← Chapters

အခန်း (၄၆)

Vol. 4 Ch. 46

အခန်း (၄၆)

Vol. 4 Ch. 46

အိုက်ရှန်းကီ သည်လည်း ဓားကျင့်ကြံသူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်းရှောင်း၏ လက်ထဲမှ ဓားကို ကြည့်လိုက်သည်နှင့် သာမန်ထက်ပိုသော ဓားတစ်ခုဖြစ်ကြောင်း အတပ်သိ၏။

ထို့ကြောင့် သူပြောလိုက်သည်။ "မင်း လက်ထဲက ဓားက မင်းနဲ့ မလိုက်ဖက်ဘူး။ ဒါ့ကြောင့် ငါ့ကိုပေးလိုက်။ ဒါဆိုရင် ငါတို့ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို မေ့လိုက်ကြမယ်။"

သံမဏိအရိုးဂိုဏ်းအနေနှင့် ဓားကို ပေးမည်ဆိုလျှင် အရာအားလုံးကို လွှတ်ပေးလိုက်ရန် အိုက်ရှန်းကီ တွေးလိုက်မိ၏။

"ခင်ဗျားကို ပေးရမယ် ဟုတ်လား။"

ကျွင်းချောင်ရှောင် ပြောလိုက်သည်။ "ခင်ဗျား ခေါင်းထဲမှာ တစ်ခုခုများ မှားယွင်းနေတာလား။"

အိုက်ရှန်းကီ၏ မျက်လုံးများသည် ပိုမို၍ အေးစက်သွားတော့သည်။

သူ့နားပတ်ဝန်းကျင်တွင် အဖြူရောင်လေလှိုင်းတွေ ရုတ်တရက် ပေါ်ပေါက်လာ၏။

သိုင်းတပည့်ဖြစ်လာပြီးသည့်နောက် ကျင့်ကြံသူတစ်ယောက်သည် သူ၏ ဒန်ထျန်ထဲတွင် စိတ်ဝိညာဉ်များကို စုစည်းနိုင်၏။ ပြီးနောက် ထိုစိတ်ဝိညာဉ်စွမ်းအင်များနှင့် တစ်ဖက်လူအား တိုက်ခိုက်နိုင်စွမ်း ရှိသည်။

ထိုအားအဟုန်ကို ခံစားမိသောကြောင့် ကျွင်းချောင်ရှောင်းသည် ကြိတ်ကာ စဉ်းစားလိုက်မိ၏။ ဒီလူက ဓားမြဂိုဏ်းခေါင်းဆောင်ထက် ပိုပြီး အားကောင်းတာပဲ။

သူသည် သိုင်းတပည့်အဆင့်ဖြစ်သော ကျိုးရှန်ပ အား ဓားမော့၏ အကူအညီဖြင့် သတ်ဖြတ်ခဲ့၏။

အခုအချိန်မှာ ဓားမော့သည် ပြန်လည်၍ စည်းခတ်ထားပြီးဖြစ်သည်။

ထို့ကြောင့် တစ်ဖက်လူအား စဦးအဆင့် အအေးဓားဖြင့် သတ်ဖြတ်နိုင်ရန် အလွန်ခက်ခဲလှသည်။ ထို့အပြင် တစ်ဖက်လူ၏ လက်နက်သည် ဝေရင်နု ကိုင်သော လက်နက်ထက်ပင် ပို၍ အားကောင်းနေ၏။

သူ့အနေဖြင့် ကျင့်ကြံခြင်း အဆင့်အားဖြင့်လည်း လိုက်မမှီနိုင်သလို လက်နက်အားဖြင့်လည်း လိုက်မမှီနိုင်ဖြစ်လို့ နေသည်။

မည်ကဲ့သို့ တိုက်ခိုက်နိုင်မည်နည်း။

"စနစ်ကို အသုံးပြုရမလား။ ထားလိုက်တော့။ ငါ့ဆီမှာ ဂိုဏ်းစုဆောင်းမှတ် နှစ်ဆယ့်လေးမှတ်ပဲ ရှိတယ်။ ဒါကို သေချာသုံးမှ ဖြစ်မယ်။"

ကျွင်းချောင်ရှောင်း၏ သိစိတ်သည် သိုလှောင် လက်စွပ်ထဲသို့ ရောက်ရှိသွား၏။

ပြီးနောက် လူသစ်လက်ဆောင်ထုတ်မှ ရရှိထားသော အမြန်နှုန်းအဆောင်အား လှမ်းယူလိုက်သည်။

"ဒီကမ္ဘာပေါ်မှာ အမြန်နှုန်းက ပြိုင်စံရှား ဖြစ်လိမ့်မယ်။ ပြီးတော့ ဒီအဆောင်နဲ့ ငါ သူ့ကို တိုက်ခိုက်ရမယ်။"

