အခန်း (၃၉)
Vol. 3 Ch. 39
ဂိုဏ်းချုပ်ကျွင်း၏ ကန်ချက်သည် အလွန်တရာ မြန်ဆန်လှပြီး ရုတ်တရက်လည်း ဆန်လွန်းလှသည်။
တစ်ဖက်မှ သခင်လေးသည် ဘာမှန်းမသိလိုက်ဘဲ ကျောက်လှေကားအတိုင်း အောက်သို့ ပြုတ်ကျသွားတော့၏။
အတူလိုက်ပါလာကြသော ကျေးကျွန်များသည်လည်း ထိုအခါကျမှ သတိပြန်ဝင်လာကြသည်။
"သခင်လေး …"
သူတို့ ကြောက်လန့်တကြားနှင့် ပြေးလွှားကာ သူတို့၏ သခင်လေးအား ထူပေးလိုက်ကြ၏။
သူတို့သခင်လေး၏ မျက်နှာ ညာဘက်အခြမ်းတွင်ရှိသော ကြီးမားလှသည့် ခြေရာကြီးကို မြင်သောအခါမှာတော့ ကန်ချက်သည် ပေါ့သေးသေး မဟုတ်ကြောင်း သိရှိလိုက်ရသည်။
သခင်လေးသည် မျက်နှာကို ကိုင်၍ မယုံကြည်နိုင်သလို ပြောလိုက်၏။
"မင်း ငါ့ကို ရိုက်ရဲတယ် ဟုတ်လား။”
“ကောင်လေး မင်းကတော့ ပြဿနာတက်ပြီ။ ငါတို့ သခင်လေးက အိုက်မိသားစုရဲ့ တတိယမြောက်သခင်လေးပဲ။ သူ့ကို ရိုက်နှက်တယ်ဆိုတာက အိုက်မိသားစုကို ရိုက်နှက်တာနဲ့ အတူတူပဲ။ မင်းတို့ ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရဖို့ စောင့်နေလိုက်တော့။"
အတူပါလာသော နောက်လိုက်များသည် ဒေါသတစ်ကြီးဖြင့် အော်ဟစ်လိုက်ကြ၏။
သို့ပေမဲ့ သူတို့သည် အလျှင်အမြန်ပဲ ပါးစပ်ကို ပိတ်လိုက်ရသည်။
အဘယ့်ကြောင့်ဆိုသော် သံမဏိအရိုးဂိုဏ်းသားများသည် တစ်ယောက်ပြီးတစ်ယောက် ဂိတ်တံခါးဝမှ ထွက်ပေါ်လာပြီး ကျွင်းချောင်ရှောင်း၏ နောက်တွင် မတ်တပ်ရပ်ကာ သူတို့အား ကြည့်နေသောကြောင့် ဖြစ်၏။
အိုက် မိသားစု၏ တတိယသခင်လေးဟုခေါ်သော သခင်လေးသည် နောက်လိုက်နောက်ပါ အနည်းငယ်သာ ရှိ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းတွင်တော့ တပည့်တစ်ရာနည်းပါးခန့်ရှိ၏။
ထို့ကြောင့် သူတို့အနေနှင့် အနိုင်ယူနိုင်မည်မဟုတ်ချေ။
တပည့်အများကြီး ရှိခြင်းကလည်း ကောင်းသောအရာဖြစ်ကြောင်း ကျွင်းချောင်ရှောင်း နားလည်လိုက်၏။ အနည်းဆုံး ယခုလို အခြေအနေမျိုးတွင် သူ့အနေဖြင့် လှုပ်ရှားတိုက်ခိုက်စရာပင် မလိုတော့ချေ။
မင်းအနေနဲ့ အားအင်ချင်း ယှဉ်ပြိုင်ချင်လား။ ဒါမှမဟုတ် လူအရေအတွက်ခြင်း ယှဉ်ချင်လား။ မင်း ငါ့ကို နိုင်မှာ မဟုတ်ဘူး။
“အိုက်မိသားစုဟုတ်လား။"
ကျွင်းချောင်ရှောင်းသည် လက်ပိုက်ကာ ရယ်လိုက်၏။ "အရမ်း အားကောင်းနေလို့လား။ ငါ့ရဲ့ သံမဏိအရိုးဂိုဏ်းကိုတောင်မှ ဖျက်ဆီးဖို့ ပြောရဲတယ်ပေါ့။"
လီချင်းယန်သည် အသာလေး ခေါင်းငဲ့ကာ တီးတိုး ပြောလိုက်သည်။
"ဂိုဏ်းချုပ် အိုက်မိသာစုဆိုတာ ဟူရန်မြိုရဲ့ ကျော်ကြားတဲ့ ကလန်တစ်ခုပဲ။"
"ဟူရန်မြို ဟုတ်လား။"
ကျွင်းချောင်ရှောင်းသည် အရင်တုန်းက ကြားခဲ့ဖူး၏။
