← Chapters

အခန်း (၁၀)

Vol. 1 Ch. 10

အခန်း (၁၀)

Vol. 1 Ch. 10

လီချင်းယန်သည် ဂိုဏ်းတိုင်း၏ နှလုံးသားထဲတွင် ပထမတန်းစား ပါရမီရှင် ဖြစ်သည်။ အနာဂတ်တွင် သူသည် အနည်းဆုံး သိုင်းဘုရင် အဆင့်ဖြစ်နိုင်သည်။

သံမဏိအရိုးဂိုဏ်းဆိုသည်ကတော့ ဂိုဏ်းတိုင်း၏ ပြက်လုံးတစ်ခုလိုပင်ဖြစ်သည်။ မနက်ဖြန်ဆိုလျှင်တောင် ဂိုဏ်းတစ်ခုလုံး ပျက်ဆီးပြီး သမိုင်းတွင် နာမည်တစ်ခုသာ ကျန်ရစ်မည့် ဂိုဏ်းတစ်ခုဟုပင် အားလုံးက သတ်မှတ်ထားကြ၏။

နံပါတ်တစ် ပါရမီရှင် နှင့် အမှိုက်ဂိုဏ်းတို့ကြား ခြားနားချက်သည် ကောင်းကင်နှင့် မြေကြီးလိုပင် ကွာခြားလှသည်။

သို့ပေမဲ့ လီချင်းယန်သည် သံမဏိအရိုးဂိုဏ်း ရှေ့တွင်ရပ်၍ စကားပြောဆိုနေလေသည်။

အားလုံး၏ မျက်လုံးများသည် ကျွင်းချောင်ရှောင်းဆီသို့ ကျရောက်သွား၏။ သူတို့၏ စိတ်ထဲတွင် ဤအမှိုက်ဂိုဏ်းခေါင်းဆောင်သည် ပါရမီရှင် လီချင်းယန်အား စကားစပြောစရန် မည်သည့် နည်းလမ်းများ သုံးလိုက်သနည်းဟု တွေးမိနေကြ၏။

တော်ဝင်ဓားမော့ဂိုဏ်းနှင့် ကျားဟိန်းသံဂိုဏ်း တပည့်များ၏ မျက်နှာပေါ်ရှိ အပြုံးများသည် ပျောက်ကွယ်သွားတော့သည်။

ချင်းယန်မြို့၏ ပါရမီရှင်သည် အစကနေ အဆုံးထိ သူတို့အား တစ်ချက်ကလေးမှ မကြည့်ခဲ့ချေ။ သို့ပေမဲ့ သူတို့ ဘေးရှိ အမှိုက်ဂိုဏ်းခေါင်းဆောင်နှင့်မူ စကားပြောဆိုလျှက် ရှိ၏။

သောက်ကျိုးနည်းလှချေသည်တကား။ အိမ်မက် မက်နေတာပင် ဖြစ်နိုင်သည်။

အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ပြီး အဆင့်ငါး ဂိုဏ်းကိုပင် ငြင်းပယ်ခဲ့သော လီချင်းယန်သည် အမှန်တကယ်ပင် သံမဏိ အရိုးဂိုဏ်း ခေါင်းဆောင်နှင့် စကာပြောဆိုလျှက် ရှိ၏။

“အင်း …”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ငါက သံမဏိအရိုးဂိုဏ်း ခေါင်းဆောင်ပဲ”

အားလုံးက နှာခေါင်းရှုံ့လိုက်ကြသည်။

ပါရမီရှင်တစ်ယောက်၏ ရှေ့တွင် အဘယ့်ကြောင့် အမှိုက်ဂိုဏ်းခေါင်းဆောင်သည် ယုံကြည်ချက်ရှိရှိဖြင့် တည်တည်ငြိမ်ငြိမ် ပြောဆို ဆက်ဆံနေရသနည်း။