ခရက်စ်။

အဆောင်သည် ကျိုးကျေသွား၏။

ချက်ချင်းဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် ခြေထောက်ဆီ ထူးခြားသည့် စွမ်းအင်များ စီးဆင်းနေသည်ကို ခံစားလိုက်မိ၏။

သူ ပြုံးကာ ပြောလိုက်သည်။

"ငါ လေအလျင်ရဲ့ စွမ်းအားတွေကို ခံစားမိနေတယ်။"

"ကောင်လေး။"

အိုက်ရှန်းကီ အေးစက်စက်ဖြင့် ပြောလိုက်သည်။ "အဆင်သင့်ပဲလား။"

ကျွင်းချောင်ရှောင်း ဓားကို မြှောက်ကာ ပြောလိုက်သည်။

"လာလေ။"

စွေ့။

ပြောပြီးပြီးချင်မှာပဲ အိုက်ရှန်းကီ သည် ရှေ့သို့လှမ်းတက်ပြီး သူ၏ ညာလက်ကောက်ဝတ်အား ဝှေ့ယမ်းလိုက်တော့သည်။

သုံးပေမျှရှိသော ဓားကြီးသည် လေထုကို ပိုင်းဖြတ်ကာ ဓားချီပုံစံမျိုးဖြင့် ကျွင်းချောင်ရှောင်းဆီသို့ ရောက်ရှိလာတော့သည်။

ခပ်လှမ်းလှမ်းမှ ကြည့်နေသော သံမဏိအရိုးဂိုဏ်းသားအားလုံးသည် ထိုအချင်းအရာကိုမြင်တော့ တုန်လှုပ်သွားကြ၏။

သူတို့သည် သူတို့၏ ဂိုဏ်းချုပ်ရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။။

သို့ပေမဲ့ ဂိုဏ်းချုပ်သည် တည်ငြိမ်သည့် အပြုံးတစ်ခုနှင့် တည်နေရာမှာတင် ရပ်လျှက်ရှိနေသည်ကို မြင်လိုက်ကြရ၏။

ဂိုဏ်းခေါင်းဆောင်သည် အရင်တစ်ခေါက်တုန်းကအတိုင်း ရွှေခေါင်းလောင်း သံမဏိအရေခွံနည်းစနစ်ကို ထုတ်သုံးဦးမည်လား။

"မင်း မရှောင်ဘူးလား။" အိုက်ရှန်းကီ နှာခေါင်းရှုံ့လိုက်၏။

သူ၏ ဓားသည် ဆင်းသက်လာခဲ့ပြီဖြစ်သည်။ ဓားတွင် ပါဝင်သော အားအင်သည်လည်း ကီလိုဂရမ် ထောင်ပေါင်းများစွာ လေးလံသည်။

ထို့ကြောင့် မရှောင်လိုက်လျှင် ဆိုးဝါးသည့် အခြေအနေမျိုးနှင့် သေဆုံးသွားရမှာ သေချာ၏။

စွတ်။

ထိုအခိုက်အတံ့မှာပဲ ဓားချီများသည် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်ပြီး နှစ်ပိုင်း ဖြစ်သွားစေခဲ့သည်။

"ဂိုဏ်းချုပ် ….."

တပည့်များသည် ကြောက်လန့်တကြားနှင့် ထအော်လိုက်ကြ၏။

အိုက်ရှန်းကီ သည်လည်း ဆွံ့အသွားသည်။

သူ၏ အမှတ်တမဲ့ သာမာန်ကာလျှံကာ တိုက်ခိုက်မှုသည်လည်း သံမဏိအရိုးဂိုဏ်းခေါင်းဆောင်အား ပိုင်းဖြတ်နိုင်ခဲ့သည်လား။

"ဒီလိုအမှိုက်မျိုးများ ငါ့ရဲ့ ဓားချက်တစ်ချက်ကိုတောင် မခံနိုင်ဘူးလား။ မဟုတ်ဘူး။ ခန္ဓာကိုယ်က ပိုင်းဖြတ်ခံလိုက်ရပေမဲ့ ဘာလို့ သွေးတွေ ထွက်မလာတာလဲ။"

