အခန်း (၄၂)
Vol. 4 Ch. 42
တာဝန်တွေကို မြင်ပြီးတဲ့နောက် ကျွင်းချောင်ရှောင်း ဆွံအသွားမိသည်။
ချင်းယန်ရွာ၏ ရွာသားများကို ကူညီပြီး သန့်ရှင်းရန်။ ကြက်ချေးများ ကြုံးရန်။ ဟင်းသီးဟင်းရွက် စိုက်ခင်းများ ရေလောင်းပေးရန်။ စာကူရေးပေးရန်။ ဤထက်ပို၍ လေးနက်သော ဂိုဏ်းတာဝန်များ မရှိဘူးလား။
စနစ်မှ ပြောလိုက်သည်။ “လက်ခံသူအနေဖြင့် တာဝန်များကို မခက်ခဲဘူးဟု ထင်မှတ်လျှင် တာဝန်စာရင်းအောက်သို့ဆွဲ၍ အသစ်တစ်ခုဖြင့် ပြောင်းလဲနိုင်သည်။”
"ဒါဆိုရင် ငါက ဂိုဏ်းစုဆောင်းမှတ်တွေ သုံးရမှာလား။"
"ဆယ်မှတ်ကုန်မှာပါ။"
"ဒါဆိုရင် ထားလိုက်တော့။"
ကျွင်းချောင်းရှောင်းသည် တာဝန်များကို ထပ်၍ ကြည့်လိုက်သည်။
ပြီးနောက် သူ၏ မေ့စေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။
"တံမြက်စည်းလှည်းပြီး ကြက်ချေးတွေ ကြုံးပေးရတာပဲ။ ဒါ သိပ်ပြီး ခက်ခဲတဲ့အရာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီမှာ တာဝန်တွေ အများကြီးရှိတယ်။ ဒါတွေအကုန်လုံးကို ငါတစ်ယောက်တည်း လုပ်မယ်ဆိုရင် အချိန်တွေ အများကြီး ကုန်မှာပေါ့။"
စနစ်မှ သူ့အား သတိပေးလာသည်။ “ဂိုဏ်းတာဝန်ဆိုတာ ဂိုဏ်း၏ တပည့်များ ပြုလုပ်ရသည့် အရာဖြစ်သည်။ လက်ခံသူအနေဖြင့် အဓိကတာဝန်ကိုသာ ပြုလုပ်ရန် လိုအပ်သည်။”
"ငါ သိပြီ။"
သူ့တွင် သူ၏ ကိုယ်ပိုင်တာဝန်ရှိသလို ဂိုဏ်း၏ တပည့်များတွင်လည်း သူတို့၏ ကိုယ်ပိုင်တာဝန်များ ရှိကြသည်။ စနစ်သည် တာဝန်နှင့် ပတ်သက်၍ သေသေချာချာ ခွဲခြားထား၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ဒီတာဝန်တွေရဲ့ အနောက်မှာ ရှိတဲ့ ကြယ်တစ်လုံး၊ နှစ်လုံး ဒါတွေက ဘာအဓိပ္ပါယ်တုန်း။ ကြယ်များရင် ရမယ့်ဆုလဒ်က ပိုပြီး ကောင်းမယ်လို့ ဆိုလိုတာလား။
"ဒါ အမှန်ပါပဲ။"
စနစ်မှ ထပ်ပြောလိုက်သည်။
"ကြယ်အရေအတွက်များမည် ဆိုလျှင် တာဝန်ကို ပိုပြီး ပြည့်စုံစေရန် ခက်ခဲမှာ ဖြစ်သည်။"
" နားလည်ပြီ။"
ကျွင်းချောင်ရှောင်းသည် သူ၏ ထိုင်ခုံလက်ရန်းအား လက်ဖြင့် ရိုက်ပြီး ထရပ်လိုက်သည်။ ပြီးနောက် အပြင်းကျောဆန့်ကာ ပြောလိုက်သည်။
"ချင်းယန် တပည့်တွေအားလုံးကို လေ့ကျင့်ရေးကွင်းမှာ စုဖို့ ပြောလိုက်။ ငါ တာဝန်ပေးစရာရှိတယ်။"
"ကောင်းပါပြီ။"
လီချင်းယန် သည် အမိန့်ကို ရရှိပြီးနောက် ပြန်ပြောလိုက်သည်။ ထို့နောက် မကြာခင်မှာပဲ သူ ဇဝေဇဝါ ဖြစ်မိသွားသည်။
