← Chapters

အခန်း (၆၀)

Vol. 5 Ch. 60

အခန်း (၆၀)

Vol. 5 Ch. 60

အခန်းလေး၏ အပြင်ဘက်တွင်တော့ ရှောင်ကျီသည် လှေကားထစ်များ၏ ရှေ့၌ အရုပ်ကြိုးပြတ်နှင့် လဲလှောင်းလျက် ရှိ၏။

သူ၏ မျက်နှာတစ်ခုလုံးသည် ဆိုးဆိုးရွားရွား ရိုက်နှက် ခံထားရပြီး သူ၏မွေးသမိခင်ပင်လျှင် မမှတ်မိနိုင်သော ရုပ်သွင်မျိုး ဖြစ်လို့နေ၏။

လေးနာရီတိတိ။

ကျွင်းချောင်ရှောင်းသည် နှစ်နာရီတိတိ အရိုက်ခံခဲ့သည်။ နှစ်နာရီ ဆိုသော အချိန်လေး အတွင်းမှာတင် မထနိုင်သည် အထိ ခံခဲ့ရပြီး ဖြစ်သည်။ ထို့အပြင် သူသည် စွမ်းအင်ဖွင့်ခြင်း အဆင့် အဆင့်ဆယ့်တစ် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်၏။

ထို့ကြောင့် ရှောင်ကျီအနေနှင့် မခံနိုင်သည်မှာ သဘာဝပင် ဖြစ်ပေလိမ့်မည်။

"ဂျူနီယာ ညီလေး ဘာဖြစ်တာလဲ။ မင်းကို ဘယ်သူ ရိုက်လိုက်တာလဲ။ ပက်စက်လှချည်လား။"

"ဂိုဏ်းခေါင်းဆောင်က ဂျူနီယာရှောင်အတွက် အထူးလေ့ကျင့်ရေး လုပ်နေတယ်လို့ ငါ ကြားတယ်။"

ဖြတ်သွားကြတော့ တပည့်များသည် ရှောင်ကျီအား ကိုယ်ချင်းစာသလို ကြည့်လိုက်ကြ၏။

ကျွင်းချောင်ရှောင်းသည် အပြင်သို့ လျှောက်ထွက်လာပြီး လှေကားထစ်တွင် ထိုင်ကာ ပြောလိုက်သည်။

"ဘယ်လိုခံစားရလဲ။"

"နာတယ်။"

ရှောင်ကျီ အားပျော့စွာဖြင့် ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ရှောင်ကျီပုခုံးအား အသာပုတ်ကာ ပြောလိုက်၏။

"တူတူပဲ။ ကောင်းကင်ကြီးက ကံကောင်းခြင်းတွေကို ပေးစွမ်းမယ်ဆိုရင် အရင်ဆုံး မင်းကို ခံစားရအောင် လုပ်လိမ့်မယ်။"

ရှောင်ကျီသည် မည်သည့် စကားလုံးမှ ပြန်မပြောပေ။ သူ၏ မျက်လုံးသည် နာကျင်မှုများနှင့် ပြည့်နှက်နေသည်။

ကြွက်သားတည်ဆောက်ခြင်း အခန်းထဲမှာ ရိုက်နှက် ခံရပြီးနောက်မှာ သူ၏ ခန္ဓာကိုယ်သည် အလွန်အမင်း နာကျင်လျှက် ရှိ၏။

သူ့အနေနှင့် နတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ် ကို ရရှိထားသည် ဆိုလျှင်တောင်မှ စိတ်ဝိညာဉ်စွမ်းအင်များအား မစုစည်းနိုင်ပေ။ ထိုအရာသည် သူ့အား နှလုံးသားထဲမှ နာကျင်စေသည်။

"ဂိုဏ်းချုပ် ကျွန်တော့်က တကယ့်ကို အမှိုက်တစ်ခုပဲ။ တကယ့်ကို အသုံးမကျတဲ့ အမှိုက်။"

ရှောင်ကျီသည် ပြောလိုက်၏။ သူသည် ကံကြမ္မာ၏ စီစဉ်မှုကို လက်ခံလိုက်သည့် ပုံပေါ်၏။

ပို၍ စိတ်ဓာတ်ကျလာသည်။

ဤကမ္ဘာကြီးတွင် သူ မည်သည့်အချိန်၌ အားကောင်းလာနိုင်မည်နည်း။

စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်မှသာ အားကောင်းလာပေလိမ့်မည်။ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူရန် ခက်ခဲနေသည်ဆိုတော့ သူအနေဖြင့် မရီဒန်များကို ဖွင့်လှစ်၍ မရနိုင်ချေ။ ထို့ကြောင့် သူသည် အမှိုက်တစ်ခုနှင့် မခြားနားလှချေ။

