← Chapters

အခန်း (၁၆၆)

Vol. 12 Ch. 166

အခန်း (၁၆၆)

Vol. 12 Ch. 166

ပတ်၀န်းကျင်မှလူတိုင်း အသက်ပြင်းပြင်းရှိုက်လိုက်ကြပြီး လှုပ်ပင်မလှုပ်ရဲကြတော့ချေ။

သူတို့အမြင်တွင် လူသားဘုရင်အဆင့်ဆိုသည်မှာ ကောင်းကင်ကြီးတမျှ ကြီးကျယ်နေပြီဖြစ်၏။ ၎င်းတို့က အင်အားစုတစ်ခု၏ ခေါင်းဆောင်များဖြစ်နိုင်သည်။ ကောင်းကင်ဒေသတစ်ခုလုံး၏ အဓိကစွမ်းအားလည်းဖြစ်၏။

သာမန်အခြေအနေတွင်ဆိုပါက သူတို့အနေဖြင့် ကောင်းကင်ဘုရင်တစ်ယောက်အား နှစ်(၁၀၀၀)ကြာ၍ တစ်ကြိမ်မြင်ရရန် မဖြစ်နိုင်ပေ။

သို့သော် လူသားဘုရင်များ ဆက်တိုက် ပေါ်လာရုံသာမက ကောင်းကင်ဘုရင်ပင်လျှင် နှစ်ယောက်တိတိထွက်ပေါ်လာချေပြီ။

“ ကောင်းကင်ဘုရင်နှစ်ယောက်.. ဒီကိစ္စ ဘယ်လိုဆက်ဖြစ်မလဲ သိချင်လာပြီ…”

တစ်စုံတစ်ယောက်က ၎င်း၏ အသံအားနှိမ့်ပြီး နံဘေးမှလူအား တီးတိုးပြောလိုက်သည်။

“ ဒါတွေအားလုံး ဖီနစ်လှိုဏ်ဂူရဲ့အမှားပဲ… ရွှမ်ယီနောက်မှာ ကောင်းကင်ဘုရင်တစ်ယောက်ရှိတယ်.. သူက သူ့ကို သတ်ဖို့လုပ်လို့ ပြန်သတ်တာ ဘာမှားလို့လဲ… ဒါပေမယ့် ဖီးနစ်လှိုဏ်ဂူဘက်မှာလည်း ကောင်းကင်ဘုရင်တစ်ယောက်ရှိနေတယ်….”

ထိုလူက သက်ပြင်းချကာ ခေါင်းယမ်းလိုက်၏။

“ ဖီးနစ်လှိုဏ်ဂူကို ဖျက်ဆီးဖို့က လွယ်မှာမဟုတ်တော့ဘူး…”

ကောင်းကင်ဘုရင်တစ်ယောက် မည်မျှအစွမ်းထက်သနည်း…?

ထိုအဆင့်သို့ရောက်ရန် လွယ်ကူသည့်ကိစ္စမဟုတ်ပေ။ ထို့အပြင် ၎င်းတို့အချင်းချင်း တိုက်ခိုက်ပြီး ဒဏ်ရာရသွားပါက ပြန်လည်ကောင်းမွန်ရန် အရင်းအမြစ်များစွာအား သုံးစွဲရပေမည်။

လူတိုင်း၏ အမြင်တွင် ရွှမ်ယီ၏ လက်စားချေမှုအတွက် တခြားကောင်းကင်ဘုရင်အဆင့်တစ်ယောက်နှင့် တိုက်ခိုက်သည်က သိပ်ပြီး မထိုက်တန်သလိုပင်။

ထိုစကားပြောနေသူနှစ်ဦး၏ အသံမှာ အလွန်တိုးလျသော်လည်း ၎င်းတို့ကျင်ကြံဆင့်က နိမ့်လွန်းလှသည်။

ဖီးနစ်ဘိုးဘေးက လူသားဘုရင်အထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်၏။ အဘယ်မှာလျှင် ထိုအသံများက သူ့၏ အကြားအာရုံမှ လွတ်မြောက်နိုင်မည်နည်း။

ထိုနှစ်ယောက်၏ စကားများကြောင့် ဖီးနစ်ဘိုးဘေး၏ မျက်နှာထက်၌ ကျေနပ်ဟန်ဖြင့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရွှမ်ယီအား ကြည့်နေသည့် သူ့မျက်၀န်းများထဲတွင် လှောင်ပြောင်လိုဟန်များထွက်ပေါ်လာ၏။

