← Chapters

အထူးလက်ဆောင်

Vol. 103 Ch. 1543

အထူးလက်ဆောင်

Vol. 103 Ch. 1543

“ ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းလိုက်လဲနော် … ငါတို့ အဲ့လို အရာမျိုးတွေနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုတာ တွေးကြည့်လိုက်ရင် …. “ ကျီချင်းရန် စောဒက တက်လိုက်သည်။

သူမ ညွှန်းဆိုနေသည်က ရက်ဖ်မန်း ဘက်ခြမ်းရှိ လူနှစ်ယောက်လုံးနှင့် လာကယ်သည့် လူသုံးယောက်လုံးကိုပင်။

လင်းရီကတော့ သူမ ယခုလို ခံစားနေရသည်ကိုလည်း အပြစ်တင်၍ မရဟု ခံစားနေရ၏။ သူတို့နှစ်ဦး၏ လှပသည့် ခရစ်စမတ် အားလပ်ရက်တွင် ထိုသို့ ဖြစ်ပျက်လာသည်က အမှန်ပင် စိတ်ပျက်ဖို့ကောင်းလွန်းလှသည်။

ကျီချင်းရန်ကဲ့သို့ အင်နိုးစန့် ဖြစ်သည့် လူသည် ဘယ်သောအခါမှ ထိုသို့သော အရာမျိုးကို လက်သင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။

လင်းရီ သူမ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ပေးလိုက်ရင်း ပြုံးလျက် ဆိုလိုက်သည်။

“ မင်း Slum Dunk ဖတ်ဖူးလား …”

“ သိတယ်… ဒါပေမယ့် ငါတော့ များများစားစားတော့ မဖတ်ဖူးဘူး … ငါ့မောင်လေးနဲ့ တခြားသူတွေကတော့ တစ်အုပ်လုံး ဖတ်ကြည့်ဖူးတယ်…” ကျီချင်းရန်သည် ပြောပြီးနောက် အတန်ငယ် စဉ်းစားလိုက်ကာ “ ငါကြားတာတော့ သူတို့တွေ နောက်ဆုံးကျ ပထမနေရာ မရလိုက်ဘူးဆိုပဲ … သူတို့ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး တော်တော်လေး နောင်တရနေခဲ့တယ်လို့ ကြားမိတယ်…”

လင်းရီ ပြုံးလျက် ခေါင်းညိမ့်လိုက်သည်။ “ ဒါပေမယ့် စာရေးဆရာ ပြောတာက အဲ့လူငယ်ရဲ့ အဆုံးသတ်က မပြည့်စုံဘူး .. ငါတို့ရဲ့ လက်ရှိ ခရီးလိုမျိုးပဲပေါ့ …”

“ ခစ်ခစ် … နင်ပြောတာကို နားလည်တယ်…”

ကျီချင်းရန်သည် လင်းရီ၏ လက်ကို ဆုပ်ကိုင်၍ ညင်သာစွာ ပြောလိုက်သည်။ “ တကယ်တမ်းကျတော့ ငါ့အထင် လူတိုင်းလည်း နောင်တကိုယ်စီ ရှိနေမယ်လို့ ထင်တယ်… ဒါပေမယ့် အဲ့ဒီ နောင်တတွေကြောင့်ပဲ ခုလက်ရှိ ငါတို့ကို ဖြစ်လာစေတာပဲ ….”

" နင့်ရဲ့ နောင်တက နင့်ငယ်ဘဝမှာ မိဘတွေ မရှိခဲ့တာ ဖြစ်လိမ့်မယ်… ဒါပေမယ့် အဲ့ဒီ နောင်တကြောင့်ပဲ နင့်ရဲ့ နှလုံးသားက မြဲမြံပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ တုပ်လှုပ်မှု သိပ်မရှိတော့ဘူး … ဒါကြောင့်မို့ နင် ဒီနေ့လို အောင်မြင်မှုတွေ ရလာခဲ့တာ … ဒါကြောင့်မို့ နောင်တရှိတာကလည်း ဆိုးတဲ့ အရာတော့ မဟုတ်ပါဘူး …”

“ ချင်းရန်က သိပ်တော်တာပဲ … ကိုယ်ဆို မင်းတို့လို ထက်မြက်တဲ့လူတွေနဲ့ပဲ စကားပြောချင်တာ … ပြောချင်တာကို ချက်ချင်း သဘောပေါက်ကြတယ်…”

“ ကဲပါ ကဲပါ … လူကို မြှောက်ပင့်နေတာတွေ တော်လိုက်တော့ ..”