"ရှောင်ကျီ။"

ကျွင်းချောင်ရှောင် သူ့အား ကြည့်ကာ ခပ်တည်တည်ဖြင့် ပြောလိုက်၏။

"မှတ်ထား …. သံမဏိအရိုးဂိုဏ်းမှာ အမှိုက်ဆိုတာ မရှိဘူး။"

"ဂိုဏ်းချုပ် …. ကျွန်တော်။"

" ထပ်မပြောနဲ့တော့ ဒီနေ့ကစပြီး မင်း နေ့တိုင်း ဒီထဲကို ရှစ်နာရီတိတိ ဝင်ရမယ်။"

"ရှစ်နာရီ။"

ရှောင်ကျီသည် အရုပ်ကြိုးပြတ် ပြန်လဲသွားတော့သည်။

နောက်တစ်နေ့မနက် မျက်လုံးဖွင့်တော့ချိန်မှာတော့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မနာကျင်တော့ရုံသာမက သူ၏ ကြွက်သားများသည်လည်း မနေ့ကထက်စာလျှင် ပြောင်းလဲသွားကြောင်းကိုလည်း ခံစားမိလိုက်၏။

"ဘာတွေ ဖြစ်နေကြတာလဲ။"

ရှောင်ကျီသည် ဇဝေဇဝါ ဖြစ်သွားမိသည်။

သို့ပေမဲ့ ဂိုဏ်းချုပ်၏ ညွှန်ကြားချက်အတိုင်း လိုက်နာ၍ ကြွက်သား တည်ဆောက်ခြင်း အခန်းထဲသို့ ဝင်လိုက်တော့သည်။

ကျွင်းချောင်ရှောင်းသည် အစောကတည်းက ပြန်လည်ပြင်ဆင်ပြီးဖြစ်၏။

ချောင်ကျီဝင်သွားပြီဆိုသည်နှင့် တံခါးအား ပိတ်လိုက်သည်။ပြီးနောက် အချိန်ကာလ ရှစ်နာရီအထိ ထားလိုက်သည်။

ဤတစ်ကြိမ်သည် အလွန်အမင်း ကြာမြင့်လှ၏။

ရှစ်နာရီပြည့်ပြီးနောက်မှာတော့ ရှောင်ကျီသည် ပျော့ခွေလျှက် ပြန်ထွက်လာတော့သည်။

သူ၏ ဗိုက်များသည်လည်း တဂွီဂွီ နှင့် မည်လျက်ရှိသည်။

လျိုဝမ်ရှစ် ချက်ပြုတ်ပြီးသည့် အစားအစားများကို စားသုံးကာ တစ်ရေးအိပ်ပြီးသည့်နောက် သူ၏ ပင်ပန်းမှု ၊ နာကျင်မှုများသည် ပျောက်ကွယ်သွားတော့သည်။ သူ၏ ကြွက်သားများသည် ပိုမိုအား‌ကောင်းလာသည်။

ထို့ကြောင့် သူသည် ကြွက်သား တည်ဆောက်ခြင်းအခန်းထဲသို့ သွားရန် အလွန်အမင်း စိတ်လှုပ်ရှားလျှက် ရှိ၏။

အမ်။

"ဂျူနီယာညီလေးကို ကြည့်ရတာ ဒီနေ့ စိတ်ကောင်းဝင်နေသလိုပဲ။"

"မဟုတ်နိုင်ပါဘူး။ ဟုတ်လို့လား။"

"ဂိုဏ်းချုပ်က သူ့ကို နှစ်ရက်တိတိ ညှင်းပန်းနှိပ်စက်ခဲ့တာ။"

သူတို့သည် ခေါင်းခါယမ်းလိုက်သည်။

သူတို့သည် ကြွက်သားတည်ဆောက်ခြင်းအခန်းကသာ ခန္ဓာကိုယ်နှင့် ကြွက်သားများ မြန်မြန်ဆန်ဆန်နှင့် ပိုမိုအားကောင်းလာမည်ကိုသာ သိလျှင် ကြိမ်းသေပေါက် အနှိပ်စက်ခံရန် တန်းစီနေကြပေလိမ့်မည်။