သံမဏိအရိုးဂိုဏ်းတပည့်များသည်လည်း ဤအခြေအနေကို နားလည်မိ၏။

ပြီးနောက် သူတို့ ဂိုဏ်းခေါင်းဆောင်၏ နှစ်ပိုင်းပြတ်သွားသော ခန္ဓာကိုယ်သည် တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားကြောင်း သူတို့ မြင်လိုက်ရ၏။

"ဘာဖြစ်တာလဲ။"

အိုက်ရှန်းကီ မျက်မှောင်ကုတ်သွားမိ၏။

"ဟေး"

ရုတ်တရက်ဆိုသလိုပဲ နောက်ဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"ကျုပ်က ဒီမှာ။"

အိုက်ရှန်းကီ မြန်မြန်ပဲ နောက်ကိုလှည့်ကြည့်လိုက်တော့ လက်နှစ်ဖက်နောက်ပစ်ကာ ပြုံး၍ ရပ်လျှက်ရှိသော ကျွင်းချောင်ရှောင်းအား မြင်လိုက်ရ၏။

သူသည် မတည်ငြိမ်နိုင်တော့ပေ။

"မင်း ဘယ်လိုလုပ် အဲကို ရောက်နေတာလဲ။"

သူတို့၏ဂိုဏ်းချုပ် အသက်အန္တရာယ် မရှိကြောင်း မြင်လိုက်ရတော့ သံမဏိအရိုးဂိုဏ်းသားများအားလုံသည် စိတ်သက်သာရာ ရမိသွားကြသည်။

တစ်ချိန်တည်းမှာပဲ သူတို့ကိုယ်တိုင် ဇဝေဇဝါ ဖြစ်မိနေသည်။ စောနကလေးတင် ရှေ့နားမှာ ရပ်နေခြင်း ဖြစ်၏။ အဘယ့်ကြောင့် မျက်စိတစ်မှိတ် အတွင်း နောက်သို့ ရောက်ရှိသွားရသနည်း။

"ကျုပ် လမ်းလျှောက်လာတာလေ။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"မဖြစ်နိုင်တာပဲ။" အိုက်ရှန်းကီ ပြောလိုက်၏။ "မင်း မိစ္ဆာနည်းစနစ်တစ်ခုခုကို ထုတ်သုံးခဲ့တာပဲ ဖြစ်လိမ့်မယ်။"

ကျွင်းချောင်ရှောင်း နှာခေါင်းကိုကုတ်ခါ ပြောလိုက်သည်။

"ခင်ဗျား မျက်လုံးကို သေချာပြူးအောင် ကြည့်ထား။ ကျုပ် ထပ်ပြီး လမ်းလျှောက်ပြမယ်။"

ရွစ်။

ပြောပြောပြီးချင်းမှာပဲ သူသည် နေရာမှာတွင် ရပ်လျှက်ရှိသေး၏။

သို့ပေမဲ့ အနောက်ဘက်ဆီမှ အသံ ထပ်ထွက်လာခဲ့သည်။

"ကဲ ရှင်းရှင်းလင်းလင်း မြင်ပြီလား။"

အိုက်ရှန်သည် လှည့်ကြည့်လိုက်တော့ ပထမတစ်ကြိမ် ပျောက်ကွယ်သွားသည့်နေရာတွင် ရပ်လျှက်ရှိသော ကျွင်းချောင်ရှောင်းအား မြင်လိုက်ရ၏။

သူ၏ အမူအယာ ခန္ဓာကိုယ်တစ်ခုလုံးသည် အလုံးစုံ အေးခဲသွားတော့သည်။

"ကောင်းကင်ဘုံ။"

သံမဏိအရိုးဂိုဏ်းတပည့်များအားလုံးသည် မျက်လုံးပြူသွား၏။

သူတို့၏အမြင်တွင် အိုက်မိသားစုအကြီးအကဲအား ဘယ်၊ ညာညှပ်၍ ဂိုဏ်းချုပ်နှစ်ယောက် ရပ်လျက် ရှိနေသည်ဟုပင် ထင်မှတ်မိသည်။

အချိန်အနည်းငယ်ကြာတော့ ဘယ်ဘက်ခြမ်းတွင်ရှိသော တစ်ယောက်သည် တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။

အိုက်ရှန်းကီ တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

"မင်း …. မင်း ဘယ်လိုမှော်ပညာမျိုးကို ထုတ်သုံးခဲ့တာလဲ။"

ကျွင်းချောင်ရှောင်း ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"ဘယ်လိုမှော်ပညာမျိုးမှ မဟုတ်ဘူး။ ဒါ ခြေလှမ်းကွက်တစ်ခုပဲ။ တစ္စေခြေလှမ်းလို့ ခေါ်တယ်။"

