← Chapters

အခန်း (၁၇၃)

Vol. 12 Ch. 173

အခန်း (၁၇၃)

Vol. 12 Ch. 173

၀မ်မိသားစုဆိုသည်မှာ အစွန်အဖျားဒေသမှ မိသားစုငယ်လေးတစ်ခုဖြစ်၏။ မိသားစု၀င်ရာဂဏန်းလောက်သာရှိပြီး အစွမ်းထက်ဆုံးကျင့်ကြံသူမှာ စိတ်ဝိညာဉ်အခြေခံတည်ဆောက်ခြင်း အဆင့်(၈)၌သာရှိသည်။

ယခုအချိန်တွင် ၀မ်မိသားစုသည် ၀မ်ဟူ၏ မင်္ဂလာကိစ္စ အကြောင်းကြားစာအားရရှိခဲ့သည်။ ဝမ်မိသားစုခေါင်းဆောင်က မျက်မှောင်ကြုတ်ပြီး ခေါင်းအနည်းငယ်ယမ်းလိုက်သည်။

“ ၀မ်ဟူ…”

မိသားစုခေါင်းဆောင် တစ်ယောက်တည်းရေရွတ်လိုက်၏။ သူတို့အနေဖြင့် ၀မ်ဟူအား အတော်လေးအလေးထားကြသည်။ ၀မ်ဟူက ပါရမီထူးချွန်သောကြောင့်မဟုတ်‌ဘဲနက်နဲဓားဂိုဏ်းသို့၀င်ရောက်နိုင်ခဲ့သောကြောင့်ဖြစ်၏။

၀မ်ဟူ၏ အရည်အချင်းမှာ ၀မ်မိသားစုတပည့်များအကြား၌ပင် နိမ့်ကျသည်ဟုဆိုနိုင်သည်။ သို့သော် အားလုံးထဲတွင် သူက နက်နဲဓားဂိုဏ်းသို့၀င်ရောက်နိုင်ခဲ့၏။

ဤသည်က ၀မ်မိသားစု၏ အဆင့်အတန်းအား အနည်းငယ်မြင့်သွားစေခဲ့သည်။ ထို့အပြင် သူကြားသိရသလောက်ဆိုလျှင် ၀မ်ဟူ၏ ဆရာက အလွန်အစွမ်းထက်သည်ဟု ဆိုကြသည်။

ယခုတွင် ၀မ်ဟူလက်ထပ်တော့မည့်အကြောင်း အသိပေးစာရောက်လာသည်ဖြစ်ရာ မိသားစုခေါင်းဆောင်က မနှောင့်နှေးဝံ့ဘဲ မိသားစုအဖွဲ့၀င်များအား ချက်ချင်းဆင့်ခေါ်လိုက်၏။

“ ၀မ်ဟူရဲ့ ဆရာက ငါတို့မိသားစုက တစ်ယောက်ယောက်ကိုမျက်စိကျသွားမယ်ဆိုရင် အလွန်ကောင်းတဲ့ကိစ္စပဲ…”

၀မ်ဟူက နက်နဲဓားဂိုဏ်းသို့၀င်ရောက်နိုင်ခဲ့သော်လည်း ၀မ်ဟူ၏ အရည်အချင်းက နိမ့်ကျလှရာ သူ့အပေါ် များစွာမျှော်လင့်ချက်ထားခြင်းမရှိပေ။

ထို့ကြောင့် ၀မ်ဟူ၏ လက်ထပ်ပွဲအား အကြောင်းပြုကာ မျိုးဆက်သစ်လူငယ်တိုင်းအားစုစည်းလိုက်သည်။

အကယ်၍ ၀မ်ဟူ၏ ဆရာသာ ထိုအထဲမှ တစ်ယောက်ယောက်အား သဘောကျသွားလျှင်….

…………

နက်နဲဓားဂိုဏ်းဆိုသည်မှာ ကောင်းကင်လေတစ်နိုင်ငံလုံးတွင် လုံး၀လျစ်လျူရှု၍မရသော ဂိုဏ်းကြီးတစ်ခုဖြစ်သည်။ နက်နဲဓားဂိုဏ်း၏ ဂုဏ်သတင်းမှာ ရှေးယခင်ကနှင့်ယှဉ်လျှင် နှိုင်းယှဉ်မရနိုင်လောက်အောင်အထိ မြင့်တက်နေပြီဖြစ်၏။

ကောင်းကင်လေနိုင်ငံက လူတိုင်း ၀မ်ဟူ၏ အမည်အားမသိကြလျှင်တောင် ၀မ်ဟူ၏ဆရာ ရွှမ်ယီအား မသိသူမရှိကြချေ။