ရှောင်ကျီသည် နေ့ခင်းဘက်တွင် နှိပ်စက်ခံနေရသလို ညဘက်တွင်လည်း နှိပ်စက် ခံနေရသည်။

သူတို့နှစ်ယောက်သည် တစ်ယောက်တစ်လှည့်စီနှင့် နေ့စံ ညခံ သဘောမျိုး ဖြစ်လျက် ရှိ၏။

ပြောရမည်ဆိုလျှင် သူသည် တစ်ခြားသောတပည့်များအား ခန္ဓာကိုယ် ကြံခိုင်အောင် မလုပ်ပေးဖြစ်။ ကျွင်းချောင်ရှောင်း၏ ရည်ရွယ်ချက်မှာ အလွန်ပင် ရိုးရှင်းလှ၏။

ရှောင်ကျီသည် စိတ်ဝိညာဉ်စွမ်းအင်အား မစုပ်ယူနိုင်သောကြောင့် ခန္ဓာကိုယ်အား အရင် အားကောင်းစေရန် ပြုလုပ်ရပေလိမ့်မည်။ ထိုမှသာ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ စိတ်အား တက်ကြွမှုများ ဖြစ်ပေါ်လာပေလိမ့်မည်။

သုံးကြိမ်မြောက် လေ့ကျင့်ပြီးသည့်နောက် ရှောင်ကျီသည် ထပ်မံ စမ်းသပ်လိုက်၏။

သူ၏ အားအင်သည် တစ်ဖြည်းဖြည်းနှင့် ပိုမို၍ တိုးပွားလာသည်။

အရင်တုန်းက နှစ်ဆယ်ကနေ သုံးဆယ်ကီလိုဂရမ်အထိ အားကောင်းနေရာမှ လက်ရှိအချိန်တွင် ငါးဆယ်ကီလိုဂရမ်အထိ အား တိုးလာ၏။

သူသည် မရီဒန်နှင့် ပင်ကိုယ်စွမ်းရည်ကို မဖွင့်နိုင်သောကြောင့် တိုးတက်မှုနှုန်းသည် နှေးကွေးလျှက် ရှိ၏။

သို့ပေမဲ့ အတိုင်းအတာတစ်ခု အထိတော့ တိုးတက်နေတုန်းပင် ဖြစ်သည်။ သူ၏ စိတ်ဓာတ်ကျနေသော မျက်လုံးများထဲတွင် မျှော်လင့်ခြင်း အရိပ်အယောင်များ သန်းလာသည်။

"ဂိုဏ်းချုပ် … တပည့် ဒီတစ်ကြိမ် အချိန်ကို နည်းနည်း ကြာအောင် တိုးချင်တယ်။"

"ဘယ်လောက်တိုးမှာလဲ။"

"ဆယ့်နှစ်နာရီ။"

"ကောင်းပြီ။"

ရှောင်ကျီထွက်ခွာသွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မေးအားပွတ်သပ်ကာ ပြောလိုက်သည်။

"ငါ ကြွက်သားတည်ဆောက်ခြင်း အခန်းတစ်ခု ထပ်ဝယ်ဖို့လိုလား။"

ဤအရာဝတ္ထုသည် တစ်လလျှင် ငါးခုအထိ ဝယ်ရန် ကန့်သတ်ထားပြီး ဖြစ်သည်။

ဒင်။

လီဖေးသည် ငါးကျွတ်ရွာသို စာသွားပိုခြင်း အောင်မြင်ခဲ့သည်။

ဒင်။

ဂိုဏ်းစုဆောင်းမှတ် ၈၄/၁၀၀

ဂိုဏ်း၏ အောင်မြင်မှုအမှတ် ၇၄/၁၀၀

ရှောင်ကျီ သူ၏ ကြွက်သားများ ပိုမိုသန်မာလာစေရန် လေ့ကျင့်နေတုန်းမှာပဲ တပည့်များ တော်တော်များများသည်လည်း သူတို့၏ တာဝန်များကို ပြည့်စုံစွာအောင်မြင်သွားခဲ့ကြသည်။

ထို့ကြောင့် ဂိုဏ်းစုဆောင်းမှတ်များသည်လည်း တစ်ဖြည်းဖြည်းနှင့် တိုးလာလျှက် ရှိသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်၏။

