← Chapters

အခန်း (၁၇၈)

Vol. 12 Ch. 178

အခန်း (၁၇၈)

Vol. 12 Ch. 178

ဒါပေမယ့် ရွှမ်ယီ…

ဌာနမှူးက မည်သည့်အမူအရာမှ ထုတ်ဖော်ပြသခြင်းမရှိသော်လည်း စိတ်ထဲ၌ သံသယရှိနေခဲ့သည်။ သူ့ရှေ့မှကောင်လေးက အလွန်ငယ်သေး၏။

ထိုအသက်အရွယ်၌ အမျာစုးမှာ အဆင့်(၄)သို့ပင်မရောက်ကြသေးချေ။ တချို့သော ပါရမီရှင်အနည်းငယ်သာ အဆင့်(၄)သို့ရောက်နိုင်ခြင်းဖြစ်၏။

အဆင့်(၅) အတွက်မူ…

ဌာနမူး တော်တော်လေး မယုံကြည်နိုင်အောင်ဖြစ်နေခဲ့ရသည်။

မှော်ဆေးပညာ၌ အရည်အချင်းသာမက အတွေ့အကြုံကလည်း စကားပြော၏။ အဆင့်(၄) မတိုင်ခင်တွင် သိပ်အရေးမကြီးသော်လည်း အဆင့်(၅)ဆေးဘုရင်တစ်ဦးဖြစ်လာရန်မှာ အတွေ့အကြုံက အလွန်အရေးကြီးသော ကဏ္ဍ၌ပါရှိသည်။

‘ မေ့လိုက်တော့..မေ့လိုက်တော့….’

ဌာနမှူးက လက်ထဲမှကျောက်စိမ်းတုံးအား ချထားလိုက်ပြီး ရွှမ်ယီအား ပြုံးပြလိုက်သည်။

“ အခုချိန်ကစပြီး မင်းက ဗဟိုသူတော်စင်အကယ်ဒမီရဲ့ ဆေးတာအို နည်းပြဆရာပဲ… ဒါကမင်းအတွက် အမှတ်အသားကျောက်စိမ်းပဲ.. အမြဲဆောင်ထားဖို့ မမေ့ပါနဲ့…”

ရွှမ်ယီက ထိုကျောက်စိမ်းပြားလေးအား ယူပြီး သိမ်းထားလိုက်သည်။

ဌာနမှူးကခေါင်းတစ်ချက်ညိတ်ပြီး ဆက်ပြောလိုက်သည်

“ ဗဟိုသူတော်စင်အကယ်ဒမီကို အပိုင်းနှစ်ခုခွဲထားတယ်… အဲ့နှစ်ခုထဲက တစ်ခုဖြစ်တဲ့ သိုင်းတာအိုအပိုင်းက ကျောင်းသားသစ်စာရင်းသွင်းတာစနေပြီ… နောက်ထပ်တစ်ခုကတော့ ‌မှော်ဆေးတာအိုအပိုင်းပဲ… မှော်ဆေးတာအိုအတန်းတွေအတွက် စာရင်းသွင်းတာကမစသေးဘူး.. ဒီတော့ အခု မင်းရှိမနေလဲရသေးတယ်… ဆရာအဆောင်ကိုသွားပြီး အနားလိုက်ပါဦး…”

သူ့အနေဖြင့် ရွှမ်ယီအား ယုံကြည်တာ မယုံကြည်တာ သိပ်အရေးမကြီးပေ။ ဤလူငယ်ကို ဆေးစိတ်ဝိညာဉ်က ထောက်‌ခံပေးလိုက်ခြင်းဖြစ်၏။ ဌာနမှူးက လူများ၏ ဂုဏ်သိက္ခာအားအမြဲစာနာထောက်ထားကာ ညှာတာတတ်သူမဟုတ်သော်လည်း အကြောင်းအရင်းတိတိကျကျမသိဘဲ ပေါ့ပေါ့တန်တန်ပြောတတ်သူမဟုတ်ပေ။ အကယ်၍ သူ့လုပ်ရပ် အနည်းငယ်မှားယွင်းသွားပါက ဗဟိုအကယ်ဒမီတစ်ခုလုံး ဂုဏ်သိက္ခာထိခိုက်သွားနိုင်သည်။

လက်ရှိတွင် အကယ်မီ၏ မှော်ဆေးတာအိုအပိုင်းကလည်း ကျောင်းသားသစ် စာရင်းသွင်းခြင်းမစသေးသည်ဖြစ်ရာ ဌာနမှူးက ရွှမ်ယီအား အရင်ဆုံး အနားယူရန် အကြံပေးလိုက်၏။

“ အိုး…”

