← Chapters

အခန်း (၂၃)

Vol. 2 Ch. 23

အခန်း (၂၃)

Vol. 2 Ch. 23

ပါရမီပေါင်းလဲခြင်း ဆေးရည် သည် စုဆောင်းမှတ် ငါးဆယ် ကုန်ကျသည်။ ထိုအရာသည် ကျွင်းချောင်ရှောင်းအား ရင်နာရစေ၏။ သို့ပေမဲ့ သူ၏ ပင်ကိုယ်ပါရမီ ပြောင်းလဲတိုးတက်သွားမည် ဆိုသည့် အချက်ကို စဉ်းစားကြည့်လိုက်တော့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်နိုင်သည် “ဒါ ဆုံးရှုံးမှု မဟုတ်ဘူး။ ဆုံးရှုံးမှု မဟုတ်ဘူး။”

သူ ဆေးရည်ပုလင်းအား သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်သည်။

ပုလင်းအား ဖွင့်လိုက်တော့ အနီရောင် အငွေတွေ ထွက်ပေါ်လာ၏။

ကျွင်းချောင်ရှောင်း အနံ့ခံကြည့်လိုက်တော့ မွှန်တောင်သွားသည်။ သူ စိတ်ပူစွာဖြင့် မေးလိုက်မိ၏ “ဒါ အဆိပ်တော့ မဟုတ်နိုင်ဘူးမလား။”

“ဘာဖြစ်ဖြစ် ဂရုမစိုက်တော့ဘူး”

“အရင်သောက်လိုက်မယ်”

ကျွင်းချောင်ရှောင်းသည် သူ၏ လည်ဂုတ်အား မော့ကာ အနီရောင်ဆေးရည်များအား ပါးစပ်ထဲသို့ လောင်းထည့်လိုက်တော့သည်။

အနည်းငယ် ခါးသလို အရသာရှိသည်။ ဆန်အရက် သောက်လိုက်ရသည်နှင့်ပင် အရသာ ဆင်တူ၏။

“လာစမ်း…”

သူ လေးနက် တည်ကြည်သော အမူအရာဖြင့် ခြေချိတ်ထိုင်လိုက်သည်။

သူ ဘာကို ပြင်ဆင်နေသနည်း။

ဆေးရည် ခန္ဓာကိုယ်တွင်း ရောက်ရှိပြီးသည့်နောက် ဖြစ်ပေါ်လာနိုင်သည့် နာကျင်မှုကို ခံယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ကျွင်းချောင်ရှောင်း၏ အမြင်အရဆိုလျှင် ပင်ကိုယ်ပါရမီ ပြောင်းလဲခြင်းဆေးရည်သည် တစ်စုံတစ်ဦး၏ ရိုးတွင်းချဉ်ဆီကို ဆေးကြောသန့်စင်စေသည့် ဆေးနှင့် အတူတူပင် ဖြစ်သည်။ ထို့ကြောင့် သူ ဝတ္တုတွေ ထဲတွင် ဖတ်ရှုဖူးသည့်အတိုင်း ဖြစ်ပေါ်လာမည့် နာကျင်မှုကို အောင့်အီးသည်းခံရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

“ဝှစ် …”

ထင်ထားသည့်အတိုင်းပင် ခန္ဓာကိုယ်အတွင်း ဆေးရည်တွေ ဝင်ရောက်လာချိန်မှာတော့ ဆန်းကြယ်လှသော အရှိန်အဝါတွေ ဖြစ်ပေါ်လာသည်။

ကျွင်းချောင်ရှောင်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည် ။ ဆုံးဖြတ်ချက် ခိုင်မာသော မျက်လုံးအစုံနှင့် အတူ သူ ပြောလိုက်၏ “ဘယ်လောက် နာကျင်မှုဖြစ်ဖြစ် ငါ့ရဲ့ ကြီးကျယ်မြင့်မားတဲ့ စိတ်ခွန်အား တွေကို အသုံးပြုပြီး ခုခံရမယ်။ တောင့်ခံရမယ်”

“ဒင် ….”