“မပေးရသေးတဲ့ တာဝန်က အားလုံး နှစ်ဆယ်ကျော်ကျန်သေးတယ်။ သူတို့အားလုံးကို ပေးမယ်ဆိုရင် ဂိုဏ်းရဲ့ အောင်မြင်မှုအမှတ်က ပြည့်သွားမှာပဲ။ ဂိုဏ်းစုဆောင်းမှတ်ကလည်း ပိုသွားလိမ့်မယ်။ ဒီလိုဝယ်လိုက်တာ ကောင်းမယ်။”

“ဒင်။”

“လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် နှစ်ဆယ်မှတ်အား အသုံးပြု၍ ကြွက်သား တည်ဆောက်ခြင်း အခန်းအား ဝယ်ယူခဲ့သည်။”

“ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ခဲ့သည်။”

“ဒင်။”

“ဂိုဏ်းစုဆောင်းမှတ် ၆၄/၁၀၀”

ကျွင်းချောင်ရှောင်းသည် ကြွက်သား တည်ဆောက်ခြင်းအခန်းများအား ဘေးချင်းကပ် ချထားလိုက်၏။

ပြီးနောက် တာဝန်ပြီးမြောက်ပြီး ပြန်လာကြသော တပည့်များအား ချီဆေးလုံးနှင့် သစ်သားဓားများ ချီးမြှောက် ပေးလိုက်၏။

ဂိုဏ်းတွင် ကျင့်ကြံခြင်း နည်းစနစ်၊ စိတ်ဝိညာဉ်စွမ်းအင် အစီအရင်၊ လေ့ကျင့်ရေးခန်းမနှင့် ကျွမ်းကျင်သော စာဖိုမှူးတို့ ရှိနှင့်နေပြီဖြစ်၏။

သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းသည် အဆင့်ကိုး အရိုးဂိုဏ်းတစ်ခုသာ ဖြစ်နေသေး၏။ သို့ပေမဲ့ ဂိုဏ်းသည် ယခုမှ စတင်ခြင်းဖြစ်ကြောင်း ကျွင်းချောင်ရှောင်း ကောင်းကောင်းသိလေသည်။ လျှောက်ရမည့် ခရီးလမ်းသည် အဝေးကြီး ကျန်ရှိနေသေးသည်။

"ဂိုဏ်းချုပ် … လီချင်းယန် သတင်းလာပို့ပါတယ်။ အတွင်းခြံဝန်းအား ပြန်လည်တည်ဆောက်ပြီးပါပြီ။"

"မင်း ဘယ်လောက်တောင် သုံးလိုက်တုန်း။"

ကျွင်းချောင်ရှောင်း မေးလိုက်သည်။

လီချင်းယန်သည် ရှက်ရွံစွာနှင့် ပြောလိုက်သည်။

"ဂိုဏ်းချုပ်ပေးထားတဲ့ ငွေတစ်သောင်းက နှစ်ထောင်ကျန်ပါသေးတယ်။"

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တစ်ဆတ်ဆတ် တုန်ယင်သွားသည်။ ပြီးနောက် သူ တွေးလိုက်မိ၏။

"မင်း တကယ့်ကို လက်ဖွာတာပဲ။"

သို့ပေမဲ့ ပိုက်ဆံများများသုံးလေ ပို၍ ကောင်းသော ရလာဒ်များကို ရရှိမှာ သေချာ၏။

သူသည် အတွင်းခြံဝန်းအတွင်းသို ဝင်လိုက်ချိန်မှာတော့ ဘေးနှစ်ဖက်တွင် အဆောက်အဦးများ တန်းစီရှိနေသည်ကို မြင်လိုက်ရသောကြောင့် သဘောတကျနှင့် ခေါင်းညိတ်လိုက်မိသည်။

လီချင်းယန်သည် ခမ်းနားလှသော ခြံဝန်းကြီးအား လက်ညိုးထိုးပြလိုက်၏။

"ဂိုဏ်းချုပ် …. ဟိုနေရာမှာရှိတဲ့အိမ်က ဂိုဏ်းချုပ်ရဲ့အိမ်ပဲ။ ရှေ့မှာ ရေကူးကန်လည်း ရှိတယ်။ နောက်ဘေး ခြံဝန်းတစ်ခုလည်း ဖန်တီးပေးထားတယ်။"

"မဆိုးဘူး။ မဆိုးဘူး။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

လီချင်းယန် ဆက်ပြောလိုက်သည်။ "မြောက်ဘက်ပိုင်းမှာကတော့ ယောကျာ်းလေး တပည့်တွေ နေတဲ့နေရာ။ တောင်ဘက်ပိုင်းကတော့ အမျိုးသမီးတပည့်တွေ နေတဲ့နေရာ။ အဲ့မှာလည်း လေ့ကျင့်ရေးကွင်း တစ်ခုဆီ ရှိတယ်။"

