အခန်း (၃၁)
Vol. 3 Ch. 31
ဓားမော့သည် မီတာ၄၀ ရှည်လျား၏။ ရန်သူအား ၃၉ မီတာအရင်ပြေးခိုင်းခဲ့သည်၊။
အလွန် တရားမျှတသည်။ ထိုအရာသည် အလွန်အမင်းတရားမျှတလှ၏။
ကျိုးရှန်းပသည် အားကောင်းလှသောဖိအား၏ အောက်တွင် ရွေ့လျားရန်မတတ်နိုင်ပေ။ သူ၏ နဖူးထက်မှ ချွေးစေး များ အလုံးလိုက်ကျလျက်ရှိ၏။
မျက်လုံးထဲတွင်ရှိသော ကြောက်လန့်ခြင်းတရားတို့သည် ပို၍အားကောင်းလာချေသည်။
"ကြည့်ရတာ …"
ကျွင်းချောင်ရှောင်း သည် ပြောလိုက်၏။
"ခေါင်းဆောင်ကလည်း သေရမှာကြောက်နေတဲ့ပုံဘဲ"
ကျိုးရှန်းပသည် သေရမည်ကိုကြောက်ရွံ၍ မဟုတ်ပေ။ ထို့ပြင် သူသည် ဓားပြ တစ်ယောက်ဖြစ်သောကြောင့် အချိန်တန်သေဆုံးရမည် ဆိုသည်ကို ကြိုတင်၍ နားလည်ထားပြီးဖြစ်၏။
သို့ပေမဲ့ ဓားမော့၏ ဖိအားအောက်တွင်ရောက်ရှိနေချိန်မှာတော့ သူသည် ခန့်မှန်း၍မရသော သေခြင်းတရားအား ရင်ဆိုင်ရန် ကြောက်လန့်နေမိ၏။
ထို့အပြင် ဤဓားမော့၏ ရှေ့၌ သူသည် မသေခင်ကတည်းက ငရဲသို့ရောက်နေသကဲ့သို့ပင် ခံစားနေရသည်။
ထို့ကြောင့် ကျိုးရှန်းပ သည် အလွန်အမင်းကြောက်လန့်နေခြင်း ဖြစ်၏။ မည်သို့ပင် ဆိုဆို လက်ရှိအချိန်တွင် သူသည် အသက်ရှင်ချင်သေး၏။
ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်၏။
"ဒီနေ့မှာတော့ ချင်းယန်နိုင်ငံမှာ ရှိတဲ့လူတွေအားလုံး ရဲ့ကိုယ်စား ခင်ဗျားတို့ရဲ့ ဓားပြဂိုဏ်းကို ဖယ်ရှားပစ်ရမယ်"
"မဟုတ်ဘူး ၊ မဟုတ်ဘူး။"
ကျိုးရှန်းပ အလောတကြီး ပြောလိုက်၏။
"ဂိုဏ်ချုပ်ကျွင်း ကျူပ် မင်းရဲ့ တပည့်တွေ အားလုံးကို လွှတ်ပေးချင်ပါတယ်"
"ခင်ဗျာ့ ပိုက်ဆံလိုချင်သေးလို့လား။”
"မဟုတ် မဟုတ်ပါဘူး။"
လေးဆယ်မီတာရှိသော ဓားမော့သည် အချိန်မခေုတ်ပိုင်း လာနိုင်၏။
သူ့တွင် သတ္တိဆယ်ဆ ရှိသည် ဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်းဆီမှ ပိုက်ဆံအားမယူရဲချေ။
သူအနေနှင့် ပို၍နောင်တရမိသည်မှာ ကျွင်းချောင်ရှောင်း၏ တပည့်များအား ပြန်ပေးဆွဲခဲ့မိသော သူ၏ ရူးကြောင်ကြောင် လုပ်ရပ်ကို ပင်ဖြစ်၏။
သူသည် ကြောက်မက်ဖွယ်ရာကောင်းသော ဤလူငယ်အား ရန်စခဲ့မိ၏။
လက်ရှိအချိန်တွင် တစ်ဖက်လူသာ သူ့အား သတ်ချင်သည် ဆိုပါက သူတင်မက သူ၏ လက်အောက်ငယ်သား နှစ်ရာကျော်တို့အားတစ်ခါတည်း သတ်ဖြတ်သွားနိုင်စွမ်းသည် ကို သူ ကောင်းကောင်းသိသည်။
