← Chapters

အခန်း (၁၃)

Vol. 1 Ch. 13

အခန်း (၁၃)

Vol. 1 Ch. 13

တပည့်တစ်ယောက် ပိုမို၍ အာကောင်းလာစေရန် သင်ပြပေးမည် ဆိုလျှင် သိုင်းပညာနှင့် ပတ်သက်သော တာအိုသည်လည်း မြင့်မားစွာ နားလည်မှု ရှိရမည်။

ဂိုဏ်းတွေမဆိုနှင့် မိသားစု များ၊ ကျောင်းများတွင်ပင် သိုင်းတာအိုနှင့် ပတ်သက်သော ညွှန်ပြသူများ ထားရှိကြ သည်။

သံမဏိအရိုးဂိုဏ်းခေါင်းဆောင်သည် လီချင်းယန်အား ထိပ်ဆုံးရောက်အောင် ပြုလုပ်ပေးမည်ဟု အာမဘန္တေခံခဲ့သည်။ ထို့ကြောင့် တောင်ပြာဂိုဏ်း အကြီးအကဲသည် ဝင်ကာမေးလိုက်ခြင်း ဖြစ်၏။

ထိုမေးခွန်းသည် အမှန်ပင် ထောင်ချောက်ဖြစ်၏။

ကျွင်းချောင်ရှောင်း အနေဖြင့် သိုင်းတာအိုကို နားလည်သည်ဟု ဆိုလလာလျှင် သူသည် ည့ွှန်ပြပေးရန် တောင်းဆိုတော့မည် ဖြစ်သည်။

နားမလည်စု ဆိုလာပါက လီခေါင်းဆောင်သည် ဒေါသပိုထွက်လာပြီး သူ့သားအား အတင်းဆွဲခေါ်သွားလိမ့်မည်။

သက်တမ်းရင့်သော ဂျင်းသည် ပို၍ စပ်သည် ဆိုသော စကားရှိသည် မဟုတ်လား။ သူ အသက်ကြီးလာခြင်းသည် လေတိုက်ရုံဖြင့် ကြီးလာခြင်းမဟုတ်ပေ။

သူ၏ စကားတွင် ချီးကျူးသော စကားလုံးများ ပါဝင်သော်လည်း အန္တရာယ်တွေ ပါရှိလို့နေ၏။ ကျွင်းချောင်ရှောင်း အား ကျိန်းသေပေါက် အရှက်ရအောင် သူ လုပ်တော့မည်။

များပြားလှသော ကျင့်ကြံသူများသည်လည်း နှုတ်ခမ်းမဲ့ကာ ကျွင်းချောင်ရှောင်းအား ကြည့်နေကြ၏။

ကျင့်ကြံခြင်းအဆင့်ပင်လျှင် စဦးအဆင့်မှာသာ ရှိနေသေးသော ဂိုဏ်းခေါင်းဆောင် တစ်ယောက် အနေဖြင့် သိုင်းတာအိုကို မည်သို့ နားလည်လိမ့်မည်နည်း။

ကျွင်းချောင်ရှောင်း သည် အကျင့်အတိုင်း သူ၏ နှာခေါင်းအား ပွတ်သပ်ရင်း ပြောလိုက်၏ “ကျုပ်က မမောက်မာရဲပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ဘယ်တုန်းကမှ အထင်မသေးခဲ့ဖူးဘူး။ သိုင်းတာအို အကြောင်း ပြောရမယ် ဆိုရင် ဒီမှာ ရှိတဲ့သူ အားလုံးထက် ကျုပ်က ပိုပြီး အတွေ့အကြုံများတယ်”

“ဒီကောင်ကတော့ တကယ့် ပေါက်ပန်းလေးဆယ်ကောင်ပဲ။”

“အခုက ချင်းယန်မြို့ထဲမှာသာ မဟုတ်ရင် ငါ ဒီအကောင်ကို ပြေးကန်ပြီးပြီ။”

“ငါလည်း အသည်းတွေ ယားနေပြီ”

များပြားလှသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများသည် ဆက်လက်၍ နားထောင်ခြင်းငှာ မစွမ်းသာတော့ပေ။ သူတို့ စတင်ကျင့်ကြံခဲ့စဉ်ကနေ ယခုအချိန်ထိ ဤမျှ ပေါက်ကရပြောသောသူ အား ပထမဆုံး မြင်ဖူးခြင်း ဖြစ်တော့သည်။

“ဒီမှာ ရှိတဲ့ သူ အားလုံးထက် သာတယ် ဟုတ်လား။”

