← Chapters

အခန်း (၃၄)

Vol. 3 Ch. 34

အခန်း (၃၄)

Vol. 3 Ch. 34

ကျွင်းချောင်ရှောင်းသည် တပည့်များအား ကိုယ်တိုင်ကိုယ်ကျ သင်ပေးချင်စိတ်ရှိ၏။ သို့ပေမဲ့ သူသည် စွမ်းအင်ဖွင့်ခြင်း အဆင့်တစ်ဆယ်တွင်သာရှိသော ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ သူ၏ကျင့်ကြံခြင်း နှင့် ပတ်သက်သော နားလည်မှုသည် ကလေးတစ်ယောက် အဆင့်သာသာမျှသာ ရှိသေး၏။

သူသည် သိုင်းပညာနှင့် ပတ်သတ်၍လည်း အတွေ့အကြုံကောင်းကောင်းမရှိသလို ကျင့်ကြံခြင်းအဆင့်၌လည်း မြင့်မားလှသည် မဟုတ်ချေ။ ပြိုင်စံရှားဂိုဏ်းစနစ်ကိုသာ အားကိုးနေရသူဖြစ်သည်။

ကံဆိုးစွာဖြင့် ပြိုင်စံရှားဂိုဏ်းစနစ်ကလည်း သူ့အား အသိအမြင်အဆောင်များဝယ်ယူရန် တားဆီးထားသေး၏။

"ဟင်း …."

ကျွင်းချောင်ရှောင်း ခြေချိတ်ထိုင်လိုက်၏။ ပြီးနောက် သူ၏ဂုတ်ပိုးကို ပွတ်သပ်လိုက်၏။

အကြီးဆုံးနဲ့ဒုတိယတပည့်တွေကိုပဲ အားကိုးရမှာပဲ။ သိအမြင်အဆောင်တွေကို ဝယ်လို့ရပြီဆိုရင် သူတို့ကို ငါ ကိုယ်တိုင်ကိုယ်ကျ သင်ပေးရမယ်။

………

နောက်တစ်ရက် ….

ကောင်းကင်ကြီးသည် တောက်ပလျှက် ရှိ၏။

လီချင်းယန် သည် အမျိုးသားတပည့်များအား သိုင်းလေ့ကျင့်ရာကွင်းပြင်ဆီသို့ ဦးဆောင်ခေါ်လာပြီး စတင် ကျင့်ကြံစေတော့သည်။

တော်တော်များများ၏ကျင့်ကြံခြင်းသည် စွမ်းအင်ဖွင့်ခြင်းအဆင့် ဒုတိယနှင့်တတိယအဆင့်သာ ရှိသောကြောင့် အခြေခံလေ့ကျင့်ခြင်းကိစ္စရပ်များကိုသာ ပြုလုပ်နိုင်ကြ၏။

မကြာခင်မှာပဲ လုချင်းချင်းသည်လည်း အမျိုးသမီးတပည့် နှစ်ဆယ်နှင့်အတူ ရောက်ရှိလာသည်။

သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကမ္ဘာခြားမှ နတ်မိမယ်တစ်ပါးလိုပင် လှပလွန်းလှ၏။ ဝတ်စုံအရောင် ပြောင်းလဲသွားခဲ့ပြီဖြစ်သောကြောင့် မျက်နှာပေါ်ရှိ အလိုမကျမှုများလည်း ပျောက်ကွယ် သွားခဲ့ပြီဖြစ်၏။

နေ့စဉ်လေ့ကျင့်ခြင်း ကိစ္စရပ်များအား တပည့်နှစ်ဦးမှ တာဝန်ကျေစွာဖြင့် ထမ်းဆောင်လျှက်ရှိ၏။

ကျွင်းချောင်ရှောင်းသည် ဟောခန်းထဲတွင်ထိုင်ကာ ပျင်းပျင်းရှိသည်နှင့် စနစ်အားဖွင့်လိုက်သည်။

ပြီးနောက် ဂိုဏ်း၏တာဝန်ဆိုသည်မှာ မပေါ်လာသေးကြောင်း မြင်လိုက်ရတော့ မှုန်ကုပ်ကုပ်နှင့် ပြောလိုက်၏။