"တာဝန်ဟုတ်လား။"
လေ့ကျင့်ရေးကွင်းမှာတော့ ရှိရှိသမျှသော တပည့်များသည် ညီညီညာညာဖြင့် စီတန်းရပ်လျှက် ရှိကြသည်။
ထိုအထဲတွင် ရှောင်ကျီ လည်း ပါ၏။ သူသည် ရေမိုးချိုးထားရုံသာမက သံမဏိအရိုးဂိုဏ်း၏ ဝတ်စုံကိုပါ ဝတ်ဆငိထားသည်။ အရင်တုန်းက အထူးပါရမီရှင် ဖြစ်ခဲ့ဖူးသော ရှောင်ကျီသည် သူ၏ ဆံပင်များကို စည်းနှောင်မထားဘဲ နောက်ကျောဘက်တွင် ဖြန့်ကာထား၏။ မျက်နှာ အမူအရာမှာ ပန်းပုရုပ်တစ်ခုလို ရှင်းလင်းလှ ပြီး သူ့အား လက်ရှိ ပါရမီရှင်တစ်ယောက်ဟုပင် ထင်မှတ်မှားနိုင် အောင် အဟိတ်အဟန် နှင့် ဥပဓိရုပ် ကောင်းလှသည်။
သို့ပေမဲ့ ငါးနှစ်လောက်ကြာအောင် လောကကြီး၏ အေးစက်မှုကို ခံစားခဲ့ရသည် ဖြစ်သောကြောင့် သူ၏ မျက်လုံးပေါ်တွင် အေးစက်သည့် အရိပ်အယောင်များ တည်ရှိနေ၏။ သူ့နားမှာ ရှိသော တစ်ခြားတပည့်များနှင့် အံ့ဝင်ခွင်ကျဖြစ်နေသည်ကို မမြင်ရချေ။
ရှောင်ကျည့်၏ ယုံကြည်မှုသည် ခဏတာ ပြန်ရရှိထားခြင်းဖြစ်ကြောင်း ကျွင်းချောင်ရှောင်း နားလည်၏။
သူ့အနေနှင့် အလုံးစုံ ပြန်၍ ကိုယ့်ကိုကိုယ် ပြန်လည်ယုံကြည်မှု ရရှိဖို့ဆိုလျှင် အချိန်အနည်းငယ် ယူရပေလိမ့်မည်ဆိုသည်ကိုလည်း ကျွင်းချောင်ရှောင်း ကောင်းကောင်းနားလည်မိသည်။
"ဂိုဏ်းချုပ်။"
လီချင်းယန် ပြောလိုက်သည်။
"တပည့်တွေ အားလုံးစုံပါပြီ။"
အဟန့် အဟန့်။
ကျွင်းချောင်ရှောင်းသည် အဓိက ဟောခန်း၏ အပြင်ဘက်တွင်ရပ်၍ သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ ခပ်တည်တည်ပဲ ပြောလိုက်သည်။
"မင်းတို့က သံမဏိအရိုးဂိုဏ်းထဲကို ဝင်ခဲ့တာ အချိန် အနည်းငယ် ရှိပြီ။ ဒီတော့ မင်းတို့ အတွက် ငါ အစားအသောက်တွေ၊ နေရေးစားရေး၊ ကျင့်ကြံခြင်း နည်းစနစ်တွေ အကုန်လုံးကို ထောက်ပံ့ပေးခဲ့တယ်။ ဒါနဲ့ ပတ်သတ်ပြီး စိတ်ကျေနပ်ရဲ့လား။"
"စိတ်ကျေနပ်ပါတယ်။"
တပည့်များအားလုံးသည် သံပြိုင်ပြောလိုက်ကြ၏။
သူတို့သည် အစားအသောက်နှင့် ပတ်သက်၍ စိတ်ကျေနပ်ရုံတင်မက သူတို့သည် အရမ်းအားကောင်းလှသော ကျင့်ကြံခြင်း နည်းစနစ်ကိုလည်း ရရှိခဲ့ကြသည် မဟုတ်လော။
ကျွင်းချောင်းရှောင်း၏ အမူအယာသည် ရုတ်တရက်ဆိုသလိုပဲ လေးနက်သွားသည်။
"ဒါပေမဲ့ ငါ မင်းတို့အားလုံးကို ဒီအတိုင်းဆက်ပြီး ကျွေးမွေးထားနိုင်မလား မသေချာဘူး။"
တပည့်များ အားလုံးသည် ကြောင်သွားကြ၏။
ပြီးနောက် ဇဝေဇဝါဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြသည်။
ဘေးတစ်ဖက်တွင်ရှိသော လုချင်းချင်းသည် အသာလှမ်း၍ ပြောလိုက်သည်။
"ဂိုဏ်းချုပ် တစ်ခုခုပြောစရာရှိရင် ပြောသာပြောလိုက်ပါ။"
ဤမိန်းကလေးသည် အရင်တုန်းက အတိုင်းပဲ ဖြစ်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"မင်းတို့က သံမဏိအရိုးဂိုဏ်းရဲ့ ဂိုဏ်းဝင်တွေ ဖြစ်လာကြပြီဆိုတော့ မင်းတို့အနေနဲ့ ဂိုဏ်းကြီးတစ်ခုလုံးရဲ့ စည်ပင် တိုးတက်ဖို့အတွက်ကိုတော့ လုပ်ဆောင်ဖို့ သင့်တယ်။"
"ဂိုဏ်းအတွက် ကျွန်တော်တို့ရဲ့ အသက်ကို ပေးဆပ်ဖို့ စိတ်ဆန္ဒ ရှိပါတယ်။"
တပည့်များအားလုံးသည် သံပြိုင်အော်လိုက်ကြ၏။
ကျွင်းချောင်ရှောင်း ခေါင်းညိတ် ကာ ပြောလိုက်သည်။
"လက်ရှိမှာ ချင်းယန်ရွာသားတွေက ပြဿနာတစ်ချိုနဲ့ ကြုံတွေ့နေရတယ်။ ဒီတော့ ငါ မင်းတို့ကို လွှတ်ပြီးတော့ ကူညီခိုင်းစေချင်တယ်။ ဒါမှ သံမဏိအရိုးဂိုဏ်းရဲ့ ဂုဏ်သိက္ခာက တိုးတက်လာမှာ။"
"ကောင်းပါပြီ။"
"တပည့်များ အားလုံးသည် သံပြိုင် အော်ဟစ်လိုက်ကြသည်။"
"ချင်းရန်။"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။
"ချင်းယန်ရွာထဲမှာရှိတဲ့ ရွာသားတော်တော်များများက စာမတတ်ကြဘူး။ မင်း သူတို့ကို ကူညီပြီးတော့ စာသွားရေးပေးလိုက်။"
လီချင်းယန် ဆွံအသွားမိ၏။
သူသည် ကျော်ကြားလှသော မိသားစုထဲမှ မွေးဖွားလာခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ကျိန်းသေပေါက် မည်သို့ စာရေးရ ၊ ဖတ်ရမည်ကို သိရှိ၏။ သို့ပေမဲ့ ဂိုဏ်းခေါင်းဆောင်ပေးအပ်သော တာဝန်သည် တစ်ခြားအရာ မဟုတ်ဘဲ ရွာသားများ အတွက် စာရေးပေးရမည့် အလုပ် ဖြစ်လို့နေ၏။
"မင်း မလုပ်ချင်ဘူးလား။"
"လုပ်ချင်တာပေါ့။"
လီချင်းယန် မြန်မြန်ပဲ ပြန်ပြောလိုက်သည်။
ဒင်။
ဂိုဏ်းတာဝန် လက်ခံသည်။
တာဝန်မိတ်ဆက်ခြင်း။
ချင်းယန်ရွာ တွင်ရှိသော စာသင်သားကျောက်သည် အဖျားရောဂါပိုးကို ခံစားနေရ၏။ ရွာသားများအနေနှင့် သူ့နေရာကို အစားထိုးပေးရန် လူတစ်ယောက် လိုအပ်နေ၏။
သုံးရက်တိတိ စာသွားကူပေးရန်။
တပည့် - လီချင်းယန်။
တာဝန်အတွက် ဆုလာဒ် - တာဝန်ပြည့်စုံပြီးလျှင် လက်ခံသူသည် အောင်မြင်မှု အမှတ်တစ်မှတ်ရမည်ဖြစ်ပြီး ဂိုဏ်းစုဆောင်းမှတ် တစ်မှတ် ရရှိမည်။
"ဂိုဏ်းစုဆောင်းမှတ်လည်း ရသေးတာလား။"
