← Chapters

အခန်း (၁၆၈)

Vol. 12 Ch. 168

အခန်း (၁၆၈)

Vol. 12 Ch. 168

ဤအချိန်အတောအတွင်း ယခင်က ၀မ်မိသားစု ၊ ဖီးနစ်လှိုဏ်ဂူတို့နှင့် ပတ်သက်ဆက်နွယ်ခဲ့ကြသည့် အရှေ့ပိုင်းနှင့် အနောက်ပိုင်းနယ်မြေမှ အင်အားစုအများအပြား ရွှမ်မိသားစုနှင့် လာရောက်ပူးပေါင်းခဲ့ကြ၏။

ရွှမ်ယီအား ဆက်ခံသူအဖြစ် သတ်မှတ်ခဲ့ပြီး တစ်နှစ်ပင်မကြာသေးသော်လည်း ရွှမ်မိသားစုကား ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဘူးသည့် အမြင့်သို့ ရောက်သွားခဲ့သည်။

ရွှမ်မီသားစုခေါင်းဆောင် ရွှမ်ယွမ်၏ အပြုံးများမှာ ရပ်တန့်၍ပင်မရတော့ချေ။

၀မ်မိသားစုနှင့် ဖီးနစ်လှိုဏ်ဂူတို့၏ အရင်းအမြစ်များမှာ အလွန်များပြားလှသည်။

ရွှမ်ယီက ဆန်းကျယ်သည့်အလင်းလုံး သုံးပုံတစ်ပုံကိုလည်း ရွှမ်မိသားစုထံသို့ ပေးအပ်ခဲ့သည်။ ထိုအရင်းအမြစ်များနှင့်ဆိုလျှင် ရွှမ်မိသားစု၏ အင်အားမှာ အလျှင်အမြန်တိုးတက်လာမည်ဖြစ်ပြီး နှစ်အနည်းငယ်အတွင်း ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုကြီးအခြေအနေ ရောက်ရှိသွားပေလိမ့်မည်။

ထိုအပြင် ရွှမ်ယီ၏ ဆရာသခင်ဖြစ်သူမှာ အစွမ်းထက်လွန်းလှသည်။ သူတို့အနေဖြင့် အတိအကျခန့်မှန်းနိုင်စွမ်းမရှိချေ။ ထို့ကြောင့် အများစုက အလယ်အလတ် ကောင်းကင်ဘုရင်အဆင့်ဟု ယူဆထားခဲ့ကြ၏။

ကောင်းကင်ဒေသတစ်ခုလုံး၌ မည်သူမျှ ရွှမ်မိသားစုအား စော်ကားရဲခြင်းမရှိချေ။

ရွှမ်မိသားစုက အရှေ့ပိုင်းနှင့် အနောက်ပိုင်းအား တရား၀င်သိမ်းပိုက်ပြီးချိန်၌ ကိုင်မိသားစုခေါင်းဆောင် ကိုင်ရှောင်က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ကြေငြာခဲ့သည်။

“ ကျုပ်တို့ မြောက်ပိုင်းနယ်မြေ ကိုင်မိသားစုက ရွှမ်မိသားစုနဲ့ ထာ၀ရမဟာမိတ်တွေပဲ.. ရွှမ်မိသားစုကို စော်ကားတဲ့လူက ကျုပ်တို့ကိုင်မိသားစုရဲ့ ရန်သူဖြစ်မှာဖြစ်ပြီး ရေမြေအဆုံးထိ လိုက်လံရှင်းလင်းခံရမယ်….”

ထို ထိတ်လန့်ဖွယ်သတင်းအား မည်သူမျှ မတုံ့ပြန်နိုင်ခင်မှာပင် တော်၀င်အရှိန်အဝါများဖုံးလွှမ်းနေသည့် ချင်အင်ပါယာမှ လူများကရွှမ်မိသားစုအား ဂုဏ်ပြုလက်ဆောင်ပေးရန် တောင်ပိုင်းနယ်မြေမှ အပြေးအလွှားထွက်လာခဲ့ကြသည်။

“ တောင်းပိုင်နယ်မြေ ချင်အင်ပါယာမှ ရွှမ်မိသားစုကို လာရောက် ဂုဏ်ပြုပါတယ်…”

ဘုန်း…

ရုတ်ချည်း ရွှမ်မိသားစု၏ ဂုဏ်သတင်းက ကောင်းကင်ဒေသ၌ ထိပ်ဆုံးသို့ ရောက်သွားခဲ့သည်။

……..

