← Chapters

အခန်း (၃၅)

Vol. 3 Ch. 35

အခန်း (၃၅)

Vol. 3 Ch. 35

ကျွင်းချောင်ရှောင်းသည် စဦးစတိုး၏ မျက်နှာပြင်တွင် အသစ်အသစ်သော ကုန်ပစ္စည်းများပေါ်လာစေရန် ဂိုဏ်းစုဆောင်ခြင်းအမှတ်ဆယ်မှတ် အသုံးပြု၍ အောက်သို့ဆွဲချခဲ့သည်။

သူသည် အမှန်ပင် ရတနာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုရမည်။

အဘယ့်ကြောင့်ဆိုသော် "ရီကျင်ကျင်း"ဟုခေါ်သော နတ်ဘုရားအဆင့်ကျင့်ကြံခြင်း နည်းစနစ်ကို တွေ့ရှိခဲ့ရ၍ ဖြစ်သည်။

ပို၍ကောင်းမွန်သည်မှာ "ရီကျင်ကျင်း"သည် စွမ်းအင်ဖွင့်ခြင်းအဆင့်ကို ချိုးဖျက်နိုင်ရန် ငါးဆယ်ရာခိုင်နှုန်း အောင်မြင်နိုင်ချေရှိသော ကျင့်ကြံခြင်းနည်းစနစ် ဖြစ်သည်။

ဤနည်းစနစ်သည် အရိုးနှင့်ရိုးတွင်းခြင်ဆီများအား ပိုမိုသန်မာစေရုံသာမက မရီဒန်များကိုလည်း ပိုမို အားကောင်းစေသည်။စိတ်စွမ်းအင်ကိုပိုမိုခိုင်မာစေပြီး ခန္ဓာကိုယ်ကိုလည်း သန်မာလာစေ၏။

ကျွင်းချောင်ရှောင်း တွေးလိုက်သည်။

ကုန်ပစ္စည်းမိတ်ဆက်တုန်းက ပြောသလိုဆိုရင် ဆရာတော်ဗောဓိဓမ္မချန်ထားခဲ့တဲ့ ကျမ်းစာနှစ်ခုထဲက တစ်ခုတဲ့။ နောက်ထပ်တစ်ခုလည်း ရှိနေနိုင်တာပဲ။

ကျွင်းချောင်ရှောင်း ကုန်ပစ္စည်းများကို အောက်သို့ဆွဲ၍ ထပ်ကြည့်လိုက်၏။

သို့ပေမဲ့ အဆုံးထိ ဆွဲယူကြည့်ရှုပြီးနောက်မှာတော့ တစ်ခြားသော ကျင့်ကြံခြင်းနည်းစနစ်ကို မတွေ့ရချေ။

ကျွင်းချောင်ရှောင်း ခေါင်းကိုအသာခါရမ်းကာပြောလိုက်မိသည်။

"နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ်ကို ရရှိတယ်ဆိုတာကတင် တော်တော်ကြီးကို ကံကောင်းနေပြီ။ တစ်ချိန်တည်းမှာပဲ ဘယ်လိုလုပ်နောက်ထပ် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ထပ်ရနိုင်မှာလဲ။"

"ဒင်"

"လက်ခံသူသည် ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်ကို ပြောင်းလဲခဲ့သည်။"

ဂိုဏ်း၏ကျင့်ကြံခြင်းနည်းစနစ်သည် အလိုလိုအသက်ဝင်သွားခဲ့ပြီဖြစ်၏။ စနစ်၏အသံသည် သူ၏နားထဲတွင် ပေါ်လာ၏။

ကျွင်းချောင်ရှောင်း ကြောင်သွားသည်။

သူအမြန်ပဲ ပြိုင်စံရှားဂိုဏ်းစနစ်ကို ဖွင့်ကြည့်လိုက်၏။

ဂိုဏ်းနာမည် - သံမဏိအရိုးဂိုဏ်း

ဂိုဏ်းခေါင်းဆောင် - ကျွင်းချောင်ရှောင်း

ဂိုဏ်း၏အဆင့် - နဝမအဆင့်

ဂိုဏ်းအဆောက်အအုံ - အဆင့် တစ်

ဂိုဏ်းကျင့်ကြံခြင်းနည်းစနစ် - "ရီကျင်ကျင်း"