ရွှမ်ယီဆိုသည်မှာ ဘုရင်အဆင့်နောက်ခံရှိပြီး အဇူရာဒေသမှရွေးချယ်ခံတိုင်းထက် ထူးချွန်သူတစ်ဦးဖြစ်၏။

ရွှမ်ယီ၏ ဂုဏ်သတင်းဖြင့် နက်နဲဓားဂိုဏ်းဆိုသည်မှာ လူများစွာ တိုက်ခိုက်ယှဉ်ပြိုင်ကာ ၀င်ရောက်လို့သည့် မြင့်မြတ်နယ်မြေတစ်ခုအလားဖြစ်လာခဲ့သည်။

၀မ်ဟူက နက်နဲဓားဂိုဏ်း၀င်တစ်ယောက်ဖြစ်သည့်အပြင် နက်နဲဓားဂိုဏ်းမှ အကြီးအကဲတစ်ဦးကိုလည်း ဆရာသခင်ကိုလည်း ပိုင်ဆိုင်ထား၏။

၀မ်မိသားစုတစ်ခုလုံး၏ ဂုဏ်ဆောင်လည်းဖြစ်သည်။

ထို့ကြောင့် ၀မ်ဟူ၏ မင်္ဂလာပွဲမှာ ၀မ်မိသားစုအတွက် အလွန်ကြီးကျယ်သည့် အခမ်းအနားတစ်ခုဖြစ်ပေသည်။

တချို့ဂိုဏ်းအမျိုးမျိုးသို့သွားရောက်ပညာသင်ကြားနေကြသည့် ၀မ်မိသားစု၀င်တိုင်း နေရပ်သို့ချက်ချင်းပြန်လာခဲ့ကြ၏။

နေ့၀က်ကြာပြီးနောက်

နယ်စပ်မြို့လေး၏ ကောင်းကင်အထက်မှ လေဟာနယ်က ကွဲအက်သွားခဲ့သည်။

ဘုန်း..

၎င်းအတွင်းမှ ၀မ်ဟူထွက်ပေါ်လာ၏။

“ ဒါက ဘယ်လိုနည်းစနစ်ကြီးလဲ…”

“ ကောင်းကင်ထက်က လေဟာနယ်ကွဲပြီး လူထွက်လာတယ်…”

ပတ်၀န်းကျင်ရှိ မြင်လိုက်ရသူတိုင်း ရှော့ရသွားကြသည်။

“ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းလား.. မဟုတ်သေးဘူး.. အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတောင် အဲ့လို မလုပ်နိုင်ဘူးမို့လား…”

လက်ရှိတွင် နယ်စပ်မြို့မှလူတိုင်း နက်နဲဓားဂိုဏ်းမှ ၀မ်ဟူလက်ထပ်တော့မည့်သတင်အား သိထားကြသည်။

ထို့အပြင် သူတို့တစ်မြို့လုံး၌ နက်နဲဓားဂိုဏ်း၌ တပည့်တစ်ဦးသာရှိ၏။ ထိုသူ ၀မ်ဟူမှလွဲ၍ တခြားမဟုတ်ချေ။ ထို့ကြောင့် တစ်မြို့လုံးက ၀မ်မိသားစုအား လေးစားစွာဆက်ဆံကြရသည်။

ယခုတွင် ရွှမ်ယီက လေဟာနယ်အားခွဲဖွင့်ကာ ထွက်ပေါ်လာသည်ဖြစ်ရာ တစ်မြို့လုံးထိတ်လန့်သွားခဲ့ရ၏။

ကောင်းကင်လေနိုင်ငံ၏ ဥသျှောင်ဘုရင်ဖြစ်သည့် အခြေတည်ဝိညာဉ်အဆင့်(၇)ကျင့်ကြံသူပင်လျှင် ထိုသို့လုပ်နိုင်မည်ဟု သူတို့မထင်ပေ။

“ ကြည့်ရတာ နက်နဲဓားဂိုဏ်းက ဘုရင်အဆင့်ကျင့်ကြံသူပဲဖြစ်ရမယ်…”

လူတိုင်း၏ မျက်နှာထက်တွင် လေးစားမှုများ ထွက်ပေါ်လာ၏။

သူတို့အားလုံး ၀မ်ဟူအား မနာလိုဖြစ်နေခဲ့ကြသည်။

သူတို့မြို့၌ အလယ်အလတ်အဆင့်သာရှိသော ၀မ်မိသားစုက နက်နဲဓားဂိုဏ်းနှင့် ပတ်သက်မှုကြောင့် ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်ဘုံသို့ရောက်သွားခဲ့သည်။ အဘယ်မှာလျှင် မနာလိုမဖြစ်ဘဲနေမည်နည်း။

၀မ်ဟူလက်ထပ်တော့မည့်အချိန်တွင် ၀မ်မိသားစုထံသို့ရောက်လာသည့် ဘုရင်အဆင့် ကျင့်ကြံသူပင်ရှိနေခဲ့၏။

