← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

လူသစ်စုဆောင်းပွဲ စတင်ပြီဖြစ်သည်။

တည်နေရာတစ်ခုလုံးတွင် လူငယ် မိန်းကလေး၊ ယောကျာ်းလေးတို့ဖြင့်ပြည့်နှက်လျှက် ရှိ၏။

သူတို့အားလုံးသည် ကျင့်ကြံသူဖြစ်ရန် အိမ်မက်မက်ခဲ့ကြသည်။ ထို့ကြောင့် သူတို့နှင့် ကိုက်ညီသော ဂိုဏ်းအား ရှာတွေ့ရန် တက်တက်ကြွကြွ စုံစမ်းနေတော့သည်။

ဂိုဏ်းရွေးချယ်ခြင်း ဆိုသည်မှာ ဘဝတစ်ခုလုံးနှင့် သက်ဆိုင်သော အရာ ဖြစ်သည်မို့ အားလုံးသည် သေချာ အလေးအနက်ထား စဉ်းစားနေကြ၏။

တဖြည်းဖြည်းနှင့် အချိန်ကြာလေ လူတွေ ပိုမိုများပြားလာလေ ဖြစ်လာသည်။

လူယ်များသည် သုံး၊လေးယောက် အစုအဖွဲ့တို့ဖြင့် သွားလာ စနည်းနာနေကြသည်။

သို့ပေမဲ့ အဆင့်ရှစ် ဂိုဏ်းနှစ်ခုကြားတွင် ရှိနေသော သံမဏိအရိုးဂိုဏ်းအားတော့ မည်သူတစ်ဦးတစ်ယောက် ကမှ လာရောက် ဆွေးနွေးခြင်း မပြုလုပ်ကြပေ။

ဖြတ်သွားဖြတ်လာ လူငယ်များသည် ဂိုဏ်းအား တစ်ချက်ကြည့်လိုက်ကြသည်။ သံမဏိအရိုးဂိုဏ်း ဆိုသော စာသားကို မြင်သည်နှင့်တပြိုင်နှင့် အားလုံးသည် မြန်မြန်ပဲ ခြေလှမ်းကို အရှိန်မြင့်ကာ ရှောင်ရှားသွားကြ၏။

ဤရက်ပိုင်းအတွင်း ….

သံမဏိအရိုးဂိုဏ်း၏ သတင်းသည် လူသတင်း လူချင်းဆောင် ဆိုသလို သူတို့အားလုံး၏ နားထဲသို့ ရောက်ရှိခဲ့ကြပြီ ဖြစ်သည်။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်းအား သူတို့ ဝေါင်ဝေါရှေး ၊ ဝေးဝေး ရှောင်ကြခြင်း ဖြစ်၏။

“ဟင်း …”

ကျွင်းချောင်ရှောင်း အကူအညီမဲ့စွာ ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းက အဲလောက် ဆိုးလို့လား”

“အရမ်းဆိုးပါတယ်”

လုချင်းချင်းက တည့်တည့်ပဲ ပြောလိုက်သည်။

ကျွင်းချောင်ရှောင်း သူ့ ရင်ဘတ်ကို မိပြီး ပြောလိုက်၏ “ချင်းချင်း … င့ါနှလုံးသားကို နာကျင်အောင် မလုပ်ပါနဲ့လား။”

“ကောင်းပါပြီ”

လုချင်းချင်း ပြောလိုက်သည် “ဂိုဏ်းချုပ် .. ဘယ်သူမှ လာပြီး မဆွေးနွေးဘူး ဆိုမှတော့ အထုတ်ပြင်ပြီး ပြန်ကြစို့”

ကျွင်းချောင်ရှောင်း ငိုချင်သွားသည်။ ဤ မိန်းကလေးသည် သူ့အား ရင်နာအောင် ပြုလုပ်ရန် ကောင်းကင်မှ လွှတ်လိုက်သောသူ ဖြစ်နိုင်လောက်သည်။

တော်ဝင်ဓားမော့ ဂိုဏ်းနှင့် ကျားဟိန်းသံ ဂိုဏ်းတို့သည် လာရောက် ဆွေးနွေးကြသော လူငယ်များအား ရှင်းပြရင်း သံမဏိအရိုးဂိုဏ်း အား လှည့်ကြည့်ကာ လှောင်ရယ်နေကြသည်။

ကောင်လေး …

အမှန်တရား ကို နားလည်ပြီလား။

…….

သံမဏိ အရိုးဂိုဏ်းတွင် လာရောက်ဆွေးနွေးသော ကျင့်ကြံသူ တစ်ယောက်မှ မရှိပေ။ အလုပ်များနေသော တခြားဂိုဏ်းများနှင့် ယှဉ်လျှင် မတူညီသော ကမ္ဘာတစ်ခုမှ ရှိနေသလိုပင်။

“ဂိုဏ်းချုပ် …”

လုချင်းချင်း ပြောလိုက်သည် “အထုတ်ပြင်တော့မလား”

“မပြင်ဘူး ….”