“ ဌာနမှူး.. မှော်ဆေးတာအိုအပိုင်းက အခုမစသေးဘူးဆိုတော့ ကျုပ်လည်း ကျောင်းသားတွေလက်ခံလို့မရသေးဘူးပေါ့.. အဲ့လိုလား…”

ရွှမ်ယီ ဗဟိုသူတော်စင်အကယ်ဒမီသို့ ရောက်လာရခြင်း၏ အဓိကအရည်ရွယ်ချက်မှာ ပါရမီရှင် လူငယ်များနှင့် တွေ့ဆုံပြီး တပည့်လက်ခံလို၍ဖြစ်သည်။

သို့သော် ယခုတွင် ကျောင်းသားများ လက်မခံသေးဘူးတဲ့လား…

“ ဟုတ်တယ်…”

ရွှမ်ယီ၏ အမေးအားကြားလျှင် ဌာနမှူးက ခေါင်းညိတ်ပြလိုက်၏။

အကယ်ဒမီ၏ မှော်ဆေးတာအိုအပိုင်းတွင် ကျောင်း၏သားများ လက်မခံသေးသည်မှာ အမှန်ပင်ဖြစ်သည်။ သူလိမ်ပြောနေခဲ့ခြင်းမဟုတ်ပေ။ ဆေးစိတ်ဝိညာဉ်အား မျက်နှာသာပေးရန်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။ အကယ်၍ ရွှမ်ယီသာ ဤကိစ္စအား လက်မခံနိုင်ဘဲ အကယ်ဒမီမှ သူ့သဘောနှင့်သူပြန်သွားပါက ဆေးစိတ်ဝိညာဉ်လည်း အရှက်ရစေမည်မဟုတ်ပေ။

ရွှမ်ယီ ပြုံးလိုက်သည်။

သူဆရာလုပ်မည့် အခြမ်းတွင် ကျောင်းသားများ လက်မခံသေးဘူးတဲ့လား…

သို့ဖြစ်လျှင် သူ့အဓိကာတာ၀န် မည်သို့လုပ်ရမည်နည်း။

“ ဌာနမှူး.. ဒါဆိုရင် ကျုပ် သိုင်းတာအိုဆရာတစ်ယောက်အဖြစ် တာ၀န်ထမ်းဆောင်လို့ရမလား…”

သူ၏ အရည်အချင်းများက သိုင်းတာအိုဆရာဖြစ်ရန် လုံလောက်သည်ထက်ပင်ပိုနေကြောင်း ရွှမ်ယီ နားလည်ထားသည်။

“ ဟမ်.... မင်းက သိုင်းတာအိုအပိုင်းမှာ ဆရာတစ်ယောက်ဖြစ်ချင်တာလား…?”

ဌာနမှူး မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိ၏။

ထို့နောက် ရွှမ်ယီအား ခေါင်းအစခြေအဆုံး ကြည့်လိုက်သည်။

သူဘယ်လိုပဲကြည့်ကြည့် ရွှမ်ယီက အသက်(၂၀)ကျော် လူငယ်လေးတစ်ယောက်သာ။ ထိုအသက်အရွယ်နှင့် မည်သို့ ဘုရင်အဆင့်ရောက်နိုင်မည်နည်း။

“ အင်း… ပြောရမယ်ဆိုရင် ဗဟို အကယ်ဒမီကျောင်းမှာ ဘုရင်အဆင့်ကျင့်ကြံသူတွေကိုပဲ ဆရာအဖြစ်……..”

ဌာနမှူး စကားပင်မဆုံးလိုက်ဘဲ တုန်လှုပ်သွားခဲ့၏။

ရွှမ်ယီထံမှ ဘုရင်အဆင့် အရှိန်အဝါများထွက်ပေါ်လာသောကြောင့်ဖြစ်သည်။

“ အဟွတ် အဟွတ်.. တကယ်တော့ ဘုရင်အဆင့်ဆိုတာ သတ်မှတ်ချက်တစ်ခုပါဘဲ.. ကျောင်းသားတွေကို လမ်းညွှန်မယ်ဆိုရင် ထူးခြားတဲ့အရာတစ်ခုခု……..”

