← Chapters

အခန်း (၅၄)

Vol. 4 Ch. 54

အခန်း (၅၄)

Vol. 4 Ch. 54

"ကောင်းကင်ဘုံ….. ဒါက ကမ္ဘာပေါ်မှာ အရမ်း အရသာရှိတဲ့ အစားအစာပဲ။”

“ဒီလောက် အရသာရှိတဲ့ ထမင်းကြော်ကို တစ်ခါမှမစားဖူးဘူး။”

“ ငါ့ကို တစ်ပန်းကန်လောက်ထည့်ပေးအုံး။ မဟုတ်ဘူး …. နှစ်ပန်းကန်ပေး။"

"တုတုရဲ့ ဟင်းချက်တဲ့စွမ်းရည်က ဒုတိယစီနီယာအစ်ကို နဲ့ယှဉ်ရင် ကောင်းကင်နဲ့ မြေကြီးလိုပဲ။"

ဂိုဏ်း၏ စားသောက်ခန်းထဲမှာတော့ တပည့်များသည် အပြိုင်အဆိုင် ချီးကျူးကြရင်း ထမင်းကြော်ကိုလည်း အမဲဖြတ်သလို ဖြတ်လျက် ရှိကြ၏။ ထမင်းစေ့တစ်စေ့၏ အရသာကိုပင် မဖြုန်းတီးချင်သော ပုံပန်းသွင်ပြင် ပေါ်နေ၏။

ဤမျှ အရသာရှိသော ထမင်းကြော်ကို မည်ကဲ့သို့ တင်စားရမည်ဆိုသည်ကိုပင် မသိဘူးဖြစ်နေကြသည်။

အေးစက်စက် အမူအယာနှင့် ဖြစ်နေတတ်သော လုချင်းချင်းပင်လျှင် ထိုင်ခုံ၏ထောင့်တစ်ခုနှင့် ထိုင်ပြီး ထမင်းကြော်ကို ခပ်မြန်မြန် စားလျှက် ရှိ၏။

လီချင်းယန်မှာ ပို၍ပင် ဆိုးသေးသည်။

ထမင်းကြော်အား စားပြီးသည့်နောက်တွင် သူ၏ ဟင်းချက်ခြင်းစွမ်းရည်အား အမှိုက်ဟု သူ့ကိုယ်သူ ကင်ပွန်းတတ်ခဲ့၏။

ရှောင်ကျီသည် ထမင်းတစ်စေ့ဆီတိုင်းအား သေချာ အရသာခံ၍ စားနေသည်။ သူ၏ မျက်နှာပြင်သည် အမျိုးမျိုး ပြောင်းလဲလျှက် ရှိသည်။ ပြီးနောက် ကြိတ်ကာ ရေရွတ်လိုက်၏။ "ကမ္ဘာပေါ်မှာ အရသာအရှိဆုံးပဲ။"

ကျွင်းချောင်ရှောင်းသည် လေးပန်းကန်တိတိစားခဲ့ပြီဖြစ်၏။ သူသည် ပန်းကန်လုံးအား အောက်သိုချပြီး ထိုင်ခုံပေါ်တွင် အသာထိုင်ကာ ထမင်းလုံးစီနေလိုက်၏။

မျက်နှာချင်းဆိုင်တွင် ထိုင်လျှက်ရှိသော လျိုဝမ်ရှစ် သည် မေးထောက်၍ မျက်လုံးလေး ပေကလက်ပေကလက် လုပ်ကာ ပြုံးလိုက်၏။ "ဂိုဏ်းချုပ် ကျွန်မရဲ့ ဟင်းချက်တဲ့ အရည်အချင်းက ဘယ်လိုလဲ။"

ကျွင်းချောင်ရှောင်း ချီးကျူးလိုက်၏။

"ကြယ်လစားသောက်ဆိုင်က စားဖိုမှူးထက် အများကြီးတော်တယ်။"

