← Chapters

အခန်း (၃၆)

Vol. 3 Ch. 36

အခန်း (၃၆)

Vol. 3 Ch. 36

လုချင်းချင်းသည် "ရီကျင်ကျင်း"ကျင့်ကြံခြင်းနည်းစနစ်အား သေချာ အာရုံစူးစိုက်၍ လှန်လှော ကြည့်လိုက်မိ၏။

ဤကျင့်ကြံခြင်းနည်းစနစ်သည် နားလည်ရန် အလွန်လွယ်ကူသော်လည်း ဆန်းကြယ်လွန်းပြီး ခန့်မှန်း၍မရအောင် အားကောင်းသော ကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်ကြောင်း သိရှိလိုက်ရသည်။

ဤအရာသည် ကျိန်းသေပေါက် နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ် ဖြစ်ပေလိမ့်မည်။

"ဒီအရာကို ဂိုဏ်းချုပ် တကယ်ပဲ ဖန်တီးခဲ့တာလား။"

စွမ်းအင်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ် တစ်ခုကို ဖန်တီးနိုင်လိမ့်မည်ဟု သူမ မထင်ပေ။

ထို့အပြင် ဤအရာသည် အံ့သြတုန်လှုပ်ဖွယ်ရာကောင်းလွန်းလှသည် မဟုတ်လော။

ဂိုဏ်းချုပ် အမှန်တိုင်းမပြောချင်သည်ကို သိရှိသောကြောင့် သူမဆက်လက်၍ မမေးတော့ပေ။ ဂိုဏ်းချုပ်တွင်လည်း သူ၏အကြောင်းပြချက်နှင့်သူ ရှိပေလိမ့်မည်။

ထို့ကြောင့် မြန်မြန်ဆန်ဆန်ပဲ သူမ၏နေထိုင်ရာအိပ်ခန်းဆီသို့ ပြန်လာပြီး ကျင့်ကြံခြင်းနည်းစနစ်အား သေချာလေ့လာလိုက်သည်။

……

လီချင်းယန် သည်လည်း သူ၏အခန်းဆီသို့ ပြန်လာပြီး ကျင့်ကြံခြင်းနည်းစနစ်ကို နားလည်အောင် ပြန်လည်ဖတ်ရှုလိုက်သည်။

သူတို့နှစ်ယောက်လုံးသည် တစ်ချိန်တည်းမှာပဲ "ရီကျင်ကျင်း"ကျင့်ကြံခြင်းနည်းစနစ်အား နားလည်အောင် လေ့လာလျှက်ရှိ၏။

တစ်ချို့သော အချိန်များ၌ သူတို့သည် ငြိမ်သက်လျှက်ရှိပြီး တစ်ချို့သောအချိန်များ၌ ပိုမိုအားတက်လာကြသည်။ သူတို့၏မျက်နှာပေါ်ရှိအမူအရာများသည် စက္ကန့်တိုင်း ပြောင်းလဲလျက် ရှိသည်။

"ဒီ ရီကျင်ကျင်း နည်းစနစ်က ငါကျင့်ကြံတဲ့ နှလုံးသားသန့်စင်ခြင်း ကျင့်ကြံခြင်းနည်းစနစ်ထက် ပိုပြီးတော့ အများကြီးအားကောင်းတယ်။ ဒါကိုပြန်ပြီးတော့ အစားထိုးကျင့်ကြံရမယ်။

အဖေ ကျွန်တော် တောင်ပြာဂိုဏ်းကို ငြင်းပယ်ပြီး သံမဏိအရိုးဂိုဏ်းထဲကို ဝင်ခဲ့တာ အရမ်းမှန်တဲ့ ရွေးချယ်ခြင်းတစ်ခု ဖြစ်ခဲ့ပြီ။"

တောင်ပြာဂိုဏ်းတွင် ဤမျှကောင်းမွန်သော ကျင့်ကြံခြင်းနည်းစနစ် ရှိလိမ့်မှာမဟုတ်ကြောင်း လီချင်းယန် ကျိန်းသေပေါက် သိရှိနေသည်။

"ဟူး …"