ဌာနမှူး၏ စကား နောက်တစ်ကြိမ် ရုတ်တရက်ရပ်တန့်သွားပြန်သည်။

ရွှီး…

အလွန်အမင်းထက်ရှဟန်ရသည့် ခပ်မှိန်မှိန် ငွေ‌ဖြူရောင်ဓားတစ်ချောင်း ရွှမ်ယီရှေ့၌ ထွက်ပေါ်လာခဲ့၏။

ထိုဓားမှ ထွက်ပေါ်နေသည့် အရှိန်အဝါနှင့် စွမ်းအားများက ‌‌မူလဘုရင်အထွတ်အထိပ်အဆင့်များကိုပင် ခြိမ်းခြောက်နိုင်ကြောင်း ခံစားမိလိုက်သည်။

“ အဆင့်(၃) အထွတ်အထိပ်ဓားရည်ရွယ်ချက်ဆို လုံလောက်ပြီလား…”

ရွှမ်ယီက ငွေဖြူရောင်အလင်းတန်းများခြံရံလျက် မပွင့်မပွင့်ပြုံးလျက်မေးလိုက်သည်။ ထို့နောက် ဓားရည်ရွယ်ချက်သာမက အနက်ရောင်နယ်မြေစွမ်းအားတစ်ခုဖြစ်ပေါ်လာပြီး ပတ်၀န်းကျင်သို့ ပျံ့နှံ့သွားခဲ့၏။

“ ဓားရည်ရွယ်ချက်က မလုံလောက်သေးဘူးဆိုရင်… ဟင်းလင်းပြင်ဓားနယ်မြေကရော လုံလောက်ပြီလား….”

ဓားရည်ရွယ်ချက် အဆင့်(၃)အထွတ်အထိပ်…

ဘုရင်အဆင့်ကျင့်ကြံသူအများစုပင် နားမလည်နိုင်သည့် နယ်မြေစွမ်းအား…

ဌာနမှူးက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး တောက်ပနေသောမျက်၀န်းများဖြင့် ရွှမ်ယီအားကြည့်လိုက်သည်။

ဒီအသက်အရွယ်လေးနဲ့ ဒီလိုစွမ်းအား‌တွေ…

တောင်ပိုင်းတိုက်ကြီးက အကယ်ဒမီအားလုံး သူ့ကိုရဖို့ တိုက်ခိုက်လိုကြလိမ့်မယ်…

သို့သော် ထိုလူငယ်က ယခုတွင် ဗဟိုသူတော်စင်အကယ်ဒမီသို့ ရောက်လာချေပြီ။

ဗဟိုသူတော်စင်အကယ်ဒမီ ပြန်လည်မြင့်တက်လာတော့မယ်..

တချိန်က နံပါတ်(၁)နေရာကိုလည်း ပြန်ယူနိုင်တော့မယ်….

“ ရပြီ.. လုံလောက်ပြီ… ဒီနေ့ကစပြီး မင်းက ငါတို့ ဗဟိုသူတော်စင်အကယ်ဒမီရဲ့ ဆရာတွေထဲက တစ်ယောက်ပဲ.. လက်ရှိမှာ မင်းရဲ့အဆင့်က (၃၆)မှာရှိလိမ့်မယ်… ပြီးတော့မင်းက ဗဟိုသူတော်စင်အကယ်ဒမီရဲ့ ‌မှော်ဆေးတာအိုနဲ့ သိုင်းတာအို နှစ်ခုလုံးမှာ ဆရာပဲ… ဒီမှာ ဒါက မင်းရဲ့ ‌အထောက်အထား အမှတ်အသားကျောက်စိမ်းပြား…”

ဌာနမှူးက အရူးတစ်ယောက်မဟုတ်ချေ။

အစောပိုင်းတွင် ရွှမ်ယီနှင့် ပတ်သက်ပြီး သံသယများရှိနေသော်လည်း ၎င်းက ရွှမ်ယီအနေဖြင့် ငယ်ရွယ်လွန်းနေသောကြောင့်ဖြစ်သည်။

သို့သော် ရွှမ်ယီ ထုတ်ပြလိုက်သည့်စွမ်းအားများအရ ဤထက်ငယ်ရွယ်နေလျှင်တောင် ကိစ္စမရှိချေ။

သူ့ စိတ်က စောနကနှင့်မတူဘဲ ပြောင်းပြန်ဖြစ်သွားချေပြီ။

…..

ဗဟိုသူတော်စင်အကယ်ဒမီသို့ ရွှမ်ယီ လာရောက်ခြင်းရည်ရွယ်ချက်မှာ တပည့်လက်ခံလို၍ဖြစ်သည်။ သို့သော် ‌မှော်ဆေးတာအိုတွင် ကျောင်းသားလက်ခံခြင်းမရှိသေးပေ။