ဤအရာနှင့် ပတ်သက်၍ ကျိုးရှန်းပ သည် ယုံမှားသံသယ မရှိချေ။
ကျွင်းချောင်ရှောင်းပြောလိုက်၏။
"ခေါင်းဆောင် ကျုပ်က အရမ်း သတိနဲ့နေတက်တဲ့ လူတစ်ယောက်ပဲ …. ကျုပ်နာမည်ကို ဘယ်လိုသိတာလဲ"
"ဒါက …"
ကျိုးရှန်းပ သည် ခဏရပ်တန့်ကာပြောလိုက်သည်။
"မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ဂိုဏ်းတစ်ရာ လူသစ် စုဆောင်းပွဲမှာ ပတ်သတ်ပြီး ကျုပ် သတင်းအနည်းငယ်ကြားခဲ့လိုက်တယ်။”
“ချွင်း။”
ကျွင်းချောင်ရှောင်းသည် လက်ထဲမှဓားအား အသာအောက်သို့နိမ့်ချလိုက်သည် သူ၏မျက်လုံးများ အေးစက်သွား သည်။
"ခင်ဗျား အမှန်တိုင်းပြောမယ်လို့ ကျုပ် မျှော်လင့်မိတယ်"
ဓားမော့ သည် ဦးခေါင်းနင့် လက်တစ်ဝါး ကွာတွင်သာ ရှိတော့၏။
ဓားမော့ဆီ မှထွက်ပေါ်လာသော ဖိအားများသည် ကျိုးရှန်းပ ၏ မျက်နှာကို အစိမ်းရောင်ပင်လျှင် သန်းသွားစေသည်။ လက်ရှိအချိန်တွင် သူသည် မည်သည့်အရာကို မှ ဂရုမစိုက်နိုင်တော့ချေ။
သူ၏ အသံများသည် တုန်ယင်နေ၏။
" ဒါ … ဒါ… စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကပါ"
"စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းက မင်းရဲ့တပည့်တွေကိုပြန်ပေးဆွဲဖို့ဆိုပြီး ငါ့ကို ပိုက်ဆံအနည်းငယ်ပေးခဲ့တယ် ပြီးတော့ မင်းကို သတ်ဖြတ်ပေးဖို့ကော …"
"ခင်ဗျား သွားလိုရာသွားနိုင်ပြီ"
ကျွင်းချောင်ရှောင်းသည်သူလိုချင်သော အဖြေကိုရပြီးသည်နှင့် တစ်ပြိုင်နက် ဓားအားလွှဲယမ်းလိုက်သည်။
ချွင်။
ကျိုးရှန်းပသည် ပါးစပ် အဟောင်းသားဖြစ်နေ၏။
သူ၏ခေါင်းကြီးသည် ခန္ဓာကိုယ်ဆီမှ လွင့်စင်ထွက်ခွာသွားတော့သည်။
သံမဏိအရိုးဂိုဏ်း၏ ကြောက်လန့်တက်သော သတ္တိနည်းတပည့်သည် သူ၏ခေါင်းဖြတ်သတ်ခြင်းကို ခံခဲ့ရသည်။
လက်ရှိအချိန်မှာတော့သူ အား ကျွင်းချောင်ရှောင်းက ပြန်လည်၍ ခေါင်းဖြတ်သတ်ခဲ့သည်။
ဤအရာအား ဝဋ် ဟု ခေါ်လေသည်လား။
"ခေါင်းဆောင်"
ကျိုးရှန်းပ ၏ ဦးခေါင်းမဲ့ ခန္ဓာကိုယ်ကြီး မြေပေါ် ပြုတ်ကျသွားသည်ကို မြင်ပြီးနောက် ဟေးဖေး ခံတပ်၏ ဓားပြများ အားလုံးသည်ကြောက်လန့်တကြားနှင့် တကိုယ်လုံး တုန်ရင်သွားကြ၏။
ချွင်။
ကျွင်းချောင်ရှောင်းသည် တစ်ချက်လှည့်လိုက်၏ ။