သူအသက်ကို ပြင်းပြင်းရှူပြီး စိတ်တည်ငြိမ်အောင် ထိန်းသိမ်းလိုက်၏။

ပြီးနောက် ကျင့်ကြံခြင်းနည်းစနစ်အတိုင်း စတင်၍ ကျင့်ကြံလိုက်သည်။

…………

ဤလျှို့ဝှက် ကျင့်ကြံခြင်း နည်းစနစ်သည် နားလည်ရ အလွန်လွယ်ကူသော်လည်း ဆန်းကြယ်လွန်းလှ၏။

လီချင်းယန် သည် သူ၏ ကြီးမားလှသော ပါရမီကြောင့် ကျင့်ကြံခြင်းနည်းစနစ်အတိုင်း ခန္ဓာကိုယ်အတွင်း အကြိမ်အနည်းငယ်လောက် လှည့်ပတ်မှုကို ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

လုချင်းချင်းသည် ပို၍ပင် မြန်ဆန်နေသေးသည်။

သူမသည် "ရီကျင်ကျင်း" ကျင့်ကြံခြင်းနည်းစနစ်အား အကြိမ်ပေါင်းများစွာ ခန္ဓာကိုယ်အတွင်း၌ လှည့်ပတ်ကြည့်ပြီးဖြစ်သည်။ သူမပို၍ကျင့်ကြံလေ ပို၍ပျော်ရွှင်လာလေ ဖြစ်သည်။

"ဒီကျင့်ကြံခြင်းနည်းစနစ်က ခန္ဓာကိုယ်ကျင့်ကြံခြင်းကို ပိုပြီးတော့ ဦးစားပေးတာပဲ။ ဒါပေမဲ့ ငါ့ရဲ့"ထိုက်ရွှမ်" အအေးနှလုံးသား ကျင့်ကြံခြင်းနည်းစနစ်နဲ့လည်း ပဋိပက္ခမဖြစ်ဘူး။ ဒီနှစ်ခုကို တူတူတွဲပြီးလေ့ကျင့်လို့ရနိုင်တယ်။

ဂိုဏ်းချုပ်ဆီမှာ ဘယ်လိုဖြစ်ပြီး နတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ်တစ်ခု ရှိနေတာလဲ။ပြီးတော့ အရမ်းရှားပါးလှတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း ကျင့်ကြံခြင်း နည်းစနစ်တစ်ခု ဖြစ်တယ်။

ဒါမှမဟုတ် သံမဏိအရိုးဂိုဏ်းက ဂိုဏ်းချုပ်ပြောခဲ့သလိုမျိုး ရှေးတုန်းထဲက တည်ရှိခဲ့တဲ့ ဂိုဏ်းတစ်ခု ဖြစ်နေတာလား။"

နတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ်ဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အလွန်တရာ ရှားပါးလှ၏။

တကယ့် အထူးအထူးသော ဂိုဏ်းများသည်သာ ပိုင်ဆိုင်ကြ၏။

ထို့ကြောင့် ကျွင်းချောင်ရှောင်း အနေနှင့် အလွယ်တကူ ကောက်ယူနိုင်၊ ဝယ်ယူနိုင်သောအရာမဟုတ်ကြောင်း သူမကောင်းကောင်းသိ၏။

ဖြစ်နိုင်ဖွယ်ရာ အကြောင်းကိစ္စတစ်ခုမှာ ရှေးယခင်လက်ထက်ထဲက အဆင့်ဆင့် လက်ဆင့်ကမ်းရင်း ရှိလာခဲ့သော ကျင့်ကြံခြင်းနည်းစနစ် ဖြစ်နေခြင်းပင်။

"ငါ သံမဏိအရိုးဂိုဏ်းနဲ့ ဂိုဏ်းချုပ်ကို အထင်သေးမိတာလည်း ဖြစ်ပုံပေါ်တယ်။"

လုချင်းချင်းသည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

သူမ၏ လှပလွန်းသော မျက်လုံးပေါ်တွင် တိုက်ခိုက်လိုခြင်း အငွေ့အသက်တွေ့နဲ့ ပြည့်နှက်လာ၏။ သူမသည် အံကြိတ်ကာ ပြောလိုက်မိ၏။

"ဒီနတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ်နဲ့ဆိုရင် ကလဲ့စားချေနိုင်ဖို့ အကူအညီတစ်ခုဖြစ်လာမှာပဲ။"

ပထမနဲ့ ဒုတိယတပည့်သည် "ရီကျင်ကျင်း" ကျင့်ကြံခြင်းနည်းစနစ်ကို အာရုံစိုက်ကာ ကျင့်ကြံလျှက်ရှိ၏။

ဂိုဏ်းချုပ်ဖြစ်သော ကျွင်းချောင်ရှောင်းမှာတော့ လက်နောက်ပစ်ကာ အခန်းတွင်း၌ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နဲ့ လမ်းသလားလျက်ရှိနေသည်။

သူ ပြောလိုက်မိ၏။

"ငါ နာရီဝက်လောက် ကျင့်ကြံပြီးသွားပြီ။ဒါပေမဲ့ ကျင့်ကြံခြင်းနည်းစနစ်ဆီက တစ်ချက်လေးမှ တုံ့ပြန်မှုကို မရဘူး။ ဒီကျင့်ကြံခြင်းနည်းစနစ်က အတုကြီးများဖြစ်နေတာလား မသိဘူး။"

"လက်ခံသူ၏ စိတ်ဝိညာဉ်အမြစ်သည် ပင်ကိုယ်ပါရမီစွမ်းအင် အလွန်အားနည်းလွန်းအားကြီး၏။ ထို့ကြောင့် ကျင့်ကြံခြင်းနည်းစနစ်သည် နားလည်ရန် လွယ်ကူလှသော်လည်း အခြားသူများနှင့် ယှဉ်လျှင် လက်ခံသူအနေဖြင့် ကျင့်ကြံရန် အလွန်တရာ ခက်ခဲနိုင်သေး၏။"

"ဆိုလိုတာ ငါဆိုတဲ့ကောင်က စနစ်မရှိရင် ဘာမမဟုတ်ဘူးပေါ့။"

စနစ်သည် အချိန်အတော်ကြာ ငြိမ်သက်သွား၏။

ပြီးနောက် ပြောလိုက်သည်။

"လက်ခံသူရဲ့ နားလည်နိုင်စွမ်း မြင့်မားလာပါပြီ။ ဆိုတော့ လက်ခံသူပြောဆိုတာက အမှန်ပါပဲ။"

"ဂါးး"

ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကို လက်နှင့်ပုတ်ကာ အော်ဟစ်လိုက်၏။

"လုချင်းချင်းကလည်း ငါ့ကို ရင်နာအောင်လုပ်တယ်။စနစ်ကလည်း ငါ့ကိုရင်နာအောင်လုပ်ရင် ငါဘယ်လို ဆက်ပြီး အသက်ရှင်ရမှာလဲ။

မဖြစ်ဘူး …. မဖြစ်ဘူး။

ငါ့ရဲ့စွမ်းအင်တွေကို ကျင့်ကြံခြင်းနည်းစနစ်ပေါ်မှာပဲ အသုံးပြုပြီးတော့ အချိန်ကုန်တာ ပိုကောင်းမယ်။ နှစ်နာရီနဲ့ မလုံလောက်ရင် တစ်ရက်၊တစ်ရက်နဲ့ မလုံလောက်ရင် တစ်နှစ်၊တစ်နှစ်နဲ့ မလုံလောက်ရင် တစ်သက်လုံး လေ့ကျင့်မယ်။"

ပြင်ပအကူအညီမပါဘဲနှင့် ကျင့်ကြံ၍ မရနိုင်ဆိုသော အချက်ကို သူ လက်မခံနိုင်ချေ။

ကျွင်းချောင်ရှောင်း၏ စိတ်ခံစားချက်များသည် တိုးတက်လာသည်။ သူ အိပ်ရာပေါ်တွင် ခြေချိတ်ထိုင်လိုက်ပြီး စတင်ကျင့်ကြံလိုက်သည်။

တစ်ညလုံးကျင့်ကြံပြီး နေထွက်ချိန်ကို ရောက်ရှိလာချိန်မှာတော့ သူသည် အိပ်ရာပေါ်၌ လှဲလျောင်းရင်း ပင်ပန်းစွာနှင့် ပြောဆိုလိုက်၏။