သခင်လေးလီသည်လည်း မည်သို့တွေးတောနေသနည်း။ ထိုသို့သော ဂိုဏ်းမျိုးနှင့် စကားပြောဆိုသောကြောင့် ဂုဏ်သိက္ခာကျဆင်းမှာကို မစိုးရိမ်ဘူးလား။

ဂိုဏ်းအားလုံး၏ မျက်စိထဲတွင် သံမဏိအရိုးဂိုဏ်း ဆိုသည်မှာ အမှိုက်ပင်။ အမှိုက်သည် အမှိုက်ပုံးထဲတွင်သာ ရှိသင့်သည်။ အားလုံး၏ အာရုံစူးစိုက်မှုကို မရသင့်ပေ။

အရိုးသားဆုံးပြောရလျှင် …..

လက်ရှိအခြေအနေသည် မနာလိုစရာပင် ဖြစ်သည်။

လီချင်းယန်သည် လက်သီးကို ဆုပ်ကာ ရှက်ရွံသလို ပြောလိုက်သည် “အိမ်ကို အလျှင်စလို ပြန်ရမှာ မလို့ တောထဲမှာတုန်းက ကျေးဇူးတင်စကား မပြောခဲ့ရဘူး။ ကျွန်တော် ရိုင်းပျခဲ့မိပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။”

ဟင် ..။

ဂိုဏ်းများ၏ ကျင့်ကြံသူများအားလုံးသည် ဆွံ့အသွားကြသည်။

ချင်းယန်မြို့ ပါရမီရှင်သည် တောင်းပန်နေလေသည်။

ဘေးတစ်ဖက်တွင် ရှိသော လုချင်းချင်းပင်လျှင် အံ့အားသင့်နေပုံပေါ်၏။

မြို့၏ ပါရမီရှင်သည် ယခုလို လူကြားသူကြားထဲတွက် တောင်းပန်လျှက်ရှိသည်။ ပါရမီရှင်သည် ဦးနှောက်ရော အလုပ်ကောင်းကောင်း လုပ်ရဲ့လား။

ကျွင်းချောင်းရှောင်း အသာပြုံးလိုက်သည်။ သူ၏ စိတ်အလိုမကျမှုများသည် လေထဲတွင်ပင် ပျောက်ကွယ်သွားခဲ့သည်။

ပခုံးကို အသာတွန့်ရင်း ထူးမခြားနားသလို ပြောလိုက်သည် “သခင်လေးလီ .. ဒါ ကိစ္စသေးလေး တစ်ခုပဲ။ မင်းသာ မပြောရင် ငါ မေ့တောင်နေပြီ”

လုချင်းချင်း “……..”

စောနကလေးတင် ဂိုဏ်းချုပ်သည် လီချင်းယန်အား ကျေးဇူးမေ့သည့်ကောင် ဟု ဆဲဆိုနေသေးသည် မဟုတ်လား။

လီချင်းယန် ပြုံးကာ ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းအကြောင်း ရှင်းပြပါလား။”

ဘာလဲ။

ရှိရှိသမျှသော လူအားလုံးသည် မျက်လုံးတွေ ပြူးထွက်သွားကြရ၏။

ချင်းယန်မြို့၏ နံပါတ်တစ် ပါရမီရှင်သည် သံမဏိအရိုးဂိုဏ်းအကြောင်း သိချင်နေသည်။ ဂိုဏ်းထဲ ဝင်ရန် အစီအစဉ် ရှိနေသည်လား။

ထိုအချိန်မှာတော့ ကျားဟိန်းသံဂိုဏ်းသား ၏ မျက်နှာသည် ရှုံ့မဲ့သွားရသည်။ သူသည် ကျွင်းချောင်ရှောင်း ထံ သို့ မည်သူမှ ကျောင်းအကြောင်း လာရောက်မဆွေးဆေိုသော ဘက်ခြမ်းမှ လောင်းထားသည် မဟုတ်လား။

ယခုတော့ ကျွင်းချောင်ရှောင်းအား လာရောက်ဆွေးနွေးသူ ရှိနေသည့်အပြင် လာရောက် ဆွေးနွေးသူမှာ ချင်းယန်မြို့၏ ပါရမီရှင် လီချင်းယန်ပင် ဖြစ်လို့နေ၏။

ဤဖြစ်ရပ်သည် သူ့ပါးပိတ်ရိုက်လိုက်သလို ခံစားမိစေသည်။

“ဒင် ….”