“ မိတ်ဆွေလေး.. ကြည့်ပါဦး.. ကျုပ်တို့ ဘာလို့ဒီလောက်ထိ ရန်လိုနေစရာလိုမှာလဲ…”

အမှန်အတိုင်းဆိုလျှင် ဤကိစ္စ၌ သူတို့ဘက်မှ နစ်နာနေခဲ့သည်။ ဖီးနစ်လှိုဏ်ဂူက ကောင်းကင်ဒေသတွင် အလွန်နက်ရှိုင်းသည့် အုတ်မြစ်ရှိသော်လည်း ကောင်းကင်ဘုရင်အဆင့်ဆိုသည်မှာ အမြဲတမ်း ထွက်ပေါ်နိုင်သည့်အရာမဟုတ်ပေ။ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀၀)တုန်းက ဖီးနစ်ဘိုးဘေးက အလွန်ကံကောင်းခဲ့သောကြောင့် ကောင်းကင်ဘုရင်အဆင့်သို့ ရောက်ရှိခဲ့သည်။

ထို ကောင်းကင်ဘုရင်က တောင်ပိုင်းတိုက်ကြီး၏ ထိပ်တန်းဒေသ(၁၀)ခုသို့ ‌ထွက်ခွာသွားခဲ့သည်။ သူ၏ ခွန်အားက သန်မာနေပြီးသားဖြစ်ကာ သူတစ်ပါးထံတွင် အစော်ကားခံလိုခြင်းမရှိပေ။

ထို့ကြောင့် ကျောက်စိမ်းအဆောင်လေးတစ်ခုပြုလုပ်ကာ ဖီးနစ်လှိုဏ်ဂူ၌ ချန်ထားခဲ့သည်။ တစ်ချိန်တွင် ဖီးနစ်လှိုဏ်ဂူက အရေးပေါ် အကူအညီလိုအပ်လာပါက ထိုကျောက်စိမ်းအား ချိုးဖျက်လျက် သူ့အား ဆက်သွယ်နိုင်သည်။ ထိုအချိန်တွင် သူ၏ စိတ်ဝိညာဉ်ကိုယ်ပွား ထွက်ပေါ်လာမည်ဖြစ်ပြီး တစ်ကြိမ်သာ အသုံးပြု၍ရသည်။

ထိုကျောက်စိမ်းအား ဖီးနစ်လှိုဏ်ဂူ၏ အနက်ရှိုင်းဆုံးနေရာ၌ နှစ်(၁၀၀၀၀)လုံး အခိုင်အမာသိမ်းဆည်းထားခဲ့၏။ သို့သော် ယခုတစ်ကြိမ်တွင် ဖီးနစ်ဘိုးဘေးအနေဖြင့် ရွေးချယ်စရာမရှိသောကြောင့် အသုံးပြုလိုက်ရတော့သည်။

သူ၏ အမြင်တွင် ကောင်းကင်ဘုရင်အဆင့်တစ်ယောက်ဆိုသည်မှာ အင်မတန်မှ အဆင့်အတန်းမြင့်မားလှသော တည်ရှိမှုဖြစ်သည်။

ရွှမ်ယီကား အသက်(၂၀)စွန်းစွန်းမျှသာရှိသည့် လူငယ်လေးတစ်ဦးဖြစ်၏။ အဘယ်ကြောင့် ကောင်းကင်ဘုရင်တစ်ပါးအား အပြည့်အ၀ အမိန့်ပေး ထိန်းချုပ်နိုင်မည်နည်း။

ထို ကောင်းကင်ဘုရင်က ရွှမ်ယီ တောင်းဆိုမှုများအရ လူသားဘုရင်အဆင့် အင်အားစုအနည်းငယ်ကိုသာ ရှင်းလင်းပေးလိမ့်မည်။

သို့သော် ကောင်းကင်ဘုရင်တစ်ဦးနောက်ခံအဖြစ်ရှိသော ဖီးနစ်လှိုဏ်ဂူနှင့် ရင်ဆိုင်ရချိန်၌ ရွှမ်ယီ၏ နောက်ကွယ်မှ ကောင်းကင်ဘုရင်က ဆက်လက်လှုပ်ရှားတော့မည်ဟု မထင်ပေ။

“ မိတ်ဆွေ.. ကျုပ်ကို မျက်နှာသာနည်းနည်းပေးနိုင်မလား… ကျုပ်နာမည်က လင်းဂျင်ဖြစ်ပြီး ကောင်းကင်ဘုရင် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပါ… နောက် ခင်ဗျား ကျုပ်တို့ လောက ဒေသကို ရောက်ဖြစ်ခဲ့ရင်.. ကျုပ် ဧည့်၀တ်ကျေမှာပါ….”