ချင်းယန်နိုင်ငံတွင် အဓိကမြိုကြီး ရှစ်မြို့ထဲမှ အဓိက မြို့ကြီး ဖြစ်သလို ချင်းယန်၏ ဒုတိယနေရာတွင်ဖြစ်သော မြို့လည်း ဖြစ်သည်။
များပြားလှသော လူဦးရေနှင့်အတူ များပြားလှသည့် မိသားစုများ၊ များပြားလှသည့် ဂိုဏ်းများ တည်ရှိနေ၏။
ပြီးနောက် ချင်းယန် ပြောလိုက်သည်။
"အိုကမိသားစုက ဆေးလုံးနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်တာ။ သူတို့က များပြားလှတဲ့ ဂိုဏ်းတွေကို ဆေးလုံးထောက်ပံ့မှုတွေလုပ်နေတယ်။ ဒါကြောင့် သူတို့ဆီမှာ အားကောင်းလှတဲ့ ငွေအရင်းအမြစ်နဲ့ အဆက်အသွယ်ကောင်းကောင်းရှိတယ်။ ကျွန်တော်တို့ မိသားစုထက်တောင် ဘယ်လိုမှ အားမနည်းဘူး။"
"ဪ သူတို့က ဆေးလုံးတွေ ရောင်းတာလား။"
ကျွင်းချောင်ရှောင်းသည် သူ၏ နှာခေါင်းကို ကုတ်လိုက်၏။
လီချင်းယန်ပြောလိုက်သည်။
"ဒီလူက အိုက်ကြည်လို့ခေါ်တယ်။ အိုက်မိသားစုရဲ့ တတိယမြောက်သားပဲ။ ပြီးတော့ မြိုထဲမှာ ပေါက်တက်ကရ အကုန်လုပ်တဲ့လူလို့ဆိုရမယ်။ ချင်းယန်နိုင်ငံတစ်ခုလုံးမှာတော့ ဒီကောင့်ကို ပေါက်လုပ်ပဲစားကောင်ဆိုပြီးတော့ နာမည်ကြီးတယ်။"
"အိုက်ကြည် ဟုတ်လား။"
ကျွင်းချောင်ရှောင်း ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "နာမည်ကို ကြည့်တာနဲ့ ရိုက်ချင်စရာပဲ။"
လီချင်းယန် ဆွံအသွားမိသည်။
သူသည် ဂိုဏ်းခေါင်းဆောင်ကို များပြားလှသော စကားများ ပြောဆိုနေခြင်းမှာ အိုက်မိသားစုနှင့် ပြဿနာမတက်စေရန်ဖြစ်၏။ ဤကလေး၏ မိသားစုသည် သွား၍ ရှုပ်ရလောက်အောင် ရိုးရှင်းလွန်းသည့် မိသားစုတစ်ခု မဟုတ်ပေ။
သို့ပေမဲ့ ဂိုဏ်းခေါင်းဆောင်သည် တစ်လွဲတွေးလျှက်ရှိသည်။
အိုက်ကြည် သူ၏ မျက်နှာပေါ်မှ နာကြည်မှုကို အောင့်အီးသည်းခံ၍ ပြုံးကာ ပြောလိုက်၏။
"ကောင်လေးတွေ မြန်မြန် မင်းတို့ရဲ့ သံမဏိအရိုးဂိုဏ်းခေါင်းဆောင်ကို ထွက်ခဲ့ဖို့ ပြောလိုက်စမ်း။ ပြီးတော့ ငါ့ကို ချက်ချင်း တောင်းပန်ဖို့ ပြောလိုက်။"
ကျွင်းချောင်ရှောင်း သြဇာသံပါအောင် လေသံဖြစ်အောင် သူ၏ အသံကို ပြုပြင်၍ ပြောလိုက်သည်။
"အော်နေစရာမလိုဘူး။ ဂိုဏ်းချုပ်က ဒီမှာ ရောက်နေပြီ။"
ပြောပြီးသည့်နောက် သူသည် လက်ကို ဟန်ပါပါဖြင့် ခါယမ်းပြီး လက်နှစ်ဖက် နောက်ပစ်လိုက်ကာ ရင်ကော့၍ ရပ်လိုက်သည်။
အလွန်ပင် ခန့်ညား ထည်ဝါလွန်းပြီး ဂိုဏ်းတစ်ခု ၏ ဂိုဏ်းချုပ်မှန်း သိသာစေသည်။
"ဒီမှာ ဟုတ်လား။"
အိုက်ကြည် ကြောင်သွား၏။
ပြီးနောက် သူသည် လီချင်းယန်ကို ကြည့်ပြီး ဒေါသတကြီးပြောလိုက်သည်။
"ဒီတော့ မင်းက ဂိုဏ်းချုပ်ပေါ့။ ငါ့ကို မြန်မြန် တောင်းပန်စမ်း။"