“လက်ခံသူသည် ပါရမီပြောင်းလဲခြင်း ဆေးရည်အား အသုံးပြု၍ စိတ်ဝိညာဉ်အမြစ်အား သန့်စင်ခဲ့သည်။

“စိတ်ဝိညာဉ်အမြစ် သန့်စင်စေခြင်း ပြည့်စုံပါပြီ”

“……..”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းတွေသည် တဆတ်ဆတ် နှင့် တုန်ရင်သွားသည်။

သူသည် နာကျင်မှုအား သည်းငြီးခံရန် ပြင်ဆင်ထားခဲ့ဖြစ်သည်။ သန့်စင်မှုသည် အဘယ့်ကြောင့် ဤမျှ မြန်ဆန်လွန်းရသနည်း။

နောက်ထပ်တစ်စက္ကန့်ကြာမြင့်ပြီးနောက်မှာတော့ …

ကျွင်းချောင်ရှောင်းသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် သူ နှင့် ပဋာသင့်သလို ခံစားမိလိုက်၏။

စိတ်ဝိညာဉ်အမြစ် ၏ အဆင့် တိုးတက်လာလေ ကောင်းကင်နှင့် မြေကြီးအတွင်းရှိ စိတ်ဝိညာဉ်ချီ များအား စုပ်ယူမှုတွေ ပို၍ အားကောင်းလာလေဖြစ်သည်။

လီချင်းယန်လို အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သူသည် ကျင့်ကြံခြင်းနည်းစနစ်ကို အသုံးပြုလိုက်သည်နှင့် တပြိုင်နက် ကောင်းကင်နှင့် မြေကြီးကြားရှိ စိတ်ဝိညာဉ်ချီ များသည် မြန်မြန်ဆန်ဆန် နှင့် လာရောက် ပူးပေါင်းပေလိမ့်မည်။

ကျွင်းချောင်ရှောင်း အနေဖြင့် ယခင်က အဲလို မလုပ်နိုင်ခဲ့ချေ။

သူသည် ကျင့်ကြံခြင်းနည်းစနစ်အား ထုတ်ဖော် အသုံးပြုခဲ့သော်လည်း စိတ်ဝိညာဉ်ချီများမှာ သူ့အား လျစ်လျူရှုထားခဲ့ကြသည်။

ယခု အချိန်မှာတော့ ….

သူ၏ ပင်ကိုယ်ပါရမီစွမ်းရည်သည် ပြောင်းလဲသွားခဲ့ပြီ။

ကျွင်းချောင်ရှောင်း ပျော်ရွှင်သွားမိ၏ “စုဆောင်းမှတ် ငါးဆယ် ဆိုတာ တန်ပါတယ်လေ”

“ဒင် ….”

“လက်ခံသူ အား ဂုဏ်ပြုပါသည်။ လက်ခံသူ၏ စိတ်ဝိညာဉ်အမြစ်သည် အဆင့်နိမ့် အဆင့်မှ သာမာန်အဆင့်သို့ တိုးတက်သွားခဲ့သည်။”

ကျွင်းချောင်ရှောင်း ခေါင်းကို ခါယမ်းလိုက်မိသည် “ငါ့ရဲ့ စိတ်ဝိညာဉ်အမြစ်က အဆင့်နိမ့် ဖြစ်နေတာကိုး။ ဒါကြောင့် စိတ်ဝိညာဉ်ချီတွေကို စုပ်ယူလို့မရတာ။”

ဟူး…..။

သူ လက်တွေကို ဖြန့်ကားကာ အသက်ကို ပြင်းပြင်းရှုလိုက်တော့ လန်းဆန်းသည့် စိတ်ခံစားချက်ကို ရရှိလိုက်၏။

“ဒင် ….”

“လက်ခံသူသည် စွမ်းအင်ဖွင့်ခြင်းအဆင့် ခြောက် သို့ ရောက်ရှိသွားခဲ့သည်။”

“ဒင် ….”

“လက်ခံသူသည် စွမ်းအင်ဖွင့်ခြင်း အဆင့် ခုနှစ်သို့ ရောက်ရှိသွားခဲ့သည်”

နားဝင်ချိုလှသော သတိပေးသံကို ကြားလိုက်ရချိန်မှာတော့ ကျွင်းချောင်ရှောင်း ဆွံ့အသွားမိသည် “အသက်တစ်ရှိုက်စာ အတွင်း မရီဒန် နှစ်ခု ဖွင့်လိုက်တာလား။”

စနစ် မှ ရှင်းပြလာသည် “စိတ်ဝိညာဉ်အမြစ်၏ အဆင့် တိုးတက်ခြင်းသည် အခြေခံ ကျင့်ကြံခြင်းကို တိုးတက်စေသည်နှင့် တူတူပင်ဖြစ်သည်။”