ကျီချင်းရန်သည် မျက်လုံးကျဉ်းသည်အထိ ပြုံး၍ ရှက်ရွံ့နေမိခဲ့၏။

“ ညနေ သုံးနာရီတောင် ကျော်နေပြီ ပြန်ကြစို့ … ငါတို့ ဒီနေ့ တဝကြီးလည်း လည်ပြီးပြီ … ဗိုက်လည်းဆာနေပြီ…”

“ သည်းခံလိုက်ဦး… တခြားဟာတွေ ထပ်ရှိသေးတယ်…”

“ ထပ်ရှိသေးတာလား…”

“ ငါ ထပ်ပြီးပြောမယ်… ဘာမှ မမေးနဲ့ … ငါ ဦးဆောင်တဲ့နောက်သာလိုက် …”

လင်းရီတွင် အိုင်ဒီယာ အများအပြား ရှိမှန်း ကျီချင်းရန် သိပါသည်။ ထို့ကြောင့် သူမ ဆက်လက်ပြီး စကားကို အစ်အောက် မကြည့်တော့ချေ။

ဤကဲ့သို့သော ဆန်းကြယ်သည့် အရိပ်အမြွက်လေးက လူကို ပိုပြီး မျှော်တလင့်လင့်နှင့် ဖြစ်လာစေသည်။

ထို့ကြောင့် လင်းရီ၏ ဦးဆောင်မှု အောက်တွင် နှစ်ယောက်သား ဒူဘိုင်း ဆိပ်ကမ်းသို့ ရောက်လာခဲ့ကြသည်။

ဤနေရာတွင် လူလုပ်နှင့် သီးသန့်ကိုယ်ပိုင်ကျွန်း အများအပြား ရှိသောကြောင့် ၎င်းက ရဟတ်ယာဉ်များနှင့် ရွက်လှေတို့၏ စုဝေးရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။

ဤနေရာတွင် ပိုက်ဆံသာ ဖြုန်းနိုင်ပါက မည်သည့်နေရာကိုမဆို စိတ်ကြိုက်ယာဉ်နှင့် သွားလာနိုင်လေသည်။

ပတ်ဝန်းကျင်ကို ကြည့်ရင်း လင်းရီသည် သူ၏ ဝမ်ကျန်း ဆိပ်ကမ်းက နိုင်ငံတွင်း ထိပ်တန်း ဆိပ်ကမ်းတစ်ခု ဖြစ်သော်လည်း နိုင်ငံတကာ စံချိန်စံနှုန်းတို့ဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက အများအပြား လိုအပ်နေဆဲပင်။

အနည်းဆုံးတော့ ဒူဘိုင်းနှင့် ၎င်းတို့ကြားတွင် ကွာဟချက် တစ်ချို့တော့ ရှိနေသည်။

နှစ်ယောက်သား ရဟတ်ယာဉ်တစ်စင်းကို သီးသန့်ငှားကာ ကောင်းကင်ယံသို့ ဖြည်းညင်းစွာ ပျံတက်သွားခဲ့၏။

ညနေခင်းတွင် ဒူဘိုင်း၏ ကုန်းမြေသည် ရွှေချခံထားရသကဲ့သို့ ရှိသည်။

မိုးမျှော်တိုက်ကြီးတို့က ၎င်းတို့၏ အောက်တွင် တဖိတ်ဖိတ် တောက်ပနေပြီး ရွှေရောင် ကမ်းခြေနှင့် ကျောက်စိမ်းကဲ့သို့ လှိုင်းလုံးကြီးတို့က အတူရောယှက်ကာ နေဝင်ဆည်းဆာချိန် လှပသည့် ကမ်းခြေတစ်ခုကို ဖြစ်ပေါ်လာစေသည်။