ကျွင်းချောင်ရှောင်း ဆက်ပြီး ထိုင်နေလိုက်သည်။

ဤမျှ များပြားသော လူငယ်တွေ ရှိနေသည်တောင်မှ သူ့ဆီ တစ်ယောက်မှ လာမဆွေးနွေးဆိုသည်ကို သူ မယုံပေ။

“လီမိသားစုက လီချင်းယန် လာပြီ”

ဘယ်သူမှန်းမသိသော တစ်ယောက်၏ အော်သံ ထွက်ပေါ်လာသည်။ အားလုံးသည် ခေါင်းမော့ပြီး ဝင်ပေါက် တည်နေရာဆီသို့ လှမ်းကြည့်လိုက်မိကြသည်။

ကျွင်းချောင်ရှောင်း စဉ်းစားလိုက်မိ၏ “ဆယ်စုနှစ်ရဲ့ အတော်ဆုံး ပါရမီရှင်က ငါ့လောက်ချောလား ထွက်ကြည့်ရမယ်”

သူ အပြင်ဘက်သို့ ထွက်ကာ ကြည့်လိုက်သည်။

လူတွေကြားထဲမှာတော့ ဝတ်စုံဖြူ ဝတ်ဆင်ထားသော လူငယ်လေး တစ်ယောက်သည် ပွဲကျင်းပရာ တည်နေရာ ဆီသို့ ခပ်မှန်မှန် လျှောက်လှမ်းလာနေသည်။

“ဟင် …”

ကျွင်းချောင်ရှောင်း ကြောင်သွား၏ “ဒီကောင့်ကို ရင်းနှီးနေသလိုပဲ”

လုချင်းချင်း က တီးတိုးပြောလိုက်သည် “ဂိုဏ်းချုပ် ဆေးကုပေးတာတောင်မှ ကျေးဇူးတင်စကား တစ်ခွန်းမှ ပြောမသွာတဲ့သူလေ”

သူမ သတိပေးသံကို ကြားတော့ ကျွင်းချောင်ရှောင်း သေချာပြန်စဉ်းစားမိလိုက်သည် “ဟုတ်တယ်။ သူပဲ”

……

အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် ကို ပိုင်ဆိုင်သော လီချင်းယန် ရောက်ရှိလာသည်နှင့် တပြိုင်နက် ပြပွဲ တည်နေရာ တစ်ခုလုံး ပွက်လောရိုက်သွားကြ၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ကျင့်ကြံသူများ၏ ပင်ကိုယ်စွမ်းရည် အး အဆင့်နိမ့်၊ သေမျိုးအဆင့် ၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့် ၊ ထိပ်တန်း၊ သူတော်စင် ၊ နတ်ဘုရား ဟူ၍ ခွဲခြားထားသည်။

စိတ်ဝိညာဉ်အမြစ်၏ အဆင့်သည် ကျင့်ကြံသူ၏ ပင်ကိုယ်စွမ်းရည်အား ကိုယ်စားပြုသည်။ ချင်းယန်မြို့လို မြို့သေးလေးတွင် အသက်ဆယ့်ခြောက်နှစ်ဖြင့် အလတ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ် ရှိသည် ဆိုသည်ကပင် တစ်သောင်းမှာတစ်ယောက် ထူးခြားသော ပါရမီရှင်ဟု သတ်မှတ်နိုင်ပြီ ဖြစ်သည်။

လွန်ခဲ့သော နှစ်ဝက် စစ်ဆေးမှုတွင် လီချင်းယန်သည် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်ကြောင်း သိရှိသွားကြပြီးနောက်တွင်တော့ မြို့တစ်ခုလုံး၏ နံပါတ်တစ် ပါရမီရှင် တစ်ယောက် ဖြစ်လာတော့၏။

မြို့တော်ဝန် ကိုယ်တိုင်က သူ့အား လူသိရှင်ကြား ချီးကျူးခဲ့သည်။ “လီချင်းယန်က ကျုပ်ရဲ့ ချင်းယန်မြို့ အတွက် မျှော်လင့်ချက်ပဲ။ သူသာ ဇွဲရှိရှိနဲ့ ကျင့်ကြံသွားမယ် ဆိုရင် သိုင်းဘုရင် အဆင့်ကို တက်ရောက်ဖို့ ပြဿနာ ရှိမှာ မဟုတ်ဘူး။”

ထို့ကြောင့်ပင် လီချင်းယန် ရောက်လာသည်နှင့် ဂိုဏ်းပေါင်းများစွာတို့က အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြခြင်း ဖြစ်သည်။

အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်နှင့် ပါရမီရှင်အား မည်သည့် ဂိုဏ်းမဆို လိုချင်ကြလေသည်။

“သခင်လေးလီ .. ကျုပ်တို့ သံမဏိလင်းယုန်ဂိုဏ်းကို ဝင်ပါ။ တပည့်ကြီး ဖြစ်လာစေရမယ်။”

“ဂိုဏ်းတပည့်ကြီးဖြစ်တော့ ဘာကောင်းလို့လဲ။ သခင်လေးလီ .. ကျုပ်တို့ အသူရာတိမ်ဂိုဏ်းကို ရွေးပါ။ ပိုပြီး မြင့်မားတဲ့ အဆင့်ကို ရောက်ရမယ်”

“သခင်လေးလီ .. ကျုပ်တို့ ဝေလဂိုဏ်းကို ရွေးပါ။ သိုင်းပညာအရင်းအမြစ်က စုံလင်တယ်။”

“သခင်လေးလီ .. ကျွန်မတို့ ရုရီဂိုဏ်းကို ရွေးပါ။ ဂျုနီယာညီမလေးတွေက တစ်နေကုန် ပြုစုပေးလိမ့်မယ်။”

လီချင်းယန်အား ရရှိစေဖို့ များပြားလှသော ဂိုဏ်းတို့သည် အလုအယက်ဖြင့် ဆွဲဆောင်ကြတော့သည်။

သို့ပေမဲ့ ချင်းယန်မြို့၏ နံပါတ်တစ် ပါရမီရှင်ဖြစ်သော လီချင်းယန် အဖို့ အဆင့်ရှစ် နှင့် အဆင့်ကိုး ဂိုဏ်းများသည် စဉ်းစားစရာမဟုတ်ချေ။

“သခင်လေးလီ …”

ထိုအချိန်မှာပဲ အဘိုးအိုတစ်ယောက်သည် ပြုံးကာ လျှောက်လာသည် “ကျုပ်တို့ တောင်ပြာဂိုဏ်းကို ဝင်ဖို့ စိတ်ဝင်စားလား။”

“တောင်ပြာဂိုဏ်းလား။”

လူငယ်များသည် အလန့်တကြားဖြင့် ထအော်လိုက်မိကြ၏။

ကျွင်းချောင်ရှောင် း ပြောလိုက်သည် “ချင်းချင်း .. တောင်ပြာဂိုဏ်းက အရမ်းအားကောင်းလား”

လုချင်းချင်း ခေါင်းညိတ်ကာ ပြောလိုက်၏ “တောင်ပြာဂိုဏ်းက ချင်းယန်နိုင်ငံရဲ့ အဆင့်ငါး ဂိုဏ်းတစ်ခုပဲ။ ဂိုဏ်းသားတွေ အများအပြားရှိပြီး အားအင် နဲ့ အခြေခံက အားကောင်းတယ်။”

“အဆင့်ငါးလား”

ကျွင်းချောင်ရှောင်း အံ့အားတသင့်ဖြင့် ပြောလိုက်သည် “အရမ်း အားကောင်းတာပဲ”

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အနိမ့်ဆုံးဂိုဏ်းအဆင့်သည် ကိုးဖြစ်ပြီး ထိပ်ဆုံးသည် တစ် ဖြစ်သည်။ အဆင့်ငါး ဂိုဏ်းတစ်ခု ဆိုသည်မှာ မွန်းစတားတစ်ကောင်ကဲ့သို့ ကြီးမားသော ဂိုဏ်းကြီးဖြစ်သည်ဟု သတ်မှတ်နိုင်၏။

ထို့အပြင် အဆင့်ငါးနှင့် အထက် ဂိုဏ်းများမှသာလျှင် အမှန်တကယ်၌ ဂိုဏ်းဟု သုံးနှုန်းရန် သင့်တော်သည်။ အဆင့်ငါးနှင့် အောက် ဂိုဏ်းဆိုသည်များမှာ သိုင်းကျောင်းများ အဆင့်သာသာ သာ ရှိလေသည်။

လုချင်းချင်းက ဆက်ပြောလိုက်သည် “အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ပြီး ပါရမီကလည်း မဆိုးတဲ့သူ ဆိုတော့ ဒီအချိန်မှာ အဆင့်ငါး ဂိုဏ်းကို ဝင်တာ အသင့်တော်ဆုံးပဲ”

“ဒီလိုဆိုရင် ငါသူ့ကို ခေါ်နိုင်ဖို့ မျှော်လင့်ချက်မရှိတော့ဘူးပေါ့”

