← Chapters

အခန်း (၄၁)

Vol. 3 Ch. 41

အခန်း (၄၁)

Vol. 3 Ch. 41

"နှစ်တစ်ထောင်မှာ တစ်ယောက်သာကြုံရတဲ့ ပါရမီရှင်လား။"

သိုင်းလေ့ကျင့်ရေးကွင်းထဲတွင် လေ့ကျင့်လျှက်ရှိသော တပည့်များသည် လှမ်းကြည့်၍ တီးတိုးပြောဆိုလျှက်ရှိ၏။

"သူက လီရန်မြို ရှောင် မိသားစုရဲ့ ရှောင်ကျီ မဟုတ်လား။"

"အသက်ဆယ်နှစ်နဲ့ အထူးစိတ်ဝိညာဉ်အမြစ်ရှိကြောင်း သိရှိလိုက်တဲ့ အထူးပါရမီရှင်တစ်ယောက်ပဲ။ပြီးတော့ အသက်ဆယ့်နှစ်နှစ်နဲ့ မရီဒန် ဆယ့်နှစ်ခုလုံး ဖွင့်ခဲ့တယ်မဟုတ်လား။"

"သူကအရင်တုန်းက အရမ်းကို အောင်မြင်ခဲ့တယ်။"

"လွန်ခဲ့တဲ့ငါးနှစ်တုန်းက သူ့ရဲ့စိတ်ဝိညာဉ်အမြစ် နဲ့ ကျင့်ကြံခြင်းအဆင့်တွေ အကုန်လုံးက ပျက်စီးသွားခဲ့တယ်။"

"နောက်ဆုံးမှာတော့ သူက သာမန်လူတစ်ယောက်လို ဖြစ်သွားတယ်။ သူ့ရဲ့စေ့စပ်ထားထားတဲ့ မိန်းကလေးကတောင်မှ မိသားစုဆီကိုလာပြီး စေ့စပ်ပွဲ ဖျက်သိမ်းခဲ့တယ်။"

"ရှောင်မိသားစုက သူ့ကို နှင်ထုတ်ခဲ့တာလား။"

"အဲ့ဒီအချိန်ထဲကသူ့သတင်း ဘာမှမကြားခဲ့တော့ဘူး။ သူက အခု သူတောင်းစားလိုဖြစ်နေမယ်လို ငါထင်တောင်မထင်မိဘူး။"

တပည့်များအားလုံးသည် နှမြောသလို ခေါင်းကိုခါယမ်းလိုက်မိ၏။

အဲဒီ့အချိန်တုန်းက ရှောင်ကျီ သည် ချင်းယန်နိုင်ငံတစ်ခုလုံးတွင် ကျော်ကြားလှသောလူတစ်ယောက် ဖြစ်ခဲ့၏။

လီချင်းယန် ပင်လျှင် သူနှင့်နှိင်းယှဉ်၍ မရနိုင်ပေ။

သိုပေမဲ့ ယခု မည်သို ဖြစ်နေသနည်း။ အထူးပါရမီရှင်တစ်ယောက်သည် ဘာမှမဟုတ်သောလူတစ်ယောက် ဖြစ်၍လာခဲ့သည်။

ထိုကြောင့် ရှိရှိသမျှသောသူတိုသည် သက်ပြင်းချရုံသာ တတ်နိုင်ကြတော့၏။

တစ်လှမ်းချင်း လှမ်းလျှောက်ထွက်သွားသော ရှောင်ကျီသည် လူအများ၏ပြောဆိုနေသံကို ကြားနေရသည်။ ထိုကြောင့် သူ စိတ်ဓာတ်တကျ ပြောလိုက်၏။ "ကျွန်တော်က အခု ဘာမှ မဟုတ်တော့ဘူး။ ဘယ်လိုလုပ်ပြီးတော့ ဆုံးရှုးခဲ့တဲ့အရာတွေကို ပြန်ပြီး ရနိုင်မှာတုန်း။"