"အင်း ကောင်းတယ်။"

ကျွင်းချောင်ရှောင်း ပြောလိုက်၏။

"တပည့်တွေကို ခေါ်ပြီးတော့ ကြွက်သားတည်ဆောက်ခြင်း အခန်းထဲကို ဝင်ပြီး လေ့ကျင့်စေလိုက်။ တစ်ယောက်ချင်းစီ နှစ်နာရီရမယ်။"

"စီနီယာအစ်ကို ဒါ ဘာတုန်း။"

လီချင်းယန်သည် စုချောင်မိုနှင့် တစ်ခြားသောတပည့်များအား ကြွက်သားတည်ဆောက်ခြင်း အခန်းနှစ်ခုရှိရာသို့ ခေါ်ဆောင်လာခဲ့သည်။

ဘန်း။

ထိုအချိန်မှာပဲ ရှောင်ကျီသည် လမ်းလျှောက်လာပြီး စွမ်းအင်စမ်းသပ်ခြင်းစက်အား လက်သီးဖြင့် ထိုးလိုက်သည်။

စက်ပေါ်တွင် ဖော်ပြလာသော နံပါတ်သည် သုံးရာကီလိုဂရမ် ဖြစ်လျှက်ရှိသည်။

ဂျုနီယာညီလေးရှောင်သည် မရီဒန်ကိုပင် မဖွင့်ရသေးချေ။ ထို့ကြောင့် သူ၏ လက်သီးသည် မည်သည့် စိတ်ဝိညာဉ်စွမ်းအင်မှ မပါဝင်ချေ။ ထိုသို့သော အားကြီးပဲ သက်သက်ဖြင့် ထိုးလိုက်သည်တောင်မှ အဆင့်နှစ် စွမ်းအင်ဖွင့်ခြင်း အဆင့်နှင့် ဆင်တူနေသည်။

ထိုအရာသည် ကြောက်မက်ဖွယ်ရာကောင်းလှသည်။

"ဂျုနီယာညီလေး။"

စုချောင်မိုသည် လျှောက်သွားပြီး ရှောင်ကျီ၏ တောင့်တင်းခိုင်မာလှသော ကြွက်သားများကို ကိုင်ကြည့်လိုက်သည်။ ပြီးနောက် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "မင်း နတ်ဘုရား ခန္ဓာကိုယ်နဲ့ မွေးဖွားလာတာလား။"

"မဟုတ်ပါဘူး။"

ရှောင်ကျီသည် ကြွက်သား တည်ဆောက်ခြင်း အခန်းအား ကြည့်ကာ ပြောလိုက်သည်။

"ဒီအခန်းရဲ့ ကျေးဇူးကြောင့်ပဲ။"

ပြောပြီးသည့်နောက် သူသည် အခန်းထဲသို့ ဝင်သွားခဲ့သည်။ ကြွက်သားတည်ဆောက်ခြင်း အခန်းသည် ချက်ချင်းဆိုသလိုပဲ လှုပ်ခါသွား၏။ ပြီးနောက် ထုနက် ရိုက်ပုတ်သံများ ကြားနေရ၏။

လီချင်ယန် စူချောင်မိုနှင့် တစ်ခြားသော သူများသည် အသာရှေ့တိုး၍ နားစွင့်လိုက်ကြသည်။

သူတို့၏ မျက်နှာအမူအယာများသည် ပိုမို၍ စိတ်ဝင်စားလာသည်။

ဂျုနီယာညီလေး၏ မျက်နှာ ရောင်ကိုင်းလာသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။ အတွင်း၌ အရိုက်အနှက် ခံနေရခြင်း ဖြစ်သည်။

"ငါ စမ်းကြည့်မယ်။"

လီချင်းယန်သည် အခြားသော ကြွက်သားတည်ဆောက်ခြင်း အခန်းထဲသို့ ဝင်လိုက်၏။

ပြီးနောက် တံခါးအား ပိတ်လိုက်၏။

နှစ်နာရီတိတိ ကြာမြင့်ပြီးသည့်နောက်မှာတော့ ချင်းယန်မြို့၏ နံပါတ်တစ်ပါရမီရှင်သည် ပါးစပ်မှ အမြုပ်တွေထွက်ကာ အခန်းထဲမှ ပြန်လည် ထွက်လာခဲ့သည်။

