← Chapters

အခန်း (၂၆)

Vol. 2 Ch. 26

အခန်း (၂၆)

Vol. 2 Ch. 26

တောင်နက်ကြီး စခန်းဆီသို့ သွားရာလမ်းသည် စစ်နည်းဗျူဟာအရ အလွန်အသုံးဝင်သော နေရာတစ်ခု ဖြစ်သည်။

လမ်းမှာကျဉ်းမြှောင်းလှပြီး နေရာမနီးမဝေးတစ်ခု ရောက်တိုင်း မျှော်စင်လို အရာတွေ တည်ရှိနေသည်။ ထို့ကြောင့် တော်ရုံလူတွေ တက်လာဖို့ မဖြစ်နိုင်ချေ။ သတ်ကွင်းထဲ ဝင်သည်နှင့် တူညီလှ၏။

ကျွင်းချောင်ရှောင်းသည် ကျဉ်းမြောင်းလှသော လမ်းကို လျှောက်လာရင်း လမ်းပတ်ဝန်းကျင်အား သေချာ အာရုံစိုက်ကြည့်ရှုလိုက်သည် ။သူ တွေးနေမိသည် “ငါ တစ်ယောက်ယောက်ကို သတ်လိုက်တာပဲ”

ဟုတ်ပေသည်။ သူသည် လူတစ်ယောက်တင် မဟုတ်ပေ ။ နှစ်ယောက်ကိုတောင် သတ်ခဲ့ခြင်း ဖြစ်သည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးသို့ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာပြီးသည့်နောက် သူသည် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့သည်။ သူ့အနေဖြင့် မနှေးမမြန်ဆိုသလို သတ်ခြင်း၊ ဖြတ်ခြင်း ကိစ္စများအား တွေ့ကြုံရမှာ သေချာသည်။

“ထူးဆန်းတယ်။”

ကျွင်းချောင်ရှောင်း ဇဝေဇဝါ ဖြစ်မိနေသည် “ငါ အကြီးအကဲဝေ ရဲ လက်ကို ဖြတ်လိုက်တုန်းက သွေးအန်လုမတတ် ခံစားခဲ့ရတယ်။ အခု လူတွေကိုသတ်လိုက်တာတောင်မှ ဘာခံစားချက်မှ မရှိသလိုပါပဲလား။”

သူ ဓားပြ နှစ်ယောက်ကို သတ်ဖြတ်ခဲ့သော်လည်း သူ၏ စိတ်အဆင်သည် ရေလို တည်ငြိမ်နေ၏။

စနစ်မှ ရှင်းပြလိုက်သည် “လက်ခံသူသည် ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်သင့်ခံလိုက်ခြင်း ဖြစ်သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သဘောသဘာဝ နှင့် အသားကျသွားပြီဟု သတ်မှတ်နိုင်သည်”

“ဪ ….”

ကျွင်းချောင်ရှောင်း နားလည်သွားသည်။

တခြားသော အတွေးများအား လျစ်လျူရှုပြီး သူသည် ပတ်ဝန်းကျင်အား သေချာ လေ့လာလိုက်သည် “ဒီနေရာက သုံးဖက်လုံး တောင်တန်းတွေနဲ့ ကာထားတာ။ အဝင်လမ်းကျဉ်းလေး တစ်ခုပဲ ရှိတယ်။ အဲလမ်းကျဉ်းလေးကို အထပ်ထပ်ပိတ်ဆို့ထားတော့ လာပြီးတော့ တိုက်ခိုက်ဖို့ အရမ်းခက်တယ်။”

ဟုတ်ပေသည်။

ထို့ကြောင့်ပင် အစိုးရ နှင့် များပြားလှသော ဂိုဏ်းများ တစ်ခုပြီးတစ်ခု လာရောက် တိုက်ခိုက်ကြသော်လည်း ရှုံးနိမ့်ပြီးသာ ပြန်သွားခဲ့ရသည်။

“သွားစမ်း”

ရှေ့မှ တပည့်တစ်ယောက်သည် သူ့အား အေးစက်စက်ဖြင့် ဆော်သြလိုက်သည်။ သူ့နောက်မှာတော့ များပြားလှသော ဓားပြများသည် လက်နက်များအား ကိုင်ဆောင်ပြီး ကျွင်းချောင်ရှောင်းအား ဒေါသတကြီး ကြည့်လိုက်ကြ၏။

သူတို့၏ ဘက်တော်သား နှစ်ယောက် အသတ်ခံလိုက်ရပြီးနောက် သူတို့သည် ဤဆောင့်ကြွားကြွားကောင်အား တစ်ခါတည်း အမှုန့်ကြိတ်ချင်နေမိကြသည်။ သို့ပေမဲ့ ခေါင်းဆောင်သည် သူ့ဆီ အပါခေါ်ခဲ့ရန် အမိန့်ပေးထားသောကြောင့်သာ သည်းခံနေကြခြင်း ဖြစ်၏။