သူမငိုယိုပြီး သံမဏိအရိုးဂိုဏ်းသို့ လိုက်ခဲ့မည်ကို သူ အလွန်ပဲ ဝမ်းမြောက်မိ၏။ မဟုတ်လျှင် ဤကဲ့သို့ တော်လှသော စာဖိုမှူးအား မည်သည့် နေရာ၌ သွားရှာမည်နည်း။

လျိုဝမ်ရှစ် ပြုံးကာ နှုတ်ခမ်းဆူလိုက်၏။

"ကြယ်လစားသောက်ဆိုင်ရဲ့ စာဖိုမှူးဆိုတာ သာမန်စာဖိုမှူးတစ်ယောက်ပဲ။ ကျွန်မက အဆင့်မြင့် စာဖိုမှူးလေ။ လူအားလုံးအတွက် အားအင် ပိုပြီး တိုးမယ့် ဟင်းပွဲတွေကို ကျွန်မ ချက်ပြုတ်ပေးနိုင်တယ်။"

"အဲလောက်ကောင်းတာလား။"

ကျွင်းချောင်ရှောင်း ဆွံအသွားမိ၏။

လုချင်းချင်းသည် ဘေးတစ်ဖက်မှနေ၍ အသာလှည့်ကြည့်လိုက်၏။ ပြီးနောက် သူမ၏ ထမင်းကြော်ကို ဆက်လက်ကာ စားနေသည်။

လျိုဝမ်ရှစ် သည် တစ်ခစ်ခစ်နှင့်ရယ်ကာ ပြောလိုက်၏။ "ဂိုဏ်းချုပ် ကျွန်မ အခု သံမဏိအရိုးဂိုဏ်းထဲမှာ နေလို့ရပြီလား။"

"ရတာပေါ့။"

ကျွင်းချောင်ရှောင်းသည် ဤကိစ္စနှင့် ပတ်သက်၍ စဉ်းစားရန် မလိုအပ်တော့ပေ။

လျိုဝမ်ရှစ် ၏ ထမင်းကြော်သည် တပည့်များအားလုံးကို ပျော်ရွှင်စေ၏။ ကိုယ့်အိပ်ဆောင်ဆီသို့ ပြန်သည့်လမ်းတွင်တောင်မှ ထမင်းကြော်၏ အရသာကို ချီးကျူးသွားကြသည့် အသံများ အား ကြားနေရသေး၏။

ညရောက်လာပြီးသည့်နောက် …..

ကောင်းကင်ပေါ်တွင် လမင်းကြီးသည် ထွန်းလင်းတောက်ပလျှက်ရှိ၏။

လုချင်းချင်းသည် အဓိက ဟောခန်း၏ အမိုးပေါ်တွင် ထိုင်လျှက် ရှိသည်။ သူမသည် ဒူးများအား လက်နှစ်ဖက်နှင့်ပိုက်ကာ ဂိုဏ်း၏ အပြင်ဘက်ရှိ လှပသော သစ်တောများအား ကြည့်လျှက် ရှိသည်။

"ဒီလောက် နောက်ကျနေပြီ။ မင်း သွားမအိပ်သေးဘူးလား။ ဒါဆိုရင် မနက်ဖြန် ဘယ်လိုလုပ် တာဝန်ကို ပြီးမြောက်အောင် လုပ်မှာလဲ။"

ကျွင်းချောင်ရှောင်းသည် အောက်မှနေ၍ အပေါ်သို့ ခုန်တက်လိုက်၏။

လုချင်းချင်းသည် သူ့အား လျစ်လျူရှုထားသည်။ သူမ၏ အရည်ရွှန်းလဲ့နေသော မျက်လုံးများသည် အပြင်ဘက်သို့ စူးစိုက်ကြည့်လျှက်ရှိ၏။

လေအေးများ တိုက်ခိုက်သွားပြီးနောက် သူမ၏ ဆံပင်များသည် လေထဲတွင် လွင့်ကနဲ ဖြစ်သွားသည်။