လက်ရှိတွင် ရွှမ်ယီက ရွှမ်မိသားစု၌ မရှိတော့ပေ။

သူက ၀မ်မိသားစုနှင့် ဖီးနစ်လှိုဏ်ဂူကို ဖျက်ဆီးခဲ့ပြီးနောက် အရင်းအမြစ်များစွာ ရရှိခဲ့သည်။ ထိုအထဲမှ သုံးပုံတစ်ပုံအား ရွှမ်မိသားစုထံသို့ ပေးအပ်ခဲ့ကာ တချို့တ၀က်အား ကိုင်မိသားစုအား ပေးခဲ့သေး၏။

၎င်းတို့မှလွဲလျှင် အရာအားလုံး သူ့ထံ၌ရှိ‌သည်။

ရွှမ်ယီကား အလွန်ချမ်းသာနေချေပြီ။

၀မ်မိသားစုနှင့် ဖီးနစ်လှိုဏ်ဂူပျက်စီးပြီး သုံးရက်အတွင်း ပင်းယုအကြောင်းသာမက ‌ရွှမ်ယီ ဘုရင်အဆင့်သို့ရောက်သွားပြီဖြသ်ကြောင်းကိုလည်း ကောင်းကင်ဒေသမှ လူတိုင်း သိရှိသွားခဲ့သည်။

ထို့အပြင် သူ့၌ ကောင်းကင်ဘုရင်အဆင့် နောက်ခံလည်းရှိနေသည်။ သူ့အား ပြသနာသွားရှာသူတိုင်း သေသွားလိမ့်မည်ဖြစ်ကြောင်း နားလည်ထားကြသည်။

ဤအတောအတွင်း ကောင်းကင်ဒေသတစ်ခုလုံး ရွှမ်ယီနှင့် ရွှမ်မိသားစုအကြောင်းသာ ကြီးစိုးနေပေသည်။

ရွှမ်ယီက ထိုအသေးအဖွဲကိစ္စများနှင့် ယစ်မူးနေလိုခြင်းမရှိချေ။ သူက ဘုရင်အဆင့်သို့လည်း ရောက်သွားပြီဖြစ်ရာ ကောင်းကင်ဒေသ၌ လျှောက်သွားရန် ဆုံးဖြတ်လိုက်၏။

သူ့တွင် ပါရမီအမှတ်(၄၀၀) ကျော်သည့် တပည့်တစ်ဦးလက်ခံရမ် တာ၀န်ရှိနေ‌သည်။

အချိန်အတန်ကြာပြီးနောက် ရွှမ်ယီတစ်ယောက် စိတ်ဓာတ်ကျနေဟန်ဖြင့် ပြန်လည်ထွက်ပေါ်လာ၏။

သူက ဘုရင်အဆင့်သို့ တက်ရောက်ရာ၌ အလွယ်တကူ ချိုးဖျက်နိုင်ခဲ့သော်လည်း ပါရမီအမှတ်(၄၀၀) ကျော်ရှိသည့် တပည့်တစ်ဦးအား မည်သို့ လိုက်ရှာရမည်မှန်းမသိချေ။

နောက်ဆုံး မြောက်ပိုင်းနယ်မြေသို့ ပြန်ရန် ဆုံးဖြတ်ချက်ချလိုက်၏။

ကောင်းကင်ဒေသ ၊ မြောက်ပိုင်းနယ်မြေ…

မှော်ဆေးပညာရှင် အဖွဲ့အစည်း ၊ ဆေးမျှော်စင်၌…

မှော်ဆေးပညာရှင်အဖွဲ့အစည်းခေါင်းဆောင် ဒန်ယွမ်၏ မျက်နှာထက်၌ ရိုသေလေးစားမှု အပြည့်ရှိနေခဲ့သည်။ သူ၏ ဦးခေါင်းအား အနည်းငယ်ငုံ့ထားကာ သက်လတ်ပိုင်းအမျိုးသားတစ်ဦး နောက်မှ လိုက်နေခဲ့၏။

“ ဆရာ.. ရွှမ်ယီရဲ့ အရည်အချင်းက အရမ်းအံ့ဩဖို့ကောင်းလွန်းတယ်… ကြည့်ရတာ သူက ပျောက်ဆုံးနေတဲ့ အမွေအနှစ်တစ်ခုကို ဆက်ခံရရှိထားပုံပဲ… ဟောဒီက တပည့်တောင် သူနဲ့ယှဉ်ရင် ဆေးဖော်တဲ့နေရာမှာ အများကြီးနိမ့်ကျနေကြောင်း ၀န်ခံပါတယ်…”