ကျွင်းချောင်ရှောင်း ပျော်သွား၏။
ပြီးနောက် ပြောလိုက်သည်။
"ချင်းယန် …. ချင်းယန်ရွာမှာရှိတဲ့ ကျောင်းတော်သားကျောက်က ဖျားနေတယ်။ မင်း သူ့အစား ရွာသားတွေကို ကူညီပြီး သုံးရက်တိတိ စာရေးပေးလိုက်။"
"သုံးရက် ဟုတ်လား။"
လီချင်းယန်၏ နှုတ်ခမ်းများသည် တစ်ဆတ်ဆတ် နှင့် တုန်ယင်သွား၏။
"ချင်းချင်း။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ချင်းယန်ရွာမှာရှိတဲ့ အန်တီဝမ်က ငါ့အပေါ်အရမ်းကောင်းတယ်။ သူမကို ကူညီပြီးတော့ ခြံဝင်းတွေ ရှင်းပေးလိုက် ၊ အိမ်အလုပ်တစ်ချို့ ကူလုပ်ပေးလိုက်။"
လီချင်းယန် ရုတ်တရက်ဆိုသလိုပဲ သက်တောင့်သက်သာ ဖြစ်သလို ခံစားမိလိုက်၏။
စီနီယာအစ်မ၏ သန့်ရှင်းရေးနှင့် အိမ်အလုပ် တာဝန်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် သူ၏ စာရေးကူရမည့်အလုပ်သည့် ဘာမှ ပြောပလောက်သည့်အရာ မဟုတ်ပေ။
"ကျွန်မ အဲဒါတွေမလုပ်တတ်ဘူး။"
လုချင်းချင်းသည် အေးစက်စက် မျက်နှာဖြင့် ပြောလိုက်သည်။
ဂိုဏ်းချုပ်ကျွင်း ပြန်ပြောလိုက်၏။
"မလုပ်တတ်ရင်သင်ပေါ့။"
"ကျွန်မ မသွားလို့မရဘူးလား။"
"မင်း သွားကို သွားရမယ်။ ဒါ မင်းရဲ့ တာဝန်ပဲ။ ပြီးတော့ ဒါ ငါ့ရဲ့ အမိန့်လည်း ဖြစ်တယ်။"
"ကောင်းပါပြီ။"
လုချင်းချင်း ပြန်ပြောလိုက်သည်။
ဒင်။
ဂိုဏ်းတာဝန် မိတ်ဆက်ခြင်း။
တာဝန်မိတ်ဆက်။
ချင်းယန်ရွာ၏ အန်တီဝမ်အား ကူညီ၍ ခြံဝင်းအား သန့်ရှင်းပေးရန်။ ပြီးနောက် အိမ်အလုပ်များ လုပ်ကိုင်ရန် ငါးရက်။
လက်ခံသည့်တပည့် လုချင်းချင်း။
တာဝန်၏ ဆုလဒ် - တာဝန်ပြီးမြောက်သွားမည်ဆိုလျှင် လက်ခံသူသည် အောင်မြင်မှု တစ်မှတ်နှင့် ဂိုဏ်းစုဆောင်းမှတ် တစ်မှတ်ကို ရရှိလိမ့်မည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"အန်တီဝမ်ကို ကူညီပြီးတော့ အိမ်အလုပ်တွေ ငါးရက်တိတိ ကူလုပ်ပေးလိုက်။"
"ငါးရက်တောင်လား။"
လုချင်းချင်း မျက်မှောင်ကုတ်သွားမိ၏။
ကျွင်းချောင်းရှောင်းသည် အောက်တွင် ရှိသော တပည့်များကို လှမ်းကြည့်လိုက်၏။
ပြီးနောက် သူ၏အကြည့်သည် ရှောင်ကျီ ဆီသို့ ကျရောက်သွား၏။
"ရှောင်ကျီ ချင်းယန်ရွာမှာရှိတဲ့ အန်တီစွန်းက ကောင်းကောင်းလမ်းမလျှောက်နိုင်ဘူး။ မင်း သူ့ကို ကူညီပြီးတော့ အိမ်သာတွင်း ကျူံးပေးလိုက်။ ပြီးတော့ ဟင်းသီးဟင်းရွက်တွေ ရေလောင်းပေးလိုက်။"
အခြားသော တပည့်များ “......”