“ငါ သိပြီ”

ကျွင်းချောင်ရှောင်း အကြမ်းဖျဉ်း နားလည်သွားမိသည်။ သူသာ စိတ်ဝိညာဉ်အမြစ်အား သာမာန်အဆင့်မှ အလယ်အလတ် အဆင့်သို့ တိုးမြင့်နိုင်မည် ဆိုလျှင် ကျင့်ကြံခြင်းအဆင့်သည်လည်း ထပ်မံတိုးတက်သွား လိမ့်မည်။

ထိုသို့ဆိုလျှင် စိတ်ဝိညာဉ်အမြစ်၏ အဆင့် တိုးတက်စေရန် မည်သည့် အရာကို လုပ်ရမည်နည်း။

ဟုတ်ပေသည်။ သူ ကျင့်ကြံရပေလိမ့်မည်။

သူ၏ ဒုတိယ တပည့် ဂိုဏ်းအဆောက်အအုံ ပြုပြင်ပေးနေသည်ကို အခွင့်ကောင်းယူရင်း ကျွင်းချောင်ရှောင်းသည် ဂိုဏ်းထဲသို့ပင် လျှောက်မကြည့်တော့ချေ။ တံခါးပိတ် ကျင့်ကြံမှုကို အာရုံစိုက် ပြုလုပ်လျက် ရှိသည်။

“ဒီကျင့်ကြံခြင်းနည်းစနစ်က သေမျိုးအဆင့် ကျင့်ကြံခြင်းနည်းစနစ်ပဲ။ ငါ စပြီး ကျင့်ကြည့်ရမယ်။”

တောင်ပြာဂိုဏ်းအကြီးအကဲ လမ်းညွှန်ပေးရန် တောင်းဆိုခဲ့သော ကျင့်ကြံခြင်းနည်းစနစ် အား သူ အလွတ်ရနေသည်။ ထို့အပြင် တော်ရုံတင်မဟုတ်ဘဲ အသိအမြင် အဆောင်၏ အစွမ်းကြောင့် အဆင့်လေး ထိအောင် နားလည်နေလေ၏။

သူ ခြေချိတ်ထိုင်လိုက်ပြီး ကျင့်ကြံခြင်းနည်းစနစ်အား စတင် လှည့်ပတ် လိုက်သည်။

ဟူး ..ဟူး…။

ချက်ချင်းဆိုသလိုပဲ ကောင်းကင် နှင့် မြေကြီးကြား ရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် အခန်းထဲသို့ ဝင်လာပြီး သူ့ ခန္ဓာကိုယ် နှင့် ပေါင်းစပ်သွားသည်။

စိတ်ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်ပြီးနောက်မှာတော့ သူသည် မရီဒန် သွားရာ လမ်းကြောင်းများအား ပြင်ဆင်ရင်း စွမ်းအင်များကို ဒန်ထျန်ထဲတွင် စုစည်းစေသည်။ ကျင့်ကြံခြင်း နည်းစနစ်၏ အသုံးပြုပုံအတိုင်း လုပ်ဆောငလိုက်တော့ လက်သည်းအရွယ် စွမ်းအင်လုံး တစ်ခု ဖြစ်တည်လာတော့၏။

ထိုအရာသည် စိတ်ဝိညာဉ်စွမ်းအင်ပင် ဖြစ်တော့သည်။

ဒန်ထျန်ထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များ သင့်တော်သည့် ပမာဏထိ ရောက်ရှိလာပြီးနောက်မှာတော့ မရီဒန်အား ချိုးဖျက်ပြီး အဆင့်တက်နိုင်လိမ့်မည် ဖြစ်သည်။

“ဆက်လုပ်မယ် .. ဆက်လုပ် ….”