ရွှမ်ယီအကြောင်းအားပြောနေစဉ် ဒန်ယွမ်၏ မျက်နှာထက်၌ မယုံကြည်နိုင်ဟန်များ ပေါ်လွင်နေခဲ့သည်။ ရွှမ်ယီ၏ စွမ်းဆောင်နိုင်စွမ်းက သူ့အနေဖြင့် ပြန်တွေးလိုက်တိုင်း မှင်သက်မိနေဆဲဖြစ်၏။

အသက်(၂၄)၀န်းကျင် မှော်ဆေးဘုရင်.. သူ့စကားအား မည်သူမျှ ယုံနိုင်မည်မထင်ပေ။

လက်ရှိ ကောင်းကင်ဒေသမှ ရိုက်ခတ်မှုများအရဆိုလျှင် ထိုရွှမ်ယီက အဆင့်(၅) မှော်ဆေးဘုရင်ဖြစ်ရုံသာမက တိုက်ခိုက်ရေးစွမ်းအားလည်း အလွန်ကောင်းပြီး အစွမ်းထက်သူတစ်ဦးလည်းဖြစ်၏။

ကျင့်ကြံမှုအခြေခံကလည်း အလယ်အလတ် မူလဘုရင်အဆင့်သို့ ရောက်နေချေပြီ။

ဒါက အလွန်ကြောက်စရာကောင်းလွန်းလှသည်။

“ အသက်(၂၄)‌နှစ်အရွယ် မှော်ဆေးဘုရင်အဆင့်…? မင်းကိုယ်တိုင် သူ့ထက် နိမ့်ကျတယ်လို့ခံစားရတယ်…? “

သတ်လက်ပိုင်းများသား၏ မျက်၀န်းများထဲ၌ ထိတ်လန့်ဟန်များ ထွက်ပေါ်နေပြီး ဒန်ယွမ်အား စူးစိုက်ကြည့်လိုက်သည်။

သူ့ တပည့်ဖြစ်သူ၏ အမူအရာအရဆိုလျှင် ၎င်းက လိမ်ညာနေဟန်မရချေ။ သူ၏ အတွေးများ အပြန်အလှန်ရွေ့လျားနေခဲ့ပြီး နှလုံးသားထဲမှ ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့်

“ သူ့ကို သွားပြီး ဖိတ်ခေါ်ချည်.. ငါ့သူ့ကို အခွင့်အရေးပေးလိုက်မယ်…”

ထိုစကားအားကြားသည်နှင့် ဒန်ယွမ်၏ ခန္ဓာကိုယ် အနည်းငယ်တုန်လှုပ်သွားပြီး ၀မ်းဟာဟန်များ ပေါ်ထွက်လာသည်

တခြားသူများသိမည်မဟုတ်သော်လည်း ဒန်ယွမ်ကမူ ထိုလူ၏ တပည့်တစ်ဦး ဖြစ်သည့်အားလျော်စွာ ကောင်းစွာသိရှိထား၏။

သူ၏ ဆရာဖြစ်သူမှာ တောင်ပိုင်းတိုက်ကြီးရှိ ထိပ်ဆုံးအကယ်ဒမီ ငါးခုတွင် တစ်ခုအပါအ၀င်ဖြစ်သော အလယ်ပိုင်းသူတော်စင် အကယ်ဒမီမှ ဆရာဟောင်းတစ်ယောက်လည်းဖြစ်သလို ဒုဥက္ကဌလည်းဖြစ်သည်။

သူ့အနေဖြင့် တခြားတစ်ယောက်ကို အကယ်ဒမီ၌ ဆရာတစ်ဦးဖြစ်လာစေရန် ထောက်ခံပေးနိုင်စွမ်းရှိသည်။

တောင်းပိုင်းတိုက်ကြီး၏ ထိပ်တန်းအကယ်ဒမီကြီး ငါးခုတွင် ဘုရင်အဆင့်ကျင့်ကြံသူများကိုသာ ဆရာများအဖြစ် ငှားရမ်းလေ့ရှိသည်။

“ ဟောဒီက တပည့်က ရွှမ်ယီကို ဆက်သွယ်လိုက်ပါမယ်…”

ဒန်ယွမ်က မနှောင့်နှေးရဲဘဲ ရွှမ်ယီအား ချက်ချင်း ဆက်သွယ်လိုက်၏။

……

မြောက်ပိုင်းနယ်မြေသို့ ပြန်လာခဲ့သော ရွှမ်ယီက အသက်ရှုကြိမ် အနည်းငယ်အတွင်း လေဟာနယ်အားခွဲလျက် မြောက်ပိုင်းနယ်မြေ၏ ကောင်းကင်ထက်၌ ထွက်ပေါ်လာခဲ့သည်။

သူလာနေစဉ်အတွင်း ဆေးမျှော်စင်မှ ဒန်ယွမ်၏ ဆက်သွယ်မှုအား လက်ခံရရှိခဲ့၏။

ထို့ကြောင့် ရောက်ရောက်ချင်း လေဟာနယ်အား ထပ်ခွဲလိုက်ပြီး ဆေးမျှော်စင်သို့ရောက်သွားခဲ့သည်။

“ ဥက္ကဌကြီး.. ခင်ဗျားက ကျုပ်ဆီက လိုအပ်တာ တစ်ခုခုရှိလို့လား....”