လီချင်းယန် တစ်စုံတစ်ခုကို ပြောလိုက်ချင်သေး၏။

"ချင်းယန်"

ကျွင်းချောင်ရှောင်းသည် အဆောင်ထဲမှ လှမ်းထွက်လာပြီး လုချင်းချင်းကဲ့သို တံခါးကိုမှီကာ ပြောလိုက်သည်။ "သူက သူ့ကိုယ်သူ အထင်သေးနေတာပဲ။သံမဏိအရိုးဂိုဏ်းထဲမှာနေဖို သူ့ကိုယ်သူအသုံးမဝင်ဘူးလို ခံစားနေရတယ်။ ဒါကြောင့် သူ့ကို နှစ်သိမ့်ပေးနေဖို မလိုဘူး။"

လီချင်းယန် ငြိမ်သက်သွား၏။

ရှောင်ကျီသည် ဆက်၍ လျှောက်သွားခဲ့သည်။

သူ၏နောက်ကျောကိုကြည့်လိုက်သည်နှင့် သူသည် စိတ်ဓာတ်အလွန်အမင်းကျနေသည့်ပုံစံ ပေါ်လျှက်ရှိ၏။

ပြီးနောက် သူသည် ကျောက်လှေကားပေါ်တွင် မတ်တပ်ရပ်ကာ လှည့်မကြည့်ပဲ ပြောလိုက်၏။

"ဂိုဏ်းချုပ်ကျွင်း ကျွန်တော့်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကြင်နာမှုအတွက်ကို ရှောင်ကျီက အမြဲတမ်း နှလုံးသားထဲမှာ မှတ်ထားနေမှာပါ။"

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြန်ပြောလိုက်၏။

"ငါကယ်တင်ခဲ့တဲ့လူက ကိုယ့်ကိုယ်ကို အထင်သေးနေတဲ့လူမှန်းသာ သိခဲ့ရင် ကယ်တင်ခဲ့မှာမဟုတ်ဘူး။ မြန်မြန်သေသွားအောင်ပဲ ဓားနဲ့ထိုးသတ်ခဲ့တယ်။"

လီချင်းယန် “……..”

လုချင်းချင်းသည်လည်း သူမ၏အမည်းရောင်ဆံပင်များအား နောက်သို ပင့်တင်၍ ပြောလိုက်သည်။

"ဂိုဏ်းချုပ်စကားက တော်တော်အထိနာစေတာပဲ။"

ရှောင်ကျီသည် ခံစားချက်မဲ့စွာဖြင့် ပြောလိုက်၏။

"ဟုတ်ပါတယ် ကျွန်တော်အသက်မရှင်သင့်ဘူး။

ကျွင်းချောင်ရှောင်းသည် အပြင်ဘက်သို လက်ညှိးထိုးကာ လှမ်းပြောလိုက်၏။

"ထွက်သွားတော့။ပြီးတော့ အဲဒီ့မှာ ချောက်တစ်ခုရှိတယ်။"

"မင်းသေချင်တယ်ဆိုရင် အဲ့ကနေခုန်ချလိုက်တော့။ ချောက်ထဲကျ ၊ ဆေးလုံးရ ၊ သိုင်းကျမ်းရ အခြေအနေ နဲ့ ကြုံရမယ်ဆိုရင် မင်းဘဝက ကံကောင်းပြီး အကောင်းဆုံးအခြေအနေတစ်ခုကို ပြန်ရောက်လာနိုင်သေးတယ်။"

အားလုံး၏ နှုတ်ခမ်းတွေသည် တဆတ်ဆတ်နှင့် တုန်ယင်သွားသည်။

ဂိုဏ်းချုပ်သည် မည်သည့်အချိန်တုန်းက စီနီယာအစ်မကြီးကဲ့သို ထက်မြတ်လှသည့်စွမ်းရည်ကို ပိုင်ဆိုင်သွားခဲ့သနည်း။