ဂိုဏ်းအဖွဲဝင် - ၉၉ /၁၀၀။

ဂိုဏ်းစုဆောင်းမှတ် - ၃၀ /၁၀၀။

ဂိုဏ်း၏အောင်မြင်မှုတန်ဖိုး - ၀ /၁၀၀။

ဂိုဏ်းတာဝန် - မရှိ

ဂိုဏ်း၏အဓိကတာဝန် - နှစ်တစ်ရာအတွင်း.........

"ဂိုဏ်း၏ကျင့်ကြံခြင်းနည်းစနစ် ဟုတ်လား။"

"လက်ခံသူသည် ကျင့်ကြံခြင်းနည်းစနစ်ကို ပြောင်းလဲခဲ့သည်။ ထို ကျင့်ကြံခြင်း နည်းစနစ်သည် ဂိုဏ်း၏ကျင့်ကြံခြင်းနည်းစနစ်နှင့် လိုက်ဖက်ညီသွားခဲ့၏။"

"အဲဒီတော့ ဘာဖြစ်လဲ။"

“ဂိုဏ်း၏ကျင့်ကြံခြင်းနည်းစနစ် ဆိုသည်မှာ ဂိုဏ်းခေါင်းဆောင် အပါအဝင် မည်သည့်တပည့်မဆို ကျင့်ကြံနိုင်သော နည်းစနစ်တစ်ခု ဖြစ်သည်။”

"ဂိုဏ်းရဲ့ကျင့်ကြံခြင်းနည်းစနစ်နဲ့ လိုက်ဖက်မညီရင် ငါလည်းကျင့်ကြံလိုမရဘူးလား။"

"အမှန်ပါပဲ။"

စနစ်က ထပ်ပြောလိုက်သည်။

"ဂိုဏ်း၏ကျင့်ကြံခြင်းနည်းစနစ်ဆိုတာ ဂိုဏ်းခေါင်းဆောင်နဲ့တပည့်များသာ ကျင့်ကြံဖို့ ကန့်သတ်ထားသည်။ အပြင်လူတွေ ကျင့်ကြံ၍ သို့မဟုတ် ခိုးယူ၍ မရရှိနိုင်ပေ။

တပည့်တစ်ယောက်သည် ဂိုဏ်း၏ကျင့်ကြံခြင်းနည်းစနစ်အား တစ်ခြားသူများသိရှိအောင် ထုတ်ဖော် ပြောဆိုခြင်း၊ သစ္စာဖောက်ခြင်းစသည့်ကိစ္စရပ်များ ပြုလုပ်ပါက ဂိုဏ်း၏ကျင့်ကြံခြင်းနည်းစနစ်နှင့် ပတ်သက်သော မှတ်ဉာဏ်များသည် အလိုလို သူ၏ ဦးနှောက်အတွင်းမှ ပယ်ဖျက်သွားပေလိမ့်မည်။"

"သြော် …. ဒီလိုကိုး။"

ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များကို "ရီကျင်ကျင်း"ကျင့်ကြံခြင်းနည်းစနစ် ပေးရမည်လား ၊မပေးရဘူးလားဆိုသည်နှင့် ပတ်သက်ပြီး ချီတုံချတုံ ဖြစ်နေခဲ့ရသည်။

အဘယ့်ကြောင့်ဆိုသော် ကျင့်ကြံခြင်းနည်းစနစ်၏အဆင့်သည် အလွန်မြင့်မားလွန်းနေသောကြောင့် ဖြစ်၏။ တစ်ခြားသူများသာ သိရှိသွားလျှင် ပြဿနာတက်သွားနိုင်သည်မဟုတ်လား။

