အခန်း (၁၇၀)
Vol. 12 Ch. 170
အဇူရာဒေသ ၊ အဇူရာ အင်ပါယာမြို့တော်….
ပါရမီရှင်အုပ်စုတစ်ခုက ဗဟိုသူတော်စင်အကယ်ဒမီ ကျောင်းသားအသစ်လက်ခံတော့မည့်အကြောင်းအား စိတ်လှုပ်ရှားစွာ ပြောနေကြ၏။
ထိုလူများအားလုံး အဇူရာအဆင့်မှ နာမည်ကြီးများဖြစ်ကြသည်။ အဇူရာဒေသမှ လူတိုင်းနီးပါး ၎င်းတို့၏ အမည်နှင့်ရင်းနှီးကြ၏။
ကျန်းချန်က ခပ်မှိန်မှိန်ပြုံးလျက်ရှိနေပြီး သူ၏ နံဘေးတွင် သိမ်မွေ့ထက်မြက်ဟန်ရသည့် အမျိုးသမီးတစ်ဦး ရှိနေခဲ့သည်။
ကျန်းချန်ဆိုသည်မှာ ယခင်တုန်းက အဇူရာအဆင့်မှ နံပါတ်(၁)ပါရမီရှင်ဖြစ်သည်။ သူ့တွင် ဓားဝိညာဉ်ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားပြီး အခြေတည်ဝိညာဉ်အဆင့်(၄) အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်၏။ သူက ဘုရင်အဆင့်ကျင့်ကြံသူ တတိယဓားသခင်၏ တပည့်ဖြစ်ကာ ကနဦးဓားရည်ရွယ်ချက်ကိုလည်း နားလည်ထားသည်။
သိုသော် အဇူရာဒေသ မဟာပြိုင်ပွဲကြီး၌ ကြက်သွေးနတ်ဆိုဒေသမှ မိုချန်အား ရှုံးနိမ့်ကာ အဇူရာဒေသမှ မျိုးဆက်သက်များ၏ ဂုဏ်မဆောင်နိုင်ခဲ့ပေ။
သို့သော် ရွှမ်ယီထွက်ပေါ်လာပြီး ကြက်သွေးနတ်ဆိုးဒေသ၏ နတ်ဆိုးအဆင့်မှ လူတိုင်းကို ဖိနှိပ်ပစ်ခဲ့သည်။ သူက ဟင်းလင်းပြင်ဓားနယ်မြေအားသုံးကာ အခြေတည်ဝိညာဉ်အဆင့်ဖြင့် မေ့ပျောက်နတ်ဆိုးဘုရင်အား သတ်ဖြတ်ခဲ့၏။
ထိုအချိန်တွင် ရွှမ်ယီအသုံးပြုခဲ့သည့် ဓားချက်က ကျန်းချန်၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲမြဲသွားစေခဲ့သည်။
မူလက မိုချန်အား ကျန်းချန်ရှုံးနိမ့်ခဲ့သဖြင့် အဇူရာဒေသမှ လူတိုင်းစိတ်ဓာတ်ကျနေရာ ရွှမ်ယီက အခြေအနေကို ပြောင်းပြန်လှန်ပစ်ခဲ့၏။
သူက နတ်ဆိုးအဆင့်မှ အရွေးချယ်ခံများအား ရှင်းလင်းပစ်ခဲ့ရုံမျှမက ဘုရင်အဆင့်မှ ဆရာ၏ အကူအညီဖြင့် မေ့ပျောက်နတ်ဆိုးနန်းတော်ကိုပင် ဖျက်ဆီးပစ်ခဲ့သည်။
ကျန်းချန်၏ ရင်ထဲတွင် ရွှမ်ယီ၏ ဓားချက်က ဘယ်တော့မှ မေ့ဖျောက်မရနိုင်သည့် ပုံရိပ်တစ်ခုဖြစ်လာခဲ့ပြီး ရွှမ်ယီအားသူ၏ ပန်းတိုင်အဖြစ်သတ်မှတ်ခဲ့သည်။
ကိစ္စများအားလုံးပြီးနောက် ကျန်းချန်က နက်နဲဓားဂိုဏ်းတည်ရှိရာသို့ ခရီးထွက်ခဲ့သည်။ သူ့အနေဖြင့် ရွှမ်ယီထံမှ သင်ယူလိုစိတ်များ ပြင်းထန်နေခဲ့သည်။
သိုသော် သူရောက်သွားချိန်၌ ရွှမ်ယီ အဇူရာဒေသမှထွက်သွားပြီဖြစ်ကြောင်း သိလိုက်ရ၏။
ကျန်းချန်တစ်ယောက် အလွန်မချင့်ရဲဖြစ်သွားခဲ့ရသည်။ သူ့တွင် ဓားဝိညာဉ်ခန္ဓာကိုယ်ရှိသော်လည်း ရွှမ်ယီ၏ ဓားချက်က သူ့အတွက် အလွန်ရင်သပ်ရှုမောဖြစ်ခဲ့ရ၏။
ရွှမ်ယီ၏ နောက်သို့ စောစီးစွာ မလိုက်ခဲ့ရသည့်အပေါ် အလွန်နောင်တရနေခဲ့သည်။
“ ကံကောင်းခြင်းဆိုတာ ရလာတုံးမှာ အမိအရမဖမ်းဆုပ်နိုင်ရင် အဲ့တာက လွတ်မြောက်သွားလိမ့်မယ်….”
