← Chapters

အခန်း (၄၄)

Vol. 4 Ch. 44

အခန်း (၄၄)

Vol. 4 Ch. 44

သူ၏ တပည့်များ ချင်းယန်ရွာသို့ သွား၍ တာဝန်များ ထမ်းဆောင်နေချိန်မှာ သူသည် အလကားမနေပေ။

စဦးတပည့်အဆင့် စိတ်ဝိညာဉ်ချီ အစီအရင်အား ထုတ်ယူ၍ အသုံးပြုပုံအား ကြည့်လိုက်၏။

ပထဦးဆုံး သူ မြင်လိုက်ရသည်မှာ စဦးအသုံးပြုသူများအတွက် အကြံပြုချက်ဖြစ်သည်။

သူ ဆက်လက်၍ ဖတ်ရှုပြီး မကြာခင်မှာပဲ စိတ်ဝိညာဉ်စွမ်းအင် အစီအရင်အတွက် အလံတိုင် သုံးဆယ့်ခြောက်ခု စိုက်ထူရန်လိုအပ်ကြောင်း သိလိုက်ရ၏။

"ငါ စမ်းကြည့်ရမယ်။"

ကျွင်းချောင်ရှောင်းသည် ဟောခန်း အပြင်ဘက်သို့ ထွက်လိုက်၏။

ပြီးနောက် သိုင်းလေ့ကျင့်ကွင်း၏ နေရာလွတ်တစ်ခုဆီသို့ သွားကာ သတ်မှတ်ထားသော နေရာတွင် အလံတိုင် သုံးဆယ့်ခြောက်ခုလုံးကို အစီအစဉ်အလိုက် တစ်ခုချင်းဆီ ထိုးစိုက်လိုက်သည်။

ဒွီ။

နောက်ဆုံးအလံတိုင် ထိုးစိုက်ပြီးသည့်နောက်မှာတော့ မြေပြင်တစ်ခုလုံးသည် တုန်ခါသွားသည်။

အလံတိုင်များ၏ အောက်ခြေတွင် အပြာရောင် အလင်းတန်းတစ်ချို့ ပေါ်လာပြီး အလံတိုင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားသည်ကို ထင်ထင်ရှားရှား မြင်လိုက်ရ၏။

ရွီး …။

ခဏလောက်ကြာပြီးသည့်နောက် အပြာရောင် အလင်းတန်းများသည် ထောင့်လေးခုမှ ထွက်ပေါ်လာပြီး အစီအရင်လေးတစ်ခု ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း မြင်သာစေ၏။

"ဒါ တကယ့်ကို လွယ်တာပဲ။"

ကျွင်းချောင်ရှောင်းသည် အစီအရင်အား အသာ လက်ဖြင့် ကိုင်လှမ်းလိုက်သည်။

ပြီးနောက် အတွင်းသို့ သူ ဝင်ကြည့်လိုက်သည်။ အတွင်းမှာရှိသော တည်နေရာသည် အလွန်ပင် သေးငယ်၏။ စတုရန်းမီတာ ဆယ်မီတာလောက်သာ ရှည်သည်။ အပြင်ဘက်ဆီမှာ စိတ်ဝိညာဉ်စွမ်းအင်များနှင့် မခြားနားဘဲ ထပ်တူပင် ဖြစ်လို့နေ၏။

အသုံးပြုနည်း လမ်းညွှန်မှ ပြောဆိုသည်မှာ အစီအရင်အား အတွေးတစ်ချက်နှင့်ပင် အသက်သွင်း၍ ရသည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ထိုအရာအား စမ်းသပ်၍ အသက်မသွင်းခဲ့ချေ။

ထို့အပြင် မည်သို့အသက်သွင်းရန် ဂိုဏ်းစုဆောင်းမှတ် တစ်မှတ် လိုအပ်သည် မဟုတ်လား။

"ဒီစိတ်ဝိညာဉ်စွမ်းအင် အကူအညီက တပည့်တွေ အကူအညီပေးနိုင်လိမ့်မယ်။ ဂိုဏ်းရဲ့ တာဝန်တွေ ပြည့်စုံပြီးနောက်မှာ ငါ ဒါကို အသက်သွင်းရမယ်။ ပြီးရင် သူတို့ကို လေ့ကျင့်ခိုင်းရမယ်။ ဒီလို အစီအရင်မျိုးကို နေ့စဉ်နေ့တိုင်း လုပ်ဖို့ မတက်နိုင်တာ တစ်ခုပဲ ခက်တယ်။"