ကျွင်းချောင်ရှောင်းသည် တခြားသော အရာများအား အာရုံထဲမှ ဖယ်ရှားလိုက်ပြီး ကျင့်ကြံခြင်း နည်းစနစ်ကိုသာ အာရုံစိုက်၍ လှည့်ပတ်လိုက်၏။

သို့ပေမဲ့ တစ်ညလုံးကြိုးစားပြီးနောက်မှာတော့ ဒန်ထျန်ထဲတွင် ရှိနေသော စွမ်းအင်လုံးသည် အနည်းငယ်သာ တိုးတက်လာခဲ့သည်။

သူ စိတ်ဓာတ်ကျမိသွား၏ “မရီဒန်ကို ချိုးဖျက်နိုင်ဖို့ ဆိုရင် လအနည်းငယ်လောက် လိုအုံးမယ် ထင်တယ်။”

လအနည်းငယ် ဆိုသည်မှာ လက်ရှိ အသုံးပြုနေသော ကျင့်ကြံခြင်းနည်းစနစ် အားကိုးနှင့် တွက်ချက်ခြင်း ဖြစ်သည်။

“အရမ်း နှေးလွန်းတယ်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “စနစ် .. မရီဒန်တွေကို အမြန်ဆုံး ဖွင့်နိုင်မယ့် နည်းလမ်း ရှိလား”

“ရှိပါသည်။”

စနစ် က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်း ပျော်ရွှင်သွား၏ “ဘယ်လိုလုပ်ရမလဲ”

စနစ်မှ ပြောလိုက်သည် “စုဆောင်းမှတ် နေရာကို နှိပ်လိုက်ပါ”

“အမ်”

ကျွင်းချောင်ရှောင်း ကြောင်သွားသည်။ ပြီးနောက် သူ စနစ် ကို ဖွင့်၍ ဂိုဏ်းစုဆောင်းမှတ် နေရာအား နှိပ်လိုက်၏။ ရုတ်တရက် ဆိုသလိုပဲ စနစ် တွင် အကွက်တစ်ခု တည်ရှိနေကြောင်း မြင်လိုက်ရ၏။

ထိုအကွက်တွင် ကျင့်ကြံခြင်းအတွက် စုဆောင်းမှတ် ဟူ၍ ရေးသားထားသည်။

ကျွင်းချောင်ရှောင်း ပျော်သွားသည် “စုဆောင်းမှတ်မှာ အဲလိုလည်း ရှိတယ်လား။ ကျင့်ကြံခြင်းအတွက် လဲလှယ်လို့ရတယ်လား”

စနစ်မှ သတိပေးလိုက်သည် “ဤလုပ်ဆောင်ချက်သည် အလွန်အဆင်ပြေသော်လည်း လက်ခံသူ၏ စုဆောင်းမှတ် အားလုံး ကုန်ဆုံးသွားပေလိမ့်မည်။ ကျေးဇူးပြု၍ သေချာပြန်ပြီး ဆုံးဖြတ်ပေးပါ”

“အဲလိုလား”

ကျွင်းချောင်ရှောင်း မေးစေ့ကို ပွတ်သပ်ပြီး လေးလေးနက်နက် နှင့် တွေးလိုက်သည်။

အဆင့်သေးလေး တစ်ခုအတွက် စုဆောင်းမှတ် အားလုံးကို အသုံးပြုရမည် ဆိုလျှင် ကြီးမားသည့် ဆုံးရှုံးမှု ဖြစ်လိမ့်မည်။

“မစဉ်းစားတော့ဘူး”

ခဏလောက် စဉ်းစားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည် “ငါ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းက အရမ်းနိမ့်တ်။ အရေးကြီးဆုံးက ကျင့်ကြံခြင်းအဆင့် မြန်လာစေဖို့ပဲ”

ထို့အပြင် အဆောင်အနည်းငယ် နှင့် လက်နက် တစ်ချို့မှ လွဲလျှင် တခြားသော စဦးအဆင့် ပစ္စည်းများသည် အလွန်ဈေးကြီးလှသည့်အပြင် သင့်တော်သည့် ကျင့်ကြံခြင်းအဆင့်တွင် ရှိနေရန် လိုအပ်၏။

ဥပမာအားဖြင့် ကိုးပြိုလက်သီး ဆိုလျှင် စုဆောင်းမှတ် ဆယ်မှတ်သာ လိုအပ်သော်လည်း အသေးစိတ် အချက်အလက်များအား သေချာဖတ်ကြည့်လျှင် စွမ်းအင်ဖွင့်ခြင်းအဆင့် တစ်ဆယ် ရှိမှသာ လေ့ကျင့်၍ ရနိုင်သည်။

ဖူး …။

ကျွင်းချောင်ရှောင်း သက်ပြင်းချလိုက်သည် “စုဆောင်းမှတ်က ထပ်ရှာလို့ ရသေးတယ်။ ဒါပေမဲ့ ငါ့ရဲ့ကျင့်ကြံခြင်း အဆင့်ကို မြန်မြန် မမြင့်နိုင်ရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ရပ်တည်နိုင်ဖို့ မလွယ်ဘူး”

ပြောနေတုန်းမှာပဲ သူသည် လဲလှယ်မည် ဆိုသော စာတမ်းအား နှိပ်လိုက်သည်။

“ဒင် ….”