ရွှေရောင်အလင်းများ မှေးမှိန်လာခဲ့ပြီး ရွှေရောင်နှင့် အနီရောင်ရောယှက်နေသည့် မြင့်မြတ်ဟန်ရသော ပုံရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

၎င်းက စိတ်ဝိညာဉ်ကိုယ်ပွားအား ဖြတ်သန်းကာ ကောင်းကင်ဒေသသို့ လာတော့မည်။

သူ၏ ခြေထောက်တစ်ဖက် ကောင်းကင်ဒေသသို့ ၀င်ရောက်လာချေပြီ။ သို့သော် ပင်းယုအား တွေ့မြင်လိုက်ပြီးနောက် မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ထိုခြေထောက်က အတွင်းသို့ ပြန်ဆုတ်သွားခဲ့၏။

“ ထွက်သွားစမ်း…”

ရွှမ်ယီက ပင်းယုအားတစ်ချက်ကြည့်လိုက်ပြီး သူမထံမှ အဖြေရလိုက်ပြီးနောက် ရုတ်တရက် အေးစက်စွာ ပြောလိုက်၏။

ထိုလူက ကောင်းကင်ဘုရင်အဆင့်တစ်ယောက်ဖြစ်သောလည်း အစောပိုင်း၌သာရှိသေးသည်။ အထွတ်အထိပ် ကောင်းကင်ဘုရင်အဆင့် ပင်းယုနှင့် အလွန်အလှမ်းကွာလွန်းလှ၏။

ထိုလူက လူပင်ထွက်မလာရသေးပဲ သူ့အား မျက်နှာသာပေးရန် လှမ်းပြောနေခဲ့သည်။ ရွှမ်ယီ တော်တော်လေး စိတ်အချဉ်ပေါက်သွားခဲ့၏။ သူနှင့် သိလည်းမသိသလို ဘာကျေးဇူးမှမရှိဘူးဘဲ အဘယ်ကြောင့် သူ့အား မျက်နှာသာပေးနေရမည်နည်း။

သူက ဖီးနစ်လှိုဏ်ဂူအား ဖျက်ဆီးရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ တားဆီးသူတိုင်းအား ရှင်းလင်းသွားမည်ဖြစ်၏။

“ ဘာလို့ ဒီလောက်တောက် ဒေါသထွက်နေရတာလဲ….”

တစ်ဖက်မှ ကောင်းကင်ဘုရင်က မေးလိုက်သည်။

သူဘာမှ ဆက်မပြောနိုင်ခင် ရွှမ်ယီ၏ စူးရှသောအကြည့်များ သူ့ထံသို့ကျရောက်လာသောကြောင့် နှုတ်ဆိတ်သွားခဲ့၏။

“ အသက်သုံးကြိမ်ရှုစာအတွင်း ထွက်သွားတော့.. မဟုတ်ရင် ခင်ဗျားတင်မကဘူး ခင်ဗျားနောက်ကွယ်က အင်အားစုပါ ဒီကိစ္စထဲရောပါသွားလိမ့်မယ်…”

ထိုစကားများအား ပြောနေချိန်၌ ရွှမ်ယီ၏ မျက်၀န်းများက အလွန်အေးစက်နေခဲ့သည်။

ပတ်၀န်းကျင်မှ လူတိုင်း သူတို့နားကြားမှားသလိုခံစားလိုက်ရ၏။

သူတို့၏ နှလုံးသားများ တုန်ခါသွားပြီး ရွှမ်ယီအား မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။

တစ်ဖက်တွင် ကောင်းကင်ဘုရင်တစ်ယောက်ဖြစ်သည်လေ….

ထို ရွှမ်ယီက အဘယ်ကရသော ယုံကြည်ချက်များနှင့် ဤကဲ့သို့ပြောသနည်း…?