ကျွင်းချောင်ရှောင်းသည် ခပ်လှမ်းလှမ်း တစ်နေရာမှာ ထိုင်ချပြီး ပြောလိုက်သည်။

"မင်း စိတ်ထဲမှာ တစ်ခုခုရှိနေတယ်လို့ ငါထင်တယ်။ တစ်စုံတစ်ယောက်ကို စကားပြောလိုက်ရင် ပိုပြီး ကောင်းသွားလိမ့်မယ်။"

လုချင်းချင်း ပြောလိုက်၏။

“ကျွန်မအဆင်ပြေပါတယ်။”

ကျွင်းချောင်ရှောင်း ရယ်လိုက်၏။

"ညသန်းခေါင်ကြီး အမိုးပေါ်မှာ ထိုင်ပြီး ကြယ်တွေကြည့်နေတယ်ဆိုတာ အဆင်ပြေတာလား။"

"ဟုတ်တယ်။"

"အင်း မဆိုးပါဘူး။"

လုချင်းချင်း ပြောလိုက်သည်။

"ဂိုဏ်းချုပ် ….. လျိုဝမ်ရှစ်က မရိုးရှင်းဘူး။"

"ဘယ်လို မရိုးရှင်းတာလဲ။" ကျွင်းချောင်ရှောင်း မေးလိုက်သည်။

လုချင်းချင်းသည် အသာပြောလိုက်သည်။ "ကျွန်မသိသလောက်ဆိုရင် ကောင်းကင်အင်ပါယာမြို့ ရဲ့ အိုးရန်မိသားစု က သာ လူတွေရဲ့ အားအင်တွေကို တိုးတိုက်စေတဲ့ဟင်းမျိုးတွေကို ချက်ပြုတ်ပေးနိုင်တာ။"

"ကောင်းကင်အင်ပါယာမြို့တော် ဟုတ်လား။"

ကျွင်းချောင်ရှောင်းသည် တစ်ခါမှ မကြားဖူးချေ။ သို့ပေမဲ့ နာမည်ကို ကြည့်လိုက်ရုံနှင့် အလွန်အရေးကြီးသော နေရာဖြစ်မည်ဟု ခန်းမှန်းမိနိုင်၏။

"တုတုရဲ့ မျိုးရိုးနာမည်က အိုးရန်မှ မဟုတ်တာ။"

"နာမည်က ပြောင်းလို့ရတယ်လေ။ မျိုးရိုးနာမည်ကိုလည်း ဖုံးကွယ်ထားလို့ရတာပဲ။"

"မင်းလိုပဲလား။"

လုချင်းချင်းသည် အသာငြိမ်သက်သွား၏။ ပြီးနောက် အောက်သို့ ခုန်ဆင်းလိုက်၏။

ကြည့်ကောင်းလှသော ကိုယ်ခန္ဓာဖြင့် အခန်းဆီသို့ လှမ်းလျှောက်သွားသော မိန်းကလေးအား ကြည့်ပြီး ကျွင်းချောင်ရှောင်း လှမ်းအော်လိုက်သည်။

"လုချင်းချင်း မှတ်ထား။ မင်းက သံမဏိအရိုးဂိုဏ်းရဲ့ အကြီးဆုံး တပည့်ပဲ။"

လုချင်းချင်း ရပ်တန့်လိုက်၏။ ပြီးနောက် လှည့်ကာ ပြောလိုက်သည် "ကျွန်မသိတယ်။"

ကျွင်းချောင်ရှောင်း၏ အမူအယာသည် လေးနက်သွားသည်။

"မင်းဆီမှာ ရန်ငြိုးရှိတယ်ဆိုရင် ငါတို့ဂိုဏ်း ပိုပြီး အားကောင်းလာတဲ့အချိန်မှာ ငါက မင်းအတွက် အရာအားလုံးကို ဖြေရှင်းပေးမယ်။ အခုချိန်မှာ အဆင်ခြင်မဲ့ ဘာတစ်ခုမှ လျှောက်လုပ်လို့ မဖြစ်ဘူး။"

လုချင်းချင်း၏ မျက်လုံးများသည် ထူးဆန်းသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။ ပြီးနောက် သူသည် သူမ၏ အခန်းတံခါးတို့အား ဆွဲဖွင့်ကာ ဝင်သွားတော့သည်။

ကျွင်းချောင်ရှောင်း သမ်းဝေလိုက်၏။

ပြီးနောက် အောက်သို့ဆင်းကာ အဓိကဟောခန်းထဲသို့ လှမ်းဝင်လိုက်သည်။

လုချင်းချင်းသည် တံခါးကိုပိတ်ကာမှီပြီး အသာပြောလိုက်သည်။ "ရှင်သိတာတွေ တော်တော်များနေပြီပဲ"

………

နောက်တစ်ရက် …..