လီချင်းယန်၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ယင်သွား၏။
သူ ချက်ချင်းဆိုသလိုပဲ ခြေနှစ်လှမ်း နောက်သို့ ဆုတ်လိုက်သည်။။
ပြီးနောက် ကျွင်းချောင်ရှောင်းကို ကြည့်ကာ ဒါက သံမဏိအရိုးဂိုဏ်း၏ ခေါင်းဆောင်ဖြစ်ကြောင်း အမူအယာ ပြလိုက်၏။
"ငါ မဟုတ်ဘူး။"
လီချင်းယန် နောက်ဆုတ်သွားသည်ကို မြင်တော့ အိုက်ကြည်သည် သူ ခန့်မှန်းတာ မှားသွားပြီ ဖြစ်ကြောင်း သိလိုက်၏။
အနောက်တွင်ရှိသော လူများအားလုံးကို ကြည့်၍ မည်သူ ဂိုဏ်းခေါင်းဆောင်ဖြစ်ကြောင်း အတည်ပြု၍ မရနိုင်သည်ကို သိရှိလိုက်ရသည်။
သူ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
"သံမဏိအရိုးဂိုဏ်းခေါင်းဆောင် မင်း ဒီအတိုင်း ပုန်းနေလို့ လွတ်မယ် ထင်နေတာလား။"
လီချင်းယန် တပည့်များအားလုံး၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် နှင့် တုန်ရင်သွားကြတော့သည်။ သူတို့၏ အတွေးထဲတွင် ဒီကောင်အရူးလားဟုပင် တွေးမိနေကြသည်။
ဂိုဏ်းချုပ်တစ်ယောက်၏ အသွင်သဏ္ဍန်မျိုးဖြင့် ဟန်လုပ်နေသော ကျွင်းချောင်ရှောင်း ၏ အမူအရာ သည် ပြောင်းလဲသွားခဲ့သည်။
နောက်ဆုံးမှာတော့ သူသည် မနေနိုင်တော့ဘဲ ထအော်လိုက်မိ၏။
"မင်း သောက်ရူးလား။ ငါ မင်းရှေ့မှာ ရပ်နေတယ်။ နေ့ခင်းကြောင်တောင်ကြီး စုံလုံးကန်းနေတာလား။"
ပြောပြီးသည့်နောက် သူ ဒေါသတကြီးဖြင့် ရှေ့ကို လှမ်းတက်လိုက်သည်။
တစ်ဖက်မှ ကျေးကျွန်နှင့် နောက်လိုက်များသည် အမြန်အဆန်ပဲ သူတို့သခင်လေး၏ ရှေ့၌ ဝင်၍ ရပ်လိုက်ကြ၏။
သူတို့ထဲမှ တစ်ယောက်သည် သိုင်းကွက်ခင်းကာ တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။
"ငါ … ငါ … မင်းကို သတိပေးမယ်။ မ … မလုပ်။"
"သွားစမ်း။"
ကျွင်းချောင်ရှောင်းသည် အိုက်ကြည်၏ ရှေ့၌ ရပ်၍ လျှာစောင်းထက်လျှက်ရှိသော ကျေးကျွန်များအား ကန်ထုတ်လိုက်၏။
ပြီးနောက် သူသည် အိုက်ကြည်၏ အင်္ကျီစကို ဆွဲယူပြီး အေးစက်သောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။
"သေချာနားထောင် ကောင်လေး။ ငါက သံမဏိအရိုးဂိုဏ်းခေါင်းဆောင်ပဲ။"
သူ၏အသံသည် တိုးသည်။ သို့ပေမဲ့ သတ်ဖြတ်လိုခြင်း အငွေ့အသတ်တွေနဲ့ ပြည့်နှက်လျှက်ရှိသည်။
အိုက်ကြည်သည် ဒူးတွေခွေကျတော့မတက် ကြောက်လန့်သွားပြီး သေးထွက်ကျချင်စိတ်ပင် ထွက်ပေါ်လာ၏။
သူနှင့်အတူ လိုက်ပါလာကြသော ကျေးကျွန်များအားလုံးသည်လည်း ချွေးစေးတွေ ပြန်လာကာ ကြောက်လန့်သွားကြသည်။
