် ရှိသည်။ ငနဲသားက ကျီချင်းရန်အား စသလို နောက်သလိုနှင့် လူမလေး ခွေးမခန့် ဖြစ်နေခဲ့၏။

“ အဲ့ မိန်းမက စောက်ရမ်းလှတယ်… ကိုယ်လုံးကိုယ်ပေါက်ကလည်း အကိတ်ကြီး … မင်းပြောတာ မှန်တယ်…”

ရက်ဖ်မန်ဟု အခေါ်ခံရသူက ရက်ဖ်မန် အက်ဒူလတ် ဖြစ်ပြီး သူက တော်ဝင်မိသားစုနှင့် သွေးနီး ဆွေမျိုး တစ်ယောက်ဖြစ်၏။

သူ့မိသားစုက ရေနံ စီးပွားရေးကို လုပ်ကိုင်ပြီး ဒေသတွင်း၌ လွှမ်းမိုးမှုက သာမန်မဟုတ်ပေ။ သူ့ဘေးတွင် ရပ်နေသူကိုတော့ ‘အာဇစ်(စ်)’ ဟုခေါ်သည်။ သူ့မိသားစု လက်ဝတ်ရတနာ လုပ်ငန်း လုပ်ကိုင်ပြီး တော်ဝင်မိသားစု မဟုတ်သော်လည်း သူ့မိသားစု၏ ဘဏ္ဍာရေး ပါဝါကို အထင်သွားသေးလိုက်၍ မဖြစ်ချေ။ ဒူဘိုင်း တစ်ခုလုံး၌ ထိပ်တန်း ၂၀ ဝင်လေသည်။

၎င်းတို့၏ စကားလုံးများကို ကြားတော့ လင်းရီ မျက်လုံး ကျဉ်းမြောင်းသွားခဲ့သည်။

အကယ်၍ မရည်ရွယ်ဘဲ ဖြစ်သည်ဆိုပါက ၎င်းတို့နှစ်ယောက်လုံး နားလည်ပေးနိုင်သော်လည်း ယခုတော့ တစ်ဖက်သူက ရည်ရွယ်ချက်ရှိရှိ ပြုသည်မှာ သိသာလှသည်။ ထို့ကြောင့် သူ လွယ်လင့်တကူ ခွင့်လွှတ်မပေးနိုင်ပေ။ ထိုအခိုက်အတန့်တွင်တော့ နှစ်ယောက်လုံးမှာ လင်းရီ၏ ဒေါသကို သတိမမူမိဘဲ ပြောရင်းဆိုရင်းနှင့် ရယ်မောနေခဲ့ကြ၏။

“ရက်ဖ်မန်…. ငါတို့ကောင်တွေ အဲ့မိန်းမဖင်ကို ဘောလုံးနဲ့ တည့်ဆော်လိုက်တာ သူ့ ကောင်လေး စိတ်ဆိုးသွားမယ်ထင်လား …”

“ ငါတော့ မထင်ဘူး …” ရက်ဖ်မန် ပြောလိုက်ပြီး “ သူတို့က ဒူဘိုင်းကို လာလည်တဲ့ နိုင်ငံခြားသားတွေ … ပြီးတော့ ဟွာရှသားကဖြစ်သေး … ငါတို့ကို ဖီဆန်ဝံ့တဲ့ သတ္တိမျိုး ဒီကောင်တွေမှာ မရှိသေးပါဘူးကွာ….”

“ အမှန်ပဲ … မင်းက တော်ဝင်မျိုးနွယ်၀င်တစ်ယောက် … ဒီတော့ မင်းရဲ့ အဆင့်အတန်းက သူတို့ထက် အများကြီး မြင့်တယ်… သူတို့ မင်းနဲ့ ဇယား လာမရှုပ်ဝံ့လောက်ဘူး …” သူတို့နှစ်ဦး ယခုလိုတွေ ပြောဆိုနေစဉ်မှာပဲ လင်းရီသည် သူတို့ထဲ ရောက်ရှိလာခဲ့သည်။

“ မင်းက ဘောလုံးကို ကန်လိုက်တဲ့ တစ်ယောက် ဟုတ်တယ်မလား …”

“ မင်းစော်က တအားလှတော့ မင်းလည်း ပျော်နေမယ်လို့ထင်တယ်…” ရက်ဖ်မန် ပခုံးတွန့်၍ သူ့အိတ်ထောင်ထဲက ငွေတစ်ထပ် ဆွဲထုတ်လိုက်သည်။ “ ဒီပိုက်ဆံတွေ ယူသွား … ငါ အခပေးတယ်လို့ သဘောထားလိုက် … မင်း စိတ်ဝင်စားရင် ငါတို့ ထပ်ဆော့လို့ ရတယ်နော်… ငါမင်းကို ပိုက်ဆံပို . . . . . .”

