← Chapters

အခန်း (၃၈)

Vol. 3 Ch. 38

အခန်း (၃၈)

Vol. 3 Ch. 38

အဓိက ဟောခန်းအတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် သစ်သားထိုင်ခုံပေါ်တွင် ထိုင်၍ အချိန်အတော်ကြာ တိတ်ဆိတ်နေမိ၏။

လုချင်းချင်း၏ စကားများသည် သူ၏ ကျင့်ကြံခြင်းအဆင့်အကြောင်း ပို၍ သိသာ ထင်ရှားသွားစေသည်။

ဂိုဏ်းတွင် ‘ရီကျင့်ကျင်း’ ကျင့်ကြံခြင်း နည်းစနစ်တစ်ခုက လွဲ၍ တစ်ခြား မည်သည့်အရာမှ မရှိချေ။ ထိုအရာတစ်ခုတည်း နှင့် သံမဏိအရိုးဂိုဏ်း အား ပိုမို အားကောင်းစေပြီး ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို လွှမ်းမိုးနိုင်အောင် သူ မည်သို့ လုပ်နိုင်မည်နည်း။

ဟင်း။

ကျွင်းချောင်ရှောင်း သက်ပြင်းချလိုက်၏။

ပြီးနောက် သူသည် ကုန်သွယ်စတိုးထဲသို့ဝင်ကာ စဦး အဆင့် စတိုး အား ဖွင့်ကြည့်လိုက်မိ၏။

အထဲတွင် ရှိသော ကုန်ပစ္စည်းများကို တစ်ခုချင်းစီ ကြည့်ရှုပြီးသည့်နောက် ချီစုစည်းခြင်းဆိုသော အရာတစ်ခုကို သူမြင်လိုက်ရ၏။

ထို့ကြောင့် အကျင့်ပါနေသည့် အတိုင်းပဲ အသေးစိတ်အချက်အလက်များအား ထပ်မံ ကြည့်ရှူလိုက်၏။

ပစ္စည်းအမျိုးအစား - ချီသန့်စင်သည့်ဆေး။

အကျိုးသက်ရောက်မှု - ဤဆေးကို အသုံးပြုပြီးနောက်တွင် စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းခြင်းသည် ငါးဆပို၍ အားကောင်းလာပေလိမ့်မည်။

မှတ်ချက် - ဤဆေးအား ဂိုဏ်းချုပ်တစ်ယောက်သာလျှင် အသုံးပြု၍ ရနိုင်သည်။

ကြာချိန် - နှစ်ဆယ့်လေးနာရီ

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်

ကျွင်းချောင်ရှောင်း ပြုံးလိုက်မိ၏။

“စိတ်ဝိညာဉ်စွမ်းအင် စုစည်းခြင်းကို ငါးဆပိုပြီးတော့ တိုးလာစေတယ်ဆိုတော့ ဒါက ကျင့်ကြံခြင်းအတွက် ပိုပြီးတော့ ကောင်းလာစေတဲ့ ပစ္စည်းတစ်ခုပဲ။”

သူသည် သာမန်အဆင့် စိတ်ဝိညာဉ်အမြစ်ကိုသာ ပိုင်ဆိုင်သူ ဖြစ်သောကြောင့် သူ၏ မရီဒန် များကို ဖွင့်ရန် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းနိုင်ဖို့ အနည်းဆုံး နှစ်ရက်လောက် ကြာရှည်၏။

ငါးဆသာ ပိုမို မြန်ဆန်အောင် စုပ်ယူနိုင်မည်ဆိုလျှင် အချိန်ကုန်ဆုံးမှု ပိုမို လျော့ကျသွားနိုင်သည်။

"ဝယ်မယ်ကွာ။" ကျွင်းချောင်ရှောင်းသည် တုံ့ဆိုင်းမှုမရှိဘဲ ဝယ်ယူလိုက်၏။

ဒင်....။

လက်ခံသူသည် ဂိုဏ်စုဆောင်းမှတ် ဆယ်မှတ်အား အသုံးပြုခဲ့သည်။

ချီ စုစည်းခြင်းဆေးလုံးအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ခဲ့ပြီး ဖြစ်၏။

ဒင်...