"ငါ ခန္ဓာကိုယ်အတွင်းမှာ စွမ်းအင်ကျင့်ကြံမှုကို အချိန်အနည်းငယ်လောက်တော့ လှည့်ပတ်နိုင်ခဲ့ပြီပဲ။"

ချီလမ်းကြောင်းလှည့်ပတ်မှု တိုးတက်ပြောင်းလဲလာရုံမျှနှင့် ကျင့်ကြံခြင်းနည်းစနစ်ကို အောင်မြင်ပြီဟု ပြောဆို၍မရပေ။

သူ့အနေနှင့် ဂိုဏ်း၏ကိစ္စဝိစ္စ အားလုံးကို လီချင်းယန်ဆီသို့ အလုံးစုံ လွှဲအပ်ထား၏။ ထို့ကြောင့် သူသည် ကျင့်ကြံခြင်းအပေါ်တွင်သာ စိတ်နှစ်ထားနိုင်သည်။

နှစ်ရက်လောက်ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် "ရီကျင်ကျင်း"နည်းစနစ်ကို နောက်ဆုံးတွင် ကျွမ်းကျင်သွားခဲ့ပြီ ဖြစ်သည်။

သူသည် သူ၏စိတ်တွေတည်ငြိမ်လာသည်နှင့်အမျှ သူ၏စွမ်းအင်လှည့်ပတ်မှုနှုန်းသည်လည်း ပိုမိုအားကောင်းလာ၏။

"ဒင်"

"ကျင့်ကြံသူသည် ဖုံးကွယ်ထားသော တာဝန်ဖြစ်သည့် ဇွဲကောင်းသည့် ဆုလာဘ်ကိုရရှိခဲ့သည်။"

ဆုလာဘ် - ဂိုဏ်းစုဆောင်းခြင်းအမှတ်ဆယ်မှတ်

"ဖုံးကွယ်ထားသည့်တာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်သည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။"

"ရူးရူးမူးမူး ကျင့်ကြံခြင်းအတွက် ဆုလာဘ်"

ဂိုဏ်းစုဆောင်းမှတ် - ဆယ်မှတ်

"ဖုံးကွယ်ထားသော တာဝန်ကို ပြည့်စုံစေသည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။"

"ကိုယ်တိုင်ကြိုးစားလျှောက်လှမ်းခြင်းအတွက် ဆုလာဘ် - ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်"

"ဒင်"

ဂိုဏ်းစုဆောင်းမှတ် - ၅၀ / ၁၀၀။

ဂိုဏ်းစုဆောင်းမှတ်များသည် နောက်ထပ် သုံးဆယ်မှတ်ထိ တိုးတက်လာခဲ့သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါရမ်းကာ ပြောလိုက်သည်။

"ကြည့်ရတာ စနစ်က ငါ့ကို စနစ်ပေါ်မှာပဲ အားကိုးတာမျိုး မဖြစ်စေချင်တဲ့ပုံပဲ။ ဒါ့ကြောင့် ဖုံးကွယ်ထားတဲ့တာဝန်တွေ ချန်ထားတာဖြစ်မယ်။"

"ရီကျင်ကျင်း"ကျင့်ကြံခြင်းနည်းစနစ်သည် ခန္ဓာကိုယ်ကို ပိုမိုအားကောင်းစေသည်။ ထို့အပြင် စိတ်စွမ်းအင် ကျင့်ကြံခြင်း နည်းစနစ်တစ်ခုလည်း ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် နောက်တစ်ရက်ထိ ကျင့်ကြံပြီးသည့်နောက်မှာတော့ သူ၏ ကောင်းကင်နှင့် မြေကြီးအတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်များအား စုပ်ယူနိုင်မှုသည် တစ်ခြားသော ကျင့်ကြံခြင်း နည်းစနစ်များနှင့် နှိုင်းယှဉ်ပါက ပို၍ မြန်ဆန်လာသည်ကို နားလည်လိုက်မိသည်။

"ထင်ထားတဲ့အတိုင်းပဲ။နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ်က ပိုပြီးကောင်းတာပဲ။