လီခေါင်းဆောင်က အေးစက်စက် ပြောလိုက်သည် “ဒီလီ က ဂိုဏ်းချုပ်ကျွင်းကို သိုင်းတာအို နဲ့ ပတ်သက်တာ နည်းနည်းမေးချင်တယ်။”

တောင်ပြာဂိုဏ်းအကြီးအကဲသည် ဘာတစ်ခုမှ မဆိုဘဲ ပြုံးရုံသာ ပြုံးလိုက်မိသည်။ ဤမေးခွန်းအား သူ မေးချင်မိသည်။ သို့ပေမဲ့ ယခု လီခေါင်းဆောင် သူ့အစား မေးနေသည် ဆိုတောာ့ ပို၍ သင့်လျော်လှပေသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “လီခေါင်းဆောင် ဘာကို အကြံပြုစေချင်လဲ ပြောပါ”

သူသည် တည်ငြိမ်ပုံပေါ်နေသော်လည်း အမှန်တကယ်တန်းတွင်တောာ့ ကုန်သွယ်စတိုးကို ဖွင့်၍ လက်ရှိအခြေအနေနှင့် သင့်တော်သော မည်သည့်ပစ္စည်းရှိသနည်း ဆိုသည်ကို အလောသုံးဆယ် ရှာဖွေနေမိသည်။

သူသည် အဆင့်ငါး စွမ်းအင်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်မို့ သူ့တွင် ကျိန်းသေပေါက် သိုင်းတာအို မရှိချေ။ ထို့ကြောင့်ပင် မျက်ပြူးဆန်ပြာ ဖြင့် ရှာဖွေနေရခြင်း ဖြစ်လေသည်။

လီခေါင်းဆောင်က အသာမေးလိုက်သည် “ချင်းယန်မြို့မှာ နှစ်ရာချီ အစဉ်အဆက် ဆင်းသက် လက်ခံရယူလေ့ရှိတဲ့ ဓားသိုင်းတစ်ခု ရှိတယ်။ အဲတာကို ကိုးလှိုင်းဓားသိုင်း လို့ ခေါ်တယ်။ နာမည်အရဆိုရင် ဓားကွက် ကိုးကွက် ရှိရမှာ ဆိုပေမဲ့ တကယ်တန်းမှာ ရှစ်ကွက်ပဲ ရှိတယ်။ နောက်ဆုံး ဓားကွက်က ဖွက်ထားတာပဲ။ ဂိုဏ်းချုပ်ကျွင်း အနေနဲ့ သိုင်းတာအိုကို နားလည်တယ် ဆိုတော့ နောက်ဆုံး ဓားကွက်ကို ဖော်ထုတ်နိုင်မလား။”

“ဟားဟား …..”

“လီခေါင်းဆောင်က တကယ့်ကို တော်တဲ့သူပဲ။”

ချင်းယန်မြို့မှ ကျင့်ကြံသူများသည် တဘောတကျ နှင့် ရယ်မောလိုက်ကြ၏။

ကိုးလှိုင်းဓားသိုင်းသည် သူတို့မြို့၏ ကျော်ကြားလှသော ဓားသိုင်းဖြစ်သည်။ စွမ်းအင်ဖွင့်ခြင်း အဆင့် ငါး ရောက်သည်ဆိုသည်နှင့် မြို့တွင်းရှိ ကြိုက်သည့် ဆိုင်တွင် မေးမြန်းဝယ်ယူ၍ ရနိုင်သော ဓားသိုင်းလည်း ဖြစ်သည်။

ဓားသိုင်း၏ ပထမစာမျက်နှာမှာကတည်းက ဓားကွက်သည် ရှစ်ကွက်သာ ရှိပြီး နောက်ဆုံးဖြစ်သော ကိုးကွက်မြောက် အတွက် မိမိဘာသာ တီထွင်ဖန်တီးရန် လိုအပ်ကြောင်း ရေးသားထားသည်ကို မြင်နိုင်၏။

နှစ်ပေါင်းတစ်ရာအတွင်း သောင်းနှင့်ချီသော ကျင့်ကြံသူများသည် ကိုးလှိုင်းဓားသိုင်းအား ကျင့်ကြံခဲကြသည်။ သို့ပေမဲ့ နောက်ဆုံးဓားကွက်ကို နားလည်သူဟူသည်ကား မရှိခဲ့ပေ။

ကောလဟာလများအရ ဆိုလျှင် ချင်းယန်မြို့တော်ဝန် တစ်ယောက်သည်သာ နောက်ဆုံးဓားကွက်ကို နားလည်ခဲ့သည် ဟူ၍ သတင်းကြီးသည်။ သို့ပေမဲ့ မြို့တော်ဝန် နားလည်ခဲ့သည်မှာ ငယ်ရွယ်စဉ် က ဖြစ်သောကြောင့် မည်သူမှ နဝမမြောက် ဓားကွက်အား မမြင်ဖူးချေ။