ကျန်းချန်တစ်ယောက် အလွန်အမင်း မသက်မသာခံစားခဲ့ရ၏။
သို့သော် စိတ်ပျက်အားငယ်ခြင်းက အချိန်တခဏသာကြာခဲ့သည်။ ထို့နောက် ဓားတာအိုအားရှာဖွေရန် တခြားသော ဒေသများသို့ထွက်ခွာရန် ဆုံးဖြတ်လိုက်၏။
သူ့စိတ်ထဲတွင် ဤသည်က ရွှမ်ယီ၏ ခြေရာကိုနင်းနိုင်မည့် တစ်ခုတည်းသော ရွေးချယ်မှုပင်။
နှစ်၀က်ခန့်ကြာပြီးနောက် ကျယ်ပြန့်သော ဧရိယာတစ်ခုသို့ရောက်ရှိခဲ့သည်။
ထိုဒေသကား ပင်လယ်နက်ဒေသဟုအမည်တွင်ပြီး ပင်လယ်ထဲ၌ ကျွန်းငယ်လေးများ စုနေသည့်နေရာတစ်ခုဖြစ်၏။ ထိုဒေသကို အင်အားစုသုံးခုက ထိန်းချုပ်ထားခဲ့သည်။
ကျန်းချန် ထိုနေရာသို့ရောက်ခဲ့ပြီးနောက် အင်အားစုသုံးခုထဲမှ ချွန်ရှန်အာဟုခေါ်သော အမျိုးသမီးတစ်ဦးနှင့် ဆုံတွေ့ခဲ့၏။ သူတို့နှစ်ယောက် မြင်မြင်ချင်း၌ပင် တစ်ယောက်အပေါ်တစ်ယောက် မေတ္တာသက်၀င်သွားခဲ့ကြသည်။
ချွန်ရှန်းအာက ကျန်းချန်ကို အဇူရာဒေသသို့ ပြန်စေချင်ခဲ့ပြီး အကြုံပြုတိုက်တွန်းခဲ့၏။
“ အဲ့ဒီအချိန်တုန်းကပေါ့.. ရွှမ်ယီက ဒီနေရာရဲ့ အပေါ်ထက်မှာရှိခဲ့တယ်… သူဓားချက်မှာ အကန့်အသတ်မဲ့တဲ့ ဓားချီစွမ်းအားတွေပါ၀င်နေပြီး တိတ်ဆိတ်နေတဲ့ညကို ဓားတာအိုနဲ့ တောက်ပစေခဲ့တယ်… ငါ့နှလုံးသားတစ်ခုလုံး လောင်ကျွမ်းသွားသလို ခံစားခဲ့ရတာ အဲ့ဒီအချိန်ပဲ…”
ကျန်းချန်၏ စိတ်လှုပ်မှုများပြည့်နှက်နေသော မျက်နှာဖြင့် အဇူရာအင်ပါယာ မြို့တော်၏ ကောင်းကင်ထက်သို့ ညွှန်ပြရင်း ပြောလိုက်သည်။
သူ့ မျက်၀န်းများက အားကျနှစ်သက်မှုများဖြင့် တောက်ပနေခဲ့၏။
တစ်ချိန်က သူမြင်ဖူးခဲ့သည့် ရွှမ်ယီ၏ ဓားချက်အား တစ်ဖန်ပြန်လည် မြင်တွေ့လိုက်ရသကဲ့သို့ပင်။ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့၏။
ချွန်ရှန်းအာ အံ့ဩသွားခဲ့သည်။
သူမနှင့် ကျန်းချန်က တစ်ယောက်အကြောင်း တစ်ယောက် တော်တော်လေးသိကြသူများဖြစ်၏။
ကျန်းချန်အား သူမ သိခဲ့သိမှာ အတော်လေးကြာချေပြီ။ သူမ၏ အမြင်၌ ကျန်းချန်မှာ အတော်လေးထူးချွန်သူတစ်ယောက်ဖြစ်ပြီး ပင်လယ်နက်ဒေသ၌ပင် အလေးအနက်ထားရမည့် ပါရမီရှင်တစ်ဦးဖြစ်၏။
