← Chapters

အခန်း (၅၂)

Vol. 4 Ch. 52

အခန်း (၅၂)

Vol. 4 Ch. 52

လူတစ်ယောက်သည် အလွန်အမင်း ဒေါသထွက်လာပြီဆိုလျှင် ကိုယ့်စိတ်ကို ထိန်းနိုင်ရန် အလွန်ပင် ခက်ခဲလှ၏။ ထင်မှတ်မထားသည့် ကိစ္စရပ်များကိုပင် လုပ်ကောင်းလုပ်နိုင်၏။ အသားညိုညို ဗလတောင့်တောင့်နှင့်လူသည် ထိုကဲ့သို့ အခြေအနေမျိုးပင် ဖြစ်၏။

သူသည် လမ်းထောင့်မှ ရုတ်တရက်ထွက်ပေါ်လာပြီးနောက် မိန်းကလေးဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာ၏။ သူ၏ မျက်လုံးထဲရှိ မီးထောက်များသည် အရာအားလုံးကို ကျွမ်းလောင်ပစ်တော့မလိုပင်။

သို့ပေမဲ့ သူ၏ ပုခုံးပေါ်သို့ ရောက်ရှိလာသော အေးစက်သည့် ဓားကို ခံစားမိတော့ သူ၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသော ကြီးမားလှသည့် ဒေါသတရားတို့သည် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ တော့သည်။

သူ၏ ဒေါသထွက်နေသော မျက်နှာပေါ်တွင် မချိပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထိုသို့ ပြုလုပ်နိုင်ရန် ခက်ခဲမှုသည် ကြယ်ဆယ်ပွင့်အဆင့်ဟုပင် ဆိုနိုင်သည်။

“အမှိုက် … မင် သေချင်နေတာလား။ မင်း ဘယ်လိုဖြစ်လို့ ငါတို့ အစ်ကိုကြီး ကျွမ်းရဲ့ ပုခုံးပေါ်ကို ဓားတင်ရဲရတာလဲ။”

နောက်လိုက်နောက်ပါများ အားလုံးသည် ကျွင်းချောင်ရှောင်းအား စူးစိုက်ကြည့်နေကြ၏။

အစ်ကိုကျွမ်းဟုခေါ်သော အသားညိုညို ဗလတောင့်တောင့်နှင့်လူသည် သွေးအန်လုမတက်ဖြစ်သွားကြသည်။

ငါ့ပုခုံးပေါ်ကို ဓားတင်ခံရတာလေ။ ဒါကိုတောင် ဘယ်လိုဖြစ်လို့ မင်းတို့က ဆူငေါက်နေရတာတုန်း။ လန့်ဖြတ်ပြီး လက်လွန်သွားရန် ငါ့ခေါင်းပဲ ပြတ်သွားမှာ မဟုတ်ဘူးလား။

ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းဓားအား အသာမြှောက်လိုက်၏။ ဓားသွားသည် ပုခုံးအား ပိုင်းဖြတ်တော့မလိုပင်။

"ခင်ဗျားရဲ့နောက်လိုက်တွေက အခြေအနေ အချိန်အခါကို နားမလည်ကြဘူး။"

ဓားသွားဆီမှ ထက်မြလှသော အလင်းတန်းများ ထွက်ပေါ်လာ၏။

အစ်ကိုကြီးကျွမ်း ထိုအရာကို မြင်တော့ ဒူးတစ်ခုလုံး ခွေယိုင်သွားသည်။

ပြီးနောက် တုန်ရင်နေသော လေသံဖြင့် ပြောလိုက်၏။

"ရောင်းရင်း … . ရောင်းရင်းလေး။ ကျုပ် သူတို့ကို ကောင်းကောင်း မသင်ပေးထားလို့ပါ။ တောင်းပန်ပါတယ်။ မင်းတို ကောင်တွေ။"

သူသည် အသာလှည့်ကာ အော်လိုက်၏။

"ငါ့ရဲ့ ရောင်းရင်းလေးကို မြန်မြန်တောင်းပန်စမ်း။"

သူတို့၏ အစ်ကိုကြီး အန္တရာယ်ကျရောက်နေကြောင်း သိရှိလိုက်ရသောကြောင့် နောက်လိုက်နောက်ပါများသည် အလောတကြီးဖြင့် ပြောလိုက်၏။