ဂိုဏ်းစုဆောင်းမှတ် - ၄၀ / ၁၀၀။

သတိပေးသံ မဆုံးသေးခင်မှာပဲ ကျွင်းချောင်ရှောင်းသည် ချီစုစည်းခြင်း ဆေးလုံးဟု ရေးသားထားသော ပုလင်းအား ယူလိုက်၏။

ပြီးနောက် အဖုံးဖွင့်ကာ ထုတ်ကြည့်လိုက်တော့ ရွှေရောင်ဇီးသီးအရွယ် ဆေးတစ်လုံး ထွက်ပေါ်လာသည်။

သူ ချက်ချင်း ပါးစပ်ထဲသို့ ထည့်ကာ မြိုချလိုက်၏။ ဆေးလုံးသည် ပါးစပ်ထဲသို့ ရောက်ချိန်မှာတော့ ချက်ချင်းပင် အရည်ပျော်ပြီး သူ၏ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွား၏။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းသွားသလို ခံစားလိုက်မိသည်။ သူ၏ မွေးညင်းပေါက်တစ်ခုခြင်းစီသည် ပိုမို ကျယ်ပြန့်သွားသလို ရှင်းရှင်းလင်းလင်း ခံစားမိသည်။

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံတစ်ခုပေါ်တွင် ခြေချိတ်ထိုင်ပြီး ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ် အတိုင်း စတင်ကာ လည်ပတ်လိုက်၏။

သို့ပေမဲ့ သူသည် စွမ်းအင်စီးဆင်းမှုတစ်ပတ်ပြည့်ပြီးနောက်မှာတော့ ဟောခန်းထဲအတွင်း၌ စိတ်ဝိညာဉ်စွမ်းအင်များ သူ့ဆီ တိုးဝင်လာနေကြောင်း ခံစားလိုက်မိသည်။

"မနေ့ကတုန်းက ဒီစိတ်ဝိညာဉ်စွမ်းအင်တွေ ငါ့ကို လျစ်လျူရှုထားတယ်။ အခုကျတော့လည်း ခန္ဓာကိုယ်ထဲကို တိုးဝင်နေပါ့လား။"

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို ရူးရူးမူးမူးပဲ စတင်၍ စုပ်ယူလိုက်၏။

ရှစ်နာရီလောက်ကြာပြီးနောက်မှာတော့ သူ၏ မရီဒန် များကို ဖွင့်လှစ်ရန် စိတ်ဝိညာဉ်စွမ်းအင်များ ရရှိသွားခဲ့ပြီ ဖြစ်သည်။

အရင်တုန်းကဆိုလျှင် အခုလို စိတ်ဝိညာဉ်စွမ်းအင်များရရှိရန် နှစ်ရက်တိတိ ကြာမြင့်ခဲ့သော်လည်း အခုအချိန်မှာတော့ ဆယ်နာရီ မကျော်သောအချိန် ပမာဏလေးတွင် ရရှိခဲ့ခြင်းဖြစ်သည်။

ချီစုဆောင်းခြင်းဆေးရည်၏ အစွမ်းသည် ခန့်မှန်းလို့ မရလောက်အောင် အားကောင်းလှ၏။

"ဖွင့်စမ်း။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

သို့ပေမဲ့ တတိယအကြိမ် ကြိုးစားမှုသည်ကလည်း ကျရှုံးခဲ့လေသည်။

"ထပ်ပြီး ကျရှုံးပြန်ပြီလား။"

အချိန်အတော်ကြာ စွမ်းအင်များကို စုစည်းပြီးနောက်မှာတော့ သူသည် လေးကြိမ်မြောက် ထပ်မံကြိုးစားခဲ့၏။

သို့ပေမဲ့ လေးကြိမ်မြောက်တွင်လည်း သူ ကျရှုံးခဲ့လေသည်။

ငါးကြိမ်မြောက်မှသာလျှင် သူ စွမ်းအင်ဖွဲခြင်း ဆယ့်တစ်ကို အောင်မြင်စွာရောက်ရှိခဲ့၏။

သူသည် ထိုင်ခုံပေါ်တွင် ခြေပစ်လက်ပစ်ထိုင်၍ နဖူးပေါ်မှ ကျဆင်းလာသော ချွေးများကို သုတ်မိလိုက်၏။