ကျွင်းချောင်ရှောင်း ခဏလောက်တွေးမိလိုက်၏။

ပြီးနောက် သူသည် ခုနစ်ရက်ပြည့်တိုင်း တစ်ခါ အသက်သွင်းပေးရန် ဆုံးဖြတ်ချက် ချလိုက်၏။

တပည့်များသည် ထိုမှသာ ခက်ခဲစွာ ရရှိသောသည့်အရာဖြစ်ကြောင်း လက်ခံသွားပေလိမ့်မည်။

“ငါ ဂိုဏ်းစုဆောင်းမှတ် တော်တော်များများ လိုအပ်သေးတာပဲ။ မဟုတ်ရင် ငါ ဒါကို နေ့တိုင်း အသက်သွင်းပေးလို့ရတယ်။ ဒါဆိုရင် တပည့်တွေရဲ့ ကျင့်ကြံခြင်းကလည်း နှစ်ဆပို၍ မြန်လာမှာပဲ။”

ကျွင်းချောင်ရှောင်း အပြင်ဘက်ဆီသို့ ပြန်လျှောက်လိုက်၏။

ထွက်ခွာလိုက်သည်နှင့် တစ်ပြိုင်နက် အပြာရောင် အစီအရင်သည် ပြန်လည်ပျောက်ကွယ်သွားတော့သည်။

………

နောက်တစ်ရက် လီချင်းယန်၊ လုချင်းချင်းနှင့် တစ်ခြားသော တပည့်များသည် ချင်းယန်ရွာသို့သွား၍ သူတို့၏တာဝန်များကို အသီးသီး ထမ်းဆောင်ကြသည်။

ကျွင်းချောင်ရှောင်းသည် သူ၏ နောက်ဆုံး မရီဒန်ဖွင့်ရန် မျှော်လင့်ချက်နှင့် “ရီကျင့်ကျင်း” နည်းစနစ်အား စတင် လှည့်ပတ် ကျင့်ကြံလိုက်တော့သည်။

လွန်ခဲ့သောညက သူသည် တစ်ညလုံး ကုန်သွယ်စတိုးထဲသို့ ဝင်၍ သူအဆင့်တက်နိုင်မည့် အရာတစ်ခုခုရှိမလားဆိုကာ ရှာဖွေခဲ့သေးသည်။

သို့ပေမဲ့ မည်သည့်အရာကိုမှ မတွေ့ရှိခဲ့သေးသောကြောင့် ခြေချိတ်ထိုင်ကာ တန်ခိုးကျင့်ရန် တစ်ခုသာလျှင် ကျန်ရှိတော့သည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ မရီဒန်များ ကျယ်ပြန့်လာသည်ကို ထင်ထင်ရှားရှား ခံစားမိ၏။ သူ၏ ခန္ဓာအားသည်လည်း အရင်ကထက် သန်မာလာကြောင်း သိသာလာ၏။

"အရင်ရက်တွေတုန်းကထက် ဘယ်လောက်တောင်မှ အားကောင်းနေပြီတုန်း မသိဘူး။"

သူ တီးတိုးရေရွတ်လိုက်မိ၏။

စနစ်မှ ပြောလိုက်သည်။

"အားအင်စမ်းသပ်ခြင်းစက်သည် စာအုပ်ကုန်သွယ်စတိုးထဲတွင်ရှိသည် ။ ထိုအရာအား ဝယ်ဖို့ ကြယ်ငါးပွင့် အဖြစ် အာမခံပါသည်။

ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွား၏။

"ငါ့ကို ဂိုဏ်းစုဆောင်းမှတ်တွေ ထပ်ပြီး သုံးခိုင်းနေတာလား။"

စနစ်မှ ပြောလိုက်သည်။

"အားအင်စမ်းသပ်စက်ဆိုတာ ဂိုဏ်းချုပ်ရော တပည့်တွေရော အကုန်လုံး အသုံးပြုလို့ရနိုင်သည်။ ဒါက ဂိုဏ်းအတွက် မရှိမဖြစ် အသုံးလိုသော ပစ္စည်းဖြစ်သည်။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"အဆင့်တိုးတက်လာတယ်ဆိုတာ အားအင်တိုးတက်လာဖို့အတွက်ပဲ။ ဒီတော့ ပြောရမယ်ဆိုရင် အားအင်စမ်းသပ်ခြင်းစက်ကို ဝယ်ဖို့ လိုအပ်တာပဲ။"