ကောင်းကင်သည် လင်းလက်တောက်ပလျှက်ရှိသည်။

လျိုဝမ်ရှစ် သည် ရင်ကာ အင်္ကျီကို ဝတ်ဆင်လျှက် စာဖိုဆောင်ထဲ၌ အလုပ်များလျှက်ရှိ၏။

မကြာခင်မှာပဲ ခြံဝန်းတစ်ခုလုံးဆီသို့ မွေးပျံ့လှသော သင်းရနံ့များ ရောက်ရှိလာသည်။

တပည့်များအားလုံးသည် ဗိုက်များ တဂွီဂွီမြည်၍ နိုးထလာကြသည်။

"ဟူး … အရသာရှိလိုက်တာ။"

"ဒီလို ဟင်းမျိုးစားပြီး ငါတစ်နေကုန် အလုပ်လုပ်ရင်တောင် ပင်ပန်းမှာ မဟုတ်ဘူး။"

"စွပ်ပြုတ်တစ်ပန်းကန်လောက် ပေးပါဦး။"

ဂိုဏ်း၏ စားသောက်ခန်းထဲမှာတော့ တပည့်များသည် အစားအသောက်များအား အားရပါးရ စားသုံးရင်း လျိုဝမ်ရှစ် ၏ ချက်ပြုတ်ခြင်း စွမ်းရည်အား အလုံးစုံချီကျူးလျက် ရှိကြသည်။

စားသောက်ပြီးသည့်နောက် တပည့်များသည် အားအင်ပြည့်ဝသွားကြသောကြောင့် တစ်နေ့တာကျင့်ကြံခြင်းများ ပြုလုပ်ရန် လေ့ကျင့်ရေးကွင်းပြင်ဆီသို့ လျှောက်သွားကြတော့သည်။

"ချင်းချင်း … ချင်းယန် …. မင်းတို့ရဲ့ တာဝန်တွေကို သွားပြီးတော့ ဆက်လုပ်ကြ။"

ကျွင်းချောင်ရှောင်းသည် သွားကြားထိုးတံတစ်ခုကို ကိုင်ကာ စားသောက်ခန်းထဲမှ ထွက်လာ၏။

ဘန်း။

ရုတ်တရက်ဆိုသလိုပဲ ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာပြီး အနီရောင်တံခါးတစ်ချပ်သည် ပျက်စီးကာ အတွင်းသို့ လွင့်စင်လာ၏။

"ငါ့တံခါးလေး သွားပါပြီ။"

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထဲမှ သွားကြားထိုးတံသည် ပြုတ်ကျသွားပြီး တုန်တုန်ရင်ရင်ဖြင့် တံခါးလေးအား လှမ်းကြည့်လျှက်ရှိသည်။

မနေ့က ဓားကိုင်ကာ အိပ်ပျော်လျက်ရှိသော ကျင့်ကြံသူသည် အထဲသို့ လှမ်းဝင်ကာ အော်လိုက်၏။

တစ်ကိုယ်တော် ဓားသမား မာယုံနင်။

"သံမဏိအရိုးဂိုဏ်းခေါင်းဆောင်နဲ့ သိုင်းပညာချင်း ဖလှယ်ချင်ပါတယ်။"

………

လေ့ကျင့်ရေးကွင်းပြင်မှာတော့ ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းဓားအား ကိုင်ထားလျှက်ရှိ၏။