သူ၏ မျက်လုံးထဲတွင်တော့ အဆုံးမဲ့ သတ်ဖြတ်ခြင်း ဆန္ဒများ နှင့်ပြည့်နက်လျက် ရှိ၏။
ခေါင်းဆောင်နှင့် အကြီးအကဲများအားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် ဟေးဖေခံတပ်သည် ဦးဆောင်မည့်လူဟူ၍ မရှိတော့ပေ။
ထို့ကြောင့် ထိုတပည့်များအားလုံးကို လွှတ်ပေးလိုက်ရတော့မည်လား။
မဖြစ်နိုင်ပေ ။
သွေးဆာလောင်နေသော ဓားပြ များအား လူ့အသိုင်းဝိုင်းထဲသို့ သူထပ်မံ၍မပိုဆောင်နိုင်ချေ။
ထိုသူတို့သည် အပြစ်မရှိသော သူများအား တိုင်၌ကြိုးချည်၍ ကြာပွတ်နှင့် ရိုက်သတ်ကျသူများ ဖြစ်သလို အမျိုးမျိုးသော နှိပ်စက်နည်းများဖြင့် လူပေါင်းများစွာကို တရိရိ သတ်ဖြတ်ထားကြသူများ ဖြစ်၏။
အားနည်းသော မိန်းကလေးများကိုမဆိုနှင့် သေဆုံးနှင့်ပြီးသော မိန်းကလေးတို့၏ လူသေအလောင်းကိုပင် မဒိန်းကျင့်ကြသော လူများဖြစ်သည်။
ထိုသို့သော လူများကို ကျွင်းချောင်ရှောင်း မလွှတ်ပေးနိုင်ချေ။ ထိုအရာမှာ ကျားအား တောထဲသို့ ပြန်လွှတ်လိုက်ခြင်း နှင့်ပင် ဆင်တူနေပေလိမ့်မည်။
ထို့ပြင် ယနေ့တွင် သူသည် မီတာ ၄၀ ဓားမော့ကြီးအား စည်းဖြည်၍အသုံးပြုခဲ့ပြီးဖြစ်၏။
ထိုသို့သောအချိန်တွင် ဓားမော့ရဲ့ အစွမ်းအား အလဟာသ ဖြစ်စေ၍ မဖြစ်ချေ။
"သေစမ်း …"
ကျွင်းချောင်ရှောင်းပြောလိုက်၏။ သူ၏ ခန္ဓာကိုယ်ဆီမှ အဆုံးအဆမဲ့ သတ်ဖြတ်ခြင်းဆန္ဒ ထွက်ပေါ်လာ၏။
"မလုပ်နဲ့ …. မလုပ်ပါနဲ့"
များပြားလှသော ဓားပြများသည် ဒူးတွေ ခွေယိုင် သွားကြ၏။ သူတို့၏မျက်နှာများ ဖြူဖျော့သွားကျ၏။
ကြီးမားပြီး ပြင်းထန်လွန်းသော သေခြင်း၏ အရှိန်အဝါများသည် သူတို့၏ နှလုံးသားထဲသို့ တိုးဝင်သွားကြသည်။
ချွင် …. ချွင်။
ဓားမော့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင်သွေးများ ပြန့်ကျဲသွား၏။
လက်ရှိအချိန်တွင်တော့ ကျွင်းချောင်ရှောင်းသည် ဓားပြအုပ်ထဲသို့ တိုးဝင်သွားသော သေမင်းတစ်ပါးလိုပင် ဖြစ်သည်။
ဓားပြများ၏ မျက်လုံးများထဲတွင် စိတ်ပျက်ခြင်း၊ ၊ ကြောက်ရွံခြင်း ၊ မျှော်လင့်ချက်မဲ့ခြင်း ဆိုသည့်အရိပ်အရောင်များ ထွက်ပေါ်နေ၏။
သူတို့အား သတ်ဖြတ်မည့် ဓားမော့ကြီးကို တွေဝေငေးငိုင်စွာဖြင့် ကြည့်မိနေကြ၏။