"ကောင်းပါပြီ။"
ရှောင်ကျီ ပြန်လည်တုန့်ပြန်လိုက်၏။
စနစ်ဆီမှ တာဝန်သတိပေးချက်များ ထွက်ပေါ်လာချိန်မှာပဲ ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"အဒေါ်စွန်းကို ကူညီပြီးတော့ ငါးရက်တိတိ အိမ်သာတွင်းကျုံးပေးလိုက်။ ဒါကို လေ့ကျင့်ရေးလုပ်တယ်လို့ သဘောထားလိုက်။"
တပည့်များ အားလုံးသည် ထပ်မံ၍ ဆွံအသွားမိကြသည်။
ခန္ဓာကိုယ်ကို လေ့ကျင့်ရန်အတွက် နည်းလမ်းပေါင်း မြောက်များစွာ ရှိကြသည်။ ရေပုံးထမ်းခြင်း၊ သစ်ခုတ်ခြင်း စသည့်အရာများဖြစ်သည်။ သို့ပေမဲ့ ချေးကျုံးခိုင်းခြင်းဆိုသည်မှာ အနည်းငယ် ထူးဆန်းလွန်းနေ၏။
နောက်ခံအနည်းငယ်ရှိသော တပည့်များအနေဖြင့် ချေးကျုံးခိုင်းခြင်းကို လုပ်ကိုင်နိုင်လိမ့်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ညစ်ပတ်ပြီး နံစော်နေသောကြောင့် ဖြစ်သည်။
သို့သော် ရှောင်ကျီ သည် ထိုအရာများကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။
“ဂိုဏ်းချုပ် ကျွန်တော် နားလည်ပါပြီ။”
"စုရှောင်မို။"
ကျွင်းချောင်ရှောင်ပြောလိုက်သည်။
"ချင်းရန်ရွာရဲ့ ဦးလေးကို ကူညီပြီးတော့ ပျောက်နေတဲ့ အဝါလေးကို ကူရှာပေးလိုက်။"
စုရှောင်မို သည် ကျွင်းချောင်ရှောင်း၏ တတိယမြောက်တပည့်လည်း ဖြစ်၏။ သူသည် ပိန်ပါး၍ အရပ်သိပ်မရှည်လှသော်လည်း အထူအပါးနားလည်၍ ဉာဏ်ပြေးသော လူတစ်ယောက်လည်း ဖြစ်၏။
ထို့ကြောင့် အရာဝတ္ထု ရှာဖွေရေးတွင် သင့်တော်သည့် လူတစ်ယောက် ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။
"ကောင်းပါပြီ။
စုရှောင်မို အမိန့်နာခံလိုက်၏။
စနစ်ဆီမှ သတိပေးချက်ကို ရပြီးသည့်နောက် ကျွင်းချောင်ရှောင်း ထပ်ပြောလိုက်သည်။
"အဝါလေးဆိုတာ ခွေးတစ်ကောင်ပဲ။ သူပျောက်နေတာ နှစ်ရက်လောက်ရှိပြီ။ ရွာထဲမှာ မင်း ရှာလို့မတွေ့ဘူးဆိုရင် တောင်တွေဆီသွားပြီးရှာ။"
"ကောင်းပါပြီ။"
ဂိုဏ်းချုပ်ကျွင်းသည် တစ်ခြားသော တပည့်များအား ဆက်လက်၍ တာဝန်တွေပေးနေသည်။
ထူးဆန်းစွာဖြင့် တာဝန်များအားလုံးသည် ချင်းယန်ရွာကို ကူညီရန်သာ ဖြစ်လို့နေ၏။
တစ်ချို့သော ကြယ်သုံးပွင့်နှင့် ကြယ်နှစ်ပွင့် တာဝန်များသာ ကျန်ရှိတော့သည်။
မကြာခင်မှာပဲ ကျွင်းချောင်ရှောင်းသည် တာဝန်နှစ်ဆယ်အား ခွဲဝေပေးခဲ့ပြီ ဖြစ်၏။ သူသည် ကြယ်သုံးပွင့် အဆင့်တာဝန်များကိုသာ ချန်ထားခဲ့၏။
မြေကမ္ဘာ မီးဝံပုလွေကို သတ်ဖြတ်ခြင်းဆိုသည့် တာဝန်မှာ အနည်းငယ် ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် ရိုးရှင်းလှသော တာဝန်များကိုသာ အရင်ဆုံး ချပေးရန် သူ စီစဉ်ထား၏။
