အခန်း (၆၁)
Vol. 5 Ch. 61
ကျွင်းချောင်ရှောင်းသည် စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ် ကို ရောက်ရှိသွားပြီ ဖြစ်သောကြောင့် လိုအပ်ချက်များနှင့် ကိုက်ညီသွားခဲ့သည်။ ထို့ကြောင့် အထူးတာဝန် အသက်ဝင်သွားခဲ့ခြင်း ဖြစ်သည်။ သို့ပေမဲ့ တာဝန်အား မြင်လိုက်ချိန်မှာတော့ မယုံကြည်နိုင်မှုတွေနှင့် ပြောလိုက်သည် “ပြိုင်ပွဲသွားပြိုင် လိုက်ရုံပဲလား”
သူ တာဝန် အား နှိပ်၍ အသေးစိတ် အချက်အလက်များအား ကြည့်ရှုလိုက်သည်။
အထူးတာဝန် - တစ်။
တာဝန် အသေးစိတ် - ချင်းယန်နိုင်ငံသည် ဆယ်ရက်အတွင်း သိုင်းပြိုင်ပွဲအား ကျင်းပလိမ့်မည်။ လက်ခံသူ အနေဖြင့် တပည့်ငါးယောက်အား ခေါ်ယူ၍ ဝင်ပြိုင်ရန် လိုအပ်သည်။
တာဝန် အခြေအနေ - တပည့်များသည် ထိပ်ဆုံးသုံးနေရာ သို့ တစ်ယောက် ဝင်ရမည်။
တာဝန်ကျရှုံးမှု - အချိန်အကန့်အသတ်အတွင်း ပြိုင်ပွဲအတွက် စာရင်းမသွင်းနိုင်လျှင် စောစော ကျရှုံးမည်။
တာဝန်ဆုလဒ် - ????
ကော်ရှင်မက် အမှတ်အသားများအား မြင်ရသည်မှာ ကျွင်းချောင်ရှောင်းအတွက် အမှန်ပင် စိတ်ရှုပ်စရာ ကောင်းလှသည်။ သူ စိတ်ဓာတ်တကျဖြင့် မေးလိုက်၏ “ဒီကော်ရှင်မက် တွေက ဘာအဓိပ္ပာယ်လဲ”
စနစ်မှ ပြောလိုက်သည် “အထူးတာဝန်ပြည့်စုံတယ် ဆိုတာ လက်ခံသူ၏ တာဝန်ပြည့်စုံအောင် လုပ်နိုင်သော အောင်မြင်မှု အတိုင်းအတာနှင့် သက်ဆိုင်နေသည်။ ထို့ကြောင့် နောက်ဆုံး ဆုလဒ်ကို ကြိုတင် မဖော်ပြထားခြင်း ဖြစ်သည်။”
“တာဝန်က ရေးထားပြီးသားမဟုတ်ဘူး။ တပည့်များ ထိပ်ဆုံးသုံးနေရာသို့ ဝင်ရန် ဆိုတာလေ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
စနစ်မှ ရှင်းပြလိုက်၏ “ဒါက တာဝန်ကို အဓိပ္ပာယ်ဖွင့်ထားတာ သက်သက်ပဲ။ လက်ခံသူ၏ တကည့် တစ်ယောက်သာ ထိပ်ဆုံးသုံးယောက်ကို ဝင်မည် ဆိုလျှင် ဆုလဒ်က ပြောင်းလဲသွားလိမ့်မည်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “တပည့် တစ်ယောက်ပဲ ထိပ်ဆုံး သုံးယောက် စာရင်းထဲကို ဝင်မယ် ဆိုရင် တာဝန် ပြည့်စုံတယ်လို့ သတ်မှတ်မယ်။ ဒါပေမဲ့ ဆုလဒ်ကတော့ နည်းပါးမယ်။ အဲလိုလား”
“အမှန်ပါပဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ငါ ဝင်ပြိုင်လို့မရဘူးလား”
စနစ်မှ ပြောလိုက်၏ “သင် ဝင်ပြိုင်၍ မရပါ။ ထိုသို့ဆိုလျှင် တာဝန် ကျရှုံးသည်ဟု သတ်မှတ်လိမ့်မည်။ လက်ခံသူသည် အပြစ်ဒဏ် ခံယူသည့် အနေဖြင့် အချိန်ကာလ တစ်ခုထိ အဆင့်မချိုးဖျက်နိုင်သော အခြေအနေသို့ ရောက်ရှိလိမ့်မည်”
“ဘယ်လောက်ကြာမှာလဲ”
“အနည်းဆုံး ဆယ်နှစ်”
ကျွင်းချောင်ရှောင်းသည် သူ၏ လက်များအား ဖြန့်ကာ ပြောလိုက်သည် “ဒီလိုဆိုမှတော့ အထူးတာဝန်ကို လုပ်ရတော့မှာပေါ့”
…….