ဒီနှုန်းနဲ့ဆိုလျှင် ငါ့ဆီမှာ သာမန်အဆင့် ပင်ကိုယ်စွမ်းအင်ပဲ ရှိတယ်ဆိုလျှင်တောင်မှ ရက်အနည်းငယ်အတွင်း မရီဒန် ထဲမှာ စိတ်ဝိညာဉ်စွမ်းအင်တွေ များပြားလာအောင်လို့ စုပ်ယူလို့ရနိုင်လိမ့်မယ်။"

စွမ်းအင်ကျင့်ကြံခြင်း၏ ချိုမြိန်မှုကို ခံစားသိရှိသွားသော ကျွင်းချောင်ရှောင်းသည် စွမ်းအင် ကျင့်ကြံခြင်းအပေါ်တွင် ပို၍ အာရုံစိုက်လာမိ၏။

သူ့တွင် သာမန်အဆင့် ပင်ကိုယ်စွမ်းအင်သာ ရှိ၏။

သို့သော်လည်း သူသာကြိုးကြိုးစားစားနှင့် ဇွဲကောင်းကောင်း လေ့ကျင့်မည်ဆိုလျှင် အောင်မြင်မှုကို ရရှိနိုင်မှာ သေချာ၏။

ထို့အပြင် သူ့ကဲ့သို့ သာမန်အဆင့် ပင်ကိုယ်စွမ်းအင်သာရှိသော တပည့်များလည်း ရှိသေးသည် မဟုတ်လား။ ထိုသူတို့အတွက် စံနမူနာပြသည့်အနေဖြင့် သူအောင်မြင်မှ ဖြစ်မည်။

ဆယ်ရက်လောက်ကြာပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်းတွင်းရှိ တပည့်များအားလုံးသည် "ရီကျင်ကျင်း"ကျင့်ကြံခြင်းနည်းစနစ်နှင့် ပတ်သက်၍ သေသေချာချာ ဂဃနဏ နားလည်သဘောပေါက်သွားခဲ့ကြပြီ ဖြစ်သည်။

ဤအတောအတွင်းမှာပဲ လီချင်းယန်သည် ဂိုဏ်းချုပ်အစား ဂိုဏ်း၏ကိစ္စဝိစ္စရပ်အားလုံးကို စီမံအုပ်ချုပ်စရာပင် မလိုအပ်ခဲ့ချေ။

အဘယ့်ကြောင့်ဆိုသော် ဂျူနီယာများအားလုံးသည် ကျင့်ကြံမှုအပေါ်တွင် အာရုံစိုက်နေသောကြောင့် တစ်နေ့လုံးနေလို့ အစားအသောက်စားသည့် အချိန်ဟူ၍ပင် သိပ်မရှိလှချေ။

"ဂျူနီယာညီလေး မင်း ဒီနှစ်ရက်အတွင်း ဘယ်လောက်ထိနားလည်လာခဲ့လဲ။"

"စီနီယာအစ်ကို ကျုပ် တော်တော် နားလည်လာပြီ။ ကျုပ် မရီဒန်ထဲမှာ စိတ်ဝိညာဉ်စွမ်းအင်တွေ လုံလုံလောက်လောက် ဖြည့်ပြီးနေပြီ။"

"ဟား ဟား ဟား "

"ငါလည်းတူတူပဲကွ။"

"ငါတိုဂိုဏ်းရဲ့ကျင့်ကြံခြင်း နည်းစနစ်က အရမ်းအားကောင်းလွန်းအားကြီးတယ်။"

"အရင်တုန်းကဆိုရင် ငါ့ရဲ့မရီဒန် ထဲကို စိတ်ဝိဉာဉ်စွမ်းအင်တွေပြည့်လာဖို့ နှစ်လ သုံးလလောက် စုစည်းခဲ့ရတယ်။ ငါအခု သုံးရက်ကနေ ငါးရက်အတွင်းပဲ ကြာခဲ့တယ်။"