“သီးခြား တာဝန် အသက်ဝင် ….”

အားလုံး တုန်လှုပ်နေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် နားထဲ၌ စနစ်၏ အသံကို ကြားလိုက်ရသည်။

သူ စနစ်ကို မြန်မြန်ဖွင့်ကြည့်လိုက်တော့ သံမဏိ အရိုးဂိုဏ်း၏ ကြီးမြတ်လှသော သမိုင်းကြောင်း အား ရှင်းပြပြီး ချင်းယန်မြို့ ပါရမီရှင်အား ဆွဲဆောင်ရန် ဆိုသော တာဝန် ကိုတွေ့လိုက်ရ၏။

ကျွင်းချောင်ရှောင်းသည် လီချင်းယန်အား ဆွဲဆောင်၍ ဂိုဏ်းထဲ ဝင်ရန် ပြုလုပ်ရမည့် တာဝန်ကို နားလည်သည်။ သို့ပေမဲ့ အဘယ့်ကြောင့် သံမဏိအရိုးဂိုဏ်း၏ ကြီးမြတ်လှသော သမိုင်းကြောင်းကို ရှင်းပြရမည်နည်း။

သံမဏိ အရိုးဂိုဏ်းသည် နှစ်ပေါင်းများစွာကတည်းက တည်ထောင်ထားသော ဂိုဏ်းလည်း မဟုတ်ချေ။

ဂိုဏ်းသား တစ်ယောက်တည်းသာ ကျန်တော့သော ဂိုဏ်းတစ်ခုလည်း ဖြစ်၏။

ထိုသို့သော ဂိုဏ်းမျိုးတွင် မည်သို့သော ကြီးမြတ်သည့်ဂုဏ်သတင်းရှိရမည်နည်း။

ကျော်ကြားမှုဆို၍ အရင်ဂိုဏ်းခေါင်းဆောင်ဝမ် ဆောင်ကြာမြိုင်သွားရင်း သေဆုံးသည်အထိ ဖြစ်ခဲ့သော ဖြစ်ရပ်သာ ရှိသည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စုဆောင်းမှတ်ရရှိနိုင်ရန် သူ၏ ဦးနှောက်အား အပြင်းအထန် အလုပ်ပေးတော့၏။

သံမဏိအရိုးဂိုဏ်းသည် ကြီးမြတ်သော အောင်မြင်မှု မရှိခဲ့ဘူး ဆိုလျှင်တောင်မှ သူ့အနေဖြင့် ဖန်တီးရမည်။

ဦးနှောက်အား အပြင်းအထန် အလုပ်လုပ်ရင်း ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သခင်လေးလီ … အားလုံးရဲ့ မျက်စိထဲမှာတော့ သံမဏိအရိုးဂိုဏ်း ဆိုတာ ဘာမှမဟုတ်ဘူး။”

အားလုံးက နှာခေါင်းရှုံ့လိုက်ကြသည်။

ကိုယ့်ဂိုဏ်းအကြောင်း ကိုယ်သိသားပဲ။ အဘယ့်ကြောင့် ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲဆီ လာနေရသနည်း။ အရှက်မဲ့လှချေသည်။

“ဒါပေမဲ့ ….”