“ကိုးလှိုင်းဓားကွက်လား။”

တောင်ပြာဂိုဏ်းအကြီးအကဲသည် တီးတိုးရေရွတ်လိုက်သည်။ သူလည်း ထိုဓားကွက် အား ကြားဖူး၏။ ဓားကွက်အား ဝယ်ယူရန်ပင် စဉ်းစားခဲ့မိသေးသည်။ သို့ပေမဲ့ အဆင့်နိမ့်ဓားသိုင်း တစ်ခုဖြစ်သောကြောင့် ဝယ်ယူမည့် အကြံအစည်အား လက်လွှတ်ခဲ့သည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သိုင်းပညာ၊ ကျင့်ကြံခြင်းနည်းစနစ် တို့အား အဆင့်အမျိုးမျိုးဖြင့် ခွဲခြားထားသည်။ စိတ်ဝိညာဉ်အမြစ် ကဲ့သို့ပင် အဆင့်နိမ့်၊ သာမာန် ၊ အလယ်အလတ် ၊ အဆင့်မြင့် ၊ သူတော်စင် ၊ နတ်ဘုရား အဆင့်ဟူ၍ ခွဲခြားထား၏။

တောင်ပြာဂိုဏ်းအကြီးအကဲသည် သိုင်းဆရာ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ဂိုဏ်းထဲတွင် သူသည် သာမာန်အဆင့်နှင့် အထက် သိုင်းပညာများအား သင်ယူနိုင်သည်။ ထို့ကြောင့် အဆင့်နိမ့် သိုင်းကွက်များအား စိတ်မဝင်စားခြင်း ဖြစ်သည်။

ပြောရမည်ဆိုလျှင် …

အဆင့်မြင့်ဓားကွက်ဖြစ်နေလျှင် ချင်းယန်မြို့၌ ပေါပေါသီသီ ဘယ်ရမည်နည်း။

“ဂိုဏ်းချုပ်ကျွင်း ….”

တောင်ပြာဂိုဏ်းအကြီးအကဲသည် ပြုံးလိုက်သည် “ဒီအဘိုးကြီးက ကိုးလှိုင်းဓားသိုင်း အကြောင်း ကြားဖူးတယ်။ နဝမမြောက် သိုင်းကွက်ကို မင်း နားလည်တယ် ဆိုရင် မင်းဆီမှာ တကယ့်ကို အရည်အချင်းရှိနေလို့ပဲ”

အဘိုးကြီးသည် မီးလောင်ရာကို အားပေးသော အောက်ဆီဂျင်ပင် ဖြစ်လေတော့သည်။

ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည် “သာမာန် ဓားသိုင်းတစ်ခု လောက်ကို နားလည်ဖို့ ဘာလို့ အဲလောက်ခက်နေတာလဲ”

အားလုံးရှုံ့မဲ့သွားကြသည်။

နှစ်တစ်ရာအတွင်း နားလည်သူ မရှိသော ဓားသိုင်း ကို အထင်သေးနေလေ၏။

လီချင်းယန်သည် အမျာကြီးမျှော်လင့်ထားမိ၏။ သူသည်လည်း ကိုးလှိုင်းဓားသိုင်း အား လေ့ကျင့်ဖူးသည်။ သို့ပေမဲ့ ရှစ်ကွက်မြောက်မှာပဲ တစ်လို့နေ၏။ ဂိုဏ်းချုပ်သာ ကိုးကွက်မြောက် အား နားလည်မည် ဆိုလျှင် သူ လူ နှင့် ဂိုဏ်းရွေးမမှားကြောင်း ထင်ပေါ်သွားခဲပြီ ဖြစ်သည်။

အားလုံး၏ အကြည့်အောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကုန်သွယ်စတိုးအား မြေလှန်နေပြီ ဖြစ်သည်။ သူသည် ဓားသိုင်းနှင့် ပတ်သက်သော အရာတစ်ခုခု အား ရှာဖွေသော်လည်း တစ်ခုမှကိုမတွေ့ရချေ။

သွားပြီ။ သွားပြီ။

ဓားသိုင်းတစ်ခုခု မရှိဘဲ သူ မည်သို့ ကြွားလုံးထုတ် ဟန်ပြ၍ ရမည်နည်း။

“ဟမ် …”