တိုက်ခိုက်ရေးကွင်းပြင်ကြီးထဲမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ဓားမော့ကြီးကို ကိုင်ကာ မတ်မတ်ရပ်လျက် ရှိပြီး သူ၏ အမဲရောင်ဆံနွယ်များသည် လေထဲလွင့်နေသည်။
သူ၏ အနားပတ်ပတ်လည် တွင်တော့ ရေတွက်လို့မရအောင် များပြားသော အလောင်းများနှင့်ပြန့်ကျဲနေ၏။
သွေးများသည် မြောင်းတစ်ခုကဲ့သို့ပင် စီးဆင်းလျက် ရှိသည်။ လေထဲတွင်တော့သွေးညှီနံ့များနှင့် နံဟောင်နေ ၏။
လက်ရှိအချိန်တွင်တော့ ဟေးဖေး ခံတပ်ရှိ အကြီးအကဲ ဆယ်ယောက်နှင့်အတူ ဓားပြ နှစ်ရာကျော်တို့ သေဆုံးသွားကြပြီဖြစ်၏။
"သင်သည် စုစုပေါင်းလူ နှစ်ရာနှစ်ဆယ့်ခြောက်ယောက်အား သတ်ဖြတ်ခဲ့သည်" စနစ်မှပြောလိုက်၏။
အရင်တုန်းကတစ်စုံတစ်ယောက်ကိုမှ မသတ်ဖြတ်ဖူးသော ကျွင်းချောင်ရှောင်းသည် ယနေ့တွင်တော့ လူပေါင်းများစွာအားသတ်ဖြတ်ခဲ့သည်။
"ငါသူတို့အားလုံးကိုတော့ သတ်ဖြတ်သင့်တယ် မဟုတ်လား"
"သင်၏အရင်ကမ္ဘာတုန်းက ဆိုလျှင် သင့်လုပ်ရပ်သည် မိစ္ဆာဆန်သောလုပ်ရပ်ဖြစ်ပေ လိမ့်မည်။ ထိုသို့သော အပြစ်သားများအား ဥပဒေဖြင့် ပြစ်ဒဏ်ချမှတ်သင့်သည်။ သို့ပေမဲ့ လက်ရှိအချိန်တွင် သင်သည် မတူညီသောနိယာမ နှင့် မတူညီသောကမ္ဘာတွင်ရောက်ရှိနေခြင်း ဖြစ်၏။ ထို့ကြောင့် ထိုသူတို့၏ မိစ္ဆာမဆန်သော လုပ်ရပ်များအားလုံး ရပ်တန့်စေရန် သတ်ဖြတ်လိုက်ခြင်းသည် သာ အကောင်းဆုံးဖြစ်သည်။ လက်ခံသူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် အသားကျသွားပြီဟု သတ်မှတ်ရမည်။"
"ငါက ကြယ်ကြွေကုန်းမြေတိုက်ကြီးနဲ့ အသားကျချင်တာမဟုတ်ဘူး။ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ငါနဲ့ အသားကျစေချင်တာ။ ငါ့ကို အနိုင်ကျင့် အရှက်ခွဲချင်သူအားလုံးကို ထိုက်တန်တဲ့ပေးဆပ်မှုမျိုးနဲ့ ပေးဆပ်ခိုင်းရမယ်။ အထူးသဖြင့် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကို"
ဒွီ....
ဓားမော့ သည်ချက်ချင်းဆိုသလိုပဲ မီတာ လေးဆယ်အရှည်မှ ခြောက်လက်မ အရွယ်သို့ ပြန်လည်ပြောင်းသွားတော့သည်။
ဒါမရှိဘူးဆိုရင် ဒီနေ့မှာ ပြန်ပေးဆွဲခံရတဲ့ တပည့်တွေကို ကယ်ဖို့ ငါ့အတွက် ခက်ခဲလိမ့်မယ်။
ကျွင်းချောင်ရှောင်းသည် သေးငယ်လှသော ဓားမော့လေးအား ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်၏။
ဒွီ...