ကျွင်းချောင်ရှောင်း ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။

တော်ဝင်ဓားမော့ဂိုဏ်းမှ စီမံအုပ်ချုပ်သူသည် ထူးမခြားနားသလို လှမ်းပြောလိုက်သည် “သခင်လေးလီလို ပါရမီရှင်မျိုးက အဆင့်ငါးဂိုဏ်းတွေတောင်မှ ပြိုင်ဆိုင်ပြီး ဆွဲဆောင်မှ ရမယ့်သူမျိုးပဲ။ မင်းတို့ သံမဏိအရိုးဂိုဏ်းက စိတ်ကူးယဉ်နေတာ ရပ်လိုက်တော့”

“ငါတို့ လောင်းထားတာ မမေ့နဲ့နော်” ကျားဟိန်းသံဂိုဏ်းမှ တပည့်က ရယ်ကာ သတိပေးလိုက်၏။

တော်ဝင်ဓားမော့ဂိုဏ်းတပည့် က ပြန်လည် စနောက်လိုက်သည် “ပွဲက မပြီးသေးဘူးလေ။ ဒါပေမဲ့ သံမဏိအရိုးဂိုဏ်းကို ဘယ်သူမှ စိတ်မဝင်စားသလိုပဲ။ ငါတော့ ရှုံးတော့မယ် ထင်တယ်။”

သူတို့နှစ်ယောက် ကျွင်းချောင်ရှောင်းအား စနောက်နေစဉ်မှာပဲ လီချင်းယန်သည် ဆုံးဖြတ်ချက် ချပြီး ပြောဆိုလိုက်၏ “တောင်းပန်ပါတယ်။ ကျွန်တော် တောင်ပြာဂိုဏ်းကို ဝင်ဖို့ စိတ်မဝင်စားပါဘူး”

ကောင်းကင်ဘုံ။

သူ တကယ်ပဲ အဆင့်ငါး ဂိုဏ်းတစ်ခုရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်တယ်လား။

အားလုံးက မျက်လုံးအပြူးသားနှင့် ဖြစ်သွားကြသည်။

တောင်ပြာဂိုဏ်းအကြီးအကဲ သည်ပင် လီချင်းယန် ငြင်းမယ်ဟု မထင်မှတ်ခဲ့ချေ။ သို့ပေမဲ့ အရှုံးမပေးဘဲ ဆက်လက် ပြောဆိုလိုက်၏ “သခင်လေးလီ .. ငါတို့ တောင်ပြာဂိုဏ်းက ချင်းယန်နိုင်ငံရဲ့ ထိပ်တန်း ဂိုဏ်းတစ်ခုပဲ။ တကယ်ပဲ မစဉ်းစားတော့ဘူးလား”

“မစဉ်းစားတော့ပါဘူး”

လီချင်းယန် ရှေ့သို့ ဆက်လျှောက်သွားသည်။

သူသည် တောင်ပြာဂိုဏ်းကိုပင် ငြင်းပယ်ခဲ့သူ ဖြစ်သောကြောင့် အဆင့်ခြောက် ၊ အဆင့် ခုနှစ် ဂိုဏ်းများသည် သူ့အား ခေါ်ယူဖို့ နောက်ဆုတ်လိုက်ကြတော့၏။

မကြာမီမှာပဲ လီချင်းယန်သည် ပွဲတည်နေရာထဲသို့ ဟန်ပါပါ ဖြင့် ဆက်လျှောက်သွားနေလိုက်သည် ။ ပြီးနောက် တော်ဝင်ဓားမော့ဂိုဏ်းရှေ့သို့ ရောက်ရှိလာသည်။

တော်ဝင်ဓားမော့ဂိုဏ်းသားတို့က ပြုံးကာ ဆီးကြိုလိုက်ကြ၏။

ထိုသို့သော ပါရမီရှင်သည် သူတို့ဂိုဏ်းတွင်းသို့ ဝင်လာဖို့ မဖြစ်နိုင်ချေ။ သို့ပေမဲ့ ရင်းနှီးမှု ရှိထားလျှင်လည်း အရှုံးထဲမှ အမြတ်ဟု သတ်မှတ်ရမည် မဟုတ်လော။

လီချင်းယန်သည် တော်ဝင်ဓားမော့ဂိုဏ်းကို ကျော်ကာ လျှောက်သွားသည်။ ပြီးနောက် ရပ်တန့်လိုက်ပြီး ကျွင်းချောင်ရှောင်းအား ကြည့်ကာ မေးလိုက်၏ “ခင်ဗျားက သံမဏိအရိုးဂိုဏ်း ခေါင်းဆောင်လား”

ဟာ …။

ရှိရှိသမျှသော လူအားလုံးသည် ဆွံ့အသွားကြ၏။

ချင်းယန်မြို့၏ နံပါတ်တစ် ပါရမီရှင်သည် အားလုံးကို လျစ်လျှူရှုပြီး အမှိုက်ဂိုဏ်းခေါင်းဆောင်နှင့် စကား ပြောဆို၍နေလေသည်။

All Chapters