ရုတ်တရက် ဆိုသလိုပဲ ကျွင်းချောင်ရှောင်း၏ အကြည့်သည် အသိအမြင် အဆောင် ဆိုသော အရာဝတ္တုပေါ်သို့ ကျရောက်သွားသည် ။ သူ မြန်မြန်ပဲ အသေးစိတ် အချက်အလက်များအား ဖတ်ကြည့်လိုက်၏။

“ပစ္စည်း - စဦး အသိအမြင်အဆောင်”

“အစွမ်းသက်ရောက်မှု - အသုံးပြုပြီးသည့်နောက် ပြိုင်ဘက်၏ သိုင်းပညာ၊ လျှို့ဝှက်နည်းစနစ် အား မြင်နိုင်ပြီး မြန်မြန်ဆန်ဆန် နားလည်သွားစေနိုင်သည်။”

“ကြာချိန် - ခြောက်ဆယ် မိနစ်”

“ဈေးနှုန်း - စုဆောင်းမှတ် ဆယ်မှတ်”

“မြန်မြန် နားလည်သွားတယ် ဟုတ်လား။”

ကျွင်းချောင်ရှောင်း ကြိတ်ကာ ဝမ်းသာသွားမိသည် “ဒါက နဝမမြောက် ဓားကွက်ကို နားလည်ဖို့ ငါ့ကို ကူညီပေး နိုင်တယ်။”

သူ အဆောင်အား ဝယ်ယူလိုက်သည်။

“ဒင် …..”

“လက်ခံသူသည် စုဆောင်းမှတ် ဆယ်မှတ်အား သုံးစွဲပြီး ဖြစ်သည်။”

“ဒင် …..”

စုဆောင်းမှတ် - ၁၀ / ၁၀၀။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဆရာလီ .. ကျုပ်က ခင်ဗျားပြောတဲ့ ကိုးလှိုင်းဓားသိုင်းကို တစ်ခါမှ မလေ့ကျင့်ဖူးဘူး။ ဒီတော့ နဝမမြောက် သိုင်းကွက်ကို ဘယ်လိုလုပ် နားလည်မှာလဲ။”

“ဟားဟား .. ချင်းယန်မြို့မှာ ကလေးရော၊ ခွေးရော ဝယ်ကျင့်နေတဲ့ သိုင်းကို ဂိုဏ်းချုပ်ဖြစ်ပြီး တစ်ခါမှ မကျင့်ဖူးဘူးတဲ့”

“ကိုးလှိုင်းဓားသိုင်းက အဆင့်နိမ့်ဓားသိုင်း ဆိုပေမဲ့ ဈေးနှုန်းက ငွေစ တစ်ရာလေ။ သူ့ပုံစံကို ကြည့်ပါလား။ ဆင်းရဲလွန်းပုံပေါ်တယ်။ မဝယ်နိုင်တာ ဖြစ်မယ်”

“ဟုတ်တယ်။ ဟုတ်တယ်။”

“ဓားသိုင်းကို နားလည်ဖို့ ဆိုတာ အချိန်လိုတယ်။ သူ နဝမမြောက်ဓားကွက်ကို နားလည်ဖို့ အချိန်ဘယ်လာက်ကြာမလဲ ဆိုတာ ဘုရားမှပဲ သိလိမ့်မယ်။”

အားလုံးက သီးသန့်ဆွေးနွေးနေကြသည်။

ဆရာလီသည် ကျွင်းချောင်ရှောင်းအား အရူးတစ်ယောက်လို ကြည့်လိုက်မိ၏။ သို့ပေမဲ့ ဒေါသကို ဖုံးကွယ်ကာ ဟန်လုပ်ပြုံးတစ်ခုအား ပြုံးကာ ပြောလိုက်သည် “ဒီလိုဆိုမှတော့ သိုင်းစာအုပ် ကျုပ်ဆီမှာ ပါလာတယ်။ ဂိုဏ်းချုပ်ကျွင်း .. ယူပြီး လေ့လာကြည့်လေ”

ပြောပြီးသည့်နောက် သူ၏ သိုလှောင်လက်စွပ်ထဲမှ အပြာရောင်အဖုံးနှင့် စာအုပ်တစ်အုပ်အား ထုတ်ယူကာ ပေးလိုက်တော့သည်။

“ကျေးဇူးအများကြီးတင်ပါတယ်”

ကျွင်းချောင်ရှောင်း လက်ခံရယူလိုက်၏။

လီခေါင်းဆောင်က ပြောလိုက်သည် “ဒါပေမဲ့ ကျုပ်ပြောထားရအုံးမယ်။ ဂိုဏ်းချုပ်ကျွင်း နဝမဓားကွက်ကို နားမလည်ရင် ကျုပ်သားကို သံမဏိအရိုးဂိုဏ်းကနေ ထုတ်ပေးပါ”

သူ့သား မထွက်လျှင်ရော ….