‌

ကောင်းကင်လေနိုင်ငံတွင် ဘုရင်အဆင့်ဆိုသည်မှာ အနှိုင်းမဲ့တည်ရှိမှုဖြစ်သည်။ ၎င်းက နိုင်ငံခြောက်နိုင်ငံအား အလွယ်တကူ ဖျက်ဆီးနိုင်စွမ်းရှိပေသည်။

သူတို့မြို့မှ လူများအတွက်တော့ ဒဏ္ဍာရီထဲမှ ပုဂ္ဂိုလ်ဖြစ်လေသည်။

ထို ဒဏ္ဍာရီထဲမှာသာရှိသောလူမျိုးက ၀မ်ဟူရဲ့ မင်္ဂလာပွဲအတွက် လေဟာနယ်ကိုခွဲပြီး သူတို့မြို့ကိုရောက်လာသည်တဲ့လား….

“ ၀မ်ဂျီက နက်နဲဓားဂိုဏ်းက ဆရာသခင်ကိုနှုတ်ခွန်းဆက်သပါတယ်… ဆရာသခင်ကို ဘယ်လိုခေါ်ရမလဲခင်ဗျ….”

၀မ်မိသားစုခေါင်းဆောင်၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။ ရှေ့သို့ထွက်လာပြီး ဦးညွှတ်ကာ ဂါ၀ရပြုလျက် မေးလိုက်၏။

သတင်းများအရ ထိုဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်နှစ်ဦးက နက်နဲဓားဂိုဏ်းအားစောင့်ရှောက်နေကြောင်း ကြားသိထားသည်။

၎င်းတို့၏ ခွန်အားများက လေဟာနယ်က ခွဲဖွင့်နိုင်သည်အထိကြီးမား၏။ သူတို့က အဇူရာဒေသမှ ထိပ်ဆုံးအဆင့်အုပ်ချုပ်သူ(၁၀)ဦးနှင့် အဆင့်တူသည်ဟုလည်း ကြားဖူးသည်။

အခု လေဟာနယ်ကိုခွဲဖွင့်ပြီးလာတာဆိုတော့ သူတို့များလား…

“ ကျုပ်က နက်နဲဓားဂိုဏ်းက အကြီးအကဲ ရွှမ်ယီပါ.. ၀မ်ဟူရဲ့ ဆရာပေါ့…”

ရွှမ်ယီက ၀မ်မိသားစုခေါင်းဆောင်အား ပြုံးပြလိုက်သည်။

“ ဒါဆို ဆရာသခင်က အကြီးအကဲရွှမ်ပေါ့…”

၀မ်ဂျီ၏ အသံက တိမ်၀င်သွားပြီး တုန်လှုပ်စွာနှင့် ကောင်းကင်ထက်သို့မော့ကြည့်လိုက်၏။

သူက တည်ငြိမ်စွာရပ်နေသည့် ရွှမ်ယီအားမြင်လိုက်ရပြီး နောက်ကွယ်မှ ပြုံးပြနေသော ၀မ်ဟူကိုလည်း တွေ့လိုက်ရသည်။

၀မ်ဟူ၏ ဆရာသခင်ဆိုသည်မှာ သူတို့နိုင်ငံ၌ သမိုင်း၀င်လူတစ်ယောက်ဟု ဆိုလျှင် မမှားချေ။ သူက မေ့ပျောက်နတ်ဆိုးနန်းတော်အား ဖျက်ဆီးခဲ့ပြီး တခြားဒေသများ၌ပါ နက်နဲဓားဂိုဏ်းခွဲအား တည်ထောင်ခဲ့သူဖြစ်၏။

ယခု ထိုလူက ဒဏ္ဍာရီလာ ဘုရင်အဆင့်သို့ပင်ရောက်နေပြီလော…

၀မ်ဂျီတစ်ယောက် လေအေးများ ရှိုက်သွင်းလိုက်ပြီး သူ့နောက်ကွယ်မှ ၀မ်မိသားစု၀င်တိုင်းလည်း ထိတ်လန့်တုန်လှုပ်လျက်ရှိနေကြသည်။

ဝမ်ဟူအား နက်နဲဓားဂိုဏ်းမှ အကြီးအကဲတစ်ဦးက တပည့်အဖြစ်လက်ခံထားမှန်း သူတို့သိကြသော်လည်း ထိုဆရာက ရွှမ်ယီမှန်း မသိခဲ့ကြချေ။

သာမန် အခြေတည်ဝိညာဉ်အဆင့်အကြီးအကဲတစ်ဦးဟုသာ ထင်မှတ်ခဲ့ကြ၏။

အဇူရာဒေသနှင့် ကြက်သွေးနတ်ဆိုးဒေသ၌ နက်နဲဓားဂိုဏ်းအား ကျော်ကြားစေခဲ့သည့် ရွှမ်ယီဖြစ်မည်ဟု မည်သူမှတွေးမိခဲ့ကြခြင်းမရှိချေ။