"ရောင်းရင်းလေး ကျုပ်တို့ မှားပါပြီ။"

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

"ကျုပ် ခင်ဗျားတို့ကို သုံးစက္ကန့် အချိန်ပေးမယ်။ မြန်နိုင်သလောက် အမြန်ဆုံးပြေးတော့။ တစ် …”

သူ အော်အော်ပြီးချင်းမှာပဲ အစ်ကိုကြီး ကျွမ်း နှင့် နောက်လိုက်နောက်ပါများသည် ကြောက်လန့်တကြား နဲ့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတော့သည်။

ကျွင်းချောင်းရှောင်းသည် ခေါင်းအား ခါယမ်းပြီး နဂါးစိမ်းဓားအား သိမ်းကာ ပြောလိုက်သည်။

"သူတို့သွားပြီ။ မင်း လုံခြုံပြီ။"

သူ၏ နောက်တွင် ပုန်းအောင်းနေသော မိန်းကလေးသည် ခပ်ကြမ်းကြမ်းလူများ ထွက်ခွာသွားကြောင်း သေချာ ကြည့်ရှုပြီးသည့်နောက် ကျေဇူးတင်စွာနှင့် ပြောလိုက်သည်။

"ကျွန်မကို ကယ်တင်တဲ့အတွက် ကျေးဇူးပါ ဂိုဏ်းချုပ်ကျွင်း။"

ကျွင်းချောင်ရှောင်း ပြောလိုက်၏။

"အားနည်းတဲ့ မိန်းကလေးတစ်ယောက်ကို ယောကျာ်းရင့်မာကြီးတွေက ဝိုင်းပြီး အနိုင်ကျင့်တာကို ငါ မကြည့်ချင်လို့ဘဲ။ ဒီတော့ အရမ်းကြီး ကျေးဇူးတင်နေစရာမလိုဘူး။"

“ဟဲ ဟဲ ဂိုဏ်းချုပ်ကျွင်းက လူကောင်းတစ်ယောက်ဆိုတာ သိပြီးသားပါ။”

မိန်းကလေးသည် အသာရပ်ပြီး ချစ်စဖွယ် ပြုံးလိုက်၏။

ရှန်းကျီသည် သူမ၏ အသွင်အပြင်ကို သေချာကြည့်ရှုလိုက်သည်။

မိန်းကလေးသည် အသက် ဆယ့်သုံးနှစ် ၊ ဆယ့်လေးနှစ်ခန့် အရွယ်ဖြစ်၏။ သေးသေးသွယ်သွယ်နှင့် ဖြစ်ပြီး သူမ၏ ခေါင်းသည် သူ၏ ရင်ဘတ်လောက်သာ ရှိသော အရပ်အမောင်း နှင့် ဖြစ်သည်။။ မဲမှောင်နေသော ဆံနွယ်များသည် ရှုပ်ပွနေသော်လည်း ရွှန်းလဲ့လှသော မျက်လုံးကြီး နှစ်ခုသည် စကားလုံး အဓိပ္ပါယ်များ ဖော်ညွှန်းနေသကဲ့သို့ လှပလွန်း၏။

သူမ၏ မျက်နှာသည် ဖုန်တွေ ၊ သဲတွေနှင့် ပေပွနေသော်လည်း ထိုအရာများသည် သူမ၏ လှပမှုကို မဖုန်းကွယ်နိုင်ပေ။ သူမ သည် အလွန်အမင်း ချစ်ဖို့ ကောင်းလှသည်။

ဤအရာသည် ကျွင်းချောင်ရှောင်း၏ ပထမဦးဆုံး သတိပြုမိသော အချက်ဖြစ်၏။

မိန်းကလေးသည်လည်း သူ့အား သေချာကြည့်နေ၏။ ပြီးနောက် တစ်ခစ်ခစ်နှင့် ရယ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက အဝေးက ကြည့်တာထက် ပိုပြီး ချောတာပဲ။"