"စနစ် … ဒီသောက်တာဝန်ဆိုတဲ့အရာကြီးက ဘယ်တော့မှ ပေါ်လာမှာတုန်း။"

"စောင့်ပါအုံး။" စနစ်မှရှင်းလင်းစွာပင် ပြန်လည်ပြောဆိုလာ၏။

ကျွင်းချောင်ရှောင်း ဆွံအသွားမိသည်။

ထို့ကြောင့် သူ ကျင့်ကြံခြင်းနည်းစနစ်ကို လှည့်ပတ်၍ ကောင်းကင်နှင့် မြေကြီးအတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်များကိုသာ စတင်၍ စုပ်ယူလိုက်တော့သည်။

သူ့တွင် ဂိုဏ်းစုဆောင်းမှတ်ငါးဆယ်သာ ရှိသေး၏။ ထိုစုဆောင်းမှတ်များအား လဲလှယ်ရန် မစဉ်းစားသေးပေ။ အရေးကြုံလာမှ အသုံးပြုရန်စီစဉ်ထား၏။

"ဂိုဏ်းချုပ်"

ခဏကြာတော့ လီချင်းယန် လျှောက်ဝင်လာပြီး ပြောလိုက်သည်။

"ကျွန်တော်တို့ဂိုဏ်းဆီမှာ အဓိကကျင့်ကြံခြင်း နည်းစနစ်ရှိလား။"

"အင်း …ချီစုစည်းခြင်း နည်းစနစ်လား။"

ကျွင်းချောင်ရှောင်း ပြောလိုက်၏။

လီရှင်းရန်၏နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွားသည်။

"ချီစုစည်းခြင်းနည်းစနစ်က ဘယ်လိုလုပ် အဓိကကျင့်ကြံခြင်းနည်းစနစ် ဖြစ်မှာလဲ။ တပည့်တွေကို အဲ့ဒါလေ့ကျင့်ခိုင်းမလို့လား။"

"ဒါလည်းဟုတ်တာပဲ။"

ကျွင်းချောင်ရှောင်း စတင်၍ စဉ်းစားလိုက်သည်။ သူသိရှိသော ကျင့်ကြံခြင်းနည်းစနစ်များအား ချရေးပြီး တပည့်များကိုလေ့ကျင့်ခိုင်းလျှင် ကောင်းမည်လား။

"မဟုတ်သေးဘူး … မဟုတ်သေးဘူး။ ဒါက တောင်ပြာဂိုဏ်းရဲ့အကြီးအကဲဆီကရထားတဲ့ ကျင့်ကြံခြင်းနည်းစနစ်ပဲ။ ဒါကိုဂိုဏ်းရဲ့ အဓိကကျင့်ကြံခြင်းနည်းစနစ်အဖြစ် သုံးဖို့အတွက်တော့ မသင့်တော်လောက်ဘူး။"

ကျွင်းချောင်ရှောင်း စနစ်ကိုဖွင့်၍ ကုန်သွယ်စတိုးထဲသို့ဝင်ကာ စဦးစတိုးအား ဖွင့်လိုက်၏။

"ဒီထဲမှာ ကိုးပြိုလက်သီးလိုမျိုး သိုင်းနည်းစနစ်တွေလည်းရှိတယ်။ ဒီတော့ ကျင့်ကြံခြင်းနည်းစနစ်တစ်ခုခု ရှိနိုင်လောက်တယ်။"

ကံဆိုးစွာနှင့် သူ စဦးစတိုးထဲသို ဖွင့်ကာဝင်လိုက်ပြီးသည့်နောက် ကိုးပြိုလက်သီး မှလွဲလျှင် တစ်ခြားသော ကျင့်ကြံခြင်းနည်းစနစ်နှင့်ပတ်သတ်၍ တစ်ခုမှ မတွေ့ရှိခဲ့ပေ။

"ငါဘာလုပ်ရမလဲ။"

ကျွင်းချောင်ရှောင်း ရုတ်တရက် ဆိုသလိုပဲ စိတ်ဓာတ်ကျသွားမိ၏။

စနစ်မှ သူ့အား သတိပေးလိုက်သည်။

"လက်ခံသူအနေနှင့် ဒီထဲမှာပြထားတဲ့ ကုန်ပစ္စည်းတွေကို ထပ်တိုးပြီးတော့ ပေါ်လာအောင် လုပ်လို့ရပါသေးသည်။"