……

အဓိက ဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်အား လေ့ကျင့်လျက်ရှိ၏။

လွန်ခဲ့သောရက်အတွင်းက သူသည် တစ်ညကို လေးနာရီစာလောက် ကြွက်သားတည်ဆောက်ခြင်း အခန်းထဲ၌ အချိန်ကုန်ခဲ့၏။

သူ၏ အားအင်များသည် တိုးပွာလာခဲ့သည်သာမက သူ၏ ကြွက်သားများသည်လည်း လှပသည့် ကောက်ကြောင်းများနှင့် ဖြစ်ပေါ်လာခဲ့ပြီး ဖြစ်၏။

ဟူး။

ကျွင်းချောင်ရှောင်းသည် သက်ပြင်းချကာ ပြောလိုက်သည်။

"ဒီတစ်ကြိမ်တော့ ငါ့ရဲ့ မရီဒန်ကို ချိုးဖျက်နိုင်မယ်လို ထင်တယ်။"

သူ၏ ကြွက်သားများ ပိုမိုအားကောင်းလာသောကြောင့် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းမှု၍ သူ၏ ပိတ်ဆို့နေသော မရီဒန်များကို စုစည်းပြီး တိုက်ခိုက်လိုက်ချိန်မှာတော့ နောက်ဆုံးတွင် ပွင်သွားတော့သည်။

ဟူး … ဟူး။

ဆန်းကြယ်လှသော စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ မရီဒန်ထဲသို့ အတင်းတိုးဝင်လျှက် ရှိ၏။

သူသည် အလွန်အမင်း ကောင်းမွန်သော ခံစားချက်ကို ခံစားနေရသည်။

“ဟား ဟား ဟား။ ငါ နောက်ဆုံးတော့ အောင်မြင်သွားပြီ။ ငါ နောက်ဆုံးတော့ မရီဒန်တွေကို ဖွင့်နိုင်သွားပြီ။"

ဤမရီဒန်ဖွင့်ခြင်းကိစ္စသည် ကျွင်းချောင်ရှောင်းအတွက် သာမန်ထက် ပိုသော အဓိပ္ပါယ်ရှိ၏။ သူသည် ဂိုဏ်းစုဆောင်းမှတ်နှင့် ဆေးရည်များကို အားမကိုးခဲ့ချေ။ သူ၏ ကိုယ်ပိုင်စွမ်းရည်အား အားကိုးကာ ဒီမရီဒန်အား ဖွင့်လှစ်ခဲ့ခြင်းဖြစ်၏။

ဒင်။

လက်ခံသူသည် ဖုံး”ကွယ်ထားသော တာဝန်အား ပြည့်စုံစေသည်။

မိမိကိုယ်တိုင် ကြိုးစားမှု။

ဆုလာဘ်သည် ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်ဖြစ်သည်။”

ဒင်။

ဂိုဏ်းစုဆောင်းမှတ် ၇၄/၁၀၀။

ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်၏။

"ထင်ထားတဲ့အတိုင်းပဲကိုး။ ကိုယ့်ကိုကိုယ်သာ မရီဒန်ဖွင့်ဖို့ ကြိုးစားတယ်ဆို။ ဖုန်းကွယ်ထားတဲ့ တာဝန်ရှိနေတယ်ဆိုတာ အမှန်ပဲ။"

“ဒင်။

လက်ခံသူသည် မရီဒန် ဆယ့်နှစ်ခုအား ဖွင့်ခဲ့ပါပြီ။ ထို့ကြောင့် အထူးတာဝန် အသက်ဝင်ခဲ့ပါပြီ။”

ကျွင်းချောင်ရှောင်း ကြောင်သွားသည်။

သူ အလောတကြီးဖြင့် ဖွင့်ကြည့်လိုက်တော့ ဂိုဏ်းတာဝန် အောက်တွင် အထူးတာဝန်ဟူသည့် အရာတစ်ခုကို မြင်လိုက်ရ၏။

"ရေးထားသည့် အကြောင်းအရာများမှာ ချင်းယန်နိုင်ငံသည် ဆယ်ရက်အတွင်း သိုင်းပြိုင်ပွဲတစ်ခုကို ကျင့်ပလိမ့်မည်။ တပည့်ငါးယောက်ကို ခေါ်၍ ပြိုင်ပွဲဝင်ရန်။"

All Chapters