အထူးသဖြင့် ဒူဘိုင်း၏ နာမည်ကြီးလှသည့် အုန်းပင်ကျွန်းပင်။ ကောင်းကင်ယံက တစ်ဆင့် ကြည့်ရှုရသည်မှာ အပြာရောင် လှိုင်းလုံးပင်လယ်တို့ကြား ပွင့်လန်းနေသည့် အသက်သစ်ပင်ကြီးကဲ့သို့ ဗိသုကာ ပညာ၏ ထူးခြားအံ့ဖွယ်တစ်ရပ်ကို မြင်တွေ့နေရပါသည်။

‘ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့အခါ တခြား အရာအားလုံးက အသေးအမွှားလေးတွေ ဖြစ်ကုန်ကြတယ်… ‘

သူတို့ရှေ့ရှိ မြင်ကွင်းက ထိုကဗျာ စာကြောင်းနှင့် လုံးဝ ထပ်တူကျနေသည်။

ကျီချင်းရန်က အမြင့်ကို နည်းနည်းလေး ကြောက်၏။ ရဟတ်ယဉ်က မြင့်သထက် မြင့်လာချိန်တွင် သူမ၏ လက်ကလည်း ပို၍ ပို၍ တင်းကြပ်လာသည်။

“ နင်စီစဉ်ထားတဲ့ နောက်တစ်ခုက skydiving တော့ မဟုတ်ဘူးမလား …”

“ ကစားချင် ရတယ်လေ… ဒါပေမယ့် ဒီနေ့တော့ မဟုတ်သေးဘူး …”

“ ရပြီ ရပြီ .. ကျေးဇူးပဲ … တွေးကြည့်ရုံနဲ့တင် ငါ အသက်ထွက်ချင်လာလို့ …”

“ ဒါပေမယ့် နင်သာ လုပ်ချင်တယ်ဆိုရင်တော့ ငါတို့ ကြိုးစားကြည့်လို့ရတယ်လေ… ငါလည်း ကြောက်တော့ကြောက်ပေမယ့် တစ်ခါလောက်တော့ ကြိုးစားကြည့်ဖူးချင်တယ်…”

“ ဒါပေမယ့် မင်း ရေသေချာမှ မကူးတတ်တာ … အဲ့လို လုပ်ချင်တာ သေချာလို့လား …”

“ ငါ့ဘာငါ ခုန်ချမယ်လို့ ဘယ်သူပြောလဲ ..” ကျီချင်းရန် ပြန်ပြောလိုက်၏။

“ မင်းဘာမင်း မခုန်ချရင် မင်းက ငါ့ကို သယ်ပေးဖို့ မျှော်လင့်နေတာလား ဟုတ်လား …”

“ အမှန်ပဲလေ… အဲ့ခါကျရင် နင်က ငါ့ကို ကျောပိုးပြီး ဒီပင်လယ်ကြီးကို ငါနဲ့အတူ ဖြတ်သန်းရမယ်…”

“ သမုဒ္ဒရာကြီး ငါးစင်းထဲ သွားပြီး လိပ်ကလေးတွေ အရင်ဖမ်းကြမယ်… ပြီးရင် ကောင်းကင် ကိုးဘုံပေါ်တက်ပြီး ကြယ်တွေဆွတ်မယ်… ဒါက ငါတို့ အတူလုပ်ရမယ့် စာရင်းထဲမှာ ရှိတယ်… တစ်ခုမှ ကျော်သွားလို့ မရဘူး …”

“ နားထောင်ကြည့်ရတာတော့ ပင်ပန်းရမယ့် အလုပ်တွေကို ငါကချည်း လုပ်ရမယ့် ပုံစံပါလား …”

“ ဘာလို့ အသေးစိတ်တွေ လိုက်စဉ်းစားနေတာ … ဘာလဲ နင်က ဆန္ဒမရှိဘူးလား …” ကျီချင်းရန်သည် လင်းရီကို ချစ်စဖွယ်လုပ်လျက် ကြည့်လိုက်၏။

“ မဟုတ်ပါဘူး မဟုတ်ပါဘူး …”

“ ကောင်းကောင်းလုပ် … စိတ်ချစမ်းပါ… နောင်ကျ နင့်ကို ဆိုးဆိုးရွားရွားကြီး ပစ်မထားပါဘူး …”

“ ဟုတ်ကဲ့ … ကျေးဇူးအများတင်ပါတယ်လို့ .. နော်..”