တစ်ဖက်မှ ကောင်းကင်ဘုရင်က မည်သို့မျှ သည်းခံနိုင်မည်မထင်ပေ။

ဖီးနစ်ဘိုးဘေးက ရွှမ်ယီအား ခေါင်းမော့ကြည့်လိုက်ပြီး ၎င်း၏ မျက်၀န်းများအတွင်း၌ လှောင်ပြောင်သရော်လိုဟန်များ ပါ၀င်နေသည်။

ထိုရွှမ်ယီကား အရူးတစ်ယောက်ဖြစ်ဟန်ရသည်။

“ ဒီကိစ္စကို မေ့လိုက်ပါ…”

ဘုရင် လင်းဂျင်က သက်ပြင်းတစ်ချက်ချလိုက်၏။ သူအမူအရာက အတော်လေးရုပ်ဆိုးနေခဲ့သည်။ ထို့နောက် ဂရုဏာသက်သော မျက်၀န်းများဖြင့် ဖီးနစ်လှိုဏ်ဂူအား တစ်ချက်ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။

ထို့နောက် မည်သည့်စကားမှ မဆိုဘဲ ချက်ချင်းပျောက်ကွယ်သွား၏။

ကောင်းကင်ထက်၌ အပြည့်ဖြစ်နေသော ရွှေရောင်အလင်းတန်းများက အိမ်မက်တစ်ခုအလား ပြန်လည်ပျောက်ကွယ်သွားချေပြီ။

ရုတ်တရက်ထွက်ပေါ်လာပြီး လျင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွား၏။

ထိုနေရာတွင် ထက်ပိုင်းကျိုးနေသော ကျောက်စိမ်းအဆောင်လေးတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။

ဘုရင်လင်းဂျင်ကား သူ၏ လောက ဒေသသို့ ပြန်လည်ဆုတ်ခွာသွားချေပြီ။

“ ဒါက…”

လက်ရှိ ဖီးနစ်ဘိုးဘေးက ၎င်း၏ တုန်ယင်နေသော လက်များအားဆန့်တန်းလိုက်သည်။ ဖီးနစ်ဘိုးဘေးဟောင်းကား ကောင်းကင်ဒေသသို့ပင် မရောက်လိုက်ဘဲ ချက်ချင်းပြန်လည်ဆုတ်ခွာသွားခဲ့၏။

သူ့ပုံစံက ကြောက်လန့်တကြား ထွက်ပြေးသွားသည့် အလားပင်။

ဖီးနစ်ဘိုးဘေးက မယုံကြည်နိုင်သည့် မျက်၀န်းများဖြင့် ရွှမ်ယီနှင့် ပင်းယုတို့အား လှည့်ကြည့်လိုက်သည်။

သူ့၏ နှလုံးသားထဲတွင် မကျေမချမ်းဖြစ်မှုများ လှိုင်းထန်လာခဲ့၏။

“ မိတ်ဆွေလေးရွှမ်ယီ… မဟုတ်ဘူး.. သခင်လေးရွှမ်ယီ… စိတ်လျှော့ပါဦး…”

သူတို့အနေဖြင့် ကောင်းကင်ဘုရင်တစ်ဦး၏ စွမ်းအားကို အတိအကျမသိပေ။ သို့သော် ကောင်းကင်ဘုရင်များအကြားတွင်ပင် ၎င်းတို့၏ ဂုဏ်သိက္ခာအား ထိန်းသိမ်းရန်လိုသည်မဟုတ်ပေလော။

ဘုရင် လင်းဂျင်က လောက ဒေသမှ ကောင်းကင်ဘုရင်တစ်ဦးဖြစ်သည်။ ကောင်းကင်ဒေသအဆင့်နှင့်ဆိုလျှင် မယုံနိုင်စရာကောင်းလောက်အောင် သန်မာသူဖြစ်၏။

သို့သော် နောက်ဆုံးတွင် ရွှမ်ယီအား အနည်းငယ်မျှ မတားဆီးနိုင်ခဲ့ပေ။

ရွှမ်ယီ၏ ရှေ့၌ ရပ်နေသော အဖြူ၀တ်အမျိုးသမီးအား မြင်သည်နှင့် ကြွက်တစ်ကောင်က ကြောင်တစ်ကောင်အားမြင်သကဲ့သို့ အသည်းအသန်ထွက်ပြေးသွားခဲ့သည်။

ဤသည်အားကြည့်လျှင် ဘုရင်လင်းဂျင်၏ ခွန်အားက အဖြူ၀တ်အမျိုးသမီးထက် များစွာအားနည်းကြောင်း အရူးပင်သိနိုင်သည်။

သူ့အနေဖြင့် အနည်းငယ်မျှပင် ရင်ဆိုင်ရန် ယုံကြည်ချက်မရှိခဲ့ချေ။ သူအရမ်းချစ်ခင်တွယ်တာခဲ့သော ဘိုးဘွားပိုင်မြေကိုပင် စွန့်လွှတ်ခဲ့သည်။