၀မ်မိသားစုက ဧရာမကြီးမားသော ရွှေပေါင်ကြီးအား ဖက်ထားမိချေပြီ။

“ ယောက်ျား ဆရာသခင်ကို လက်ဖက်ရည်နဲ့ဧည့်ခံဖို့ မြန်မြန်ဖိတ်လိုက်လေ…”

နံဘေးမှ ဇနီးဖြစ်သူက အမြန်တိုက်တွန်းလိုက်၏။

ထို့နောက် ချက်ချင်းပင် တစ်စုံတစ်ယောက်က အငွေ့တစ်ထောင်းထောင်းထွက်နေပြီး စိတ်ဝိညာဉ်စွမ်းအင်များထွက်ပေါ်နေသည့် လဖက်ရည်တစ်ခွက်အား ယူဆောင်လာခဲ့သည်။

ဤလဖက်ရည်မျိုးအား နယ်စပ်မြို့၌ တွေ့ရန် အလွန်ခက်ခဲလွန်းလှသည်။ ၎င်းမှာ နဂိုကတည်းက ၀မ်ဟူ၏ ဆရာဖြစ်သူအတွက် ရည်ရွယ်ထားကြောင်း ထင်ရှား၏။

“ အကြီးအကဲရွှမ် ၀မ်ဟူက နက်နဲဓားဂိုဏ်းကို ၀င်ရောက်‌နိုင်ခဲ့ပြီး အကြီးအကဲရဲ့တပည့်ဖြစ်လာတာဟုာ ကျွန်တော်တို့ ၀မ်မိသားစုအတွက် မဟာကံကောင်းမှုကြီးပါပဲ.. အဲ့နောက်ပိုင်း ဝမ်မိသားစုမှာ အရည်အချင်းရှိတဲ့ တပည့်တွေ အများကြီးထွက်ပေါ်ခဲ့ပါတယ်…”

၀မ်မိသားစုခေါင်းဆောင်၏ မျက်၀န်းများကတောက်ပနေပြီး အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။

“ မင်းတို့ ဘာစောင့်နေကြတာလဲ.. အကြီးအကဲရွှမ်ရှေ့မှာ မြန်မြန်သိုင်းကစားပြလိုက်ကြလေ…”

၀မ်ဟူ၏ ဆရာက ရွှမ်ယီဖြစ်ကြောင်း သိလိုက်ရချိန်တွင် ၀မ်ဂျီတစ်ယောက် တော်တော်လေးတုန်လှုပ်သွားခဲ့၏။

ထိုသို့မသိခင်ကပင် ၀မ်မိသားစုမှ တပည့်များ အရည်အချင်းကို ၀မ်ဟူ၏ ဆရာအရှေ့၌ ပြသရန် စီစဉ်ထားပြီးသားဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၀မ်ဟူ၏ အရည်အချင်းမှာ အလွန်နိမ့်ကျသည်ဟု ဆိုနိုင်သည်။ သူ့အနေဖြင့် ချီအခြေခံတည်ဆောက်ခြင်းအဆင့်ကို ကျော်ဖြတ်ရန်ပင် ကောင်းကင်အားတက်သကဲ့သို့ ခက်ခဲပေလိမ့်မည်။

လက်ရှိတွင် ၀မ်မိသားစုအမြင့်ရောက်နေရခြင်းမှာ ၀မ်ဟူကြောင့်ဖြစ်၏။ သို့သော် သူ၏ အရည်အချင်းများဖြင့်ဆိုပါက ဤဂုဏ်သတင်းက မည်မျှကြာရှည်စွာခံပါ့မည်နည်း။

၀မ်ဟူ၏ဆရာသာ နောက်ထပ်တစ်ယောက်အား သဘောကျသွားပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

လက်ရှိ ၀မ်မိသားစု လူငယ်မျိုးဆက်များမှာ ချီအခြေခံတည်ဆောက်ခြင်း အဆင့်(၂) ၊ တချို့မှာ အဆင့်(၄)သို့ပင် ရောက်ရှိနေကြချေပြီ။

သူတို့အမြင်၌ ၎င်းတို့မှာ ၀မ်ဟူထက်သာလွန်ပေသည်။

.......................

လက်ရှိမှာ သူ့တပည့်ရဲ့ မင်္ဂလာကိစ္စတွေနဲ့ ဇာတ်ရှိန်နည်းနည်းကျနေပေမယ့်

မကြာခင်ပြန်တက်လာပါလိမ့်မယ်

6နာရီ ၀န်းကျင် နောက်တစ်ပိုင်းရမယ်နော်

All Chapters