ထို့ကြောင်ပင် သူ စဉ်းစားရခက် ၊ တွေဝေနေခြင်း ဖြစ်သည်။

သာမန်လူများသည် အပြစ်ကင်းစင်လှ၏။ သို့ပေမဲ့ ကျောက်စိမ်းလက်စွပ် ဝတ်ဆင်ထားသော လူတစ်ယောက်ကိုမြင်လျှင် ကျန်သူများက မနာလို ဖြစ်ပေလိမ့်မည်။

ဤအရာသည် လောက၏ နိယာမတစ်ခုပင် ဖြစ်သည်။

ယခု ကျင့်ကြံခြင်းနည်းစနစ်အား အပြင်လူများ ကျင့်ကြံ၍မရနိုင်ကြောင်း စနစ်က ရှင်းပြပြီးသည့်နောက်မှာတော့ သူသည် တပည့်များအား ဤကျင့်ကြံခြင်းနည်းစနစ်များ ဖြန့်ဝေပေးရန် ဆုံးဖြတ်ချက်ချလိုက်၏။

သူ့အနေနှင့် စိုးရိမ်ပူပန်စရာ မရှိတော့ပေ။

"ဂိုဏ်းချုပ် …. ဂိုဏ်းချုပ် အဆင်ပြေရဲ့လား။"

လီချင်းယန်သည် ကျွင်းချောင်ရှောင်း၏ မျက်စိရှေ့တွင် လက်ကို ခါရမ်းလိုက်၏။

အဘယ့်ကြောင့်မှန်းမသိ ဂိုဏ်းခေါင်းဆောင်သည် အူကြောင်ကြောင်အပြုအမူများကို ပြုလုပ်လျှက်ရှိသည်။

ကိုယ့် မျက်နှာကိုယ် ဖြတ်ရိုက်သည်။ ထိုင်ခုံမှ ထခုန်သည်။ထို့အပြင် အရူးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်သေး၏။

ထို့ကြောင့် သူ စိုးရိမ်ပူပန်မိခြင်း ဖြစ်သည်။

"ဟမ်"

ကျွင်းချောင်ရှောင်း လေးလေးနက်နက် ပြောလိုက်သည်။ "အဆင်ပြေတယ် …. အဆင်ပြေတယ်။"

ခဏလောက် စဉ်းစားပြီးနောက် သူပြောလိုက်၏။

"ဂိုဏ်းရဲ့ကျင့်ကြံခြင်းနည်းစနစ်နဲ့ ပတ်သက်ပြီးတော့ ငါ သေချာ စဉ်းစားဖို့ လိုအပ်တယ်။"

"ကောင်းပါပြီ။"

လီချင်းယန် နောက်ဆုတ်လိုက်၏။

ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားပြီးသည့်နောက် ဆုံးဖြတ်ချက်ချလိုက်၏။

"ရီကျင်ကျင်း ကို ငါတို့ရဲ့ ကျင့်ကြံခြင်း နည်းစနစ်အဖြစ် အသုံးပြုဖို့ ဆုံးဖြတ်လိုက်ကြရအောင်။"

စနစ်မှ ပြောလိုက်သည်။ "လက်ခံသူသည် ဂိုဏ်း၏ကျင့်ကြံခြင်းနည်းစနစ်ကို နှိပ်၍ တပည့်များအတွက် မိတ္တူကူးယူနိုင်သည်။"

"မိတ္တူကူးရမှာ ဟုတ်လား။"

ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ကျင့်ကြံခြင်းနည်းစနစ်ကို နှိပ်ကြည့်လိုက်တော့ အချက်အလက် အကွက်လေးတစ်ခု ပေါ်လာခဲ့သည်။