သူသည် ကျွမ်းကျင်စွာပဲ စနစ်ဆီမှ ကုန်သွယ်စတိုးထဲသို့ ဝင်လိုက်၏။ ပြီးနောက် စွမ်းအင်စမ်းသပ်ခြင်းစက်ကို ဝယ်ယူလိုက်တော့သည်။

စက်၏ မိတ်ဆက်ပုံစံမှာ ရိုးရှင်းလှ၏။

စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းပြီး လက်သီးဖြင့် ထိုးရန်သာ ဖြစ်သည်။

"ငါဝယ်မယ်။"

“ဒင်။

လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်အား အသုံးပြုရန် စွမ်းအင်စွမ်းသပ်ခြင်းစက်ကို ဝယ်ယူခဲ့သည်။

ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပြီး ဖြစ်သည်။”

ဂိုဏ်းစုဆောင်းမှတ် ၂၄/၁၀၀။

ဟောခန်း၏ အပြင်ဘက်ဆီသို့ ကျွင်းချောင်ရှောင်း ထွက်လိုက်၏။

ပြီးနောက် အားအင်စမ်းသပ်ခြင်းစက်အား ဆင့်ခေါ်လိုက်သည်။

ဤအရာသည် မတ်မတ်ရပ်ထားသော သဲအိတ်တစ်ခုနှင့် ထူးမခြားနားလှပေ။ သူတွန်းကြည့်သော်လည်း တစ်ချက်လေးမှ လှုပ်ရှား မသွားခဲ့ပေ။

စနစ်မှ ပြောလိုက်သည်။

“ဤအရာသည် လက်ခံသူသာ သိမ်းဆည်း၊ ရွေ့ပြောင်း၍ ရလိမ့်မည်။ မည်သူတစ်ဦးတစ်ယောက်ကမှ ရွေ့ပြောင်း တွန်းဖယ်၍ မရနိုင်ပေ။”

“ဪ ဒီလိုကိုး။”

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်၍ ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။

"ငါရဲ့ အားအင် ဘယ်လောက်ရှိလဲဆိုတာ ငါ စမ်းကြည့်ရမယ်။"

သူ သွေးပူလေ့ကျင့်ခန်း လုပ်ပြီးသည့်နောက် အသက်ကို ပြင်းပြင်းရှူကာ ညာလက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

သူ၏ လက်ကောက်ဝတ်ပေါ်မှာ အလင်းတန်း ဆယ့်တစ်ခု ဖြစ်တည်လာ၏။

ကျား ….။

ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းတက်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းထားသော သူ၏ လက်သီးဖြင့် အားအင်စမ်းသပ်ခြင်းစက်အား ထိုးချလိုက်တော့သည်။

ပတ်ဝန်းကျင်တွင် ရှိသော လေထုပင် ကွဲအက်သွားသည်။

သို့ပေမဲ့ အားအင်စမ်းသပ်ခြင်းစက်သည် တစ်ချက်လေးမှ မလှုပ်ရှားခဲ့ပေ။

စက်၏ ထိပ်မျက်နှာပြင်တွင်တော့ ထောင့်ရှစ်ရာဟူသော ဂဏာန်းတစ်ခု ပေါ်ပေါက်လာသည်။

"ထောင့်ရှစ်ရာဂျင် …. ဟုတ်လား။ မဆိုးဘူးပဲ။"

စနစ်မှ ပြောလိုက်၏။

“စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်တစ် ကျင့်ကြံသူတစ်ယောက်၏ ပျမ်းမျှအားအင်သည် ထောင့်ငါးရာ ဖြစ်သည်။ လက်ခံသူက သူတို့ထက်ပိုပြီးတော့ သုံးရာဂျင်း အားကောင်းသည်။”

"သုံးရာဂျင်းတည်းလား။"

ကျွင်းချောင်ရှောင်း ခေါင်းခါယမ်းလိုက်သည်။

သူ ဤကဲ့သို့သာ စိတ်အလိုမကျဖြစ်နေသည်ကို တစ်ခြားသော သိုင်းပညာရှင်တစ်ယောက်ယောက်သာ မြင်ပါက ကျိန်းသေပေါက် ထဆဲပေလိမ့်မည်။