ဓားအိမ်ထဲသို့ ရောက်သွားပြီးနောက်မှာတော့ ဓားမော့သည် တုန်ခါသွား၏။
ပြီးနောက် ဓားလက်ကိုင် နှင့် ဓားအိမ်ကြား နေရာလွတ်ဆီမှ အားတစ်ခုဖြစ်ပေါ်လာသည်။
ကျွင်းချောင်ရှောင်း ဆွံအသွားသည်။
" ဒီဓားမော့ ထပ်ပြီးတော့စည်းပိတ်သွားတာလား"
"ဟုတ်ပါသည်" စနစ်က ပြောလိုက်၏။
"ဓားမော့သည် အလွန်းအမင်းအားကောင်း၏။ ဤဓားမော့အား အသုံးပြုလျှင် အသုံးပြုသူကိုပါ ထိခိုက်၏။ ထို့ကြောင့်အသုံးပြုပြီးသည့်နောက် ဓားမော့က သူ့အလိုလို စည်းခတ်သွားလိမ့်မည်။ လက်ခံသူ အနေဖြင့် ဤဓားမော့ကို အသုံးပြုချင်သည်ဆိုလျှင် စည်းဖွင့်ခြင်းအဆောင်အားအသုံး ပြုရလိမ့်မည်။"
ကျွင်းချောင်ရှောင်း ဆွံအသွားသည်။
သို့ပေမဲ့ အသုံးပြုခဲ့သည့် ဖြစ်ရပ်တစ်ခုလုံးကို ပြန်လည်စဉ်စားကြည့်လိုက်တော့ သူသည်ပင် အနည်းငယ်ကြောက်လန့်သွား သည်။
ထိုမျှအားကောင်းလှသော လက်နက်အားစည်းခက်ထားသည်ကသာလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ထိုမှသာ အမှတ်တမဲ့နဲ့ သူ့ကို ထိခိုက်ဒဏ်ရာရစေသည့် ကိစ္စမျိုးဖြစ်ပေါ်မလာမှာဖြစ်သည်။
"နေအုံး"
ကျွင်းချောင်ရှောင်းကြောင်သွားသည်။
"ဓားက အသုံးပြုသူကိုပြန်ပြီး ထိခိုက်စေတယ်ဟုတ်လား။"
စနစ်မှပြောလိုက်သည်။ "သင် ပင်ပန်းမှုကို မခံစားရဘူးလား"
"ငါဘာမှမခံစားရ..."
စကားကိုဆုံးအောင်မပြောရသေးခင်မှာဘဲ ခန္ဓာကိုယ်ထဲတွင်ရှိသော အားအင်အားလုံး ရုတ်တရက်ပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။ ရုတ်တရက်ဆိုသလိုဘဲ နေရာမှာတင်ပုံလျက်သား လဲကျသွား၏။
စနစ်မှ ပြောလိုက်၏။
"ဓားမော့ကို အသုံးပြုပြီးသည်နှင့် လက်ခံသူအနေဖြင့် မိနစ် သုံးဆယ် ထိ အားပြတ်နေပါလိမ့်မည်။ ထိုအချိန်အတွင်း လက်ခံသူတွင် တိုက်ခိုက်စရာ ၊ ခုခံစရာ အားအင်ဟု၍ တစ်စက်ကလေးမှ ရှိမည်မဟုတ်ပေ။ သုံးနှစ်သားကလေး ပင် လက်ခံသူအား လာရောက်သတ်ဖြတ်နိုင်သည်။"
"ချီးထဲမှ … ဘာကြီးတုန်းဟ"
ကျွင်းချောင်ရှောင်းသည် မြေပေါ်တွင်အားပြတ်စွာလှဲလျောင်းရင်း အတွေးနက်မိ၏။
ကံကောင်းလို့ ငါ အကုန်လုံးကို သတ်လိုက်မိတာ မဟုတ်ရင်သေရမယ့် လူက ငါဖြစ်သွားနိုင်တယ်။
မိနစ် သုံးဆယ်သည် မြန်မြန်ဆန်ဆန်ဘဲ ကုန်လွန်သွားခဲ့သည်။
ကျွင်းချောင်ရှောင်းသည်လည်း အားနည်းသော အခြေအနေမှ ပြန်လည်ကောင်းမွန်လာသည်။ ခုန်ထလိုက်ပြီး ဟောခန်း၏ အခြားတံခါးဆီသို့ သွားလိုက်၏။
ပြီးနောက် တောင်၏ အနောက်ဘက်တွင်ရှိသော ကျောက်အကျဉ်းထောင်တစ်ခုကို မြင်လိုက်ရ၏။
"ဂိုဏ်းချုပ်"
"ဂိုဏ်းချုပ်ရောက်လာပြီ"
"ဂိုဏ်းချုပ်ငါတို့ကိုလာကယ်ပြီဟေ့"
ကျောက်အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခံထားရသော သူ၏ ဂိုဏ်သား သုံးဆယ်ကျော်အား ကျွင်းချောင်ရှောင်းမြင်လိုက်ရ၏။
ထိုသူတို့အားလုံးတို ပထမဆုံး တုံ့ပြန်မှုသည် အလွန်အမင်း ဝမ်းသာ သွားကြခြင်းဖြစ်၏။
ပြီးနောက်သူတို့သည် ဝမ်းသာအားရဖြင့်အော်ဟစ်ကြသည်။
ဖြောင်း...