ရဟတ်ယာဉ်မှာ နာရီဝက်မျှကြာအောင် ပျံသန်းနေပြီး ပင်လယ်သည်လည်း သူတို့ပျံသန်းရာ တစ်လျှောက် ရွှေမှုန် အကျဲခံလိုက်ရသည့်နှယ်ပင်။

နောက်ဆုံး၌ ရဟတ်ယာဉ်သည် ကျွန်းအသေးလေး၏ နိုင်လွန် ကတ္တရာလမ်းပေါ်သို့ ခြေချလာခဲ့သည်။

ရဟတ်ယာဉ်ပေါ်က ဆင်းပြီးသည့်နောက် ကျီချင်းရန်သည် ပြောစရာစကား ပျောက်ဆုံးလို့နေသည်။

သူမ၏ ပတ်ဝန်းကျင် နေရာအများစုကို သဘာဝပေါက်ပင်တို့က ဖုံးလွှမ်းထားပြီး လေသည်လည်း လတ်ဆတ် သန့်ရှင်းနေကာ ပင်လယ်လေညှင်းတို့က နားရှိ ဆံစလေးများအား တိုက်ခတ်သွားခဲ့၏။ ဤသို့သော ခံစားချက်မျိုးက သူမ၏ မွေးညှင်းပေါက်တိုင်းကို သက်တောင့်သက်သာ အေးချမ်းသွားစေသည်။

ကျီချင်းရန် အလှမ်းခပ်ဝေးဝေးသို့ လှမ်းမျှော်ကြည့်လိုက်၏။

သုံးထပ် အဆောက်အဦး တစ်ခုကို မြင်တွေ့လိုက်ရပြီး ဒီဇိုင်းက ကျိုကျုံးဗီလာကဲ့သို့ ရိုးရှင်းပြီး စတိုင်ကျလှသည်။

ရေပန်းအသံကိုလည်း ကြားနေရပြီး ရွှေရောင်ကမ်းခြေနှင့် သူတို့ရှေ့ရှိ ကမ်းရိုးတန်းကို ထည့်ပေါင်းလိုက်တော့ မြင်ကွင်းသည် အလွန်အင်မတန် လှပနေလျက် ရှိတော့သည်။

သို့ဖြစ်သည့်တိုင် လင်းရီ အဘယ်ကြောင့် သူမကို ဤနေရာသို့ ခေါ်လာခဲ့လဲ ဆိုတာကို ကျီချင်းရန် သဘောမပေါက်နိုင်သေးချေ။

“ နင် ဒီည ဒီမှာ နေဖို့ စီစဉ်နေတာလား …”

ယင်းက ဖြစ်နိုင်သည်ဟု ကျီချင်းရန် ခံစားနေရ၏။ မည်သို့ပင်ဆိုစေ ဤနေ့က ခရစ်စမတ်နေ့ ဖြစ်သဖြင့် ညကို ပိုကောင်းသည့် နေရာလေးတွင် ကုန်ဆုံးသည်က ဖြစ်သင့်၏။

“ မှန်တယ်…”

“ ဒီက ရှုခင်းတွေ တအားလှတာပဲ … တစ်ညကို ပိုက်ဆံအများကြီး ကုန်မှာပဲနော်..”

ကျီချင်းရန်သည် ပိုက်ဆံ အကြောင်း ဂရုစိုက်လှသည် မဟုတ်ဘဲ စကားလုပ် ပြောနေခြင်းသာ ဖြစ်သည်။

“ အင်း .... ယွမ်နဲ့ဆို သန်း ၄၀၀ လောက်ပေါ့ …”

“ ဟင် …”

ကျီချင်းရန် ထပ်ပြီး တည်ငြိမ်မနေနိုင်တော့ချေ။

“ တစ်ညကို ယွမ် သန်း ၄၀၀ … နင်ငါ့ကို လာနောက်နေတာလား … ငါယုံမယ်များ နင်ထင်နေလား ….”