မင်းဘာပြောတာလဲ။ ငါ့ကို အဝေးကကြည့်ရင် ရုပ်ဆိုးတယ်လို့ ဆိုလိုချင်တာလား။

ကျွင်းချောင်ရှောင်း ခေါင်းကိုခါယမ်းကာ အသာပြောလိုက်သည်။

"ငါ သွားတော့မယ် ။ မင်းလည်း သွားတော့။”

“ဂိုဏ်းချုပ်ကျွင်း။"

မိန်းကလေးသည် သူ၏လမ်းအား ပိတ်ဆိုထား၏။ ပြီးနောက် သူ၏ မျက်လုံးထဲတွင် မျက်ရည်တွေ ဝိုင်းလာပြီး မေးလိုက်သည်။

"ကျွန်မ သံမဏိအရိုးဂိုဏ်းထဲကို ဝင်လို့ရမလား။"

သူမ၏ အကြည့်သည် အလွန်သနားဖွယ်ရာကောင်းပြီး ကြည့်ရှုသူ၏ ရင်ကို ထိခိုက်စေ၏။

ကျွင်းချောင်ရှောင်းသည် ခေါင်းကို အသာ ခါယမ်းကာ ပြောလိုက်သည်။

"ငါ တောင်းပန်ပါတယ်။ ငါ့ဂိုဏ်းက လက်ရှိမှာ တပည့်သစ် ဆက်ပြီးတော့ မခေါ်တော့ဘူး။"

ဤ ချစ်စဖွယ် မိန်းကလေးအား ဂိုဏ်းသို့ခေါ်သွားချင်၏။ သို့ပေမဲ့ ဂိုဏ်းအဖွဲဝင်အရေအတွက်သည် ပြည့်သွားပြီ ဖြစ်သည်။ သူမအား အတင်းခေါ်ဆောင်သွားမည်ဆိုလျှင် သူသာလျှင် အပြစ်ပေးခံရမည်။

မိန်းကလေး၏ မျက်ရည်များသည် ပါးမှတစ်ဆင့် ကျဆင်း လာတော့သည်။ ချက်ချင်းဆိုသလိုပဲ မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် ဖုံးလွမ်းသွားသည်။

"ချီးတဲ့မှ …. ငိုတာကလည်း မြန်လိုက်တာ။"

မိန်းကလေးသည် သူမ၏ အင်္ကျီကို မြှောက်ပြီး မျက်ရည်များအား သုတ်လိုက်သည်။

သူ၏ မျက်နှာပေါ်တွင် မျက်ရည်များနှင့် ပိုမို၍ ပွစာကြဲသွားတော့သည်။

"အီး ….. ဂိုဏ်းချုပ်ကျွင်း ကျွန်မကို ခေါ်သွားပါ။ တပည့် လုပ်ချင်တာ မဟုတ်ပါဘူး။ အစေခံ လုပ်ရလည်း ဖြစ်ပါတယ်"

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ် အကြီးအကဲနှစ်ယောက်အား သတ်ဖြတ်ခဲ့သူ ဖြစ်သော်လည်း သူ၏ရှေ့တွင် မိန်းကလေးတစ်ယောက်၏ မျက်ရည်များကို တွေ့တော့ ဘာလုပ်ရမှန်း မသိဖြစ်နေ၏။

"ဟေး မငိုနဲ့ မငိုနဲ့။"

“အီး ….”

မိန်းကလေးသည် ပိုမို၍ ကျယ်လောင်စွာ အော်ငိုလိုက်သည်။

သူမ၏ မျက်ရည်များသည် မိုးရွာသကဲ့သို့ တစ်ပေါက်ပေါက်နှင့် ကျလျှက် ရှိ၏။ တစ်စုံတစ်ခုကို ဝမ်းနည်းသောကြောင့် စိတ်နှလုံးသား ထိခိုက်ကာ ငိုယိုနေပုံပေါ်၏။

"ဂိုဏ်းချုပ်ကျွင်း ဟုတ်လား။ ဒီမိန်းကလေး ဘာဖြစ်တာလဲ။"

"ဒီမိန်းကလေးကို ဂိုဏ်းချုပ်ကျွင်းဆိုတဲ့သူ အနိုင်ကျင့်လိုက်တာလား ဟုတ်လား။"