ရွှမ်ယီက ဒန်ယွမ်ရှေ့၌ ‌ထွက်ပေါ်လာခဲ့ပြီး ပြုံးလျက်မေးလိုက်သည်။

ဤဆေးမျှော်စင်၌ သူက အဆင့်(၅) မှော်ဆေးဘုရင်အဖြစ်သို့ရောက်သွားခဲ့ခြင်းဖြစ်ပြီး ထိုနေ့က ဘုရင်အဆင့်နှစ်ဦးက သူ့ထံမှ ယန်မီးတောက်ဆေးအား ဖော်စပ်ရန်တောင်းဆိုခဲ့သည်အား သူမမေ့သေးချေ။

ထိုဆေးလုံးအား ဖော်စပ်ရန်နည်းလမ်းက ပျောက်ကွယ်နေသည်မှာ အလွန်ကြာခဲ့ပြီးဖြစ်ပြီး ရွှမ်ယီမှလွဲ၍ ထိုဖော်စပ်နည်အား သိရှိသူများ အလွန်နည်းပါးလှသည်။

တောင်းပိုင်းတိုက်ကြီးတစ်ခုလုံး၌ပင် လက်ချိုးရေလို့ရ၏။

ရွှမ်ယီက အလဲအလှယ်အနေဖြင့် ထိုလူများထံမှ ဒြပ်စင်ငါးမျိုးအဆီအနှစ်နှင့် ၎င်းတို့၏ ပိုင်ဆိုင်မှု တစ်၀က်အား တောင်းယူခဲ့သည်။

စဉ်းစားကြည့်လိုက်မည်ဆိုလျှင် ဤအတောအတွင်း ထိုလူများက ဆေးလုံးအား အသုံးပြုခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ငရဲချီက မည်မျှပင် ထူထပ်စေကာမူ ယခုလောက်ဆိုလျှင် ကျဲပါးသွားလောက်ချေပြီ။

သို့သော် ထိုအဖွဲ့အစည်းမှလူများက သူ့ထံသို့ တစ်ကြိမ်တစ်ခါမျှ ဆက်သွယ်လာခဲ့ခြင်းမရှိချေ။

ယနေ့တွင် ဒန်ယွမ်က သူ့အား ဆေးမျှော်စင်သို့ ခဏလာခဲ့ရန် ဆက်သွယ်ဖိတ်ကြားခဲ့၏။

သူ့ရောက်လာချိန်၌ ဒန်ယွမ်အနားတွင် အမည်မသိ ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးရှိနေသည်ကို တွေ့လိုက်ရသည်။

ရန်မိသားစုက ၎င်းတို့ပေးစရာရှိသည်ကို ပေးရန် ရောက်လာတာများလား...?

သို့သော်လည်း ထိုလူ၏ မျက်လုံးများအား မြင်လိုက်ပြီးနောက် ထိုအတွေးအား ခေါင်းထဲမှ ထုတ်လိုက်တော့သည်။ ထိုလူ၏ အရှိန်အဝါက ရန်မိသားစု အရှိန်အဝါနှင့် အနည်းငယ်မျှ တူညီခြင်းမရှိချေ။

ကြည့်ရသည်မှာ ဆေးပညာရှင်တစ်ဦးနှင့် ပို၍ ဆင်တူနေ၏။

“ ကြည့်ရတာ သူတို့ နောက်တစ်ကြိမ် ပြန်လာဖို့စိတ်ကူးမရှိဘူးနဲ့တူတယ်...”

ရွှမ်ယီ၏ နှလုံးသားထဲမှနေ၍ အေးစက်စွာ ရယ်မောလိုက်သည်။

သူက ၎င်းတို့အား အချိန်သုံးလပေးခဲ့ပြီးဖြစ်သည်။ ထို အချိန်ကုန်လွန်သွားပါက ၎င်းတို့ထံသို့ သူကိုယ်တိုင်သွား‌ပေလိမ့်မည်။ ထိုအခါ ၎င်းတို့၏ ပိုင်ဆိုင်မှု တစ်၀က်မျှနှင့် ဤကိစ္စ ပြီးဆုံးသွားမည်မဟုတ်တော့ပေ။

All Chapters