ရှောင်ကျီသည် နာနာကျင်ကျင် ပြုံးလိုက်၏။

"ကျွန်တော်က ပါရမီရှင် အဖြစ်ကနေ အမှိက်တစ်စလိုအဖြစ်ကို ရောက်ရှိသွားခဲ့တာ။ဒီတော့ ကျွန်တော့်ဆီမှာ ကံကောင်းခြင်းနဲ့ပတ်သက်ပြီးတော့ ဘာမှရှိမှာ မဟုတ်ဘူး။"

"ကံကောင်းခြင်းဆိုတာက ကြိုတင်ပြင်ဆင်ထားတဲ့ လူတွေအတွက်ပဲ ရှိတာ။ မင်းလို ကိုယ့်ကိုယ်ကို အရှုးပေးနေတဲ့ လူတစ်ယောက်အတွက် ကံကောင်းခြင်းဆိုတာ ဘယ်တော့မှရှိမှာ မဟုတ်ဘူး။"

ကျွင်းချောင်ရှောင်း ပြောလိုက်၏။

"မင်းမထွက်သွားခင်မှာ ငါမင်းကို အကြံတစ်ခုပေးမယ်။ လောကကြီးမှာ အားကောင်းတဲ့လူအဖြစ် မွေးဖွားလာတယ်ဆိုတာ မရှိဘူး။ မင်းကပါရမီရှင်ပဲဖြစ်ဖြစ် ၊ အမှိက်တစ်စပဲဖြစ်ဖြစ် မင်းရဲ့စိတ်နှလုံးသားက အားမကောင်းဘူးဆိုလျှင် မင်းက အမှိက်တစ်စ ဖြစ်နေမှာပဲ။"

လောကကြီးတွင် အားကောင်းစွာဖြင့် မွေးဖွားလာခြင်း ဆိုသည်မှာ မရှိချေ။ မွေးဖွားလာခြင်းမှတဆင့် အားကောင်းအောင် ပြုလုပ်ရခြင်းသာ ဖြစ်၏။

ရှောင်ကျီ၏ ခန္ဓာကိုယ်သည် အနည်းငယ်တုန်ရင်သွားသည်။ သူ၏မှုန်မှိင်းနေသော မျက်လုံးများသည် တောက်ပသွားသည်။

ကျွင်းချောင်ရှောင်းသည် လက်ပိုက်၍ တည်ငြိမ်စွာ ပြောလိုက်၏။

"မင်းက သံမဏိအရိုးဂိုဏ်းဆီကို ဘာကြောင့်လာခဲ့တယ်ဆိုတာကို မေ့သွားခဲ့ပြီ။ ဆိုတော့ ဒီကနေ မင်း ချက်ချင်းထွက်သွားလိုက်တော့။"

ရှောင်ကျီသည် သူရှိရာနေရာတွင် ငြိမ်ကာရပ်လျှက်ရှိပြီး ထွက်မသွားချေ။

ဂိုဏ်းတစ်ရာလူသစ် စုဆောင်းပွဲတွေတုန်းက ဂိုဏ်းချုပ်ကျွင်းသည် တစ်ခြားသော ဂိုဏ်းများမှ သိုင်းပညာရှင်များအား လမ်းညွှန်ပြသပေးသည်ကို သူ မြင်ခဲ့ရ၏။ ထိုကြောင့်ပဲ သူ၏ကျဆင်းနေသော စိတ်ဓာတ်များသည် ပိုမိုတိုးတက်လာခဲ့ရ၏။

နောက်ဆုံးမှာတော့ သူသည် အပြင်းအထန်ကြိုးစားရင်း သံမဏိအရိုးဂိုဏ်းဆီသို သွားရန် ဆုံးဖြတ်ခဲ့သည်။ သူ့အနေနှင့် သံမဏိအရိုးဂိုဏ်းတပည့် ဖြစ်အောင်ပြုလုပ်မည်။

ပြီးတော့ သိုင်းပညာကို ပြန်လည်လေ့ကျင့်မည်ဟူသော ရည်မှန်းချက်အပြည့်နှင့် လာခဲ့ခြင်းဖြစ်၏။