ဂိုဏ်း၏တပည့်များသည် ကျင့်ကြံခြင်းတစ်ခုထဲကို ပြုလုပ်သည်မဟုတ်ပဲနဲ့ အားလပ်သော အချိန်များတွင် ကျင့်ကြံခြင်းနည်းစနစ်နှင့်ပတ်သက်သော အချက်အလက်များအား အချင်းချင်း တိုင်ပင် ဆွေးနွေးလျှက် ရှိကြသည်။

ဂိုဏ်း၏ကျင့်ကြံခြင်းနည်းစနစ်သည် သူတို့၏မရီဒန်များဖွင့်ခြင်း ကိစ္စရပ်များ ပိုမိုအောင်မြင်အောင် ပြုလုပ်ပေးနိုင်သည်ဆိုသည်ကို သိရှိသောကြောင့် သူတို့သည် ကျိန်းသေပေါက် စိတ်လှုပ်ရှား လာကြ၏။

နောက်တစ်ရက် ….

တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် သူတို့၏ မရီဒန်ဖွင့်ခြင်း အဆင့်များကို ချိုးဖျက်ရောက်ရှိသွားခဲ့ကြ၏။

"ဟား … ငါဒီလိုနဲ့ပဲ အောင်မြင်ခဲ့တာလား။"

စွမ်းအင်ဖွင့်ခြင်းအဆင့်လေး တပည့်တစ်ယောက်သည် သူ၏အိပ်ရာပေါ်တွင် ခြေချိတ်ထိုင်လျှက်ရှိ၏။

သူသည် မရီဒန်များတွင် စွမ်းအင်များစီးဆင်းနေသည်ကို ခံစားမိသည့်နောက် သူ၏အမူအရာသည် အေးစက်သွားခဲ့၏။

သူသည် သာမန်အဆင့် စိတ်ဝိညာဉ်အမြစ်ကိုသာပိုင်ဆိုင်သော အဆင့်သုံး စွမ်းအင်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

ဤအဆင့်တွင် သူသည် တစ်နှစ်လောက်နီးပါး ပိတ်မိနေခဲ့၏။

ဤအတောအတွင်း သူသည် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

လက်ရှိအချိန်မှာတော့ သူသည် စတင်ကျင့်ကြံလိုက်သည်နှင့် တစ်ပြိုင်နက် ပိတ်ဆို့ထားသော မရီဒန်များသည် အလိုလို ပွင့်သွားခဲ့၏။

ချက်ချင်းဆိုသလိုပဲ အဆင့်လေး စွမ်းအင်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ်သို့ ရောက်ရှိသွားခဲ့၏။

သူ့အနေနှင့် မည်သည့်အားကိုမှ ထူးထူးခြားခြား စိုက်ထုတ်ခဲ့ရခြင်း မရှိခဲ့ချေ။

"ဟား ဟား ဟား"

"ငါ့မရီဒန် ပွင့်သွားပြီ။ငါအခုတော့ အဆင့်လေး စွမ်းအင်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ပြီ။"

သူသည် အားရပါးရရ.်ကာ အော်ဟစ်ကြုံးဝါးလိုက်၏။ သူ၏မျက်လုံးထဲတွင်တော့ မျက်ရည်များနှင့် ပြည့်နှက်လျှက် ရှိ၏။

ဤကဲ့သို့သော အခြေအနေမျိုးသည် အတွင်းခြံဝန်းအတွင်းရှိ အခန်းများတွင် တစ်ခန်းပြီးတစ်ခန်း ဖြစ်လျှက်ရှိသည်။

တပည့်များ၏ ပင်ကိုယ်စွမ်းအင်ပေါ် မူတည်၍ အဆင့်ချိုးဖျက်မှုနှုန်းသည်လည်း အနည်းငယ်တော့ ကွာခြားချက်ရှိ၏။

နောက်တစ်ရက် ….