"ထပ်တိုးပြီးရအောင် လုပ်လို့ရသေးတယ် ဟုတ်လား။ refresh လုပ်သလိုမျိုးပေါ့"

ကျွင်းချောင်ရှောင်း အပျော်လွန်သွား၏။

ပြီးနောက် သူ စနစ်၏အောက်ဆုံးဆီသို့ ဆွဲချလိုက်၏။

စနစ်မှသတိပေးလိုက်၏။

"နောက်ကို ဤကဲ့သို့ ဆွဲချမည်ဆိုပါက ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ် ကုန်ဆုံးမည်ကို သိထားသင့်၏။ ကျေးဇူးပြု၍ သေချာဆုံးဖြတ်ပါ။"

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွား၏။

"ဒါလည်းဂိုဏ်းစုဆောင်းမှတ်တွေ ပေးရတာပဲလား။ ဘယ်လိုလုပ်ရမလဲ။ ဆက်ပြီးဆွဲရမှာလား မဆွဲရဘူးလား။"

လက်ရှိ ရှိနေသောပစ္စည်းများတွင် ပစ္စည်းကောင်းများ တော်တော်များများရှိသည်ကို ကျွင်းချောင်ရှောင်း သိ၏။ ဥပမာအားဖြင့် စဦးအဆင့် အသိအမြင်အဆောင်၊ ပင်ကိုယ်စွမ်းအင်ပြောင်းလဲခြင်းဆေးရည်စသည့်အရာများ ရှိနေသေး၏။ ထိုအရာများမရှိတော့ရင် သူ ထမ်မံဝယ်ယူ၍မရနိုင်မည်ကို စိုးရိမ်မိသည်။

စနစ်မှပြောလိုက်သည်။

"လက်ခံသူ စိတ်ချပါ။ ထိုပစ္စည်းတွေကအရင်အတိုင်းပဲ ရှိနေအုန်းမှာပါ။ ထပ်တိုးပစ္စည်းတွေ ပေါ်လာပါလိမ့်မည်။"

"ဒီလိုလား။"

ကျွင်းချောင်ရှောင်း အပျော်လွန်သွား၏။

စနစ်သည် သူ့အား သေသေချာချာဖြင့် ရှင်းပြလျှက်ရှိ၏။

ကြည့်ရသည်မှာ ဂိုဏ်းစုဆောင်းမှတ်များကို သုံးဖြုန်းစေချင်သည့်ပုံပင်ပေါ်၏။

"ကောင်းပြီ။ဒီလိုဆိုတော့လည်း သုံးလိုက်ကြတာပေါ့။"

ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ စတိုးထဲရှိ ကုန်ပစ္စည်းမြင်ကွင်းအား အောက်သို့ ဆွဲချလိုက်၏။

"ဒင်"

"ဂိုဏ်းစုဆောင်းအမှတ် - ၄၀ / ၁၀၀"

ခဏလောက်ကြာတော့ ပစ္စည်းသစ်များ ထွက်ပေါ်လာသည်ကို မြင်ရလိုက်၏။

တော်တော်များများသည် စဦးစတိုးထဲတွင် ရှိသောကြောင့် လဲလှယ်ရမည့်ဈေးနှုန်းများသည်လည်း ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်နီးပါးသာ တည်ရှိ၏။

ကုန်ပစ္စည်းစာရင်းများကို ကုန်ပစ္စည်းများအားကြည့်ရှုရင်း ကျွင်းချောင်ရှောင်း၏နှလုံးသား ပိုမိုအေးစက်လာ၏။

အဘယ့်ကြောင့်ဆိုသော် ထွက်ပေါ်လာသော ပစ္စည်းများထဲတွင် အခြေခံလက်သီးနည်းစနစ် တစ်ခုလေးတောင်မှ မပါဝင်ခဲ့ချေ။