"တစ္စေခြေလှမ်း ဟုတ်လား။"

အိုက်ရှန်းကီ သည် ထိုသိုင်းကွက်၏နာမည်ကို တစ်ခါမှ မကြားဖူးချေ။

ထို့ကြောင့် သူ မယုံကြည်စွာနှင့် ပြောလိုက်သည်။

"ခုနက ဖြစ်ခဲ့တဲ့ ပုံရပ်ယောင်တွေက အရမ်းမြန်နေလို့ ဖြစ်တဲ့ ပုံရိပ်ယောင်တွေလား။"

"သိပ်မှန်တာပေါ့။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

သူ ထိုသို့ ကြွားဝါပြောလိုက်သည်ဆိုသော်လည်း စိတ်ထဲတွင် သူကိုယ်တိုင် အံ့အားသင့်မိနေ၏။

ဒီအမြန်နှုန်းက အရမ်းမြန်လွန်းတယ်။ ငါ တည်နေရာပြောင်းသွားတာတောင်မှ အရင်တည်နေရာက ပုံရိပ်ယောင်က မပြောင်းဘဲနဲ့ အချိန်ကာလတစ်ခုထိ ရှိနေသေးတာပဲ။

"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး။"

အိုက်ရှန်းကီ မယုံကြည်နိုင်သလို ဖြစ်မိနေ၏။

ထို့အပြင် သူ မမြင်နိုင်အောင် မြန်လွန်းနေသည် မဟုတ်လား။

ထိုအရာသည် တုန်လှုပ်ဖွယ်ရာ ကောင်းလွန်းလှသည်။

ရုတ်တရက်ဆိုသလိုပဲ လေပြင်းတစ်ခု တိုက်ခိုက်သွား၏။ သူ့ရှေ့တွင် ရပ်နေသော ကျွင်းချောင်ရှောင်းသည် သူ၏ နောက်ဘက်သို့ ထပ်မံရောက်ရှိသွားပြန်သည်။

"ဒီတစ်ကြိမ်ရော သေချာမြင်လိုက်ရဲ့လား။"

"ဂိုဏ်းချုပ် ဘယ်လိုလုပ်လိုက်တာလဲ။ ငါ သေချာမမြင်လိုက်ရဘူး။ ဒါက အရမ်းမြန်လွန်းတယ်။ ငါတို့ရဲ့ မျက်လုံးတွေနဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေကို လိုက်ကြည့်ဖို့တောင် မတတ်နိုင်ဘူး ဖြစ်နေတယ်။ ဂိုဏ်းချုပ်က ကြမ်းလိုက်တာ။"

တပည့်များအားလုံးသည် အားရပါးရ ချီးကျူးလိုက်မိသည်။

"သေစမ်း။"

အိုက်ရှန်းကီ သည် ဒေါသတကြီးဖြင့် သူ၏ ဓားအား ခုတ်ပိုင်းလိုက်မိ၏။ သို့ပေမဲ့ ပုံရိပ်ယောင်ကိုသာ ခုတ်ပိုင်းမိ၏။

ကျွင်းချောင်ရှောင်းသည် ညာဘက်ခြမ်းတွင် ရောက်ရှိနေပြီဖြစ်သည်။

ကျင့်ကြံခြင်းလောက၏ သိုင်းပြိုင်ပွဲများတွင် အမြန်နှုန်းသည်သာ အရေးကြီးဆုံး ဖြစ်၏။

သို့ပေမဲ့ ယခု ကျွင်းချောင်ရှောင်း ထုတ်ဖော်နေသော အမြန်နှုန်းသည် သူ့လို သိုင်းတပည့်အဆင့်ကျင့်ကြံသူတစ်ယောက်ပင် လိုက်မမှီနိုင်သော အရှိန်နှုန်း ဖြစ်နေသည်။

ကျွင်းချောင်ရှောင်းသည် ဆက်တိုက်ဆိုသလိုပဲ သူ၏ တည်နေရာ ရွေ့ပြောင်းနေ၏။

မျက်စိတစ်မှိတ်အတွင်း အိုက်ရှန်းကီ ၏ အမြင်အောက်တွင် ပုံရိပ်ယောင်ဆယ်ခုကျော် ပေါ်လာသည်။

ဟေးဖေးခံတပ်၏ ခေါင်းတုံးပြောင်သည်လည်း အရိပ်ခုနစ်လှမ်း ခြေလှမ်းကွက်ကို လေ့ကျင့်ခဲ့၏။ သို့ပေမဲ့ အသုံးပြုချိန်တွင် ပုံရိပ်ယောင် အရိပ်များကို မြင်နေသေး၏။