သူ့စကား မဆုံးခင်မှာပဲ လင်းရီသည် သူ၏ ရင်ဘက်ကို ဆောင့်ကန်လိုက်၏။

ဝှစ် …

ရက်ဖ်မန် နာကျင်စွာ မြည်တမ်းလျက် ဆယ်မီတာကျော်အောင် လွင့်ထွက်သွားလေသည်။ သွေးအလုတ်ကြီးကြီး တစ်လုတ်က သူ့ပါးစပ်ထဲက ပန်းထွက်လာပြီး မြေပြင်တွင် အချိန်တော်ကြာသည်ထိတိုင်အောင် ထဖို့ ရုန်းကန်နေရ၏။ သို့သော် မထနိုင်ပေ။ သူ့ဘေး၌ ရှိနေသည့် အာဇစ်(စ်)သည် ရက်ဖ်မန်ထံ အလျင်အမြန်ပြေးသွားခဲ့၏။

“ ညီကို … မင်း အဆင်ပြေရဲ့လား …”

ရက်ဖ်မန် သူ၏ ရင်ဘက်ကို ဖိထားရင်း “ မြန်မြန် ငါ့ ဘော်ဒီဂတ်တွေ ဒီခေါ်လိုက် … သူတို့ကို ထွက်မပြေးစေနဲ့ …”

“ မပူနဲ့ … ငါအခုသူတို့ကို အကြောင်းကြားလိုက်မယ်… ငါတို့ ဒီ ဟွာရှန့်နှစ်ကောင်ကို အလွှတ်ပေးလို့ မရဘူး…”

အာဇစ်(စ်) အကူအညီ လှမ်းတောင်းတော့မည့် အချိန်မှာပဲ ဒါဇင်ချီသည့် အနက်ရောင် အဝတ်အစားတို့နှင့် လူတို့က သူတို့နှစ်ဦးကို ဒိုင်းတစ်ဖွယ်ကာဆီးလျက် လင်းရီရှေ့တွင် ပိတ်ပင်ထားကြ၏။

ရက်ဖ်မန်က တော်ဝင်မိသားစု၏ သွေးနီး ဆွေမျိုး ဖစ်ပြီး သူ အပြင်ထွက်သည့် အခါတိုင်း သူ့ဘေးတွင် ဘော်ဒီဂတ်တို့ အမြဲပါသည်။

ထို့ပြင် သူ့ အဖေကလည်း မျက်နှာချင်းဆိုင် ဟိုတယ်၌ အစည်းအဝေး လုပ်နေသဖြင့် သူ့သားကို ကာကွယ်ဖို့ လူတစ်ချို့ စေလွှတ်ထားသည်က မထူးဆန်းချေ။

“ ဆာ … မင်း ခွင့်ပြုချက် မရှိဘဲ တော်ဝင်မျိုးနွယ် လူတစ်ယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပါတယ်.. ငါတို့ ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ရလိမ့်မယ်…”

“ မင်းတို့ ဘာတွေ ရပ်စောင့်နေတာလဲ… ငါ အရိုက်ခံလိုက်ရတာ မင်းတို့ မမြင်ဘူးလား .. မြန်မြန် သူ့ကို တိုက်ခိုက်ကြ …”

ဘော်ဒီဂတ်များ၏ အကူအညီဖြင့် ရက်ဖ်မန်သည် မတ်တပ်ရပ်၍ သူတို့နှစ်ယောက်ရှေ့တွင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ နင်တို့တွေ ကျိုးကြောင်း မဆီလျော်လွန်းဘူးလား… ဒါနင်တို့ အရင်စခဲ့တာပဲ …” ကျီချင်းရန် မကျေမနပ်ဖြစ်စွာ ခွန်းတုံ့ပြန်လိုက်၏။

“ အဲ့တော့ ဘာဖြစ်လဲ … မင်းတို့ ဟွာရှန့်တွေဆိုတာ ငါတို့ အနိုင်ကျင့်တာ ခံရမယ့် ကောင်တွေပဲ ….”

ဖြောင်း ….

လင်းရီ လက်ပင့်မြောက်၍ ချီးစကားတော်တော်ပြောသည့် ၎င်း၏ ပါးစပ်ကို သွားကျွတ်အောင် ဖြတ်ရိုက်လိုက်သည်။

All Chapters