အကျဉ်းထောင်အား ပိတ်ထားသော သံကြိုးကြီး ပျက်စီးသွားပြီး အကျဉ်းထောင် တံခါးပွင့်သွားသည်။
"ကိုယ့်လူတို့ … ငါမင်းတို့ကို လာခေါ်တာဘဲ"
တပည့်များအားလုံးသည် ကြက်သီးမွေးညှင်းများပင် ထသွားကြ၏။
သူတို့၏ ဂိုဏ်းခေါင်းဆောင်သည် သူတို့အား ကယ်တင်ရန်အတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့လေသည်။
လေ့ကျင့်ရေးကွင်းပြင်ထဲ ရောက်ချိန်မှာတော့ ပြန်လည်လွတ်မြောက်လာကြသော သံမဏိအရိုးဂိုဏ်း တပည့်များသည် မြေပြင်ပေါ်တွင်ပြန့်ကျဲနေသော အလောင်းများ၊ ခြေပြတ်လက်ပြတ်များ ၊ မြစ်၊ချောင်းများကဲ့သို့ စီးနေသောသွေးများကို မြင်ရတော့ မျက်နှာများရှုံ့တွသွားကြသည်။
တစ်ချို့သော လူများဆိုလျှင် အန်ပါအန်မိကြ၏။
"စီနီယာအစ်ကို"
တပည့်တစ်ယောက်သည် ကျိုးရှန်းပ ၏ ဦးခေါင်းကိုလက်ညိုးထိုး၍ ကြောက်လန့်တကြားပြောလိုက်သည်။
"ဒါကတောပုန်း ဓားပြခေါင်းဆောင်မို့လား ၊ သူ့ခေါင်းပြတ်ကြီး"
အားလုံးသည် တောပုန်းဓားပြ ခေါင်းဆောင်၏ ဦးခေါင်းကိုကြည့်ကာ သက်ပြင်းရှည်ကြီး ချမိလိုက်ကြ၏။
ဤဓားပြခေါင်းဆောင်၏ ဂုဏ်သတင်းသည် ချင်းယန်နိုင်ငံတွင် အလွန်အမင်းကျော်ကြားလှသည်။
အစိုးရနှင့် ဂိုဏ်းကြီးများပင်လျှင် ထို ဓားပြခေါင်းဆောင်းအားမဖမ်းနိုင်ကြချေ။ ယခု ထိုဓားပြခေါင်းဆောင်သည် သေဆုံးပြီးဖြစ်၏။
မယုံကြည်နိုင်စရာကောင်းလှသည်။
"သူတို့အားလုံးကို ဂိုဏ်းချုပ်တစ်ယောက်ထဲသတ်ဖြတ်ခဲ့တာလား"
"ဒီခံတပ်ထဲမှာ ဂိုဏ်းချုပ်တစ်ယောက်ထဲရှိတာလေ သူမှမသတ်ရင် တစ်ခြားဘယ်သူက သတ်မှာလဲ"
"ကောင်းကင်ဘုံ ….. ဒါကြီးက ကြောက်စရာကောင်းလိုက်တာ"
ချက်ချင်းဆိုသလိုပင် တပည့်သုံးဆယ်ကျော်၏ ချီးကျူးစကားများဖြင့် ဆူညံပွက်လော ရိုက်သွားကြသည်။
ကျွင်းချောင်ရှောင်းသည် တပည့်များ၏ ချီးကျူးစကားအား သိပ်စိတ်မဝင်စားချေ။
သူ့အနေဖြင့် ကျိုးရှန်းပ ၏အိပ်ခန်းရှိ လျှို့ဝှတ်လမ်းတစ်ခုအား တွေ့ရှိထားပြီး ဖြစ်သည်။