ကျန်းချန်၏ ပါရမီ ၊ စွမ်းအား များအရဆိုလျှင် ဤနေရာ၌ လူငယ်မျိုးဆက်များအကြား နံပါတ်(၁) ဖြစ်သင့်သည်မဟုတ်လော။
ကျန်းချန်၏ မျက်၀န်းများက ရွှမ်ယီကို အားကျကာ တောက်ပနေခဲ့သော်လည်း တစ်ဖက်တွင် ချွန်ရှန်းအာ၏ မျက်၀န်းများက သံသယများနှင့် ပြည့်နှက်နေခဲ့သည်။
ကျန်းချန်ဆိုသည်မှာ အသက်ငယ်ငယ်လေးဖြင့် ဓားရည်ရွယ်ချက်အား နားလည်ထားသူဖြစ်ပြီး အလွန်မြင့်မားသော အရည်အချင်းရှိသူဖြစ်၏။ ဘုရင်အဆင့်ရောက်နေသူအများစုပင် ထိုသို့မလုပ်နိုင်သည်ဖြစ်ရာ ကောင်းကင်အား အံတုနေသော ပါရမီရှင်ဟု ဆိုလျှင်လည်း မမှားချေ။
အဲ့ဒီ ရွှမ်ယီက ဘယ်လောက်တောင် သန်မာနေလို့လဲ…?
ထိုအချိန်တွင် အဇူရာအင်ပါယာမြို့တော်အထက်ရှိ ကောင်းကင်မှ လေဟာနယ်က ရုတ်တရက် အက်ကွဲသွားခဲ့သည်။
ထိုအထဲမှ ရွှမ်ယီထွက်ပေါ်လာပြီး အပြုံးတစ်ခုဖြင့် ပတ်၀န်းကျင်အား ဝေ့ပတ်ကြည့်လိုက်သည်။
သူ အဇူရာဒေသမှ ထွက်ခွာလာစဉ်တုန်းက အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူအဖြစ်သာရှိသေး၏။
သို့သော် ယခု အဇူရာဒေသသို့ ပြန်ရောက်လာချိန်၌ ဘုရင်အဆင့်သို့ ရောက်နေချေပြီ။
ရွှမ်ယီက အဇူရာအင်ပါယာမြို့တော်ကြီးအား ကောင်းကင်ထက်မှ ကြည့်ရင်း ခပ်ဖွဖွလေးပြုံးလိုက်သည်။ သူက ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည့် အားလျော်စွာ ကောင်းကင်ထက်၌ တည်ငြိမ်စွာ ရပ်နေခဲ့၏။
သူသာ ဆန္ဒရှိမည်ဆိုလျှင် ဤမြို့တော်ကြီးအား ဓားချီစွမ်းအင်များ ၀န်းရံလျက် ဖျက်ဆီးပစ်လိုက်နိုင်စွမ်းရှိသည်။
………
အဇူရာအင်ပါယာမြို့တော်၏ ကောင်းကင်ထက်၌ လွင့်မျောနေသည့် အဇူရာဘုရင်နန်းတော်အတွင်းရှိ အဇူရာဘုရင်က မြို့တော်ထဲတွင် ထွက်ပေါ်လာသည့် ဘုရင်အဆင့်အရှိန်အဝါတစ်ခုအား အာရုံခံမိလိုက်သည်။ အဇူရာဘုရင်က နတ်အသိဖြင့် ဆက်လက်စူးစမ်းကြည့်လိုက်ရာ အံ့ဩသွားခဲ့၏။
“ ဒီအရှိန်အဝါက အစိမ်းသက်သက်မဟုတ်ဘူး… နည်းနည်း ရင်းနှီးနေသလိုပဲ….”