ချက်ချင်း ထွက်ပြေးသွားခဲ့၏။

လက်ရှိအချိန်တွင် ဖီးနစ်ဘိုးဘေး၏ ရင်ခုန်သံများ မြန်နေချေပြီ။

တိတ်ဆိတ်ငြိမ်သက်နေသည့် ဖီးနစ်ဘိုးဘေးအားကြည့်ပြီး ရွှမ်ယီက အေးစက်စွာ ပြုံးလိုက်သည်။ ဂရုဏာသက်ဟန်ဖြင့် အနည်းငယ်ခေါင်းယမ်းလိုက်၏။

ဖီးနစ်ဘိုးဘေးကား အသိစိတ်လွတ်သူတစ်ယောက်နှယ် ဖြစ်နေချေပြီ။ လက်ရှ်အခြေအနေက သူစိတ်ကူးထားသည်နှင့် လားလားမှ မသက်ဆိုင်ပေ။

“ ခင်ဗျားရဲ့ ကောင်းကင်ဘုရင်ဘယ်ရောက်သွားပြီလဲ… ‌ဘာလို့ နောက်တစ်ယောက်ထပ်မခေါ်တာလဲ ..”

“ ပင်းယု သတ်လိုက်တော့…”

ရွှမ်ယီက သူ့လက်အား ဝှေ့ယမ်းကား အမိန့်ပေးလိုက်ပြီးလျှင် မျက်လုံးမှိတ်ကာ လျစ်လျူရှုထားလိုက်တော့၏။

သူ့ကိုယ်သူ အလွန်ရက်စက်သည်ဟုမထင်ပေ။ ဤသည်မှာ အားကြီးသူက အားနည်းသူကို စားသုံးသည့် ကမ္ဘာကြီးဖြစ်၏။

ထိုလူများက သူ့နေရာတွင်ဆိုလျှင်လည်း ဤသို့လုပ်မည်သာ။

အကယ်၍ သူသာ မသန်မာခဲ့ပါက ဟွမ်တျန်ချန်ဇီလက်ထဲမှာကတည်းက သေဆုံးပြီးဖြစ်ပေလိမ့်မည်။

ပင်းယုကဲ့သို့ ဝှက်ဖဲများမရှိပါက ၀မ်မိသားစုနှင့် ဖီးနစ်လှိုဏ်ဂူ လက်အောက်တွင် ကိုင်မိသားစုအပါအ၀င် သူတို့ရွှမ်မိသားစု ဖျက်ဆီးခံရပေလိမ့်မည်။

သူတို့တောင်းပန်လျှင်လည်း ချမ်းသာပေးလိမ့်မည်မဟုတ်ပေ။ သူ့ထက်ပင် ရက်စက်ကောင်းရက်စက်နိုင်၏။ ထို့ကြောင့် ဤကမ္ဘာကြီးတွင် ရှင်သန်မည်ဆိုလျှင် ရက်စက်ရန်လိုအပ်ချိန်၌ ရက်စက်ရပေလိမ့်မည်။

…..

ပင်းယု၏ အမူအရာက ပုံမှန်တိုင်း အေးစက်စက်ရှိနေပြီး ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူမထံမှ သတ်ဖြတ်ငွေ့များ ထွက်ပေါ်နေ၏။

ဘုန်း…

လူတိုင်း၏ မျက်လုံးရှေ့တွင် လူသားဘုရင်အထွတ်အထိပ်အဆင့် ဖီးနစ်ဘိုးဘေးကား ပြာအဖြစ်ပြောင်းလဲသွားခဲ့သည်။ အနည်းငယ်မျှပင် ခုခံနိုင်စွမ်းမရှိခဲ့ချေ။

ထို့နောက် လေများ ပြင်းထန်စွာတိုက်ခတ်ပြီး ကောင်းကင်ထက်၌ တိမ်မည်းများကြီးစိုးလာခဲ့သည်။ ပင်းယုက လက်ညှိုးတစ်ချက်ညွှန်လိုက်ရာ ပြင်းထန်လှသော ဖျက်ဆီးခြင်းစွမ်းအားများ ပါ၀င်နေသည့် ရာနှင့်ချီသော မိုးကြိုးများ ဖီးနစ်လှိုဏ်ဂူရှိရာဆီသို့ ဆင်းသက်လာခဲ့၏။

ဘန်း.. ဘန်း.. ဘန်း..

ကောင်းကင်ဒေသမှ သက်တမ်းအရင့်ဆုံး အင်အားစုကြီးဖြစ်သည့် ဖီးနစ်လှိုဏ်ဂူကား ပျက်စီးသွားခဲ့ချေပြီ။

All Chapters