အခန်း (၁၆၉)
Vol. 12 Ch. 169
“ ရွှမ်ယီ ဒါက ငါ့ဆရာပဲ... အဆင့်(၅) အထွတ်အထိပ် ဆေးဘုရင်ဆိုလည်း မမှားဘူး... ဆေးစိတ်ဝိညာဉ်လို့လည်း ခေါ်တယ်… ပြီးတော့ တောင်းပိုင်းတိုက်ကြီးရဲ့ ထိပ်တန်းအကယ်ဒမီ (၅)ခုထဲက တစ်ခုဖြစ်တဲ့ ဗဟိုသူတော်စင် အကယ်ဒမီရဲ့ ဒုဥက္ကဌလည်းဖြစ်တယ်...”
( ရှေ့မှာ အလယ်ပိုင်းသူတော်စင်အကယ်ဒမီကို ဗဟိုသူတော်စင် အကယ်ဒမီလို့ပြောင်းရေးထားပါတယ်.. နောက်ထပ် အလယ်ပိုင်းသူတော်စင်အကယ်ဒမီပါလာလို့ပါခင်ဗျာ… အစကသတိမထားမိပေမယ့် Central နဲ့ Middle နှစ်ခုဖြစ်နေလို့ခင်ဗျ )
ဒန်ယွမ်က စိတ်အားထက်သန်မှုအပြည့်ဖြင့် ရွှမ်ယီအား မိတ်ဆက်ပေးလိုက်၏။
ထို့သို့သော် ငယ်ရွယ်သည့် ဆေးဘုရင်တစ်ဖြစ်လဲ သိုင်းဘုရင်ပါဖြစ်သည့် ရွှမ်ယီနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ထားသည်က အမှားမရှိချေ။
ရွှမ်ယီ အနည်းငယ်မျက်ခုံးပင့်လိုက်မိ၏။
တောင်ပိုင်းတိုက်ကြီးရဲ့ ထိပ်တန်းအကယ်ဒမီငါးခုထဲက တစ်ခု...!
“ အဲ့ဒီ ထိပ်တန်း အကယ်ဒမီတိုတာ ဘာကိုပြောတာလဲ မေးလို့ရမလား...”
တောင်းပိုင်းတိုက်ကြီး၏ ထိပ်တန်းအကယ်ဒမီဟု ကြားချိန်၌ ရွှမ်ယီ၏ နှလုံးခုန်သံများ အနည်းငယ်မြန်ဆန်သွားခဲ့သည်။
၎င်းတို့က ထိပ်တန်း အကယ်ဒမီများဖြစ်သည့် အားလျော်စွာ ပါရမီရှင်များရှိနေမည်မှာ မြေကြီးလက်ခတ်မလွဲချေ။
ပါရမီအမှတ်(၄၀၀)ကျော်သူအား ထိုနေရာ၌ ရှာတွေ့ရန် ဖြစ်ကောင်းဖြစ်နိုင်သည်။
ရွှမ်ယီ၏ အမေးအားကြားလျှင် ဆေးစိတ်ဝိညာဉ်က ပြုံးလိုက်သည်။
( ဆေးစိတ်ဝိညာဉ်ဆိုတာ သူ့ရဲ့ ဘွဲ့နာမည်ကိုပြောတာပါခင်ဗျ...ဖတ်ရတာ တမျိုးဖြစ်နေပေမယ့် Pill spirit လို့ရေးထားလို့ပါ )
ရွှမ်ယီ စိတ်၀င်စားနေသည်မှာ ထင်ရှား၏။
ရွှမ်ယီရောက်လာချိန်တွင် ထိုလူငယ်ထံမှ ဘုရင်အဆင့် အရှိန်အဝါအား ခံစားမိခဲ့ရာ သူပို၍ တုန်လှုပ်သွားခဲ့ရသည်။
“ တောင်းပိုင်းတိုက်ကြီးမှာ ထိပ်တန်းအကယ်ဒမီကြီး(၅)ခုရှိတယ်.. ဗဟိုသူတော်စင် အကယ်ဒမီ ၊ အနောက်ကြယ် အကယ်ဒမီ ၊ နန်ကျန်း အကယ်ဒမီ ၊ ပိုင်ချန် အကယ်ဒမီ ၊ အလယ်ပိုင်းသူတော်စင် အကယ်ဒမီ တို့ပဲ.. အဲ့ဒီ အကယ်ဒမီ(၅)ခုမှာ တောင်ပိုင်းတိုက်ကြီးရဲ့ ပါရမီရှင်တွေ အများစုကိုတွေ့နိုင်တယ်... ဆရာတိုင်းကလည်း ဘုရင်အဆင့်ကျင့်ကြံသူတွေပဲ... တောင်းပိုင်းတိုက်ကြီးမှာ သူတို့ရဲ့ လွှမ်းမိုးမှုက တော်တော်လေးကျယ်ပြန့်တယ်လို့ ပြောရမယ်...”