"ဟင် သူက ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်လေ။ ဘယ်လိုလုပ် မိန်းကလေးကို အနိုင်ကျင့်ရဲရတာလဲ။ သူ လူရော ဟုတ်ရဲ့လား။"

မိန်းကလေး၏ မျက်ရည်သည် အဝေးမှ ဖြတ်သွားဖြတ်လာတွေကို သတိပြုမိစေသည်။

အားလုံးသည် စုဝေးလာပြီး ကျွင်းချောင်ရှောင်းကို လက်ညိုးထိုးကာ ပြောဆိုလျှက်ရှိ၏။

ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပြောင်းလဲသွားလျှက်ရှိသည်။

“ဝူး … အီး … အီး။”

ကျွင်းချောင်ရှောင်း အော်လိုက်သည်။

"မငိုနဲ့။"

“အီး …”

မိန်းကလေးသည် ငိုယိုခြင်းအား ရပ်တန့်လိုက်၏။ ပြီးနောက် သူမ၏ နှုတ်ခမ်းများအား တင်းတင်းစေ့၍ ကျွင်းချောင်ရှောင်းအား သူမ၏ နီရဲသော မျက်လုံးများဖြင့် ကြည့်လျှက် ရှိ၏။

သူမ၏ အသွင်အပြင်သည် ချစ်ဖို့ကောင်းသလို သနားဖို့လည်း ကောင်းလှသည်။

“အီး ….အီး။”

သို့ပေမဲ့ သူမသည် ဆက်လက်၍ မထိန်းထားဟန်တော့ဖြင့် ဆက်လက်၍ ကျယ်လောင်စွာအော်ငိုလိုက်တော့သည်။

"ဂိုဏ်းချုပ်ကျွင်း ခင်ဗျားက ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ပဲလေ။ ဘာလို့ ဒီမိန်းကလေးကို အနိုင်ကျင့်ရတာလဲ။ သူမ က ကလေးလေးပဲ ရှိသေးတယ်။"

ကျွင်းချောင်ရှောင်း ဆွံအသွားသည်။

"မင်း ဆက်မငိုနဲ့ ကျုပ်သဘောတူတယ်။"

မိန်းကလေးသည် မျက်ရည်များကြားထဲမှ ပြုံးကာ ပြောလာသည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကျွင်း။"

သူမသည် ခုနက ရှင်းရှင်းလင်းလင်း ငိုနေခြင်းဖြစ်သည်။

သို့ပေမဲ့ သဘောတူသည်ဟူသော စကားကို ကြားလိုက်ပြီးချိန်မှာတော့ ချက်ချင်းပင် ပြုံးကာ ပြောလိုက်သည်။ သူမ၏ မျက်နှာအသွင်အပြင်နှင့် သရုပ်ဆောင်နိုင်စွမ်းသည် အကယ်ဒမီဆု ငါးထက်ကွမ်းလောက် ရနိုင်လောက်သည်။

“အင်း….”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။

"သွားကြစို့။"

"ကောင်းပါပြီ။"

မိန်းကလေးသည် အလောတကြီးဖြင့် နောက်မှ လိုက်လာသည်။

သူမသည် လမ်းလျှောက်ရင်းမှ တစ်ဆင့် သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။

"ဂိုဏ်းချုပ်ကျွင်း … ကျွန်မနာမည်က လျှိုဝမ်ရှစ် လို ခေါ်ပါတယ်။ ဒါပေမဲ့ အိမ်နာမည်က တုတုလို့ ခေါ်တယ်။ ဒီတော့ အနာဂတ်မှာ တုတုလို့ ခေါ်လိုရပါတယ်။"

"လျှိုဝမ်ရှစ် ဟုတ်လား။"

ကျွင်းချောင်ရှောင်း တွေးလိုက်မိသည်။

"ဒီလောက် ကဗျာဆန်လိုက်တဲ့ နာမည်နဲ့ သူမနဲ့ မလိုက်ဖက်သလိုပဲ။"

သူမနဲ့တွေ့ဆုံသည်မှာ ခဏလေးပင် ရှိသည်ဆိုသော်လည်း ဤမိန်းကလေး၏ ကိုယ်ရည်ကိုယ်သွေးနှင့် အမူအကျင့် အား သူ ရှင်းရှင်းလင်းလင်း သိရှိလိုက်ရ၏။

"အမြန်နှုန်းအဆောင် ဘယ်လောက် ကျန်ဦးမလဲ။"

"ငါး မိနစ်။" စနစ်မှ ပြန်ဖြေ၏။

"ဒီအချိန်အတွင်း ဂိုဏ်းကိုရောက်အောင်တော့ သွားလို့ မရဘူး။ ဒီတော့ ရထားလုံးနဲ့ပင် ပြန်ရတော့မှာပဲ။"

“ဂွီ…….”