“တတိယအစ်ကို…. ခေါင်းဆောင်ကြီး ဘာတွေ တွေးနေတာလဲ။ ဘာလို့ ဒီအကောင်ကို တစ်ခါတည်းမ သတ်ဘဲ အထဲဝင်ခွင့်ပေးလိုက်တာလဲ”

“ဒီကောင်က သံမဏိအရိုးဂိုဏ်းခေါင်းဆောင်လေ။ သူ့ကို ပြီးစလွယ် ဆက်ဆံလို့မရဘူး။”

“ဟမ် .. ဒီသောက်ရူးက ဘယ်လိုလုပ်ပြီး ဂိုဏ်းချုပ် တစ်ယောက် ဖြစ်နေတာလဲ”

“ကျုပ် ဒီမှာနေထိုင်သွားလာခဲ့တာ ကြာလှနေပြီ။ နို့နံ့တောင် မစင်သေးတဲ့ ဂိုဏ်းချုပ်ကို အခုမှ မြင်ဖူးတာပဲ”

ဓားပြများသည် ကျွင်းချောင်ရှောင်းအကြောင်း ဆွေးနွေးနေကြသည်။ သူတို့အားလုံးသည် ကျွင်းချောင်ရှောင်း ဂိုဏ်းချုပ် တစ်ခုဖြစ်သည် ဆိုခြင်းကို မယုံကြည်နိုင်ကြချေ။

“ဟင်း ….”

ဂိုဏ်းချုပ်ကျွင်း သက်ပြင်းချလိုက်မိသည်။ သူ၏ နဖူးတွင် ဂိုဏ်းချုပ် ဟူသော စာသားကို ရေးထိုးထားရန်ပင် စဉ်းစားလိုက်မိ၏။

“အစ်ကိုတို့ .. ဒီကောင် အယောင်ဆောင်ပြီး လာတာလို့ ထင်လား”

“သူ သာ ဟန်ဆောင်ရဲတယ် ဆိုရင်တောင်မှ ခေါင်းဆောင်ကြီးဆီ ရောက်ရင် ပေါ်သွားမှာပဲ။ အဲတာဆိုရင် သေတာထက် ဆိုးတဲ့ ကံကြမ္မာကို ရင်ဆိုင်သွားရမယ်။”

“ဟားဟား .. ကျုပ်ကတော့ သူ့ကို အယောင်ဆောင်ကောင်ပဲ ဖြစ်စေချင်တယ်။ ဒါဆိုရင် ကျုပ်တို့ ခေါင်းဆောင်ကြီးရဲ့ နှိပ်စက်နည်း အသစ်တွေကို အားရပါးရ ကြည့်ရတာပေါ့”

ဒါဇင်ချီသော တောပုန်းဓားပြ များ၏ လိုက်ပါ ပို့ဆောင်မှု အောက်မှာပဲ ကျွင်းချောင်ရှောင်းသည် အစောင့်ကင်း အထပ်ထပ် အား ကျော်ဖြတ်ကာ သစ်သား တံခါးတစ်ခု ရှေ့သို့ ရောက်ရှိလာသည်။ သစ်သား တံခါးပေါ်တွင်တော့ ဟေးဖေး ခံတပ်ဟူ၍ ရေးသားထားသည်ကို မြင်လိုက်ရ၏။

တောပုန်းဓားပြများသည် တောင်ပေါ်တွင် ခံတပ် တစ်ခုကိုပင် တည်ထောင်ထားလေသည်။

“တံခါးဖွင့်”

“ကျွီ ….”

တံခါးနှစ်ဖက် သည် ဖြေးညှင်းစွာ ပွင့်သွားသည်။ တစ်ယောက် ခပ်တည်တည် နှင့် ပြောလိုက်၏ “ကောင်လေး .. ငါနဲ့ လိုက်ခဲ့”

ကျွင်းချောင်ရှောင်း ခံတပ်ထဲသို့ လှမ်းဝင်လိုက်သည်။

ဟေးဖေးခံတပ် အတွင်းပိုင်းသည် သံမဏိအရိုးဂိုဏ်းထက် ပို၍ ကျယ်ဝန်းသည်။ ဘေးနှစ်ဖက်တွင် သစ်သားအိမ်လေးများ အစီအရီ တည်ရှိနေ၏။