အကိုကြီး သာမန်ထက် သုံးရာဂျင်းတောင် ပိုပြီးတော့ အားကောင်းသွားတာလေ။ ဒါကိုတောင် မကျေနပ်သေးဘူးလား။

စနစ်မှ သုံးသပ်လိုက်၏။

"လက်ခံသူ၏ ခန္ဓာကိုယ်က အားနည်းသေးသည်။ ပင်ကိုယ်စွမ်းရည်ကလည်း အမှိုက်တစ်ခုလိုပင် ဖြစ်သည်။ ထို့ကြောင့် ဂျင်းသုံးရာကို ပိုမိုထုတ်ဖော်နိုင်သည်ဆိုသည်မှာ ရီကျင်ကျင်းနည်းစနစ်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။"

"ဒါဆိုလည်း ဆက်ပြီး ကျင့်ရတာပေါ့။"

ကျွင်းချောင်ရှောင်းသည် ခြေချိတ်ထိုင်ပြီး ဆက်ပင် လေ့ကျင့်လိုက်၏။

“ဒင်။

အထူးတာဝန် အသက်ဝင်ခဲ့သည်။”

"အထူးတာဝန် ဟုတ်လား။"

သတိပေးချက်များ ထွက်ပေါ်လာသည်ကို ကြားရတာ နားရည်ဝနေပြီဖြစ်သော ကျွင်းချောင်ရှောင်းသည် စနစ်ကို ဖွင့်ကြည့်၍ အထူးတာဝန်ဆိုသော နေရာအား ကြည့်လိုက်သည်။

"ပြဿနာလာရှာသော အိုက်ကလန်အကြီးအကဲအား သင်ခန်းစာပေးရန် ….. အထူးတာဝန်။"

" အိုက်ကလန် အကြီးအကဲ ဟုတ်လား။"

ရုတ်တရက်ဆိုသလိုပဲ မကြာသေးခင်ရက်တုန်းက ရိုက်နှက်၍ ပြန်လွှတ်လိုက်သော အိုက်ကလန်၏ တတိယသခင်လေးအ‌ကြောင်းကို မှတ်မိသွား၏။

သူ နှာခေါင်းကိုကုတ်ခါ ရယ်လိုက်မိသည်။

"ငါ အဲ ဂလေကချေလေးကို ရိုက်လိုက်တာပဲ။ အိုက်ကလန်က ငါ့ကို လွှတ်ပေးမှာ မဟုတ်ဘူး။ အထူးတာဝန်ဟုတ်လား။"

ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ပွတ်ကာ ပြောလိုက်သည်။

"ဒါ ငါးကြီးကြီးတစ်ကောင်ပဲ။"

ချင်းယန်မြို့တွင် အကြီးအကဲဝေနှင့် ပတ်သက်၍ အထူးတာဝန်ကို ကျေပွန်အောင် ပြုလုပ်နိုင်လျှင်တောင်မှ သူသည် ဂိုဏ်းစုဆောင်းမှတ် နှစ်ဆယ်မှတ်တောင်မှ ရရှိခဲ့သည်။

ထို့ကြောင့် အိုက်ကလန်အကြီးအကဲ ပြဿနာလာရှာမည်ကိုပင် မစောင့်နိုင်သလို ဖြစ်နေ၏။

………

"ဂိုဏ်းချုပ်။"

ရုတ်တရက်ဆိုသလိုပဲ အပြင်ဘက်ဆီမှ တပည့်တစ်ယောက်သည် အူယားဖားယားနှင့် ပြေးလာသည်။

“အပြင်ဘက်ဆီမှာ အိုက်ကလန်အကြီးအကဲလို့ ပြောတဲ့လူတစ်ယောက်က အော်ဟစ်သောင်းကျန်းနေတယ်။”

တစ်နေ့က ပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒီနေ့မှာပဲ ရောက်ရှိလာခဲ့သည်။ အိုက်ကလန်အကြီးအကဲသည် အလွန်မြန်ဆန်သည်ဟု ဆိုရမည်။

"ရွှေဥကြီးတော့ ရောက်လာပြီပဲ။"

ကျွင်းချောင်ရှောင်းသည် ထရပ်ကာ ထွက်ခွာသွားသည်။

သတင်းလာပေးသော တပည့်သည် ခေါင်းကုတ်ကာ ပြောလိုက်မိသည်။

"မဟုတ်သေးပါဘူး။ ဘယ်က ရွှေဥက ရောက်လာတာလဲ။"

……..