ကျွင်းချောင်ရှောင်းသည်က ထိုသူထက် အလွန်တရာ မြန်ဆန်လှချေသည်။

အိုက်ရှန်းကီ ၏ မျက်နှာပေါ်မှ ကြွက်သားများသည် တစ်ဆတ်ဆတ် နှင့် တုန်ရင်လျက်ရှိနေသည်။ သူ၏ ဓားကိုင်ထားသော လက်သည်လည်း တုန်ရင်လာ၏။

သူသည် တစ်ဖက်လူအား သေသေချာချာပင် မမြင်နိုင်ပေ။

ထိုအရာကို မည်သို့တိုက်ခိုက်မည်နည်း။

ဘုတ်။

ရုတ်တရက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် သူ၏ နောက်တွင်ပေါ်လာပြီး သူ၏ဖင်အား ကန်ထုတ်လိုက်၏။

ဤကန်ချက်သည် ပေါင်တစ်ထောင်လောက် လေးလံသော အားအင်မျိုး ပါဝင်နေသည်။

အလစ်တိုက်ခံလိုက်ရသော အိုက်ရှန်းကီ သည် ရှေ့ကို ငိုက်ကျသွားပြီး မျက်နှာနှင့် မြေပြင်ရိုက်မိသွားသည်။

“ဝါး ဟား ဟား ဟား။”

တပည့်များအားလုံးသည် မနေနိုင်ဘဲ ထရယ်လိုက်ကြမိ၏။

ထို့အပြင် တစ်ဖက်လူသည် အကြီးအကဲတစ်ယောက်ဖြစ်သည်။ ထိုသို့သော လူမျိုးသည် ခေါင်းဆောင်၏ ဖင်ပိတ်ခံခြင်းကို ခံခဲ့ရသည်ဆိုသည်မှာ အလွန်တရာပင် ရယ်ရွှင်ဖွယ်ရာ ကောင်းလှသည်။

"သေစမ်း။"

အိုက်ရှန်းကီသည် သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ပြီး ရှက်ရွံဒေါသတွေ ဖြစ်ပေါ်လာ၏။

ဓားကိုမြှောက်ကာ လေထဲတွင် ပိုင်းဖြတ်လိုက်၏။ အားကောင်းလှသော ဓားချီတစ်ခုသည် ဖြစ်ပေါ်လာသည်။

ရွှစ် … ရွှစ်။

ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းတက်လိုက်ပြီး ဘယ်မှညာ ညာမှဘယ်သို့ ရှောင်လိုက်ပြန်သည်။ ပုံရိပ်ယောင်များသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာ၏။

အမြန်နှုန်း ၏ ထောက်ပံ့ပေးမှုအောက်မှာ ဓားချီများသည် နှေးကွေးသွားခဲ့သည်။ သူ့အား ဓားပိုက်ကွန်တစ်ခုနှင့် ဖမ်းယူမည်ဆိုလျှင်တောင် လွယ်ကူလိမ့်မည် မဟုတ်ပေ။

ဘုတ်။

ကျွင်းချောင်ရှောင်းသည် အနောက်ဘက်မှ ပေါ်ပေါက်လာပြီး အိုက်ရှန်းကဲ ၏ ဖင်အား ထပ်မံကန်ထုတ်လိုက်ပြန်သည်။

ဖင်သို့ ကန်ခြင်းတွင် မည်သည့်အားအင်မှ မထည့်ထားချေ။

တမင်သက်သက် တစ်ဖက်လူအား ရူးသွပ်သွားရန် ပြုမူဆောင်ရွက်နေခြင်းပင် ဖြစ်၏။

အား အား။

အိုက်ရှန်းကီ ဒေါသတကြီး အော်ဟစ်လိုက်၏။

မကြာခင်မှာပဲ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များသည် တစ်စစီ ဖြစ်ပျက်လျှက် ရှိပြီး အဖြူရောင် အတွင်းခံ ဝတ်စုံသာလျှင်ကျန်ရှိတော့သည်။

ကျွင်းချောင်ရှောင်းသည် သူ၏ ရှေ့တွင် ရပ်လျှက်ရှိပြီး ကျွင်းချောင်ရှောင်း၏ ဓားထက်မှာတော့ ဆံပင်ချည်တစ်စုရှိနေ၏။

"အကြီးအကဲအိုက် ဆက်ပြီး တိုက်ခိုက်ဖို့ လိုသေးတယ်လို့ ထင်သေးတယ်လား။"

All Chapters