“ တစ်ညတည်းဆိုရင်တော့ အဲ့လောက်ကြီး ဘယ်ကုန်ကျမှာ … ငါက ဒီက ဥစ္စာအားလုံးကို ဝယ်လိုက်တာလေ… ကျွန်းလည်း အပါပေါ့… ဒါကြောင့်မို့ နည်းနည်း ပိုကုန်သွားတာ …”

ကျီချင်းရန် ကြက်သေသေသွားခဲ့သည်။ လင်းရီကို သူမ၏ ကြီးမားရွှန်းစိုသည့် မျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေကာ အသည်းယားဖွယ် ကောင်းနေတော့၏။

“ နင် ဘာပြောလိုက်တယ်… နင် ဒီ ကျွန်းတစ်ခုလုံး ဝယ်လိုက်တယ်ဟုတ်လား …”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ ဒီခုကစပြီး ဒီ ကျွန်းက ငါတို့နှစ်ယောက်ရဲ့ သီးသန့် ပိုင်ဆိုင်မုပဲ … ဒီကျွန်းကို ဘယ်လို တည်ဆောက် ပုံဖော်ချင်လဲဆိုတာတော့ မင်းအပေါ်ပဲ မူတည်တယ်…”

ပြောပြီးနောက် လင်းရီသည် သူ၏ အိတ်ကပ်ထဲက စာအိတ်တစ်ခု ထုတ်၍ ကျီချင်းရန် လက်ထဲ ကမ်းပေးလိုက်သည်။

“ ဒီမှာကြည့်လိုက် …”

သူမ စာအိတ်ကို ဂရုတစိုက် ဖွင့်ကြည့်လိုက်၏။ အိမ်ခြံမြေ ပိုင်ဆိုင်မှု စာချုပ်နှင့် အနည်းငယ် ဆင်တူသည်။

စာအိတ်၏ အရည်အသွေးက အနည်းငယ် ထူးခြားပြီး ချိတ်တံဆိပ်တစ်ခုဖြင့် ပိတ်ထားကာ တရားဥပဒေ၏ တာအလေးချိန်ကို သယ်ဆောင်ထားကြောင်း ဖော်ပြနေလျက် ရှိသည်။

အထူးသဖြင့် ကျွန်း၏ အမည်အတွက်ဆိုလျှင် ပိုမှန်မည်။ ၎င်းကို ‘ ကျီချင်းရန်’ ဟု အမည်ပေးထား၏။

တစ်နည်းဆိုသော် ကျွန်း၏ နာမည်က ယခု ‘ ကျီချင်းရန် ‘ ပင်။

“ ခုကစပြီး ဒါက ငါတို့ရဲ့ ကိုယ်ပိုင် ကျွန်းလေးပဲ … ငါတို့နှစ်ယောက်ရဲ့ သီးသန့် ပိုင်ဆိုင်မှု ဖြစ်သွားပြီ…”

ကျီချင်းရန်မှာ မျက်ရည်တို့ ယိုစီးကျလာသည်အထိ ရင်ထဲ ခံစားသွားခဲ့ရ၏။ နောက်ဆုံးတော့ လင်းရီ သူမအတွက် ပြင်ဆင်ထားပေးသည့် ခရစ်စမတ် လက်ဆောင်ကို နားလည်သွားခဲ့ချေပြီ။

“ အဲ့တာ နင့်အမှားပဲ … နင်ငါ့ကို ငိုအောင် လုပ်ပြန်ပြီ… ငါ့မိတ်ကပ်တွေ ပျက်ကုန်ပြီ.. ပြီးတော့ နင်ငါ့ကို ကြိုပြီးလည်း မပြောဘူး … နင်နောက်ခါ ဒါမျိုးထပ်လုပ်ရင် နင်နဲ့ မနေတော့ဘူး …”

“ ဘာလို့ ကြိုပြောရမှာ … အဲ့လိုဆို စပရိုက် ဘယ်ဟုတ်တော့မလဲ .. ဟုတ်တယ်မလား …”

“ အဓိကက နင်ငါ့ကို ကြိုပြောမယ်ဆို ပိုကောင်းတဲ့ နာမည်လေး ပေးလို့ရတယ်…. ခုများတော့ ဘာနာမည်ကြီး ပေးထားမှန်းကို မသိတာ …”

လင်းရီ “ …… “

ကြည့်ရတာ သူမ ရင်ထဲ ခံစားသွားရလို့ ငိုနေတာ မဟုတ်တဲ့ပုံပဲ။

All Chapters