ထိုကြောင့်ပဲသူသည် ဟူရန်မြိုသိုသွား၍ အိုက်မိသားစုဆီမှ ဆေးလုံးကို သွား၍ယူခဲ့ခြင်းဖြစ်သည်။

မည်သည့်ဆေးလုံးဖြစ်သနည်း။

ထိုဆေးလုံးသည် ကျင့်ကြံခြင်းကို ခဏတာ တိုးမြင့်အောင် ပြုလုပ်ပေးနိုင်သော ဆေးလုံးဖြစ်၏။

ရှောင်ကျီသည် သံမဏိအရိုးဂိုဏ်းထဲကို ဝင်ချင်လျှင် အခြေအနေနှင့် စည်းကမ်းချက်များရှိသည်ကို ကြိုတင်သိရှိပြီးသူ ဖြစ်၏။

သူ၏ နိမ့်ကျလိုက်သော ပင်ကိုယ်ပါရမီကြောင့် သံမဏိအရိုးဂိုဏ်းသို ဝင်ရောက်မည်ဆိုလျှင် ကျိန်းသေပေါက် အငြင်းပယ်ခံရမည်ဖြစ်၏။

ထိုကြောင့် ဆေးလုံးကို သွားရောက်ခိုးယူခဲ့ခြင်းဖြစ်၏။ ဆေးလုံးသားရရှိမည် ဆိုရင် ခဏတာ စွမ်းအင်တွေ တိုးတက်နေမည် ဖြစ်သောကြောင့် သံမဏိအရိုးဂိုဏ်းချုပ်သည် သူ့အား ငြင်းပယ်လိမ့်မည် မဟုတ်ချေ။

သိုပေမဲ့ ဆေးလုံးခိုးခြင်းကိစ္စသည် မအောင်မြင်ခဲ့သည့်အပြင် အိုက်မိသားစုမှ သူ့အားဖမ်းမိခဲ့ပြီး ဆိုးဆိုးရွားရွား ရိုက်နှက်ခဲ့သည်။

ဤအရာအားလုံးသည် မည်သည့်အတွက်ကြောင့်ဖြစ်ခဲ့သနည်း။

အရာအားလုံးသည် သူပိုမိုအားကောင်းလာစေရန်အတွက်ပင် ဖြစ်သည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်းရဲ့ စေ့စပ်ထားတဲ့ မိန်းကလေးက စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့တယ်။မင်း ဒါကို ခံနိုင်ရည်ရှိလား။"

ရှောင်ကျီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏နှုတ်ခမ်းသားကို ကိုက်လိုက်၏။

ကျွင်းချောင်ရှောင်းပြောလိုက်သည်။

"မင်း ဒီမိန်းမက အမြင်ကျဉ်းတဲ့ မိန်းမဖြစ်ကြောင်း တလောကလုံး သိအောင်လို မလုပ်ပြချင်ဘူးလား။ နိမ့်ကျတယ်ဆိုပြီး လူ တွေကို အနိုင်ကျင့်လိုမရဘူးဆိုတာကို အားလုံးကို မသိစေချင်ဘူးလား။"

"နိမ့်ကျတယ်ဆိုပြီး လူ တွေကို အနိုင်မကျင့်လို မရတာ ဟုတ်လား။"

ရှောင်ကျီ၏အမူအရာသည် လေးနက်သွားသည်။

သူ၏နှလုံးသားအား ထက်ရှလှသော ဓါးနဲ့ ထိုးခွဲလိုက်သလို ခံစားလိုက်မိ၏။

သူ၏တင်းတင်းကျပ်ကျပ်ဆုပ်ထားသော လက်သီးများ ပြန်လည်ပြေလျော့သွား၏။ လက်ဝါးထက်မှ သွေးများတစက်စက်ဖြင့် ကျဆင်းလာသည်။