လီချင်းယန် သည် တစ်ကိုယ်လုံး ရောင်ကိုင်းလျက် ကြွက်သားတည်ဆောက်ခြင်း အခန်းထဲမှ တစ်လှမ်းချင်း ထွက်လာသည် “ဂိုဏ်းချုပ် .. ဘာအမိန့်ပေးချင်သေးလဲ”
သူသည် နှစ်နာရီ အတွင်း သူ၏ ခန္ဓာကိုယ် တိုးတက်လာမှုကို သဘောတွေ့မိ၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ချင်းယန်နိုင်ငံ ရဲ့ သိုင်းပြိုင်ပွဲ အကြောင်းကို မင်းကြားဖူးလား”
“ကျွန်တော် ကြားဖူးတယ်”
လီချင်းယန်သည် နာကျင်နေသော သူ၏မျက်နှာအား အသာပွတ်ရင်း ပြောလိုက်သည် “နှစ်နှစ်ကို တစ်ခါ ကျင်းပတယ်။ ဒီတစ်ကြိမ် ကျင်းပမှာက ဆယ်ရက်ကြာရင် စမယ်ထင်တယ်”
ရုတ်တရက် ဆိုသလိုပဲ သူ တစ်စုံတစ်ခုကို နားလည်လိုက်မိသည် “ဂိုဏ်းချုပ် .. ကျွန်တော်တို့ဂိုဏ်း စာရင်းမသွင်းရသေးဘူးနော်”
“အင်း .. ဟုတ်တယ်”
“တော်သေးတာပေါ့”
“မတော်ဘူး။ ငါ စာရင်းသွားသွင်းမလို့”
လီချင်းယန်၏ နှုတ်ခမ်းတွေသည် တဆတ်ဆတ် တုန်ရင်သွားသည် “ဂိုဏ်းချုပ် .. ဒါက အဆင့်မြင့် ဂိုဏ်းတွေ ပြိုင်တဲ့ သိုင်းပြိုင်ပွဲနော်။ သွားပြိုင်ရင် အရှက်တကွဲ အကျိုးနည်းနဲ့ ပြန်လာရလိမ့်မယ်”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံလက်ရန်းအား အသာထုကာ ပြောလိုက်သည် “မင်းနဲ့ မင်းရဲ့ ဂိုဏ်းအပေါ် ဘာလို့ အဲလောက် ယုံကြည်မှု နည်းရတာလဲ”
လီချင်းယန် လေးလေးနက်နက် ပြောလိုက်သည် “တပည့် သိသလောက် ဆိုရင် ဂိုဏ်းတိုင်းက သူတို့ရဲ့ အားအကောင်းဆုံး တပည့်တွေကို ရွေးပြီး လွတ်လိုက်တာ။ အများစု က သိုင်းတပည့် အဆင့်တွေပဲ”
“ဒီလိုလား” ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်သွားမိသည်။
သူ၏ တပည့်များသည် စွမ်းအင်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူများဖြစ်၏။ သိုင်းတပည့် အဆင့်နှင့် တိုက်ခိုက်မည် ဆိုလျှင် ကျိန်းသေပေါက် ခံရမှာသေချာသည်။ ထိပ်ဆုံး သုံးနေရာသို့ ဝင်ရန် ဆိုသည်မှာ အဝေးကြီးပင်။