လမ်းအနည်းငယ် လျှောက်ပြီးသည့် နောက် လျှိုဝမ်ရှစ် ၏ ဝမ်းဗိုက်ဆီမှ ဆာလောင်သော အသံ ထွက်ပေါ်လာ၏။

သူမသည် ဝမ်းဗိုက်ကို ဖိပြီး သနားစဖွယ်ပြောလိုက်သည်။

"ဂိုဏ်းချုပ်ကျွင်း …. ကျွန်မ တစ်နေကုန် ဘာမှမစားရသေးဘူး။"

"မင်း ဘာစားချင်လို့လဲ။"

"ကျွန်မ ကြယ်လစားသောက်ဆိုင်က ဟင်းတွေကို စားချင်တယ်။ ပျားရည်အရသာ ဟုန်ဖန်နဲ့ ဓားကြီးကိတ်ရယ် အမဲသားကင်ရယ်၊ ငါးဒုက္ခကိုလည်း စားချင်တယ်။"

လျှိုဝမ်ရှစ် သည် အသက်တစ်ရှိက်စာအတွင်းမှာပဲ များပြားလှသော ဟင်းပွဲများကို ရွတ်ဆိုသွား၏။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တစ်ဆတ်ဆတ် တုန်ရင်သွား၏။

ဟင်းပွဲများ၏ နာမည်ကို ကြားလိုက်ရုံဖြင့် ဟင်းပွဲများသည် ဈေးပေါလှသည်မဟုတ်မှန်း သူ သိရှိလိုက်ရ၏။ သို့ပေမဲ့ အခြားကမ္ဘာသို ဝိညာဉ်ကူးပြောင်းလာပြီးနောက်တွင် သူသည် ဟင်းသီးဟင်းရွက်နှင့် ထမင်း သို့မဟုတ် ခေါက်ဆွဲများကိုသာ နေ့စဉ်နေ့တိုင်း စားသုံးခဲ့ခြင်း ဖြစ်သည်။

ယခု သူ့တွင် ပိုက်ဆံရှိနေပြီဆိုသောကြောင့် အရသာရှိသည်များကို အားရပါးရ စားရပေလိမ့်မည်။

ဖျောက်။

ကျွင်းချောင်ရှောင်း လက်ဖျောက်တီးကာ ပြောလိုက်၏။ "ကြယ်လှစားသောက်ဆိုင်ဆိုတာကို ရှေ့က လမ်းပြ။"

ချင်းယန်မြို့တွင် ကျော်ကြားလှသော စားသောက်ဆိုင်များ အများအပြား ရှိ၏။ သို့ပေမဲ့ ကြယ်လ စားသောက်ဆိုင်သည် ချင်းရန်မြို့၏ နာမည်အကြီးဆုံး စားသောက်ဆိုင်လည်း ဖြစ်၏။

သူတို့၏ အထူးဟင်းပွဲများသည် အလွန်တရာ နာမည်ကျော်ကြားလှပြီး အရသာလည်း ကောင်း၏။ ကမ္ဘာအကောင်းဆုံး အရသာဟုလည်း နာမည်ကျော်ကြားသည်။

နှစ်စဉ်နှစ်တိုင်း ဤဟင်းပွဲများကို စားသုံးရန် မိုင်ထောင်သောင်းချီမှ ရောက်ရှိလာသော ဧည်သည်များနှင့် ပြည့်လျှက် ရှိ၏။

လက်ရှိအချိန် စားသောက်ဆိုင်၏ တတိယအထပ်ရှိ သီးသန့်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းနှင့် လျှိုဝမ်ရှစ် တို့သည် ဟာရီကိန်း မုန်တိုင်းတိုက်သကဲ့သို့ စားသုံးလျှက် ရှိ၏။