"ငါးဆယ်ရာခိုင်နှုန်း အောင်မြင်နိုင်နှုန်းရှိတယ်ဆိုရင်တောင်မှ ငါ အဆင့်တက်နိုင်ဖို့အတွက် ငါးကြိမ် ကြိုးစားခဲ့ရတယ်။ တော်တော် ညံ့တဲ့အကောင်ပဲ။"

သူသည် စနစ်ကို အသုံးမပြုဘဲ ကိုယ်ပိုင် စွမ်းအင်ဖြင့် မရီးဒန် များကို ဖွင့်မည်ဟု ကြွေးကြော်ခဲ့ဖူးသည်။

နောက်ဆုံးမှာတော့ စနစ်ဆီမှ စွမ်းအင်စုစည်းခြင်း ဆေးလုံးအကူအညီဖြင့်သာ သူ အဆင့်တက်နိုင်ခဲ့ကြ သူ့အနေနှင့် မိမိကိုယ်တိုင် ကြိုးစားရမည်ဆိုသော်လည်း စနစ်ကိုလည်း အားမကိုး၍ မရကြောင်းကိုလည်း သိရှိခဲ့ရ၏။

သူသည် ကြီးမြင့်လှသော စနစ်ကို ပိုင်ဆိုင်သည်ဆိုလျှင်တောင်မှ သူ၏ဦးနှောက်ကိုတော့ ထုတ်သုံးရမည် မဟုတ်လော။

မိမိကိုယ်ကို သုံးသပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ လန်းဆန်းသွားသလို ခံစားလိုက်မိ၏။

လုချင်းချင်း၏ စကားကြောင့်သာ သူ ရင်နာခဲ့ရသည် မဟုတ်လျှင် ဤပစ္စည်းအား ထုတ်သုံးမိလိမ့်မည် မဟုတ်ပေ။ လက်ရှိအချိန်မှာတော့ သူသည် အလုပ်ကြိုးစားမှုနဲ့ စနစ်၏ ကောင်းကျိုးအား ပူးတွဲ၍ အသုံးပြုရန် နားလည်သွားမိသည်။

ကျွင်းချောင်ရှောင်းသည် ကုန်သွယ်စတိုးထဲရှိ စဦး စတိုးထဲသို့ ထပ်မံ၍ ဖွင့်ကြည့်လိုက်သည်။

ထင်ထားသည့်အတိုင်းပင် စွမ်းအင်စုစည်းခြင်း ဆေးလုံးဆိုသည့်နေရာတွင် ငွေရောင်အကွက်ကြီးတစ်ခု ဖြစ်လျှက်ရှိ၏။

ထိုအရာသည်လည်း တစ်လ တစ်လုံးသာလျှင် ဝယ်ယူ၍ ရနိုင်သည်။

ခေါင်းကိုခါယမ်းကာ ပြောလိုက်မိ၏။ “ဒါကိုသာ ငါ အကန့်အသတ်မရှိဝယ်ယူနိုင်မယ်ဆိုရင် နေ့တိုင်း စိတ်ဝိညာဉ်စွမ်းအင်တွေကို ငါးဆလောက်ပိုပြီး စုပ်ယူနိုင်မှာပဲ။ ဒီလိုသာဆိုလျှင် ဝက်တစ်ကောင်တောင်မှ သိုင်းအင်ပါယာအဆင့်ကို ရောက်ရှိသွားနိုင်တယ်။”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။

"ဒီဟာက ဂိုဏ်းချုပ်တွေပဲ သုံးလို့ရမယ်ဆိုတဲ့ သုံးသပ်ချက်ပါတယ်။ ဒီတော့ တပည့်တွေအတွက် သင့်တော်တဲ့ ဆေးလုံးတစ်ခုခုရှိမလားမသိဘူး။"