"သွားပြီ သွားပြီ။ ဂိုဏ်းစုဆောင်းမှတ်ဆယ်မှတ်ကတော့ သဲထဲရေသွန်တော့ ဖြစ်ကုန်ပြီ။ဒီလိုဖြစ်မယ်မှန်းသိရင် ဂိုဏ်းစုဆောင်းမှတ်တွေကို အအေးဓားတွေ ဝယ်လိုက်တာကမှ ဟုတ်အုံးမယ်။"

ကျွင်းချောင်ရှောင်း ဆက်၍ ဆွဲကြည့်လိုက်တဲ့နောက်မှာတော့ "ရီကျင်ကျင်း"ဟု ရေးသားထားသော အဝါရောင် ရှေးစာအုပ်တစ်အုပ် ရှိနေသည်ကို မြင်လိုက်ရသည်။

"ဒီလိုအရာလည်း ရှိတာလား။"

သူသိသလောက်ဆိုလျှင် "ရီကျင်ကျင်း” ဆိုသည်မှာ အကောင်းဆုံးသော ရှောင်လင်သိုင်းစာအုပ်ပဲ ဖြစ်၏။ ဤကဲ့သို့စတိုးတွင် အဘယ်ကြောင့် ထိုသို့သောစာအုပ် ပေါ်လာရသနည်း။

သူစိတ်လှုပ်ရှားသွားမိ၏။

ပြီးနောက် သူ ပစ္စည်းမိတ်ဆက်ကို သေချာပြန်ကြည့်လိုက်၏။

ပစ္စည်းအမျိုးအစား - ရီကျင်ကျင်း

ဖော်ပြချက် - ဆရာတော်ဗောဓိဓမ္မ ချန်ထားခဲ့သော ကျမ်းစာနှစ်ခုထဲမှတစ်ခု။

လုပ်ဆောင်ချက် - ကြွက်သားနဲ့အရိုးများကိုပိုမိုအားကောင်းစေတယ်။မရီဒန် များကို ပိုမိုကျယ်ပြန့်စေသည်။ စိတ်စွမ်းအင်ကို ပိုမိုကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို သန်မာစေသည်။

အကျိုးကျေးဇူး - စွမ်းအင်ဖွင့်ခြင်းအဆင့်ကျင့်ကြံသူများနှင့်သင့်တော်လှ၏။

အောင်မြင်စွာလေ့ကျင့်နိုင်မည်ဆိုလျှင် ခန္ဓာကိုယ်ကို တိုးတက်စေရုံသာမက စွမ်းအင်ဖွင့်ခြင်း အဆင့်ချိုးဖျက်နိုင်ရန် ငါးဆယ်ရာခိုင်နှုန်း အခွင့်အလမ်းရှိသည်။

အသုံးမဝင်သည့်အချက် - စွမ်းအင်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူများသာလျှင် အသုံးပြုရန် သင့်တော်သည်။

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၁၀။

အဆင့် - နတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ်။

မိတ်ဆက်ကို သေချာကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်း ဆွံအသွားမိ၏။

ပြီးနောက် အံ့အားတသင့်ဖြင့် သူ့မျက်နှာကိုယ်သူ ရိုက်လိုက်မိသည်။

"ဒီရီကျင်ကျင်းစာအုပ် က နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ် ဟုတ်လား။"

တစ်ခုခုမှားယွင်းနေသလို သူ ခံစားလိုက်မိ၏။

သို့ပေမဲ့ သေချာကြည့်လိုက်တော့ အမှန်တစ်ကယ်ပင် နတ်ဘုရားအဆင့် ဖြစ်နေသည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းနည်းစနစ်များကို အဆင့်ခွဲခြားထားမှုအရဆိုလျှင် "ရီကျင်ကျင်း" သည် နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ် ဖြစ်လို့နေ၏။

"ချီးတဲ့မှ …. "

သေချာအတည်ပြုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထိုင်ခုံမှ ခုန်ထလိုက်မိ၏။

နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ်အတွက် ဂိုဏ်းစုဆောင်းမှတ်ဆယ်မှတ်သာလျှင် ကုန်ဆုံးသည်။

ထိုအရာသည် အမှန်ပင်တန်လှသည်ဟု ပြောရမည်။

စနစ်သည် ဆက်လက်၍ ဆက်မကြည့်နိုင်တော့သောကြောင့် ဝင်ကာပြောလိုက်တော့သည်။

"လက်ခံသူ၏ ကံက အရမ်းကောင်းသည်။ ဤကဲ့သို့ နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ် ပေါ်လာဖို့ ဆိုသည်မှာ ရာခိုင်နှုန်းအရဆိုလျှင် တစ်ရာခိုင်နှုန်းသာရှိသည်။"

"ဟား…. ဟား…. ဟား…. ဟား…."