ရိုက်နှက်၍ ဆွဲခေါ်ရပေလိမ့်မည်။

လီခေါင်းဆောင်သည် ကိုးလှိုင်းဓားသိုင်းကို လေ့ကျင့်ဖူးသူဖြစ်သည်။ နဝမမြောက် သိုင်းကွက် မပြောနှင့် သတ္တမ နှင့် အဋ္ဌမ သိုင်းကွက်လျှင်ပင် နားလည်ရန် အလွန်ခက်ခဲလှသည်ကို သိရှိပြီး ဖြစ်၏။

“ပြဿနာမရှိဘူး”

ကျွင်းချောင်ရှောင်း သဘောတူလိုက်သည်။

လီခေါင်းဆောင်မှာ စိုးရိမ်ပူပန်နေတုန်းပင် “ဂိုဏ်းချုပ်ကျွင်း .. ကိုယ့်စကားကိုယ်တည်နော်”

“မစိုးရိမ်ပါနဲ့”

ကျွင်းချောင်ရှောင် းပြောလိုက်သည် “ကျုပ်တို့ ဂိုဏ်းက ဘယ်တော့မှ ကတိမဖျက်ဘူး”

ကျေနပ်လောက်သော အဖြေကို ရရှိပြီးသည့်နောက် လီခေါင်းဆောင်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိသည်။

ကျွင်းချောင်ရှောင်းသည် ဓားသိုင်းစာအုပ်အား ထုတ်ယူပြီး သေချာကြည့်လိုက်သည် “နဝမမြောက် သိုင်းကွက်ကို နားလည်သွားရင် လီခေါင်းဆောင် ဘာလုပ်ပေးမလဲ”

နှစ်တစ်ရာအတွင်း မြို့တော်ဝန် တစ်ယောက်သာ နားလည်ခဲ့သော သိုင်းကွက်အား သူ နားလည်မည်ဟု ထင်မှတ်နေလေသလား။

လီခေါင်းဆောင်သည် စိတ်ထဲမှ အငေါတူးကာ တွေးလိုက်မိသည်။ “ဂိုဏ်းချုပ်ကျွင်းသာ နဝမမြောက် သိုင်းကွက်ကို နားလည်ခဲ့ရင် သံမဏိအရိုးဂိုဏ်းထဲ ကျုပ်သား ဝင်တာကို ကျေကျေနပ်နပ် လက်ခံရမှာပေါ့။”

ထိုစကားကို ကြားတော့ ကျွင်းချောင်ရှောင်း စိတ်သက်သာရာ ရသွားမိသည်။

“ဟူး ….”

အသက်ကို ပြင်းပြင်းရှုပြီး ဓားသိုင်းစာအုပ်အား လှန်ကြည့်လိုက်တော့ ရှုပ်ထွေးလှသော မန္တာန်များကို မြင်လိုက်ရသည်။ ခေါင်းတွေပင် မူးနောက်သွားသလို ခံစားလိုက်မိ၏။

သူသည် မူလလက်ဟောင်း ကျွင်းချောင်ရှောင်း၏ မှတ်ဉာဏ်များကို ဆက်ခံခဲ့သည် ဆိုသော်လည်း သိုင်းစာအုပ် များနှင့်တော့ အလှမ်းဝေးနေတုန်းပင်။

“အသိအမြင် အဆောင် က ကူညီနိုင်မယ်လို့ မျှော်လင့်မိတယ်”

ကျွင်းချောင်ရှောင်းသည် စဉ်းစားလိုက်ပြီး သိုလှောင်လက်စွပ်ထဲရှိ အဆောင်အား ချိုးလိုက်တော့၏။

“ရှီး …..”

ပုံသဏ္ဍန်မဲ့ စွမ်းအင်များသည် လက်စွပ်မှတဆင့် သူ၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာတော့သည်။

ကောင်းကင်ကြီးတစ်ခုလုံး မှောင်မဲသွားသလို ကျွင်းချောင်ရှောင်း ခံစားလိုက်မိ၏။ အသိပြန်ဝင်လာချိန်မှာတော့ ဓားသိုင်းစာအုပ်ထဲရှိ သိုင်းကွက်နှင့် မန္တာန်များ အကြောင်းကို သူ အလုံးစုံ နားလည်နေလေသည်။ အရာအားလုံး အား လွယ်လွယ်ကူကူ နှင့် နားလည်လျက်ရှိတော့၏။

All Chapters