ကျွင်းချောင်ရှောင်း၏ မျက်နှာသည် ရုတ်တရက် လေးနက် တည်ကြည်သွားသည်။ “ပြောရမယ်ဆိုရင် တကယ်တော့ ငါ့ရဲ့ သံမဏိ အရိုးဂိုဏ်း ဆိုတာက ရှည်လျားလှတဲ့ သမိုင်းကြောင်း ၊ နက်နဲလှတဲ့ အမွေအနှစ် တွေနဲ့ ရှေးဟောင်းဂိုဏ်းကြီးတစ်ခုပဲ”

“ရှေးဟောင်းဂိုဏ်းကြီးတစ်ခု ဟုတ်လား။”

“ဝါး ဟားဟား .. မနောက်နဲ့”

“ဒါ ကြုံသလို တည်ထောင်ခဲ့တဲ့ဂိုဏ်းတစ်ခု မဟုတ်လား။ ဘယ်လိုလုပ် ရှေးတုန်းက နဲ့ သွားပြီး ချိတ်ဆက် ပစ်လိုက်တာလဲ။ ဒီကောင့် ဦးနှောက်မှာ ပြဿနာ ရှိနေပြီ”

များပြားလှသော သိုင်းပညာရှင်များသည် အားမနာလျာမကျိုး ရယ်မောလိုက်ကြတော့၏။

ဘေးမှာရှိနေသော လုချင်းချင်း၏ နဖူးပေါ်တွင်တော့ အရေးကြောင်းတွေ ပေါ်လာသည်။

သံမဏိအရိုးဂိုဏ်းအား ရှေးဂိုဏ်းတစ်ခုဟု ပြောဆိုဖို့ ဂိုဏ်းချုပ်အနေဖြင့် မည်မျှ မျက်နှာအရေထူရမည်နည်း။ အဘယ်မျှ ကြီးမားသော သတ္တိကို ပိုင်ဆိုင်ထားသနည်း။

လီချင်းယန်သည် စိတ်ဝင်တစားဖြင့် မေးလိုက်သည် “ထပ်ပြီး ပြောပြပါအုံး”

“……….”

အားလုံး၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွားရသည်။

ပေါက်တတ်ကရတွေ လျှောက်ပြောနေခြင်းအား လိုလိုချင်ချင်နှင့် နားထောင်နေသော ချင်းယန်မြို့ ပါရမီရှင် သည် လည်း တစ်စုံတစ်ခု လွဲမှားနေတာ ဖြစ်နိုင်သည်။

သာမာန်လူဆိုလျှင် အဆင့်ငါး ဂိုဏ်းတစ်ခုအား ငြင်းပယ်ပြီး အမှိုက်ဂိုဏ်းနှင့် ဆွေးနွေးသည့် ကိစ္စအား လုပ်မည် မဟုတ်ချေ။

“သခင်လေးလီ ….”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အရှေ့ပင်လယ်ကို ကြားဖူးလား။”

လီချင်းယန် ခေါင်းညိတ်ကာ ပြောလိုက်၏ “ကြားဖူးတယ်။”

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အရှေ့ဘက်သည် ရေတွက်၍ မရအောင် များပြားသော ရေသားရဲများ နှင့်ပြည့်နှက်နေသည့် သမုဒ္ဒရာကျယ်ကြီး တည်ရှိသည်။ အလွန် အန္တရာယ်များသော တည်နေရာလည်း ဖြစ်၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အရှေ့ပင်လယ် အဆုံးမှာ အလိုင်လို့ ခေါ်တဲ့ နိုင်ငံတစ်ခု ရှိတယ်။ သခင်လေး လီ ကြားဖူးလား။”

“အလိုင် …”

လီချင်းယန် ခေါင်းခါယမ်းပီး ပြောလိုက်သည် “အရှေ့ပင်လယ်အကြောင်း စာအုပ်တွေထဲမှာပဲ ဖတ်ဖူးတာ။ တစ်ခါမှ မရောက်ဖူးဘူး။ ဒါကြောင့် အဲဘက် နိုင်ငံတွေအကြောင်း မသိဘူး။”

သူတင်မဟုတ်ပေ။ ဤနေရာတွင် ရှိရှိနေကြသော လူအားလုံးတို့သည် ထိုနိုင်ငံအား မကြားဖူးကြချေ။