ထို့ကြောင့်သူသည်မြေအောက်ခန်းဆီသို့ ဦးတည်သွားလိုက်၏။
လှေကားအတိုင်းဆင်းသွားပြီးနောက် သော့ခတ်ထားသော သံတံခါးကြီး တစ်ခုအားမြင်လိုက်ရ၏။
သူသည် ဓားအားထုတ်ယူ၍ သော့အားခုတ်ပိုင်းလိုက်သည်။
တံခါးအားကန်ဖွင့်လိုက်ချိန်တွင် များပြာလှသော ရွှေ ၊ ငွေနှင့် ကျောက်မျက်ရတနာများအား တစ်ခန်းလုံးပြည့် မြင်လိုက်ရသည်။
"ငါချမ်းသာပြီ ၊ ငါချမ်းသာပြီ"
ကျွင်းချောင်ရှောင်း၏ မျက်လုံးများတွင် ရွှေရောင် အလင်းများနှင့်တောက်ပလျက် ရှိသည်။
သူသည်တစ်ချက်ကလေးမှ မနှောင့်နှေးဘဲ ရှိရှိသမျှသော ရတနာအားလုံးကိုယူဆောင်လိုက်၏။
သူသည် တိုက်ပွဲတွင်းမှ ရရှိသော ရတနာများအား သိမ်းဆည်းပြီးနောက် ဓားပြခေါင်းဆောင်ကိုင်ဆောင်သော နဂါးစိမ်း ဓားမော့အပြင် ဓားပြခေါင်းဆောင် ထိုင်လေ့ထိုင်ထရှိသော ကျားအရေခွံလွှမ်းခြုံထားသည့် ထိုင်ခုံကြီးကိုပါ သူ၏သိုလှောင်လက်စွပ် ထဲသို့ ထည့်လိုက်သည်။
ပြီးနောက် သူ၏ တပည့်များနှင့် အတူပြန်လည် ထွက်ခွာသွားတော့သည်။
ဟူး …. ဟူး …..
စစ်တပ်၏ ခံတပ်တစ်ခုကဲ့သို့တည်ဆောက် ထားသော ဟေးဖေး ခံတပ်ဟုအမည်တွင်သော တောပုန်းဓားပြဂိုဏ်း၏တည်နေရာသည် အရှိန်တပြင်းပြင်းနှင့်တောက်လောင်လျက် ရှိသောမီးတို့ဖြင့် ဖုံးလွှမ်းလျက်ရှိသည်။
ခံတပ်ထဲတွင်ရှိသော သစ်သားအိမ်များ၊ မျှော်စင်များ ၊အလောင်းများအားလုံးသည် မီးတောက်နှင့်အတူ ပြာအဖြစ်သို့ ကူးပြောင်းသွားလေသည်။
ဒင်။
"ဂုဏ်ယူပါသည်။ လက်ခံသူသည် ဖုံးကွယ်ထားသော တာဝန်အား ပြည့်စုံအောင်ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ဂိုဏ်းစုဆောင်းမှတ် ငါးဆယ်အား ဆုလာဒ်ဖြစ်ရရှိသည်။"
ဒင်..
"ဂိုဏ်းစုဆောင်းမှတ် ၅၀ / ၁၀၀။"
တောင်ပေါ်မှ ဆင်းလာသော ကျွင်းချောင်ရှောင်းသည် အံ့အားတစ်သင့် ပြောလိုက်သည်။
"ဟေးဖေ ခံတပ်တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ဆိုတာ ဖုံးကွယ်ထားတဲ့ တာဝန်တစ်ခုဖြစ်နေတာပဲ။ ဆုလာဒ်ကလည်း တအားမြင့်မားတာဘဲ"