ဆေးစိတ်ဝိညာဉ်အား ကြည့်ရင်း ရွှမ်ယီ၏ မျက်၀န်းများ တောက်ပလာခဲ့သည်။ အကြောင်းကိစ္စတစ်ခုခုမရှိဘဲ သူ့အား ဤမျှ အသေးစိတ်ရှင်းပြနေမည်မဟုတ်ကြောင်း သူနားလည်ထား၏။
သူမျှော်လင့်ထားသကဲ့သို့ပင် ဆေးစိတ်ဝိညာဉ်ကပြုံးလိုက်ပြီး ကျောက်စိမ်းတိုကင်တစ်ခု ထုတ်ယူလိုက်သည်။
“ ဒါက ဗဟိုသူတော်စင် အကယ်ဒမီရဲ့ ဆရာထောက်ခံချက်ပဲ... ဒါယူပြီး အဲ့ကိုသွားမယ်ဆိုရင် မင်းက အဲ့ဒီမှာ ဆရာတစ်ယောက် ဖြစ်လာလိမ့်မယ်... ဒါလေး မင်းဆီကို ပေးချင်တယ်...”
ရွှမ်ယီက မျက်တောင်ပုတ်ခပ်ပုတ်ခပ်ဖြစ်သွားပြီး ၎င်းအား ချက်ချင်းလက်မခံခဲ့ပေ။
“ ဘာလို့ ကျုပ်လဲ...”
ထိုဆေးဝိညာဉ်က ဒန်ယွမ်၏ ဆရာမဟုတ်ပေလော။ ၎င်းအား ဒန်ယွမ်ထံသို့ ပို၍ပေးသင့်ပေသည်။
အဘယ်ကြောင့် သူ့အား ထိုအခွင့်အရေး ပေးနေခဲ့သနည်း။
ဆေးဝိညာဉ်က ပြုံးလိုက်သည်။ ရွှမ်ယီ တွေးနေသည့် အရာအား သူနားလည်ပေသည်။
“ ဒန်ယွမ်က ခေါင်းမာလွန်းတယ်… သူက ဒီမှော်ဆေးပညာရှင် အစည်းအရုံးကိုပဲ ဆက်လက်ထိန်းသိမ်းချင်ပြီး တခြားနေရာကို မပြောင်းချင်ဘူး… ပြီးတော့ ဆေးပညာနဲ့ ပတ်သက်ရင် သူက မင်းလောက်မတော်ဘူးလို့ ၀န်ခံထားတယ်… ဒန်ယွမ်က လူတစ်ယောက်ကို ဒီလောက် ဖော်ကျုးနေတာ ငါတစ်ခါမှ မမြင်ဖူးဘူး… အဲ့လိုဆိုမှတော့ အကယ်ဒမီရဲ့ ဆရာရာထူးက အတိအကျကို မင်းအတွက်ပဲပေါ့….”