ဂိုဏ်းစုဆောင်းမှတ် ၀ / ၁၀၀။

“…….”

ကျန်ရှိနေသော စုဆောင်းမှတ် ၄၇ မှတ်သည် ချက်ချင်းဆိုသလိုပဲ သုံည ဖြစ်သွားသည်။ ထိုအရာသည် ကျွင်းချောင်ရှောင်းအား ရင်နာရစေသည်။ ထို့အပြင် ထိုအမှတ်များရရှိစေရန် ချင်းယန်မြို့၌ သူ တော်တော်ကြိုးစားခဲ့ရသည် မဟုတ်လား။

“ဒင် ….”

“လက်ခံသူသည် စွမ်းအင်ဖွင့်ခြင်းအဆင့်ရှစ် ကို ချိုးဖျက်ရောက်ရှိခဲ့သည်”

“ဒင် ….”

“လက်ခံသူသည် စွမ်းအင်ဖွင့်ခြင်းအဆင့်ကိုး ကို ချိုးဖျက်ခဲ့သည်”

စနစ်မှ သတိပေးသံတွေ ထွက်ပေါ်လာသည်။ ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်ထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များ ပေါကြွယ်စွာ လှည့်ပတ်လျက်ရှိကြောင်း သတိပြုလိုက်မိသည်။

သူ သဘောတကျနှင့် ထအော်လိုက်မိ၏ “ငါ မရီဒန် သုံးခုကို ဖွင့်လိုက်နိုင်တာလား”

စုဆောင်းမှတ် ၄၇ မှတ်ဖြင့် မရီဒန် သုံးခုအား ဖွင့်နိုင်သည် ဆိုလျှင် မဆိုးဟု ပြောရမည်။

စနစ်မှ ပြောလိုက်သည် “လက်ခံသူ၏ ကျင့်ကြံခြင်းက လက်ရှိမှာ နိမ့်ကျနေသည်။ စုဆောင်းမှတ်ကို အသုံးပြုမည် ဆိုလျှင် ဆက်တိုက် အဆင့်ကျော်ဖြတ်နိုင်သည်။ သို့ပေမဲ့ အဆင့်မြင့်လာမှ စုဆောင်းမှတ်အား အသုံးပြုလျှင် ပို၍ တန်လိမ့်မည်”

ကျွင်းချောင်ရှောင်း မကြားချင်ယောင်ဆောင်လိုက်သည်။ သူ လက်သီးကို ဆုပ်လိုက်တော့ လက်ကောက်ဝတ်တွင် တလက်လက် တောက်ပနေသော စွမ်းအင်အလင်းကွင်း ဆယ်ခု ပေါ်လာ၏ “သန်မာ အားကောင်းလာတဲ့ ခံစားချက်က မယုံနိုင်စရာပဲ။”

ဘုန်း …။

လက်သီးတစ်လုံး ထိုးလွှတ်ကြည့်လိုက်တော့ သူ တံခါးပိတ်ကျင့်ကြံနေရာ အိမ်တစ်ခုလုံး ပြိုကျသွားတော့သည်။

ဂိုဏ်းချုပ်ကျွင်းသည် အပျက်အဆီးပုံတွေ ကြားထဲ ရောက်ရှိ၍ သွားတော့၏။

လီချင်းယန်သည် အပျက်အဆီးပုံ ရှိရာသို့ ပြေးလာပြီး ခပ်တည်တည် နှင့် ပြောလိုက်၏ “ဂိုဏ်းချုပ် …. ဒီလက်သီးချက် က ငွေစ နှစ်ရာလောက်အနည်းဆုံးတန်တယ်။”

အပျက်အဆီး၊ ဖုံတွေကြားထဲတွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် ထိုစကားကို ကြားတော့ မျက်လုံးတွေ ချာချာလည်သွားတော့သည်။

All Chapters