ထိုအကွက်လေးပေါ်မှာတော့ မိတ္တူကူးခြင်းဟူသော ခလုတ်တစ်ခု ပါဝင်နေသည်။

ထိုခလုတ်ကိုနှိပ်လိုက်ပြီးသည့်နောက် သေးငယ်လှသော အကွက်သေးလေးတစ်ခု ပေါ်လာပြန်သည်။

ထိုအကွက်သေးလေးတွင် ရေးသားထားသည်မှာ ကူးယူချင်သော မိတ္တူအရေအတွက်ကို ရေးသားရန်ဖြစ်၏။

"ငါ အပါအဝင်ဆိုလျှင် ဂိုဏ်းမှာ ကိုးဆယ့်ကိုးယောက်တောင် ရှိတယ်။"

"ဒီတော့ ကိုးဆယ့်ကိုးခုကို အရင်ဆုံး မိတ္တူဆွဲလိုက်ရမယ်။"

ကျွင်းချောင်ရှောင်းသည် စိတ်လှုပ်ရှားသွား၏။

ပြီးနောက် သူသည် နံပါတ်ကိုးဆယ့်ကိုးကိုနှိပ်၍ အတည်ပြုလိုက်၏။

"ဒင်"

"လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြု၍ ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ် ကိုးဆယ့်ကိုးခု မိတ္တူဆွဲခဲ့သည်။ မိတ္တူများအား သိုလှောင်လက်စွပ်ထဲသို ရွှေ့ပြောင်းပြီးခဲ့ပြီ ဖြစ်၏။"

"ဒင်"

"ဂိုဏ်းစုဆောင်းမှတ် - ၂၀ /၁၀၀။

ကျွင်းချောင်ရှောင်း ကြောင်သွား၏။

သူ ချက်ချင်းပဲ ထအော်လိုက်၏။

"ဂိုဏ်းရဲ့ကျင့်ကြံခြင်း နည်းစနစ်ကို မိတ္တူကူးတာ ဘာလို ဂိုဏ်းစုဆောင်းမှတ်တွေ သုံးရသေးတာလဲ။"

စနစ်မှ ပြောလိုက်၏။

"သုံးရမှာပေါ့။"

ကျွင်းချောင်ရှောင်း ဆက်လက်၍ အော်လိုက်၏။

"ဒီလိုသုံးရမယ်မှန်းသိရင် ငါဘာလို့ မိတ္တူကူးမှာတုန်း။ ကိုယ့်ဘာကိုယ် တစ်ခုချင်းစီချရေးပြီးတော့ပဲ အကုန်လုံးကို ပေးလိုက်မှာပေါ့။"

စနစ်မှပြောလိုက်၏။

"စတိုးဆီမှဝယ်ထားသော ကျင့်ကြံခြင်းနည်းစနစ်ကို မည်သူကမှ လက်ရေးမူနှင့် ကူးယူ၍ မရပါ။ လက်ခံသူ အပါအဝင်ပေါ့။"

"သြော် … ဒီလိုကိုး။"

ကျွင်းချောင်ရှောင်း အသာထိုင်ချလိုက်သည်။ ပြီးနောက် ရေနွေးတစ်ခွက်ကို ကောက်မော့ပြီး ဖြေးညှင်းစွာ ပြောလိုက်၏။

"မွှေးလိုက်တာ။"

ဂိုဏ်း၏စုဆောင်းမှတ်ငါးဆယ်တွင် သူသည် နတ်ဘုရားအဆင့် "ရီကျင်ကျင်း"ကျင့်ကြံခြင်း နည်းစနစ်ကိုရရှိရန် ဂိုဏ်း၏စုဆောင်းမှတ် သုံးဆယ်ကို အသုံးပြုခဲ့သည်။ ထို့အပြင် မိတ္တူကိုးဆယ့်ကိုးစောင်ဆွဲတာအပါအဝင် ဖြစ်၏။

ဘာပဲပြောပြော အကျိုးအမြတ်ရှိသည်ဟု ဆိုရမည်။

ပြီးနောက် ကျွင်းချောင်ရှောင်း တီးတိုးပြောလိုက်၏။

"တပည့်တွေကို ဒီမိတ္တူတစ်ခုဆီပေးလိုက်။ ပြီးတော့ သူတို့ရဲ့မရီဒန်တွေကို မြန်မြန် ဖွင့်နိုင်အောင် "ရီကျင်ကျင်း"ကျင့်ကြံခြင်းနည်းစနစ်ကို မြန်မြန်နားလည်အောင်လုပ်ဖို့ အမိန့်ပေးလိုက်။"