ကျွင်းချောင်ရှောင် းပြောလိုက်သည် “အဲမှာ တောင်ကြီးနှစ်တောင်ရှိတယ်။ တစ်ခုက ဟွာတောင် ဖြစ်ပြီး တစ်ခုက သံမဏိအရိုးတောင်ပဲ။ ငါတို့ သံမဏိ အရိုးဂိုဏ်းက သံမဏိအရိုးတောင် ကနေ ဖြစ်တည်လာတာ။ ပထမဆုံး ဂိုဏ်းခေါင်းဆောင်က စွန်းဝူခုံး လို့ခေါ်ပြီး သူက ကောင်းကင်ဘုံရဲ့ သူတော်စင် အဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ”

ကျွင်းချောင်ရှောင်းသည် အရှေ့အရပ်သို့ ခရီးထွက်ခြင်း ဝတ္တုထဲမှ ဇာတ်ကောင်အကြောင်း ပြန်ပြောပြလိုက်သည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ကျင့်ကြူံ များ အားလုံးသည် စွန်းဝူခုံးအကြောင်း သိကြမည် မဟုတ်ချေ။

“ပေါက်ကရတွေ …”

ထိုအချိန်မှာပဲ တောင်ပြာဂိုဏ်းအကြီးအကဲ က လျှောက်လာပြီး ပြောသည် “အရှေ့ပင်လယ် ဆိုတာ အရမ်း အန္တရာယ်များတယ်။ သိုင်းအုပ်ချုပ်သူအဆင့်တောင်မှ အဲကို မသွားနိုင်ဘူး။ သံမဏိအရိုးတောင် မပြောနဲ့ အလိုင်ဆိုတဲ့ တောင်အကြောင်းတောင် ဘယ်သူမှ ပြောတာ မကြားဖူးဘူး။”

“အမှန်ပဲ။”

“ငါလည်း ငယ်ငယ်ကတည်းက စာတွေ ဖတ်လာတာ။ အလိုင်နဲ့ သံမဏိအရိုးတောင် ဆိုတာ ကြားကို မကြားဖူးဘူး”

“ဒီကောင် ယုံတမ်းတွေ လျှောက်ပြောနေတာပဲ”

“ငါတို့ကို သုံးနှစ်သား ကလေးတွေလို့ ထင်နေတာလား။”

အားလုံးက ပြောဆိုရင်းကနေ ဒေါသတွေပင် ထွက်လာကြ၏။

“အဘိုးကြီး”

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို တည်တည်ငြိမ်ငြိမ် ဖြင့် ပြောလိုက်သည် “ခင်ဗျား ကြယ်ကြွေကုန်းမြေတိုက်ကြီးအကြောင်း ဘာမှမသိဘူးလို့ ကျုပ် ပြောနိုင်တယ်။”

“……….”

အားလုံး၏ နှုတ်ခမ်းတွေသည် တဆတ်ဆတ် တုန်ရင်သွားသည်။

စွမ်းအင်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူလေးတစ်ယောက်သည် တောင်ပြာဂိုဏ်းမှ အကြီးအကဲအား ဘာမှသိသူ မဟုတ်ဟု မကြောက်မရွံ့ပြောဆိုနေ၏။

“ကောင်းတယ်။ ကောင်းတယ်”

တောင်ပြာဂိုဏ်း အကြီးအကဲသည် သူ၏ ဒေါသအား ဖိနှပ်ရင်း အေးစက်စက် ပြောလိုက်သည် “ဒီအဘိုးကြီးက မောက်မာတယ်။ ဒီတော့ ဂိုဏ်းချုပ် ကျွင်းကို မေးချင်မိတယ်။ မင်း ပြောတဲ့ စွန်းဝူခုံးက ဘယ်သူလဲ။ သူ့ ဆရာကရော ဘယ်သူလဲ။”

ယုံတမ်းတွေ လျှောက်ပြောချင်တယ် ဟုတ်လား။

ငါ မေးလေ မင်း ဒုက္ခရောက်လေပဲ ဖြစ်မယ်။ ဟားဟား။

All Chapters