သူ၏မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်လျှက် ရှိသည်။ စိတ်လိုလက်ရ အားရပါးရ စားသောက်ပြီးသည့်နောက်မှာ သူသည် သွားကြားထိုးတံအား ကိုက်၍ ပျော်ပျော်ရွှင်ရွှင်နှင့် လမ်းလျှောက် ထွက်လာခဲ့သည်။အဆုံးသတ်မှာတော့ သူ၏ တံခါးသည် ကန်ချိုးခြင်း ခံရသည်။

ဤသို့သော ကိစ္စကို မည်သူက ဒေါသမထွက်ဘဲ နေမည်နည်း။

မာယုံနင်ဟုခေါ်သော ဓားသမားသည် သူ့အား ကြည့်ကာ ဖြည်းဖြည်းချင်း ဓားမော့ အား ဆွဲထုတ်လိုက်၏။

ပြီးနောက် ဓားအိမ်ကို ကွင်းပြင်ဆီသို့လွင့်ပစ်ကာ ပြောလိုက်သည်။

"မင်းက ငါတိုက်ခိုက်ချင်တဲ့လူတစ်ယောက်ဆိုတာ ကြည့်လိုက်တာနဲ့ သိတယ်။"

ဘာ … ဘာကိုသိတာလဲ ချီးတဲ့မှပဲ။

ကျွင်းချောင်ရှောင်းရှေ့သို့ လှမ်းတက်လိုက်၏။ ပြီးနောက် ပေါင်တစ်ထောင်အားအင်ကို ထည့်သွင်းကာ နဂါးစိမ်းဓားအား ကိုင်၍ ခုတ်ပိုင်းလိုက်၏။

အမြန်နှုန်းအဆောင်၏ ထောက်ပံ့မှုမရှိသောကြောင့် သူ၏ ခုတ်ပိုင်းမှုသည် နှေးကွေးလွန်းလှ၏။ ကြည့်ကောင်းသည်မှလွဲ၍ အသုံးဝင်သည့် တိုက်ခိုက်မှုမျိုးတော့ မဟုတ်ပေ။

ဒန်။

မာယုံနင်သည် သူ၏ ဓားမော့ အား မြှောက်၍ ကာလိုက်၏။ ပြီးနောက် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။

"မင်းက သိုင်းတပည့်အဆင့်တောင် မရောက်သေးဘူးလား။"

ကျွင်းချောင်ရှောင်းသည် သူ၏ ဓားမော့ အား ရုတ်သိမ်းပြီး တူညီသည့် တိုက်ခိုက်မှုမျိုးကို ထပ်မံပြုလုပ်လိုက်သည်။

သို့ပေမဲ့ မာယုံနင်က ထပ်မံ တားဆီးလိုက်၏။

"ငါ ဂိုဏ်းပေါင်းသုံးဆယ်ကျော်ကို စိန်ခေါ်လာခဲ့တာ။ ဒါပေမဲ့ မင်းလောက်အားနည်းတဲ့ဂိုဏ်းချုပ် မျိုးကို တစ်ခါမှ မမြင်ဖူးဘူး။"

"ခင်ဗျား စကားများလွန်းတယ်။"

ကျွင်းချောင်ရှောင်းသည် သူ၏ ဓားဖြင့်ထပ်မံ၍ ခုတ်ပိုင်းလိုက်တော့သည်။

ကံဆိုးစွာနဲ့ တစ်ဖက်လူသည် ပါရမီရှင် သိုင်းတပည့်အဆင့် ဖြစ်သည်။ ထို့ကြောင့် သူ၏ တိုက်ခိုက်ချက်များကို လွယ်လွယ်ကူကူ ရှောင်တိမ်းနိုင်၏။

ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်ချက် အနည်းငယ်အား ခုခံပြီးသည့်နောက် ကွင်းပြင်ဆီသို့ ဆုတ်ခွာသွားသည်။

"ကောင်လေး မင်းက အရမ်း အားနည်းလွန်းအားကြီးတယ်။ ငါ ဆက်ပြီး မတိုက်ခိုက်ချင်တော့ဘူး။"

"ဒီလိုလား။"

ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းဓားအား ပစ်လွှတ်လိုက်၏။

ပြီးနောက် စဦး အအေးဓားအား ထုတ်ယူကာ ပြောလိုက်သည်။ "ကျုပ်ဓားကို ရင်ဆိုင်ရဲလား။"

မာယုံနင်သည် အေးစက်သည့် အော်ရာများ ထွက်ပေါ်နေသည့် ဓားအား တစ်ချက်ကြည့်ပြီး ဤဓားသည် သာမန်မဟုတ်ကြောင်း သတိထားမိ၏။

သို့ပေမဲ့ ထူးမခြားနားသလို ပြောလိုက်သည်။ "မင်းနဲ့ ငါ့ကြားမှာ ရှိတဲ့ကွာခြားချက်တစ်ခုက အရေအသွေးမြင့် လက်နက်တစ်ခုရှိရုံနဲ့တင် ဆုံးဖြတ်လို့ရပြီလို့ ထင်နေတာလား။"

ပြီးတော့ သူသည် ရှေ့သို့ လှမ်းတက်ကာ တိုက်ခိုက်ရန်ပြင်လိုက်သည်။

ကျွင်းချောင်ရှောင်းသည် သူ၏ ဓားကို လှုပ်ယမ်းရင်း ကိုးလှိုင်းဓားသိုင်းအား ထုတ်ဖော်လိုက်တော့သည်။

ပထမတိုက်ကွက် …. ဒုတိယတိုက်ကွက် … ရှစ်ကွက်မြောက်တိုက်ကွက်ကို ရောက်ရှိပြီးသည့်နောက်မှာတော့ သူသည် လေထဲသို့ ခုန်တက်သွားတော့သည်။

ပြီးနောက် သူ၏ ဆယ့်တစ်ခုသော မရိဒန်များဆီမှ စွမ်းအင်များဖြင့် တိုက်ခိုက်လိုက်တော့သည်။

ရွှီး။

စိတ်ဝိညာဉ်စွမ်းအင်များသည် ကိုးလှိုင်းဓားသိုင်းများနှင့် ပေါင်းစပ်ပြီးသည့်နောက် အားကောင်းလှသော တိုက်ကွက်ကို ထုတ်ဖော်နိုင်ခဲ့ပြီး ဖြစ်၏။

မာယုံနင်သည် နှာခေါင်းရှုံ့လိုက်သည်။

သူသည် ဓားမော့ အား လက်နှစ်ဖက်နှင့်ကိုင်၍ သူ၏ ပုခုံးထက်မှနေ၍ ဖြတ်ကာလိုက်၏။ သူသည် ဓားမော့တွင် စိတ်ဝိညာဉ်စွမ်းအင်များကိုလည်း ထည့်သွင်းထားသေး၏။

ကိုးလှိုင်းဓားသိုင်းအား ထိပ်တိုက်ရင်ဆိုင်ချင်သည်မှာ ထင်ရှားလှပေသည်။

ဖြောင်း …။

ဓားချီများသည် ဓားမော့အား ပိုင်းဖြတ်သွားသည်။

သိုပေမဲ့ ကျွင်းချောင်းရှောင်းဆီမှ ဓားသည် အရှိန်မလျော့သွားပေ။ ဆက်လက်၍ ကျဆင်းလာပြီး မာယုံနင်၏ ပုခုံးဆီသို့ ကျဆင်းသွားတော့သည်။

ဒုတ်။

မာယုံတင်သည် ပုခုံးပေါ်တွင် ကြီးမားလှသော ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

သို့ပေမဲ့ သူသည် သူ၏ ဒဏ်ရာအား ဂရုမစိုက်နိုင်။

မြေပေါ်တွင် ဒူးထောက်ထိုင်ချပြီး တုန်ရင်နေသောလက်အစုံဖြင့် ကျိုးသွားသော သူ၏ ဓားမော့အား မြေကြီးထဲမှ အသာ ဆွဲနှုတ်လျှက် ရှိသည်။

ပြီးနောက် ခေါင်းမော့ကာ အော်လိုက်သည်။ "ငါ့ရဲ့ဓားမော့။"

All Chapters