အဆင့်ကိုး ဂိုဏ်းတစ်ခု၏ ကျင့်ကြံခြင်းနည်းစနစ်သည် နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ် တစ်ခုဖြစ်ကြောင်းသာ သိရှိလျှင် များပြားလှသောဂိုဏ်းများမှ ကျင့်ကြံသူများသည် ကျိန်းသေပေါက် မနာလိုဖြစ်ကြမှာ သေချာ၏။

………….

နောက်တစ်ရက် …..

ကျွင်းချောင်ရှောင်းသည် တပည့်များအား သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် စုစည်းခိုင်းပြီး ကြေညာလိုက်၏။

"သေချာ လေ့လာသုံးသပ်ပြီးတဲ့နောက်မှာ ငါက ပြိုင်စံရှား ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်။"

"ဟမ်"

တပည့်များအားလုံး ကြောင်သွားကြ၏။

သူတို့၏ဂိုဏ်းချုပ်သည် ကျင့်ကြံခြင်းနည်းစနစ်ကိုတောင် ဖန်တီးခဲ့သေးသည်လား။

"ပေါက်ကရတွေ ပြောပြန်ပြီ။"

လုချင်းချင်း တီးတိုးပြောလိုက်၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ကျင့်ကြံခြင်းနည်းစနစ်များကို လူသားတွေ ဖန်တီးခဲ့သည်ဆိုသည်မှာ အမှန်ပင်ဖြစ်၏။

သို့ပေမဲ့ ထိုသို့ဖန်တီးခဲ့သော တစ်ယောက်ချင်းစီတိုင်းသည် သိုင်းတာအို အားအောင်မြင်ပြီးသော လူများသာ ဖြစ်၏။

ဂိုဏ်းချုပ်၏ကျင့်ကြံခြင်း အဆင့်ဖြင့် အခြေခံလက်သီး နည်းစနစ်ကိုတောင် ဖန်တီးဖို့ မဖြစ်နိုင်ပေ။ ဤကဲ့သို့သော ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်ဆိုလျှင် ပိုတောင်ဆိုးပေဦးမည်။

တစ်ခြားသောတပည့်များသည် ထိုသို့ မတွေးမိခဲ့ကြပေ။

ဂိုဏ်းချုပ်သည် တစ်ခြားသော ဂိုဏ်းများမှ ကျင့်ကြံသူများအား သိုင်းပညာနှင့်ပတ်သက်၍ လမ်းညွှန်ပေးခဲ့ဖူး၏။ သူတို့သည် ထိုအရာကား ကောင်းကောင်းမှတ်မိကြ၏။

"လာ … လာ။ "

ကျွင်းချောင်ရှောင်းသည် လက်ကိုဝှေ့ယမ်းပြီးတော့ သူ့ရှေ့စားပွဲပေါ်ရှိ ကျင့်ကြံခြင်းနည်းစနစ် မိတ္တူကိုးဆယ့်ကိုးဆောင်ကို တစ်ယောက်ချင်းစီ ပေးရန် ပြင်လိုက်၏။

"တစ်ယောက်ကိုတစ်ခုစီ ယူပြီး ကျင့်ကြံကြတော့။"

"ကောင်းပါပြီ။"

တပည့်များသည် သေချာစီတန်း၍ တစ်ယောက်ချင်းစီ လာ၍ ယူကြရ၏။

သူတို့သည် ဂိုဏ်းကျင့်ကြံခြင်းနည်းစနစ်ကို ရရှိပြီးသည့်နောက် စိတ်မထိန်းနိုင်ပဲ မြန်မြန်ပင်လှန်၍ ဖတ်ကြည့်လိုက်ကြ၏။