ကျွင်းချောင်ရှောင်းသည် များပြားလှသော တောပုန်းဓားမြများကို သတ်ဖြတ်ခဲ့သူ ဖြစ်၏။ ထို့ကြောင့် သူ ဒေါသထွက်လာသည်နှင့် သူ့မျက်လုံးဆီမှ ထွက်ပေါ်လာသော ဒေါသ အကြည့်များသည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
ထိုသို့သော အရှိန်အဝါမျိုးကို အိုက်ကြည်လို သခင်လေးတစ်ယောက်အနေနှင့် မည်သို့ ခံနိုင်ရည် ရှိမည်နည်း။
"မင်းတို့ ကြားလား။"
ကျွင်းချောင်ရှောင်း ဒေါသတကြီးဖြင့် အော်လိုက်၏။
သူ့အသံသည် အလွန်ကျယ်လောင်သွားသည်။
သူ၏နောက်တွင်ရှိနေသော လီချင်းယန်နှင့် အားလုံးသော တပည့်များသည် လန့်ဖြတ်ကာ နောက်သို့ ဆုတ်မိသွားကြ၏။
အိုက်ကြည်၏နားထဲတွင်တော့ ကျွင်းချောင်ရှောင်း၏ အသံသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ဟိန်းထွက်သွားသည်။
သူ၏မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွား၏။
သူ ငိုတော့မလို အသံဖြင့် ပြောလိုက်သည်။
"ကျွန်တော် …. ကျွန်တော် ကြားပါတယ်။"
ကျွင်းချောင်ရှောင်းသည် အောက်တွင်ရှိသော လှေကားထစ်များကို လက်ညိုးထိုးပြကာ အေးစက်စက် ပြောလိုက်သည်။
"သွားတော့။"
အိုက်ကြည်နှင့်အတူပါလာသော နောက်လိုက်နောက်ပါများသည် ချက်ချင်းဆိုသလိုပဲ သတိပြန်ဝင်လာကြသည်။
သူတို့သည် အလျှင်အမြန်ပဲ သူတို့၏ သခင်လေးကို ဆွဲမကာ အမြန်ဆန်ဆုံး ခြေလှမ်းများဖြင့် ပြေးလွှား ထွက်ခွာသွားကြသည်။
ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုခြင်း အရိပ်အယောင်များ ပျောက်ကွယ်မသွားခင် သူ နောက်သို့ လှည့်ကြည့်လိုက်၏။
တပည့်များသည် သူ၏ မျက်လုံးနှင့် ဆုံသည့်အချိန်မှာတော့ ဆံပင် တစ်မွှေးချင်း ထောင်တော့မတက် ကြောက်လန့်သွားကြ၏။
"ဂိုဏ်းချုပ်"
လီချင်းယန် အားပျော့စွာဖြင့် မေးလိုက်၏။
"အဆင်ပြေရဲ့လား။"
ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လျှောက်လာ၏။
ပြီးနောက် သူ၏ မျက်လုံးထဲမှ သတ်ဖြတ်လိုခြင်း အရှိန်အဝါများသည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။
သူသည် လီချင်းယန်၏ ပုခုံးပေါ်သို လက်တင်၍ ဝမ်းနည်းလှသော လေသံဖြင့် ပြောလိုက်သည်။
"ငါက ဂိုဏ်းချုပ်တစ်ယောက်နဲ့ မတူဘူးလားကွာ။"
ချင်းရန်၏ မျက်နှာပေါ်တွင် ကိုယ်ချင်းစာသော အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။
ရှိရှိသမျှသော တပည့်များအားလုံးသည်လည်း သူတို့ ဂိုဏ်းချုပ်၏ ဝမ်းနည်းမှုကို နားလည် ခံစားမိသွားသည်။
"ဝမ်းနည်းမနေပါနဲ့။"
သစ်ပင်ကိုမှီလျှက်ရှိသော လုချင်းချင်းသည် မြေပေါ်တွင်လဲနေသော လူငယ်အား လှမ်းကြည့်၍ ပြောလိုက်သည်။
"ဒီကောင်လေးက သေတော့မှာ မြန်မြန်ကုရင်ကု မကုရင် သေတော့မှာ။"
…..