"ကဲ ဆက်မပြောတော့ဘူး။မင်းသွားချင်တယ်ဆိုရင် ခုချက်ချင်းသွားလိုက်တော့။"

ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။

"ဘုတ်"

ရှောင်ကျိသည် ရုတ်တရပ်လှည့်ကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်၏။

သူ၏ပါးပြင်ထက်တွင် မျက်ရည်များနှင့် ပြည့်နှက်လျှက်ရှိသည်။ ပြီးနောက် ကျယ်လောင်စွာဖြင့် အားရပါးရအော်လိုက်၏။

"ဂိုဏ်းချုပ်ကျွင်း ကျွန်တော် သံမဏိအရိုးဂိုဏ်းထဲကို ဝင်ချင်ပါတယ်။ ကျွန်တော် ပိုပြီးတော့ အားကောင်းချင်တယ်။ ကျွန်တော်ဆုံးရှုးခဲ့တဲ့အရာတွေအားလုံးကို ပြန်ပြီးတော့ လိုချင်တယ်။"

ဤအချိန်မှာတော့ သူခံစားခဲ့ရသော နာကျင်မှုများသည် သူ၏အော်သံနှင့်အတူ ရောနှော၍ ပါဝင်လျှက်ရှိ၏။

လီချင်းယန် ၊ လုချင်းချင်းနှင့် ဂိုဏ်းထဲတွင်ရှိသော တပည့်များအားလုံးသည် ရှောင်ကျီအား ကြည့်လိုက်မိကြ၏။ အရပ်ခုနစ်ပေခန့်ရှိသော လူငယ်လေးတစ်ယောက်၏ မျက်နှာပေါ်မှ မျက်ရည်များကိုကြည့်၍ မည်သူမှ ပျက်ရယ် မပြုကြချေ။

"ဒင်"

"လက်ခံသူသည် သီးခြားတာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။"

"ဂိုဏ်းစုဆောင်းမှတ်ငါးမှတ်ရရှိသည်။"

"ဒင်"

ဂိုဏ်းစုဆောင်းမှတ် - ၃၄/၁၀၀။

"ဟူး …"

ကျွင်းချောင်ရှောင်းသည် သက်ပြင်းချလိုက်မိ၏။ ပြီးနောက် တွေးလိုက်မိသည်။

"နောက်ဆုံးမှာတော့ ဒီကောင်လေးကို ယုံကြည်မှုပြန်ရအောင် လုပ်ပေးနိုင်ခဲ့ပြီပဲ။"

ရှောင်ကျီ ဆေးဆောင်ထဲမှ ပြန်လည်ထွက်ခွာသွားပြီးသည့်နောက် စနစ်သည် သူ့အား သီးခြားတာဝန်တစ်ခုပေးခဲ့သည်။

ထိုတာဝန်သည် စိတ်ဓာတ်ကျနေသော ရှောင်ကျီအား ယုံကြည်မှုများပြန်လည်ရရှိအောင် ပြုလုပ်ပေးရန်ဖြစ်သည်။

"ချင်းယန်"

"ရှောင်ကျီ"

ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာ ပြောလိုက်၏။

"ဝင်ခွင့်အတွက် လုပ်စရာရှိတာတွေ သွားလုပ်။ပြီးတော့ သူ့ကို အပြင်ခြံဝန်းမှာရှိတဲ့ သွေးတွေကို ပြန်ပြီး သန့်ရှင်းရေးလုပ်ခိုင်းလိုက်။"

"ကောင်းပါပြီ။"

လီချင်းယန် အလောတကြီး ထွက်ခွာသွားခဲ့သည်။

သူသည် ဂိုဏ်းချုပ်၏စကားလုံးများကို အမှန်ပင် ချီးကျူးမိ၏။

ကျွင်းချောင်ရှောင်းသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲတွင်ရှိသော တပည့်များကို ကြည့်ကာ လေးလေးနက်နက်နှင့် ပြောလိုက်၏။