လီချင်းယန် လည်း ဖွင့်ကြည့်လိုက်၏။

အထဲတွင်ရေးသားထားသော အချက်အလက်များကို ဖတ်ရှုပြီးသည့်နောက် သူ၏မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွား၏။

ကျင့်ကြံခြင်း နည်းစနစ်စာအုပ်ကိုကိုင်ထားသော သူ၏လက်သည် တဆတ်ဆတ်နှင့် တုန်ရင်သွားသည်။

ပါဝင်သည့်အကြောင်းအရာများသည် အလွန်ပင် ဆန်းကြယ်လှ၏။ ထို့အပြင် နားလည်ရလည်း အလွန်လွယ်ကူသည်။

ဤကျင့်ကြံခြင်းနည်းစနစ်သည် သူ့အဖေ သူ့အတွက် ပိုက်ဆံတွေအများအပြား အသုံးပြုကာ ဝယ်ယူခဲ့ရသော အလယ်အလတ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုထက် အစစအရာရာ သာလွန်ကောင်းမွန်လျှက်ရှိသည်။

"ဒါက …"

လီချင်းယန်သည် အသက်ကိုပြင်းပြင်းရှူပြီး သူ၏တုန်ရင်နေသောလက်ကို တည်ငြိမ်အောင် ကြိုးစားလိုက်၏။ သူသည် ကြိတ်ကာ အံ့သြနေမိ၏။

"ဒါက အဆင့်မြင့် ကျင့်ကြံခြင်း နည်းစနစ်တစ်ခုလား။"

တစ်ခြားသောသူများသည် သူ့လို အဆင့်မြင့်စိတ်ဝိညာဉ်အမြစ် မရှိကြပေ။

ထို့ကြောင့် ရီကျင်ကျင်း ၏ ဆန်းကြယ်မှုကို သတိပြုမိရန် ခက်ခဲလှ၏။

သို့ပေမဲ့ ဂိုဏ်းချုပ်ဖန်တီးထားသော အရာဖြစ်သောကြောင့် အကောင်းဆုံးအရာပင် ဖြစ်လိမ့်မည် ဟု အားလုံးက တွေးလိုက်ကြသည်။ သူတို့အားလုံးသည် ရတနာတစ်ပါးကိုရရှိသကဲ့သို့ ခံစားနေမိကြသည်။

လုချင်းချင်းသည်လည်း နောက်ဆုံးမှ စာအုပ်ကို လာယူသည်။

သူမသည် ကျင့်ကြံခြင်း နည်းစနစ်စာအုပ်ကိုကိုင်၍ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဂိုဏ်းချုပ် … ဂိုဏ်းချုပ်ဖန်တီးထားတဲ့ ကျင့်ကြံခြင်းနည်းစနစ်က ကျွန်မ လေ့ကျင့်တဲ့ ကျင့်ကြံခြင်း နည်းစနစ် လောက် မကောင်းဘူးဆိုရင် မသင်ပဲနေလို့ရလား။"

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုငုံကာ တီးတိုးပြောလိုက်သည်။

"မင်းကျင့်ကြံတဲ့ နည်းစနစ်က နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ် ဆိုရင် ဒီဟာကို မသင်ပဲနဲ့ နေလို့ရတယ်။"

ဂိုဏ်းချုပ်သည် သူမ၏ မျက်နှာနားသို့ တိုးကပ်ကာ တီးတိုးပြောလိုက်ခြင်းဖြစ်သောကြောင့် ဂိုဏ်းချုပ်၏ နှာခေါင်းဆီမှ လေများသည်ပင် သူမ၏နားဆီသို့ တိုးဝင်လာ၏။

သူမခန္ဓာကိုယ်မှ မွှေးရနံ့များသည် ဂိုဏ်းချုပ်၏နှာခေါင်းထဲသို့ တိုးဝင်သွားသည်။

လုချင်းချင်း၏မျက်လုံးထဲတွင် ရှက်ရွံသည့်အရိပ်အယောင်များ ပေါ်လာသည်။ သူမ မြန်မြန်ဆန်ဆန်ပဲ နောက်သို့ ဆုတ်လိုက်၏။