ကျွင်းချောင်ရှောင်းသည် သူ၏ခေါင်းကိုမော့၍ အားရပါးရရယ်လိုက်၏။

"ငါက ကံကောင်းတဲ့လူပဲ။ ဘာကိုစောင့်နေရမှာလဲ။ ကျိန်းသေပေါက်ဝယ်မယ်။ ဝယ်မယ်။"

ကျွင်းချောင်ရှောင်းသည် "ရီကျင်ကျင်း"ဆိုသည့် စာအုပ်နေရာအား နှောင့်နှေးခြင်းတစ်ချက်မရှိဘဲ နှိပ်လိုက်တော့သည်။

"ဒင်"

"လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်အား အသုံးပြုပြီးဖြစ်၏။ ရီကျင်ကျင်း စာအုပ်ကား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်လိုက်ပါပြီ။"

"ဒင်"

"ဂိုဏ်းစုဆောင်းမှတ် ၃၀ /၁၀၀"

ကျွင်းချောင်ရှောင်း အလောတကြီးနှင့် သိုလှောင်လက်စွပ်ထဲသို့ဝင်လိုက်၏။

ပြီးနောက် "ရီကျင်ကျင်း"စာအုပ်ကား ကိုင်ကာ စိတ်လှုပ်တရှားဖြင့် ပြောလိုက်၏။

"အောင်မြင်အောင် ကျင့်ကြံနိုင်မယ်ဆိုလျှင် စွမ်းအင်ဖွင့်ခြင်းအဆင့်ကနေချိုးဖျက်ဖို့အတွက် ငါးဆယ်ရာခိုင်နှုန်း အခွင့်အရေးရှိသေးတယ်။ ဒါက ကျိန်းသေပေါက် နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုပဲ။"

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ စဦးအဆင့်ကျင့်ကြံသူများအတွက် အခက်ခဲဆုံးအရာသည် မည်သည့်အရာ ဖြစ်သနည်း။

မရီဒန်များပွင့်ရန် သို့မဟုတ် စွမ်းအင်ဖွင့်ရန်သာလျှင် ဖြစ်ပေသည်။

မူလလက်ဟောင်း ကျွင်းချောင်ရှောင်းသည် စွမ်းအင်ဖွင့်ခြင်းအဆင့် ဒုတိယအဆင့်ကိုဝင်ရောက်ပြီးနောက် တတိယအဆင့်ကို မကျော်ဖြတ်နိုင်ခဲ့ချေ။

အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ သေသာသေဆုံးသွားခဲ့၏။

"ရီကျင်ကျင်း"ကျင့်ကြံခြင်းနည်းစနစ်ကား အောင်မြင်အောင် ကျင့်ကြံနိုင်မည်ဆိုလျှင် ပင်ကိုယ်ပါရမီစွမ်းအင် နည်းပါးနေသည်ဆိုလျှင်တောင်မှ စွမ်းအင်လမ်းကြောင်းပွင့်ရန် ငါးဆယ်ရာခိုင်နှုန်း အခွင့်အရေး ရှိနေသေးသည်။

ကျွင်းချောင်ရှောင်းသည် "ရီကျင်ကျင်း"ကျင့်ကြံခြင်းနည်းစနစ်အား အောင်မြင်အောင် ကျင့်ကြံကြည့်ဖို့ မစောင့်နိုင်တော့ချေ။

ထိုသို့သာ ကျင့်ကြံနိုင်မည်ဆိုလျှင် သူသည် ဂိုဏ်းစုဆောင်းမှတ်များဖြင့် လဲလှယ်နေစရာ မလိုတော့ချေ။ စိတ်ဝိညာဉ်စွမ်းအင်များအား အသုံးပြုကာ သူ၏စွမ်းအင်လမ်းကြောင်းများကို ဖွင့်လှစ်နိုင်ပေလိမ့်မည်။

All Chapters