ဖြောင်း ..။

ဖြောင်း …။

ကျွင်းချောင်ရှောင်း လျှောက်ဝင်လိုက်တော့ ကြာပွတ်ဖြင့် ရိုက်သည့်အသံတွေ ထွက်ပေါ်နေသည်ကို ကြားလိုက်ရသည်။

အဝေးတစ်နေရာရှိ နေရာလွတ်တစ်ခုမှာတော့ သစ်သားတိုင် ငါးခု ကို စိုက်ထူထားပြီး ထိုသစ်သားတိုင်တွင် စုတ်ပြတ်သပ်နေပြီး လူရုပ်ပင် မပေါက်တော့သည့်လူများအား ကြိုးဖြင့် ချည်နှောင်ထား၏။ တစ်ကိုယ်လုံး သွေးတွေနှင့်ပြည့်နှက်နေပြီး ကျောပေါ်တွင်လည်း ကြာပွတ်ရာများနှင့် ဖြစ်သည်။

ကြွက်သားအမြောင်းမြောင်းနှင့် ဓားပြတစ်ယောက်သည် ထိုလူများအား ကြာပွတ်ဖြင့် အားရပါးရ ရိုက်နှက်လျက် ရှိသည်။ ထိုသူ့ကို ကြည့်ရသည်မှာ သွေးဆာနေသော ဝံပုလွေ တစ်ကောင်လိုပင် ဖြစ်၏။

ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်လိုက်မိ၏။

တစ်ချို့သော မအော်နိုင်တော့သည့် လူများမှာ သေဆုံးနှင့်ပြီး ဖြစ်ကြောင်း သူ နားလည်လိုက်မိသည်။

“ကယ်ပါ .. ကျုပ်ကို ကယ်ပါ” ရုတ်တရက် ဆိုသလိုပဲ အားနည်းဖျော့ရော့နေသည့် အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။

ကျွင်းချောင်ရှောင်း ခေါင်းငုံ့ကြည့်လိုက်တော့ လူတစ်ယောက်သည် မြေကြီးအား ကုတ်ခြစ်၍ လျှောက်လာသည်။ သူ၏ ခြေထောက်နှစ်ဖက်သည် ဖြတ်တောက်ခံထားရပြီး မြေပြင်တွင် သွေးစီးကြောင်းကြီးနှင့် ဖြစ်သသည်။ ထိုသူသည် အလွန်အမင်းကြောက်လန့်နေပုံပေါ်ပြီး အချိန်မရွေး သေဆုံးတော့မည့်ပုံလည်း ပေါ်၏။ ထိုသူ၏ မျက်လုံးထဲတွင် ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း ၊ နာကျင်ခြင်း အငွေ့အသက်တွေနှင့် ပြည့်လျက်ရှိသည်။ သူ သေဆုံးရတော့မည် ဆိုသည်ကို သိရှိသော်လည်း အသက်ရှင်ချင်နေတုန်းပင်။

ရွှီး ..။

ဓားကြီးတစ်ခုက ကျရောက်လာပြီး ထိုသူ၏ ခေါင်းသည် လှိမ့်ထွက်သွားတော့သည်။

ဓားပြသည် သူ၏ဓားအား မြှောက်ကိုင်ပြီး ပြတ်သွားသော ခေါင်းအား မီးသွေးပုံရှိရာသို့ ကန်ထုတ်ပြီး ဆဲဆိုလိုက်၏ “ခွေးသူတောင်းစား … ခြေထောက်မရှိတော့တာတောင်မှ လျှောက်သွားနေတယ်။”

“အစ်ကိုနွီ … ဒီကောင် မကြာခင် သေတော့မှာပဲကို ဘာလို့ နာနာကျင်ကျင်နဲ့ သေဆုံးတဲ့ အရသာကို ပေးမမြည်းရတာလဲ”

“ကျုပ်အထင်အရဆိုရင် အစ်ကိုနွီ က စိတ်ပျော့သွားတယ် ထင်တယ်။ ဒါကြောင့် ဒီကောင့်ကို စောစော ထွက်ခွာခွင့်ပေးလိုက်တာပဲ”

သူ့ဘေးနားရှိ ဓားပြများသည် ဝိုင်း၍ စနောက်နေကြသည်။

“မင်းမေကြီးတော်ကို စိတ်ပျော့ပါလား။” အစ်ကိုနွီဟု ခေါ်သော ဓားပြက လှမ်းဆဲလိုက်သည် “ဒီကောင် မြေကြီးကို သွေးတွေနဲ့ ပေအောင် လျှောက်လုပ်နေတယ်။ ငါ ပြန်ပြီးသန့်ရှင်းရတော့မှာပဲ”

“အဲလိုလား.. ဟားဟား..”