"မင်းတိုစိတ်ထဲမှာ မှတ်ထားကြပါ။ဒီကမ္ဘာကြီးမှာ ပါရမီရှင်နဲ့ အမှိက်ဆိုတာ မရှိဘူး။ သန်မာအားကောင်းစွာနဲ့ မွေးဖွားလာတယ်ဆိုတာမရှိဘူး။ မွေးဖွားလာပြီးနောက်မှာတော့ သန်မာအားကောင်းအောင် ပြုလုပ်ရတာပဲ ရှိတယ်။"

"ကောင်းပါပြီ။”

တပည့်များအားလုံးသည် သံပြိုင်အော်လိုက်ကြသည်။

သူတိုသည် ဂိုဏ်းချုပ် ပြောဆိုသည့် အကြောင်းအရာများကို နားလည်ကြ၏။

ဘဝသည် အနိမ့်အမြင့်အတက်အကျနှင့် ပြည့်နှက်လျှက်ရှိသည်။

နိမ့်ကျသည်ဆိုသည်နှင့် လူတွေကို အနိုင်မကျင့်ရ ဆိုသည့် စည်းမျဉ်းကို သူတိုနှလုံးသားထဲတွင် နားလည်သွားကြ၏။ သူတို၏သွေးများသည်လည်း ဆူဝေလျှက်ရှိ၏။

"ဂလု … ဂလု"

အဓိကဟောခန်းအတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် လက်ဖက်ရည်ခွက်ကိုကောက်ယူကာ မော့သောက်လိုက်၏။

ပြီးနောက် ထိုင်ခုံပေါ်တွင် ထိုင်၍ ပြောလိုက်မိ၏။

"အခြားသူတစ်ယောက်ကို ယုံကြည်မှုပြန်ရအောင်ပြုလုပ်ပေးနိုင်ခဲ့တယ်။ ငါ တကယ့်ကို စကားပြောကောင်းတဲ့ ကောင်ပဲ။"

စနစ်မှ ပြောလာသည်။

"ဂိုဏ်းတပည့်တွေရဲ့ပင်ကိုယ်စွမ်းရည်က မမြင့်မားကြ။ ယခု အမှိက်လိုလူတစ်ယောက်ကို လက်ခံခဲ့သည်။ ထိုကြောင့် ဂိုဏ်း၏ ဖွံဖြိုးတိုးတက်မှုကို နှောင့်နှေးစေမှာ သေချာသည်"

ကျွင်းချောင်ရှောင်းသည် မေးထောက်ကာ ပြုံး၍ ပြောလိုက်သည်။ "သူတိုကို အရမ်းအားကောင်းတဲ့ လူတစ်ယောက် ဖြစ်လာအောင်လို ပြုစုပျိုးထောင်နိုင်မယ်လို မထင်မိဘူးလား။"

စနစ်သည် ငြိမ်သက်သွား၏။

ကျွင်းချောင်ရှောင်းသည် ရှောင်ကျီ၏ယုံကြည်မှုများပြန်ရအောင် ပြုလုပ်ခဲ့ခြင်းသည် စနစ်ဆီမှ သီးခြားတာဝန်ကြောင့်ပင် ဖြစ်၏။

သိုပေမဲ့ ဂိုဏ်းအတွင်းသို ဝင်ရောက်ရန် လက်ခံခဲ့ခြင်းဆိုသည်မှာ ကိုယ်ချင်းစာတရားကြောင့်ဟုပြောလျှင် ပို၍မှန်ပေလိမ့်မည်။

ထိုအပြင် အရင်ပါရမီရှင်တစ်ယောက်သည် အမှိက်လိုလူတစ်ယောက် ဖြစ်သွားခဲ့သည်။ စေ့စပ်ပွဲလည်း ဖျက်သိမ်းခဲ့ရသည့်အပြင် မိသားစုဆီမှလည်း နှင်ထုတ်ခံခဲ့ရ၏။ ဤအရာသည် အလွန်အမင်း နာကျင်ဖွယ်ရာ ကောင်းလွန်းလှ၏။