သူ ကုန်ပစ္စည်းများကို ဆက်လက်၍ ကြည့်နေသည်။

မကြာခင်မှာပဲ စဦး တပည့်အဆင့် စိတ်ဝိညာဉ် အစီအရင် ဆိုသော စိတ်ဝင်စားစရာပစ္စည်းတစ်ခုအား သူ မြင်လိုက်ရသည်။

အသေးစိတ်အချက်အလက်များကို သူ ဖွင့်ကြည့်လိုက်မိ၏။

“ပစ္စည်းအမျိုးအစား - စဦး တပည့်အဆင့် စိတ်ဝိညာဉ်အစီအရင်။

အစွမ်းသက်ရောက်မှု - မြေညီထဲသို့ စိုက်ထူပြီးနောက်တွင် စတုရန်းမီတာ ဆယ်မီတာရှိသော စိတ်ဝိညာဉ်အစီအရင်တစ်ခု ဖြစ်ပေါ်လာမည်။ ထိုအစီအရင်ထဲသို့ ဝင်လိုက်မည်ဆိုလျှင် ပြင်ပကမ္ဘာမှာထက် စိတ်ဝိညာဉ်စွမ်းအင်များ နှစ်ဆပို၍ ပေါကြွယ်လိမ့်မည်။

ကြာချိန်- အသက်သွင်း အသုံးပြုရန်။

ဈေးနှုန်း- ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်။

မှတ်ချက်- ဂိုဏ်း၏တပည့်များသာလျှင် အသုံးပြု၍ ရနိုင်သည်။

အစီအရင်အား အသက်သွင်းပြီးသည့်နောက်တွင် နှစ်ဆယ့်လေးနာရီကြာချိန်တိုင်း ဂိုဏ်းစုဆောင်းမှတ်တစ်မှတ် လျော့သွားပေလိမ့်မည်။”

မှတ်ချက်ကို ဖတ်ပြီးတဲ့နောက် ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"တစ်နေ့ကို စုဆောင်းမှတ်တစ်မှတ် အသုံးပြုရမှာပေါ့။ ဒါဆိုရင် ဂိုဏ်းစုဆောင်းမှတ်တွေကို ဖြုန်းတီးတာနဲ့ အတူတူပဲ။"

တစ်နေ့ကို အမှတ်တစ်မှတ် ကုန်ဆုံးမည်ဆိုသည်မှာ များပြားလှသည့်အရာတော့ မဟုတ်ပေ။

သို့ပေမဲ့ သူ့တွင် ဂိုဏ်းစုဆောင်းမှတ်လေးဆယ်သာလျှင်ရှိသည်။

ဤအရာကိုဝယ်ယူပြီးနောက်တွင် သုံးဆယ်သာ ကျန်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဤအစီအစဉ်အား အသက်သွင်းရန်အတွက် ရက်သုံးဆယ်သာ ခံနိုင်ပေလိမ့်မည်။

“တပည့်တွေအတွက်ပဲ အသုံးပြုလို့ရတယ်ဆိုတော့ ဒါကိုငါ မလဲတော့ပါဘူး။”

ကျွင်းချောင်ရှောင်းသည် ဤ စိတ်ဝိညာဉ် အစီအစဉ်အား လဲလှယ်ရန် စိတ်မကူးတော့ပေ။

စနစ်မှ သတိပေးလိုက်၏။

“တပည့်တွေ ပို၍ အားကောင်းလာလျှင် ဂိုဏ်းသည် ပို၍ အားကောင်းလာပေလိမ့်မည်။ လက်ခံသူအနေဖြင့် ဒါကို ဝယ်ယူဖို့ အကြံပြုပါသည်။”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ချာချာလည်သွားသည်။ "မင်း ဒါကို ဝယ်စေချင်တာလား။ ဒါမှမဟုတ် ဂိုဏ်းစုဆောင်းမှတ်တွေကို မြန်မြန် သုံးစေချင်တာလား။"

စနစ်က ပြောလိုက်သည်။ "စနစ်၏ တာဝန်သည် လက်ခံသူကို ကူညီရန် ဖြစ်သည်။"

"ကောင်းပြီ။" ကျွင်းချောင်ရှောင်းသည် ခဏလောက် တွန့်ဆုတ်သွားသည်။ ပြီးနောက် ပြောလိုက်သည် “ငါ ဒီတစ်ကြိမ် မင်းကို ယုံလိုက်မယ်။”

“ဒင်.....

လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်ကို အသုံးပြု၍ စာအုပ်အဆင့် စိတ်ဝိညာဉ်အစီအရင်တစ်ခုကို လဲလှယ်ခဲ့သည်။

ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပြီး ဖြစ်၏။”

ဂိုဏ်းစုဆောင်းမှတ် ၃၀ / ၁၀၀။

သိုလှောင်လက်စွပ်၏ လေထုထဲမှာတော့ များပြားလှသော အလံတိုင်များနှင့် အိတ်တစ်လုံးပေါ်လာလေသည်။ အိတ်ထဲတွင် အသုံးပြုရန် နည်းလမ်းလည်း ပါဝင်သေး၏။

ကျွင်းချောင်ရှောင်း ဆွံအသွားသည်။ “အာမခံမပါဘူးလား။"

"ဂိုဏ်းချုပ်။"

သူ စိတ်ဝိညာဉ်အစီအရင်ကို လေ့လာဖို့ ပြင်နေတုန်းမှာပဲ တပည့်တစ်ယောက်သည် အလောတကြီးဖြင့် ပြေးဝင်လာ၏။ ပြီးနောက် မောပန်းတကြီးဖြင့် ပြောလိုက်သည်။ "အပြင်ဘက်မှာ ပြဿနာ တက်နေတယ်။"

"ဘာဖြစ်တယ်။"

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံလက်ရန်းအား ပိတ်ရိုက်လိုက်ပြီး ဒေါသတကြီးထရပ်လိုက်၏။

"ငါ့ရဲ့ သံမဏိအရိုးဂိုဏ်းကို ဘယ်သူလာပြီး ပြဿနာလာရှာရဲတာလဲ။ ဘယ်လောက် သတ္တိကြီးတဲ့ကောင်မို့လိုလဲ။"

………

"သူ့ကိုရိုက် သူ့ကို နာနာ ရိုက်။"

သံမဏိအရိုးဂိုဏ်းရဲ့ ဂိတ်တံခါးဝ ရှေ့မှာတော့ ပန်းပွင့်ပုံရေးထိုးထားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။

အဆင့်လေး ၊ အဆင့်ငါး စွမ်းအင်ဖွင့်ခြင်း အဆင့် ကျင့်ကြံသူ နောက်လိုက်များသည် မြေပေါ်တွင်ရှိသော လူတစ်ယောက်အား ဝိုင်းဝန်း ထိုးကြိတ် လျှက်ရှိ၏။

ထိုလူငယ်၏ အဝတ်အစားများသည် ညစ်ပတ်စုတ်ပြတ်ကာ သူတောင်းစား တစ်ယောက် နှင့် ဆင်တူနေသည်။

"သေစမ်း။ ဒီလိုသူတောင်စားကများ ငါတို့ အိုက်မိသားစုရဲ့ ဆေးလုံးကို ခိုးရဲတယ်။"

"မင်းသတ္တိ အတော်ကြီးတာပဲ။"

နောက်လိုက် တစ်ယောက်သည် အားရပါးရဆဲဆိုပြီး ရိုက်နှက်လိုက်သည်။

ပန်းပွင်းပုံများ ထိုးထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသောလူငယ်သည် အေးစက်စက်မျက်နှာဖြင့် ပြောလိုက်၏။ “သူ့ရဲ့ကျင့်ကြံခြင်းက အားနည်းတယ်။ ဒါပေမဲ့ ပြေးတာတော့ အတော်မြန်တဲ့ကောင်ပဲ။ သူသာ ဒီချောင်ကျတဲ့ တောင်ပေါ် တက်မလာရင် ငါတို့ သူ့ကို ဖမ်းဖိုတောင် ခက်လိမ့်မယ်။ သူ့ကို ဆက်ရိုက်ကွာ။ သေတဲ့ အထိသာရိုက်။"

နောက်လိုက်များသည် သခင်ဆီမှ အမိန့်ကို လက်ခံရရှိပြီးသည့်နောက် အရူးများကဲ့သို့ပင် ဝိုင်းဝန်းကန်ကြောက်တော့၏။