လီချင်းယန်သည် ဟောခန်းထဲတွင် မတ်မတ်ရပ်လျှက် သတင်းပို့နေသည်။

"ဂိုဏ်းရဲ့စွမ်းအင်ဖွင့်ခြင်းအဆင့်နှစ်ကနေ အဆင့်သုံးထိ လူကိုးယောက်က အောင်မြင်သွားခဲ့ကြတယ်။"

"လူရှစ်ယောက်ကတော့ ကျရှုံးခဲ့ပါတယ်။"

"အဆင့်သုံးကနေ အဆင့်လေးထိတက်တဲ့အဆင့်မှာတော့ လူငါးယောက်ကအောင်မြင်ပြီး ခြောက်ယောက်က ကျဆုံးခဲ့တယ်။"

"အဆင့်လေးကနေ အဆင့်ငါးထိ တက်တဲ့အဆင့်မှာတော့ လူတစ်ယောက်ကအောင်မြင်ပြီး လူတစ်ယောက်ကကျရှုံးခဲ့တယ်။"

သတင်းပို့ပြီးသည့်နောက် သူသည် အသက်ကို ပြင်းပြင်းရှူလိုက်မိ၏။

သူ့နှလုံးသားတွင်ဖြစ်ပေါ်လျှက်ရှိသော တုန်လှုပ်ကြောက်ရွံမှုသည် သူ့ကိုအချိန်အတိုင်းအတာ တစ်ခုအတွင်း တည်ငြိမ်စေရန်တော့ ခက်ခဲနေသေးသည်။

နာမည်ကြီးကလန်တစ်ခုတွင် နေထိုင်ခဲ့ရသော လီချင်းယန်သည် စွမ်းအင်ဖွင့်ခြင်းဆိုသည်မှာ မည်မျှခက်ခဲကြောင်း သိရှိပြီးဖြစ်၏။

ဥပမာအားဖြင့် တစ်နှစ်အတွင်း ကလန်ထဲတွင် သုံးယောက်မှ ငါးယောက်အထိ ကလန်သားများ စွမ်းအင်ဖွင့်ခြင်း အောင်မြင်သည်ဆိုလျှင် ကလန်တစ်ခုလုံး ပျော်ပွဲရွှင်ပွဲတွေပြုလုပ်ကြလေ့ရှိ၏။

"ယခု ဘယ်လိုလဲ။"

မနေ့ကတစ်ရက်ထဲမှာပဲ ဂျူနီယာညီလေးသုံးဆယ်ကျော်သည် သူတို့၏မရီဒန်များကို ဖွင့်၍ အဆင့်တက်သွားခဲ့ကြသည်။

ဤအရေအတွက်သည် ကြောက်မက်စရာ ကောင်းလွန်းလှ၏။

ကျွင်းချောင်ရှောင်းသည် မေးစေ့ကိုပွတ်သပ်ကာ ပြောလိုက်သည်။

"အဆင်ပြေတယ်။"

"အဆင်ပြေတယ် ဟုတ်လား။"

လီချင်းယန်၏နှုတ်ခမ်းထောင့်များ တဆတ်ဆတ်နှင့် တုန်ယင်သွား၏။

"ဂိုဏ်းချုပ် ဂျူနီယာညီလေးတွေ အများကြီးပဲ တစ်ရက်ထဲ အဆင့်တက်သွားခဲ့တာ ဒါ ဘယ်လောက် အံ့သြတုန်လှုပ်ဖို့ကောင်းလဲ။"

"လီချင်းယန်"

ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လျှောက်လာပြီး လီချင်းယန်၏ပုခုံးအား အသာပုတ်လိုက်၏။

"ဒီလိုကိစ္စမျိုး အနာဂတ်မှာဆိုရင် သာမန်ကိစ္စတစ်ခုလိုမျိုး ဖြစ်သွားလိမ့်မယ်။

မင်းက ဒုတိယတပည့်ဖြစ်တယ်။ဒီတော့ဒုတိယမြောက်တပည့်တစ်ယောက်အနေနဲ့ မင်းအနေနဲ့ ဒါကိုအသားကျအောင်လုပ်ဖို့ သင်ယူထားသင့်တယ်။"

တဖြည်းဖြည်းထွက်ခွာသွားသော ဂိုဏ်းချုပ်ကို ကြည့်၍ လီချင်းယန်သည် တွေတွေဝေဝေဖြင့် ပြောလိုက်သည်။

"ဒီလိုကိစ္စမျိုးကို အနာဂတ်မှာ သာမန်ကာလျှံကာ ပုံစံမျိုးပဲ ကြုံရအုန်းမှာ ဟုတ်လား။"

All Chapters