ပြီးနောက်မှသာ တပည့်များကို ထိုတာဝန်များကို လုပ်ကိုင်စေလိမ့်မည်။
ဖြောင်း ဖြောင်း။
ကျွင်းချောင်းရှောင်းသည် လက်ခုပ်တီးကာ ပြောလိုက်၏။
"တာဝန် လက်ခံရရှိတဲ့ တပည့်တွေက အခုချက်ချင်း ထွက်ခွာသွားကြတော့။ တာဝန်လက်ခံမရရှိသေးတဲ့ တပည့်တွေက ဂိုဏ်းထဲမှာ ဆက်ပြီးတော့ ကျင့်ကြံ။"
"ကောင်းပါပြီ။"
တပည့်များအားလုံးသည် သံပြိုင် ပြောဆိုလိုက်ကြ၏။
"ရှောင်ကျီ အဓိက ဟောခန်းထဲကို လာခဲ့ဉီး။"
တပည့်များ အားလုံး ထွက်ခွာသွားချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရှောင်ကျီ အား ခေါ်လိုက်၏။
အဓိက ဟောခန်းထဲသို့ ဝင်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သစ်သားထိုင်ခုံပေါ်သို့ ထိုင်လိုက်သည်။
"ငါ ပေးခဲ့တဲ့ တာဝန်နဲ့ ပတ်သက်ပြီး ငြင်းချင်သေးလား။"
ရှောင်ကျီ ပြန်ပြောလိုက်သည်။
"ငြင်းစရာ မရှိပါဘူး။"
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံလက်ရန်းပေါ်တွင် လက်တင် မေးထောက်ကာ ပြောလိုက်သည်။
"ဒီအလုပ်က နည်းနည်း ညစ်ပတ်တယ်ဆိုပေမယ့် ကောင်းကင်က ပေးတဲ့ တာဝန်လို့ သဘောထားသင့်တယ်။ အရင်ဆုံး မင်း အနေနဲ့ စိတ်ခံစားချက်တွေ ခံစားရလိမ့်မယ်။ ပြီးရင် မင်းရဲ့ ကြွက်သားနဲ့ အရိုးတွေ နာကျင်လာလိမ့်မယ်။ ဒါကို အသားကျအောင် ပြုလုပ်ပါ။"
"တပည့်မှတ်ထားပါ့မယ်။"
ရှောင်ကျီ ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်အား လှမ်းပစ်ပေးပြီး ပြောလိုက်သည်။
"ဒါ ငါတို့ဂိုဏ်းရဲ့ နတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ်ပဲ။ ဒါကိုယူပြီးကျင့်ကြံလိုက်။ မင်း နားမလည်တာ ရှိရင် ငါ့ကို မေးလို့ရတယ်။ ဒါမှမဟုတ် စီနီယာအစ်ကိုတွေကိုလည်း မေးလို့ရတယ်။"
"နတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ် ဟုတ်လား။"
ရှောင်ကျီ သည် လျှို့ဝှက်နည်းစနစ်အား လှမ်းဖမ်းယူလိုက်၏။
သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်လျှက် ရှိသည်။
"မှတ်ထား။ ဒါ ငါတို့ဂိုဏ်းရဲ့ ကျင့်ကြံခြင်း နည်းစနစ်ပဲ။ မင်းအနေနဲ့ တစ်ခြားလူတွေကို ထုတ်ဖော် ပြောကြားလို့မရဘူး။"
"တပည့်နားလည်ပါပြီ။"
"ဒါဆို ချင်းယန်ရွာကိုသွားပြီး အန်တီစွန်းဆီမှာ အိမ်သာကျွင်း တူးပေးလိုက်။"
"ကောင်းပါပြီ။"
အဓိကဟောခန်းထဲမှ ထွက်ခွာသွားပြီး ရှောင်ကျီ သည် စာအုပ်ပေါ်တွင် ရေးသားထားသော “ရီကျင်ကျင်း” ဟူသော စာလုံး သုံးလုံးအား ကြည့်လိုက်၏။
ပြီးနောက် သူသည်စိတ်ထဲတွင် မထိန်းသိမ်းထားနိုင်တော့ ဟန်ဖြင့် ပြောလိုက်သည်။
"ဒါ တကယ်ပဲ နတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ် တစ်ခုလား။"