သူမထွက်ခွာသွားပြီးတာတောင်မှ ကိုယ်သင်းနံ့လေးသည် နေရာတွင်ကျန်ရစ်ခဲ့သည်။

ရှက်ရွံသွားသော အမျိုးသမီးလေးကို ကြည့်၍ ကျွင်းချောင်ရှောင်း နှာခေါင်းကုတ်ကာ ခေါင်းခါရမ်းလိုက်မိသည်။

မင်း ရှက်နေတာလား။ အရင်လို အေးစက်စက်ဖြစ်နေတဲ့ပုံ မပေါ်ပါလား။

လုချင်းချင်းသည် သူမ၏မူလပုံစံအတိုင်း ပြန်ဖြစ်သွား၏။

သူမ၏မျက်နှာပေါ်တွင် ခံစားချက်ကင်းမဲ့သည့် အရိပ်အယောင်များ ပြန်လည်ထင်ပေါ်လာသည် ဆိုသော်လည်း သူမ၏နှလုံးသားတွင်တော့ တစ်စုံတစ်ခုဖြစ်၍ ကျန်ခဲ့သည်။

"ဟူးး"

သူမအသက်ကို ပြင်းပြင်းရှူ၍ စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းလိုက်၏။

လက်ထဲတွင်ရှိသော ကျင့်ကြံခြင်းနည်းစနစ်စာအုပ်ကိုကြည့်၍ တွေးလိုက်သည်။

"ဂိုဏ်းချုပ်ပြောသလိုဆိုရင် ဒီ "ရီကျင်ကျင်း"ဆိုတဲ့ ကျင့်ကြံခြင်းနည်းစနစ်က နတ်ဘုရားအဆင့် ကျင့်ကြံခြင်းတစ်ခုဖြစ်လိမ့်မယ်။ အဲ့လိုဖြစ်နေမှာလား။ အဓိပ္ပါယ်မရှိတာ။"

လုချင်းချင်း တီးတိုးရေရွတ်လိုက်သည်။

ပြီးနောက် သူမသည် ပျင်းပျင်းရှိသည်နှင့် ကျင့်ကြံခြင်းနည်းစနစ်စာအုပ်အား ဖွင့်ကြည့်လိုက်၏။

ခဏလောက်ကြာတော့ သူမ၏အမူအရာသည် လီချင်းယန် ကဲ့သို့ပင် ပြောင်းလဲသွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူမသည် ကျွင်းချောင်ရှောင်းကိုကြည့်ကာ သံသယဖြင့် မေးလိုက်သည်။

"ဒီကျင့်ကြံခြင်းနည်းစနစ်က ဂိုဏ်းချုပ်ဖန်တီးထားတယ်ဆိုတာ တကယ်ဟုတ်လို့လား။"

"ငါကမင်းကို လိမ်ဖို့လိုတယ်လို့ ထင်လို့လား။"

ကျွင်းချောင်ရှောင်းသည် တပည့်များ၏ရှေ့တွင် မတ်တပ်ရပ်လျှက် ရှိနေသေး၏။ ဤကျင့်ကြံခြင်းနည်းစနစ်ကို ဂိုဏ်း၏ကုန်သွယ်စတိုးဆီမှ ဝယ်ယူထားသည်ဟု ပြောဆိုရမည်လား။

လုချင်းချင်းသည် မည်သည့်စကားမှ မဆိုတော့ပေ။

သို့ပေမဲ့ သူမ၏စိတ်ထဲမှာတော့ အကြိတ်အခဲတစ်ခုလို ဖြစ်လျှက်ရှိ၏။

သူမပြောလိုက်သည်။ "စွမ်းအင်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ်ကို ဖန်တီးလို့ရတယ် ဟုတ်လား။"

All Chapters