သူတို့၏ စားပွဲပေါ်တွင်တော့ များပြားလှသော ပန်းကန်များနှင့် ပြည့်နှက်လျှက် ရှိသည်။

ဟူး။

တစ်နာရီလောက်ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် အသာမှီကာ ပြောလိုက်၏။

"ကမ္ဘာပေါ်မှာ အကောင်းဆုံး အရသာပဲ။"

လျှိုဝမ်ရှစ် သည် သူမ၏ ခြေထောက်ကို ထိုင်ခုံပေါ်တွင် ချိတ်ထိုင်ပြီး ပန်းကန်လွတ်တစ်ခုအား သွားကြားထိုးတံနှင့် ညွှန်ပြကာ ပြောလိုက်၏။

"ဒီဟင်းပွဲမှာ ဆားနည်းနည်းငန်တယ်။ ဒါ မကောင်းဘူးပဲ။ ပြီးတော့ အပူကလည်း မလုံလောက်သေးဘူး။ ဒါမကောင်းဘူး။ ပြီးတော့ ဒီဟင်းပွဲ က ဆီ နည်းနည်းများတယ်။ ဒါမကောင်းဘူး။"

ကျွင်းချောင်ရှောင်း ဆွံအသွား၏။

"ဒါပေမဲ့ မင်းအများကြီးစားလိုက်တာကိုတော့ ငါ တွေ့လိုက်တယ်နော်။"

လျှိုဝမ်ရှစ် သည် နှုတ်ခမ်းဆူကာ ပြောလိုက်သည်။

"ဂိုဏ်းချုပ် လူတစ်ယောက်က အရမ်းဆာနေပြီဆိုရင် အစားအစာရဲ့ အရည်အသွေးကို ဂရုမစိုက်တော့ဘူး။ ဗိုက်ပြည့်အောင် ဦးစားပေးပြီး စားမှာပဲလေ။"

သူမ၏ ချစ်စဖွယ်အမူအယာကို မြင်တော့ ကျွင်းချောင်ရှောင်း စနောက်လိုက်၏။

"ဒါဆိုရင် မင်း ဘယ်လိုချက်ပြုတ်ရမလဲ သိလား။"

"ဘယ်လိုချက်ပြုတ်ရမလဲ ကောင်းကောင်း သိတာပေါ့။"

"ချက်ပြုတ်ခြင်းက အနုပညာတစ်ခုပဲ။ ချက်ပြုတ်ခြင်းမှာ အားလုံးပါဝင်တယ်။ မွှေတာ၊ ကြော်တာ ၊ကင်တာ ၊ နှပ်တာ အရာအားလုံးပါဝင်တယ်။"

"မပြောနဲ့တော့ … မပြောနဲ့တော့။"

ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် တားဆီးကာ ပြောလိုက်၏။

"မင်း တကယ် ချက်တတ်လို့လား။"

"သိတာပေါ့။"

လျှိုဝမ်ရှစ် သည် လက်ပိုက်ကာ သူမ၏ ထိုင်ခုံကို မှီလိုက်၏။ ပြီးနောက် ဂုဏ်ယူစွာနှင့် ပြောလိုက်သည်။

"ချက်ပြုတ်ခြင်းကသာ သိုင်းပညာနဲ့သဏ္ဍာန်တူတယ်ဆိုရင် ကျွန်မက နတ်ဘုရားအဆင့် ဖြစ်လိမ့်မယ်။"

"အဲ့လောက်တောင် ကောင်းတာလား။"

ကျွင်းချောင်ရှောင်း သံသယဖြင့် ပြောလိုက်သည်။

လျှိုဝမ်ရှစ် ပြောလိုက်သည်။

"ဂိုဏ်းချုပ် မယုံဘူးဆိုရင် ဂိုဏ်းကို ပြန်ရောက်တဲ့အခါ ဟင်းတစ်ပွဲ ၊ နှစ်ပွဲချက်ပြမယ်။ ကမ္ဘာကြီးရဲ့ အရသာအကောင်းဆုံးဟင်း က ဘာလဲဆိုတာ ဂိုဏ်းချုပ်ကို ပြမယ်။"

All Chapters