တံခါး၏ အပြင်ဘက် သံမဏိအရိုးဂိုဏ်း တံခါးနီ၏ အပြင်ဘက်တွင်တော့ ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် လက်နှစ်ဘက်ကို နောက်ပစ်ကာ ခပ်တည်တည်ဖြင့် ရပ်လျှက်ရှိ၏။

သူ၏မျက်လုံးထဲတွင်တော့ မောက်မာမှုများနှင့် ပြည့်နက်နေ၏။

သူ၏ နာမည်သည် အိုက်ရှန်ကဲ ဖြစ်ပြီး အိုက်ကလန်၏ အကြီးအကဲတစ်ယောက်လည်း ဖြစ်၏။

သူ၏ ပုံပန်းသွင်ပြင်ကို ကြည့်လိုက်ရုံဖြင့် သိုင်းတပည့်အဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်ကြောင်း လွယ်လွယ်ကူကူ ခန့်မှန်းမိနိုင်သည်။

“အိုက်ရား။”

ကျွင်းချောင်ရှောင်းသည် အပြင်သို့ လှမ်းထွက်လာပြီး လက်သီးဆုပ်ကာ ပြောလိုက်၏။

"ခင်ဗျားက အိုက်ကလန် အကြီးအကဲတစ်ယောက် ဖြစ်မယ်နဲ့တူတယ်။ ထွက်လာပြီး မကြိုဆိုမိတာ ကျုပ်ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။"

အိုက်ရှန်ကဲသည် ကျွင်းချောင်ရှောင်းအား မျက်စိထောင့်ကပ်ကြည့်ကာ ထူးမခြားနားသလို ကြည့်လိုက်သည်။

"မင်းက သံမဏိအရိုးဂိုဏ်းခေါင်းဆောင် ကျွင်းချောင်ရှောင်းလား။"

"အမှန်ပါပဲ။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

အရင်တုန်းက အိုက်ကလန်၏ သခင်လေးသည် သူ့ရှေ့တည့်တည့် ရပ်နေသည်တောင်မှ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်ကြောင်း မသိခဲ့ချေ။

သို့ပေမဲ့ အိုက်ကလန်၏ အကြီးအကဲကတော့ ပါးနပ်၍ ဉာဏ်ပညာနှင့် ပြည့်စုံသည်ဟု ပြောရမည်။

သူ ထွက်လာသည်နှင့် တစ်ပြိုင်နက် ဂိုဏ်းချုပ်ဖြစ်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။

ထိုအရာသည် ကျွင်းချောင်ရှောင်း၏ စိတ်ကို ပျော်ရွှင်သွားမိစေ၏။

အိုက်ရှန်ကဲ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း ကျုပ်တို့ ကလန်ရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက်က မင်းတို့ဂိုဏ်းတပည့်ရဲ့ အနိုင်ကျင့်ခြင်းကို ခံခဲ့ရတယ်။ ကျေးဇူးပြုပြီး အဲ့လူကို ထုတ်ပေးပါ။ စိတ်မပူပါနဲ့ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ မျက်နှာလည်း ရှိနေတာကြောင့် ကျုပ် အဲ့ဒီအပြစ်ပြုတဲ့သူရဲ့ ခြေနဲ့လက်တွေကိုပဲ ချိုးသွားမယ်။ သူ့ကို အသေမသတ်ဘူး။"

အိုက်ရှန်ကဲ၏ အမူအယာသည် အလွန်အမင်း မောက်မာလှကြောင်း သိသာလှ၏။

ကျွင်းချောင်ရှောင်းသည် ကြောင်အအနှင့် ပြောလိုက်သည်။

"အကြီးအကဲအိုက် အရိုးသားဆုံး ပြောရမယ်ဆိုရင် ခင်ဗျားတို့တိုက်ရိုက်မျိုးဆက်က ကျူပ်တို့ ဂိုဏ်းရှေ့မှာလာပြီး ပြဿနာလာရှာခဲ့တာ။ ပြီးတော့ သူ့ကို သင်ခန်းစာ ပေးလိုက်တဲ့လူက ကျုပ်တပည့်တွေ မဟုတ်ပါဘူး။ ကျုပ် ကိုယ်တိုင်ပါပဲ။"

"ဘာ"

အိုက်ရှန်ကဲ တုန်လှုပ်စွာပဲ ပြောလိုက်သည်။

"မင်း သူ့ကို ရိုက်ခဲ့တယ် ဟုတ်လား။"

All Chapters