ရွှမ်ယီက အနည်းငယ်အံ့ဩသွားပြီး ဒန်ယွမ်အား ကြည့်လိုက်မိသည်။ သူ၏ နှလုံးသား အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး ခေတ္တစဉ်းစားလိုက်သည်။
“ ဒါနဲ့ ဗဟိုသူတော်စင် အကယ်ဒမီက ဘယ်ဒေသမှာလဲ... “
ဆေးဝိညာဉ်က ကျောက်စိမ်းတိုကင်အား ရှေ့သို့ ကမ်းပေးလိုက်ပြီး
“ သူတော်စင်ဒေသ…”
ဤသည်အားကြားလျှင် ရွှမ်ယီ ပြုံးလိုက်မိသည်။
သူ၏ မျက်၀န်းထဲ၌ တောက်ပသော အလင်းရောင်တစ်ခုဖြတ်ပြေးသွားပြီး ကျောက်စိမ်းတိုကင်အား လက်ခံရန်ဆုံးဖြတ်လိုက်သည်။
သူသာအမှတ်မမှားပါက ရန်မိသားစုကလည်း သူတော်စင်ဒေသမှဖြစ်၏။
သတ်မှတ်ချိန် သုံးလမပြည့်သေးသော်လည်း ရန်မိသားစုက သူတို့ကတိအား တည်မည်မဟုတ်ကြောင်း ရွှမ်ယီ ကောင်းစွာနားလည်ထားသည်။
သူတို့၏ ပိုင်ဆိုင်မှုထက်၀က်မှာ သေးငယ်မည်မဟုတ်သော်လည်း ၎င်းတို့၏ ဘိုးဘေးအသက်နှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်တော့ပေ။
ရွှမ်ယီ၏ တောင်းဆိုခဲ့မှုက မလွန်ကဲလှပေ။ ပေးနိုင်တာ မပေးနိုင်တာက သူတို့ကိစ္စသာဖြစ်။
သို့သော် သဘောတူညီခဲ့ပြီးမှ မလိုက်နာပါက ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိပေ။
ယခုတွင် ဗဟိုသူတော်စင်အကယ်ဒမီ၌ ဆရာတစ်ဦးဖြစ်ရန် လက်ခံခဲ့ချေပြီ။
သူက မှော်ဆေးပညာဆရာအပြင် ထူးချွန်သော ပါရမီရှိသည့် တပည့်တစ်ဦး ရရှိနိုင်မည်လား ရှာဖွေရန်အတွက် သိုင်းတာအိုဘက်တွင်လည်း ဧည့်ဆရာတစ်ဦးအဖြစ် ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့သည်။
တစ်ချိန်တည်းမှာပဲ သုံးလပြည့်သွားခဲ့ပါက ဓားဦးအား ရန်မိသားစုထံသို့ ညွှန်ပေတော့မည်။
အမှန်တွင် ဆရာတစ်ယောက်ခန့်အပ်ခြင်းအား အလွယ်တကူလုပ်ဆောင်၍ မရပေ။
သို့သော် ဤအချိန်က ယခုနှစ်အတွက် ဗဟိုသူတော်စင်အကယ်ဒမီ၌ တပည့်သစ်များ လက်ခံရတော့မည့်အချိန်ရောက်နေချေပြီ။ ဆေးစိတ်ဝိညာဉ်က အဆင့်(၅) အထွတ်အထိပ် ဆေးဘုရင်တစ်ဦးဖြစ်သည့်အပြင် အကယ်ဒမီ၌ ဒုဥက္ကဌလည်းဖြစ်သည်။ ထို့အပြင် မှော်ဆေးပညာနှင့် ပတ်သက်၍ ကောင်းမွန်သောဂုဏ်သတင်းရှိကာ အကယ်ဒမီမှ လူများစွာတို့နှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးရှိသူတစ်ဦးဖြစ်၏။
ဗဟိုသူတောင်စင်အကယ်ဒမီက ဆရာအသစ်ရှာဖွေပေးရန် အကူအညီတောင်းခဲ့သည်။ ဆေးစိတ်ဝိညာဉ်က ကျောက်စိမ်းတိုကင်အား ရွှမ်ယီထံသို့ လှမ်းပေးလိုက်သည်။