ရွှပ်..
ရုတ်တရက် လေဟာနယ်အက်ကွဲသွားပြီး အဇူရာဘုရင်က ရွှမ်ယီရှေ့၌ ထွက်ပေါ်လာခဲ့သည်။
“ ရွှမ်ယီ…! မင်းလား…”
အဇူရာဘုရင်၏ မျက်လုံးများပြူးကျယ်လျက် ရွှမ်ယီအား မယုံကြည်နိုင်စွာ ကြည့်နေခဲ့၏။ ထို ဘုရင်အဆင့်အရှိန်အဝါက ရွှမ်ယီထံမှ ထွက်ပေါ်လာကြောင်း သူ့အနေဖြင့် လက်ခံရန် ခက်ခဲနေသည်။
အချိန် ဘယ်လောက်ကြာသေးလိုလဲ…
………
ရွှမ်ယီက ကျောက်စိမ်းတိုကင်အား လက်ခံပြီးပြီဖြစ်ရာ မကြာခင် ဗဟိုသူတော်စင်အကယ်ဒမီ၌ ဆရာအဖြစ်သွားရောက်တာ၀န် ထမ်းဆောင်ရပေတော့မည်။
သူက မှော်ဆေးပညာတွင်သာမက သိုင်းတာအိုဘက်တွင်လည်း ဆရာအဖြစ်ထမ်းဆောင်ရန် စိတ်ဆုံးဖြတ်ထား၏။ သူအနေဖြင့် ကျောင်းသားများအား မှော်ဆေးပညာတွင်သာမက ဓားတာအိုတွင်လည်း လမ်းညွှန်ပေးနိုင်စွမ်းရှိသည်။ ကံကောင်းပြီး သင့်တော်သူတွေ့ခဲ့ပါက တပည့်အဖြစ်လက်ခံမည်ဖြစ်၏။
ရွှမ်ယီက ကိုယ့်ကိုယ်ကိုယ် ဘ၀င်မြင့် အထင်ကြီးနေခြင်းမဟုတ်ပါ။
ဓားရည်ရွယ်ချက် အဆင့်(၃) အထွတ်အထိပ်နှင့် ဟင်းလင်းပြင်ဓားနယ်မြေအား နားလည်ထားသည်ဖြစ်ရာ ဗဟိုသူတော်စင်အကယ်ဒမီ၌ပင် ထိုကဲ့သို့ အရည်အချင်းများနှင့် နောက်တစ်ယောက်မရှိနိုင်ပေ။
သူ၏ အချင်းအချင်းများက သိုင်းတာအို ဆရာတစ်ဦးဖြစ်လာရန် လုံလောက်သည်ထက် ပိုနေ၏။
ယခုတွင် အဇူရာဒေသမှ ထိပ်တန်းပါရမီရှင်များဖြစ်သော မင်ယွဲ့ရှု ၊ ကျန်းချန်နှင့် ကျန်သူများက ဗဟိုသူတော်စင်အကယ်ဒမီနှင့် ပတ်သက်ပြီး ဆွေးနွေးနေကြသည်။ ၎င်းတို့အနေဖြင့် ၀င်ခွင့်လျှောက်ရန်စီစဉ်ထားကြောင်း ရှင်းပေသည်။
ရွှမ်ယီက ပြုံးလိုက်ပြီး ထိုလူများထံသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့၏။
“ သခင်လေးရွှမ်… မတွေ့တာကြာပြီနော်.. ရှင် အဇူရာဒေသကိုပြန်ရောက်လာပြီပဲ…”
ရွှမ်ယီအား မြင်လိုက်လျှင် မင်ယွဲ့ရှုတစ်ယောက် အံ့အားသင့်သွားပြီး မျက်နှာလှလှထက်၌ အပြုံးချိုချိုလေးတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။
ရွှမ်ယီထံသို့ လျှောက်သွားရင် အံ့အားသင့်နေသည့် လေသံဖြင့်လိုက်၏။
ထိုပတ်၀န်းကျင်မှ ပါရမီရှင် မျိုးဆက်သစ်များအားလုံး အလွန်အမင်းအံ့ဩသွားခဲ့ကြသည်။ မင်ယွဲ့ရှု ယောက်ျားတစ်ယောက်အပေါ် ဤမျှ ချိုသာကြင်နာစွာ ပြောဆိုဆက်ဆံသည်အား သူတို့တစ်ခါမှ မတွေ့ဖူးကြပေ။