အားလုံးက အားရပါးရ ရယ်လိုက်ကြသည်။

ကျွင်းချောင်ရှောင်း၏ မျက်မှောင်သည် ပို၍ ကုတ်လာမိသည်။ သူသည် ဓားပြများ၏မျက်လုံးထဲတွင် သနားကြင်နာစိတ်ကို စိုးစိမျှ မတွေ့ရချေ။ ထိုသူများအားလုံးသည် သွေးအေး၍ရက်စက်သော လူသတ်သမားများသာ ဖြစ်ကြ၏။

“ဟမ် …”

အစ်ကိုနွီ သည် ဓားအား သိမ်းပြီး သေချာကြည့်လိုက်သည်။

တခြားသော ဓားပြများသည်လည်း အသီးသီးရောက်ရှိလာကြပြီး ကျွင်းချောင်ရှောင်းအား ပြောင်ချော်ချော် နှင့် ကြည့်နေကြ၏။

“ဇွိ” ဓားပြတစ်ယောက်သည် လည်လှီးသည့် အမူအရာမျိုး ပြုလုပ်ပြသည်။ ပြီးနောက် ပြောင်ပြ၏။

ကျွင်းချောင်ရှောင်း မည်သည့်စကားကိုမှ မပြောဘဲ ရှေ့သို့သာ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

ခြေလှမ်းအနည်းငယ် လျှောက်လိုက်တော့ လူတွေအား တိုင်တွင် ချိတ်ဆွဲထားသည်ကို မြင်ရ၏။ အားလုံး၏ ခေါင်းများသည် ငုံ့လျက်ရှိပြီး အကုန်လုံးသည် အသက်မရှုကြတော့ချေ။

“သေစမ်း”

ခပ်မှောင်မှောင် တဲအိမ်ထဲကနေ ဓားပြတစ်ယောက်သည် လျှောက်ထွက်လာပြီး ဆဲဆိုလိုက်၏ “ငါ အမှုမဲ့ အမှတ်မဲ့ လုပ်လိုက်တာ။ ဒီမိန်းမ ကိုယ့်လျှာကိုယ် ကိုက်ပြီး သတ်သေသွားတယ်။”

“ဟားဟား .. ကျုပ်သွားကြည့်လိုက်မယ်”

“ရှောင်ဘ .. မင်း ဘာဖြစ်နေတာလဲ။ သေနေတဲ့ သူကိုတောင် လုပ်မလို့လား”

ဓားပြတစ်ယောက်က စနောက်လိုက်သည်။

ရှောင်ဘ ဟုခေါ်သော သူသည် တဲအိမ်ဆီသို့ ပြေးသွားရင်း ပြောလိုက်၏ “ကျုပ် မဘာရတာ နှစ်ဝက်လောက်ကြာပြီ။ ဒါက လူသေမကလို့ သရဲမ ဆိုရင်တောင်မှ လုပ်ရဲတယ်”

“ဟားဟား….”

အားလုံးက ရယ်မောလိုက်ကြသည်။

ကျွင်းချောင်ရှောင်းသည် သူတို့ရှေ့မှ ဖြတ်လျှောက်သွားရင်း သူ၏ မျက်လုံးများသည် ပိုမို၍ အေးစက်လာသည်။

ဤနေရာသည် ဓားပြဂိုဏ်းတစ်ခု ၏ နေရာမဟုတ်ပေ။ သတ်ဖြတ်ခြင်း အငွေ့အသက်တွေနှင့် ငရဲခန်းတစ်ခု လိုပင် ဖြစ်သည်။ ဓားပြများသည် လူသားများပင် မဟုတ်ကြချေ။ ရက်စက်ခြင်းအပြည့်နှင့် သွေးဆာနေသော သားရဲရိုင်းတွေပင် ဖြစ်တော့၏။

ကျွင်းချောင်ရှောင်းသည် နူးညံ့သော လူကောင်လေး တစ်ယောက် မလုပ်ချင်တော့ပေ။

လမ်းမှာ မြင်ခဲ့သမျှ နှိပ်စက်မှုအပြည့်နှင့် ငရဲခန်းများအား မြင်ပြီးသည့်နောက် သူ၏ စိတ်အလျှင်သည် ဒေါသတရား တွေနှင့် အလျှံညီးညီး တောက်လောင်နေတော့သည်။

သူ၏ စိတ်ထဲတွင် လတ်တလေ စိတ်ဆန္ဒတစ်ခုသာ ရှိသည်။ ထိုအရာသည် ဤနေရာရှိ ရှိရှိသမျှသော ခွေးကောင်များအား သတ်ဖြတ်ပစ်ရန်ပင် ဖြစ်လေသည်။

All Chapters