"ဂိုဏ်းချုပ် …"

လီချင်းယန်သည် လျှောက်ဝင်လာပြီး ဝင်ခွင့်ဖောင်အား ကမ်းပေးလိုက်၏။

"ဂျူနီယာညီလေး ရှောင်ကျီ ဝင်ခွင့်ဖောင် ဖြည့်ပြီးသွားပြီ။"

ရှန်းကျီသည် စာရွက်အားယူ၍ကြည့်လိုက်ကာ ဂိုဏ်းချုပ်၏စည်းတံဆိပ်အား ထုနှက်လိုက်၏။

"ဒင်"

"ဂိုဏ်းအဖွဲဝင် - ၁၀၀/၁၀၀"

"ဂိုဏ်းစုဆောင်းမှတ် - ထပ်မရ"

"ဂိုဏ်းစုဆောင်းမှတ် ထပ်မရတော့ဘူးလား။"

"ဂိုဏ်း၏အဖွဲဝင်က သတ်မှတ်ထားသော အရေအတွက်ကို ရောက်ရှိပြီးဖြစ်သည်။ဂိုဏ်းသားတွေ သေဆုံးသွားခြင်း ဖြစ်စေ၊ ဂိုဏ်းမှ ထွက်ခွာသွားခြင်း ဖြစ်စေ။ ထိုအရာများသည် ရှိနှင့်ပြီးသော ကွက်လပ်အားဖြည့်ခြင်းနှင့် ဆင်တူသည် ။ ထိုကြောင့် ဂိုဏ်းစုဆောင်းမှတ် ထပ်မရနိုင်ပါ"

"ကောင်းပြီ။"

ကျွင်းချောင်ရှောင်း ခေါင်းကိုခါယမ်းလိုက်မိ၏။

"ဒင်"

စနစ်သည် ဂိုဏ်း၏အဖွဲဝင်များပြည့်နေသည်ကို စစ်ဆေးမိ၏။

ဂိုဏ်းတာဝန်အသက်ဝင်ခဲ့သည်။”

သတိပေးချက်ကိုအကြောင်းကြားတော့ ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။

ဂိုဏ်းတာဝန်မရှိခဲ့သည်မှာ ဂိုဏ်းအဖွဲဝင်မပြည့်စုံသောကြောင့် ဖြစ်နေလေ၏။

သူမြန်မြန်ပဲ ပြိုင်စံရှားဂိုဏ်းစနစ်ကိုဖွင့်၍ ဂိုဏ်းတာဝန်ဆိုသောနေရာကို ကြည့်လိုက်မိ၏။

"ချင်းယန်ရွာမှ အန်တီမိုင်အားကူညီ၍ သူမ၏ခြံဝန်းကို ရှင်းလင်းရန်။”

“ချင်းယန်ရွာမှ အန်တီစွန်း၏သီးနှံခင်းများကို ရေလောင်းပေးရန်။”

“ချင်းယန်ရွာမှ ရွာသားများအား စာရေးသား ကူပေးရန်။”

"ချင်းယန်ရွာမှ ရှောင်ထမ်းကိုကူညီ၍ ပျောက်ဆုံးနေသော အဝါလေး ကို ရှာဖွေပေးရန်”

“ချင်းယန်ရွာမှ ရွာသားများကိုကူညီ၍ ရွာကိုဒုက္ခပေးလျှက်ရှိသော မြေကမ္ဘာဝံပုလွေအား ဖြေရှင်းပေးရန်။"

တာဝန်များသည် များပြားလှပြီး အနည်းဆုံးလေးဆယ်မှ ငါးဆယ်လောက်ထိရှိ၏။

တွေ့လိုက်ရသောစာသားများကို ကြည့်ပြီးနောက် ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ်တုန်ရင်သွားရ၏။

"ဂိုဏ်းတာဝန်ဆိုပြီး ဒါကဘယ်လိုသောက်တလွဲအရာတွေလဲ"

စာစဉ် (၃) ပြီး၏။

All Chapters