သို့ဖြစ်ပါသော်လည်း သူ၏ မူလရည်ရွယ်ချက်အား အဘယ်ကြောင့်စွန့်လွှတ်နိုင်မည်နည်း။

လက်ရှိတွင် ဗဟိုသူတော်စင်အကယ်ဒမီက ကျောင်းသားများ စတင်လက်ခံနေပြီဖြစ်သည်။ တောင်ပိုင်းတိုက်ကြီးမှ ပါရမီရှင်အားလုံးနီးပါး ဤနေရာသို့ စုရုံးရောက်ရှိနေမည်ဖြစ်၏။ ရွှမ်ယီ ဤသို့လာခဲ့သော လမ်း၌ပင် ပါရမီအမှတ်(၁၀၀) ၊ (၂၀၀)ကျော်သော ကျောင်းသားများစွာအားတွေ့ခဲ့ရသည်။

အမှတ်(၃၀၀)ကျော်သည့် ပါရမီရှင်များကိုပင်တွေ့ခဲ့ရ၏။

ထိုကြောင့် ဤနေရာ၌ သူ၏ အဓိကတာ၀န်ပြီးမြောက်နိုင်ချေရှိသည်။

တခြားနေရာများ၌ဆိုပါက ပါရမီအမှတ်(၄၀၀)ကျော်သူအား ရှာတွေ့ရန် အလွန်ခက်ခဲပေလိမ့်မည်။

အကယ်၍ သူ၏ တပည့်လက်ခံခြင်းတာ၀န်ပြီးမြောက်ပါက ကမ္ဘာငယ်နှင့် ပင်းယု၏ ထာ၀ရတည်ရှိမှုအား ဆုလာဘ်အဖြစ်ရရှိမည်ဖြစ်သည်။

ထို့ကြောင့် ရွှမ်ယီအနေဖြင့် မှော်ဆေးတာအို၌ ကျောင်းသားလက်မခံသေးရာ သိုင်းတာအိုဘက်တွင် အလွတ်ခံ၍မဖြစ်ပေ။ ဤအခွင့်အရေးအား ဆုံးရှုံးသွားပါက မည်သည့်အချိန်မှ နောက်တစ်ကြိမ်ပြန်ရမည်မှန်းမသိနိုင်ချေ။

ဌာနမှူးက သူ့အား အရည်အချင်းမလုံလောက်ဟုထင်နေသဖြင့် စွမ်းအားတချို့ထုတ်ဖော်ပြသလိုက်ရ၏။ မှော်ဆေးတာအိုဌာန၌ တပည့်လက်မခံသေးသော်လည်း ယခုတွင် သူက မှော်ဆေးတာအိုတွင်သာမက သိုင်းတာအိုတွင်ပါ ဆရာတစ်ဦးဖြစ်သွားပြီဖြစ်ရာ ရှေ့လျောက်ကိစ္စများက လွယ်ကူလာတော့မည်။

မည်သို့ပင်ဖြစ်စေ သူက ကျောင်းသားများ ရရှိမည်ဖြစ်၏။

ဌာနမှူးအား နှုတ်ဆက်ခဲ့ပြီးနောက် ဗဟိုသူတော်စင်အကယ်ဒမီကြီးအား လျှောက်ပတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဗဟိုသူတော်စင်အကယ်ဒမီကြီးက သူတော်စင် ဒေသ၏ အလယ်ဗဟိုတွင် တည်ရှိပြီး အဓိကနေရာ၌ ဧရာမစိတ်ဝိညာဉ်သွေးကြောကြီးများထားရှိသည်ဖြစ်ရာ အလွန်ကောင်းသော ကျင့်ကြံခြင်းနယ်မြေဟု ဆိုရပေမည်။

ဗဟိုသူတော်စင် အကယ်ဒမီ၏ ဆိုင်းဘုတ်ကြီးရှေ့တွင် ကြီးမားသော ကျောက်ပြားကြီးတစ်ခုရှိနေသည်။

ထိုကျောက်ပြားကြီးအောက်၌ အဖြူရောင်ကျောက်စိမ်းဖြင့်ပြုလုပ်ထားကာ မီရာ(၁၀၀)၀န်းကျင်မြင့်မားသည့် လှေကားထစ်များက တောင်ခြေရင်းအထိ ရှိနေခဲ့သည်။

ထိုလှေကားထက်များက အလွန်ရိုးရှင်းဟန်ရသော်လည်း ၎င်းတို့အထက်မှ ရွှမ်ယီဖြတ်လျှောက်လိုက်ချိန်တွင် အနည်းငယ်အံ့ဩသွားခဲ့၏။ နားထဲ၌ တာအိုတရားသံအား ယောင်ဝါးဝါးကြားလိုက်ရသောကြောင့်ဖြစ်သည်။

“ ဒီလှေကား….”

ရွှမ်ယီ၏ မျက်၀န်းများကျဉ်းမြောင်းသွားပြီး လှေကားထစ်များအား သေချာစိုက်ကြည့်လိုက်သည်။

.................

All Chapters