ရွှမ်ယီလည်း လှမ်းယူလိုက်၏။
ဗဟိုသူတော်စင်အကယ်ဒမီ၌ ပါရမီထူးချွန်သူများနှင့် ပြည့်နှက်နေမည်ဖြစ်ရာ သူ၏ အဓိကတာ၀န်အား ထိုနေရာ၌ ပြီးဆုံးအောင် ဆောင်ရွတ်ရပေမည်။
အကယ်ဲဒမီ၌ မှော်ဆေးပညာဆရာအပြင် သိုင်းတာအိုဆရာအဖြစ်ပါ ထမ်းဆောင်ရန် စီစဉ်ခဲ့သည်။ သူ၏ ခွန်အားနှင့် ဓားတာအိုအပေါ် နားလည်မှုများနှင့်ဆိုလျှင် သိုင်းတာအိုဆရာတစ်ဦးဖြစ်လာရန် လုံလောက်သည်ထက် ပိုနေချေပြီ။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဒေသမှထွက်ခွာကာ အဇူရာဒေသသို့ပြန်ရန် ပြင်လိုက်၏။
သူ့ထံတွင် ပိုင်ဆိုင်ထားသည့် အရင်းအမြစ်များအား အဇူရာဒေသမှ တပည့်များထံသို့ ပြန်သွားရန်လိုအပ်သည်။
……
ယခုအချိန်တွင် တောင်ပိုင်းတိုက်ကြီး၏ ထိပ်တန်းအကယ်ဒမီတစ်ခုဖြစ်သော ဗဟိုသူတော်စင်အကယ်ဒမီ၌ ကျောင်းသားသစ်များ ခေါ်ယူတော့မည်ဖြစ်ရာ တောင်ပိုင်းတိုက်ကြီးတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်နေ၏။
တောင်းပိုင်းတိုင်ကြီးတွင် ဒေသပေါင်း (၁၀၀)ကျော်ရှိပြီး ဒေသတစ်ခု၌ နိုင်ငံပေါင်းရာနှင့်ချီ၍ရှိရာ မရေမတွက်နိုင်လောက်သည့် ပါရမီရှင်များ ထွက်ပေါ်လာတော့မည်။
ဗဟိုသူတော်စင် အကယ်ဒမီက ထိပ်တန်းဒေသ(၁၀)ခုအနက် တစ်ခုဖြစ်သော သူတော်စင်ဒေသ၌ တည်ရှိပြီး အဘက်ဘက်မှ စွမ်းအားပြည့်၀ပေသည်။
ထိပ်တန်းအကယ်ဒမီကြီးငါးခုတွင် အလွန်ကြွယ်၀သော အရင်းအမြစ်များနှင့် အစွမ်းထက် နည်းစနစ်များစွာပိုင်ဆိုင်ထားသည်။ သင်ကြားပေးနေသည့် ဆရာတိုင်းကလည်း ဘုရင်အဆင့်များဖြစ်ကာ အင်ပါယာအဆင့်ကျင့်ကြံသူပင် တစ်ကြိမ် ပေါ်ထွက်ခဲ့ဖူးကြောင်း ကောလဟာလများရှိ၏။
ထိပ်တန်းဒေသ (၁၀)ခုမှလွဲပြီး ကျန်ဒေသများမှ ကောင်းကင်အဆင့် (၁၀၀)အတွင်း၀င်သူတိုင်း သူတော်စင်ဒေသသို့လာပြီး စာရင်းပေးသွင်းရန် အရည်အချင်းပြည့်မှီသည်။
ရာနှင့်ချီသော အရွေးချယ်ခံများ စိတ်လှုပ်ရှားသဖြင့် မျက်နှာများပင် နီရဲလာခဲ့၏။
ဗဟိုသူတော်စင် အကယ်ဒမီ၏ ကျောင်းသားလက်ခံခြင်းမှာ ပုံသေသတ်မှတ်ထားခြင်းမရှိချေ။ ဤတစ်ကြိမ်လွတ်သွားပါက နောက်တစ်ကြိမ် မည်သည့်အခါမှ ထပ်ရောက်လာမည်မှန်းမသိနိုင်ပေ။ (၇) နှစ်လည်းဖြစ်နိုင်သလို (၁၀)နှစ်လည်း ဖြစ်နိုင်၏။
ဤအခွင့်အရေးအား မည်သူမှ လက်လွတ်မခံလိုကြချေ။