ထိုသူတို့၏ အားအင်သည် အလွန်တရာ အားကောင်းလှ၏။

ချက်ချင်းဆိုသလိုပဲ အရိုက်ခံနေရသော လူငယ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဖူးယောင်ကိုင်းလာသည်။

လူငယ်၏ ပါးစပ်ထဲမှ သွေးတွေ အန်ထွက်လာ၏။

"ရပ်"

ဤအချိန်မှာပဲ ကျယ်လောင်ပြီး စူးရှသော အသံတစ်သံ ထွက်ပေါ်လာသည်။

လူငယ်အား ဝိုင်းဝန်း ကန်ကြောက် ထိုးနှက်လျှက်ရှိသော ကျေးကျွန်များအားလုံးသည် ချက်ချင်းရပ်တန့်ကာ ခေါင်းလှည့်ကြည့်လိုက်၏။

မကြာခင်မှာပဲ တပည့်များခြံရံ၍ ဂိတ်တံခါးမှ ထွက်လာသည့် ကျွင်းချောင်ရှောင်းအား မြင်လိုက်ရ၏။

အမ်။

ပန်းပွင့်ပုံထိုးထားသော ဝတ်ဆင်ထားသောလူငယ်သည် ဂိတ်တံခါး၏ အပေါ်မှ နာမည်အား လှမ်းဖတ်ကာ ပြုံးကာ ပြောလိုက်သည်။ “နာမည်မရှိတဲ့တောင်ပေါ်မှာ သံမဏိအရိုးဂိုဏ်းဆိုတာ ရှိနေတာလား။”

သူ၏ အပြုံးသည် မထီမဲ့မြင်နှင့် ဖြစ်သည်။ လှောင်ပြောင်ချင်သည့် လေသံလည်း ပေါက်နေ၏။

ကျွင်းချောင်းရှောင်းသည် ထိုလူအား တစ်ချက်ကြည့်လိုက်၏။ ပြီးနောက် လူအုပ်၏ ဝိုင်းဝန်းရိုက်နှက်ခံထားရသော လူငယ်ဆီ လှည့်ကြည့်လိုက်၏။

ထို့နောက် တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒါ သံမဏိအရိုးဂိုဏ်းရဲ့ တည်နေရာပဲ။ မင်းတို့ တိုက်ခိုက်ချင်တယ်ဆိုရင် တစ်ခြားကို သွားပြီး တိုက်ခိုက်ကြပါ။"

တစ်စုံတစ်ယောက်သည် ဂိုဏ်းအား ပြဿနာလာရှာခြင်း မဟုတ်ပေ။ သို့ပေမဲ့ ဂိုဏ်းရှေ့တွင် လာ၍ တိုက်ခိုက်နေကြခြင်းဖြစ်၏။ လူတစ်စုသည် လူတစ်ယောက်အား ဝိုင်းဝန်း ရိုက်နှက်နေခြင်းပင် ဖြစ်၏။

ပန်းပွင့်ပုံထိုးထားသော ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်သည် ကြောင်အသွား၏။

"ငါ့ကို ထွက်သွားစေချင်တာလား။"

ပြီးနောက် သူသည် သူ၏နောက်လိုက်များကာိ ကြည့်၍ သွားဖြီးကာ ပြောလိုက်သည်။ “ဒီ သံမဏိအရိုးဂိုဏ်းလေးက ငါ့ကို ဒီနေရာကနေ ထွက်သွားဖို့ ပြောရဲတယ်ပေါ့။”

"ဒီကောင်ရူးနေတာလား။ …..ဒီကောင်ရူး ….”

ဘန်း....။

ပြောနေစဉ်မှာပဲ ခြေထောက်တစ်ချောင်းသည် သူ၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လေထဲသို့ လွင့်စင်သွား၏။

ကျွင်းချောင်ရှောင်းသည် သူ၏ခြေထောက်ကို ရုတ်ကာ အသာ ပြန်ပြောလိုက်၏။

"သောက်စကားများလွန်းတယ် …။"

All Chapters