သံမဏိအရိုးဂိုဏ်း …… သံမဏိအရိုးဂိုဏ်း ဆေးဆောင်။
အခန်းထဲမှာတော့ မည်သည့် ဆေးပစ္စည်းနှင့် ဆေးဝါးများ တစ်ခုမှ မရှိကြချေ။ ရိုးရှင်းလှသော အိပ်ယာလေးတစ်ခုသာ ရှိသည်။
ဆေးကုသဆောင်ဟု ရေးသားထားသော အခန်းကြီးတစ်ခုထဲသို့ ဒဏ်ရာရလာသော လူငယ်အား သယ်၍ ခေါ်လာခဲ့သည်။
ဂိုဏ်းသည် အခုမှစ၍ ပြန်လည်ပြင်ဆင်ခြင်း ဖြစ်သောကြောင့် စုံလင်သည့် အဆောင်များက မရှိသေးချေ။ သို့ပေမဲ့ သူ အလျှင်မလိုချေ။ အရာကိစ္စတိုင်းကို တစ်လှမ်းချင်းသာ လှမ်းရမည်မဟုတ်လား။ တစ်ခုပြီးမှ တစ်ခု လုပ်နိုင်မှသာ အဆင်ပြေပေလိမ့်မည်။
အလှမ်းကျယ်လျှင် အလယ်လတ်သည်ဟုသော စကားပုံပင် ရှိသေးသည် မဟုတ်လော။
"ဂိုဏ်းချုပ် …."
ဒဏ်ရာရသော လူငယ်အား သေချာစမ်းသပ်စစ်ဆေးပြီးသည့်နောက် လီချင်းယန် ပြောလိုက်သည်။
"သူ့ရဲ့ နံရိုးရှစ်ချောင်းလုံး ကျိုးသွားတယ်။ ကြည့်ရတာ အတွင်းဒဏ်ရာလည်း ပြင်းပြင်းထန်ထန် ရသွားတဲ့ပုံပဲ။ သူ့ရဲ့ အခြေအနေက တော်တော်ကိုဆိုးနေပြီ။ ချက်ချင်း ကုသပေးဖို့ လိုအပ်နေတယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
“ဒါဆိုရင် ငါတို့ မြိုထဲကိုသွားပြီး ဆရာဝန် ခေါ်လို့ရလား။”
လီချင်းယန်သည် ခေါင်းကိုခါယမ်းကာပြောလိုက်သည်။
"သူရဲ့ ဒဏ်ရာက အရမ်းပြင်းလွန်းအားကြီးတယ်။ သာမာန်သမားတော်တစ်ယောက်အနေနဲ့ သူ့ကို ကုသဖို့ မလွယ်ဘူး။ တစ်ခုကလွဲရင်။"
"ဘာတစ်ခုတုန်း။"
"ကျွန်တော်တို့ဂိုဏ်းရဲ့ ရှေးယခင်ကတည်းက ဆင်းသက်လာတဲ့ ဆေးလုံးကို အသုံးပြုမယ်ဆိုရင်တော့ သူ ပြန်ကောင်းသွားနိုင်တယ်။"
ဤလူငယ်လေး၏ ဒဏ်ရာများသည် သူ့လောက်ပင် မပြင်းထန်ချေ။ ထို့ကြောင့် ဂိုဏ်းချုပ်သာ ပြန်လည်ကုစားခြင်း ဆေးလုံးအား တိုက်လိုက်မည်ဆိုလျှင် ပြန်လည်ကောင်းမွန်သွားနိုင်သည်ဟု လီချင်းယန် ကျိန်းသေပေါက် သိနေ၏။
"ဒါက… "
ကျွင်းချောင်ရှောင်း တီးတိုး ရေရွတ်လိုက်မိ၏။
လုချင်းချင်းသည် တံခါးဝကို မှီကာ ရပ်လျှက် တည်ငြိမ်စွာပဲ ပြောလိုက်သည်။
"ဒီလိုဆေးလုံးမျိုးဆိုတာ အလွယ်တကူရနိုင်တဲ့ သကြားလုံးလိုများ မင်းထင်နေတာလား။"
"ဒါအမှန်ပဲ။"
လီချင်းယန်သည် မျက်နှာတစ်ခုလုံး ညစ်ပတ်ပေရေနေသော လူငယ်ကို ကြည့်၍ ခေါင်းခါယမ်းလိုက်သည်။
"ဂိုဏ်းချုပ် … သူအများဆုံး လေးနာရီလောက်ပဲ ခံနိုင်လိမ့်မယ်။"
ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်၍ ပြောလိုက်သည်။
"ငါ့ဆီမှာ အခု ပြန်လည်ကုစားခြင်း ဆေးလုံးရှိတယ်။ အခု သူ့ကို ကယ်တင်ရင်ကောင်းမလား၊ မကယ်တင်ရင် ကောင်းမလား”
“ကယ်တင်မယ်”
“မကယ်တင်ဘူး။"