လီချင်းယန် ဆက်ပြောလိုက်၏ “အရင်တစ်ခေါက်ရဲ့ ဗိုလ်ဆွဲသူက အဆင့်ခြောက် ဟွာလင်ကျောင်း ရဲ့ တပည့်။ ပြီးတော့ တတိယအဆင့် သိုင်းတပည့် ကျင့်ကြံသူ တစ်ယောက် .. ဂိုဏ်းချုပ်”
ကျွင်းချောင်ရှောင်း၏ မျက်မှောင်သည် ပို၍ ကုတ်သွားမိသည်။
တတိယအဆင့် သိုင်းတပည့်တွေတောင်မှ ပြိုင်ပွဲတွင် ဝင်ပြိုင်သည် ဆိုလျှင် သူ၏ တပည့်များ မည်သို့ ရင်ဆိုင်မည်နည်း။
အထူးတာဝန် ..။
ဒါက သောက်တလွဲ တာဝန်ကြီးပဲ လို့ ငါထင်တယ်။
ကျွင်းချောင်ရှောင်း မေးလိုက်သည် “သိုင်းပြိုင်ပွဲက ဘယ်နေရာမှာ ပြိုင်မှာလဲ”
ဂိုဏ်းချုပ်သည် ဆက်၍ ယှဉ်ပြိုင်ရန် စဉ်းစားနေပုံပေါ်၏။ လီချင်းယန်သည် ပဟေဋ္ဌိဖြစ်နေသည် ဆိုသော်လည်း ပြန်ပြောလိုက်သည် “ဒီနှစ်ရဲ့ သိုင်းပြိုင်ပွဲက လီရန်မြို့မှာ ကျင်းပမှာ”
“လီရန်မြို့ လား။ ရှောင်ကလန် ရှိတဲ့ မြို့ပေါ့”
“ဟုတ်ပါတယ် ဂိုဏ်းချုပ်”
ကျွင်းချောင်ရှောင်း ခဏလောက် နှုတ်ဆိတ်သွားသည်။ ပြီးနောက် “လုချင်းချင်း ၊ စုရှောင်မို ၊ ထျန်းရှီ နဲ့ ရှောင်ကျီ တို့ကို ပြောလိုက်။ မနက်ဖြန်ကစပြီး မင်းတို့အတွက် ငရဲခန်း လေ့ကျင့်မှု စတင်မယ်”
“ငရဲခန်း လေ့ကျင့်မှုလား” လီချင်းယန် ဆွံ့အသွားသည်။
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်မှ အသာဆင်းလာပြီး လီချင်းယန်၏ ပခုံးအား အသာပုတ်လိုက်သည်။ ပြီးနောက် သူ လေးလေးနက်နက် ပြောလိုက်သည် “ဆယ်ရက် အတွင်း ငါ မင်းတို့ကို သိုင်ပြိုင်ပွဲဆီ ပို့မယ်။ မင်းတို့က ထိပ်ဆုံး သုံးယောက် စာရင်းထဲ ဝင်အောင် လုပ်ရမယ်။”
“အမ် …..”
လီချင်းယန်၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွားရသည်။
……
သူသာ အထူးတာဝန်အား အောင်မြင်အောင် မလုပ်နိုင်လျှင် သူ၏ အဆင့်ချိုးဖျက်နိုင်မှုအား ဆယ်နှစ်တာ စည်းခတ်ခံရမည် ဖြစ်သည်။ ထို့ကြောင့် ငရဲလမ်း ဆိုလျှင်တောင်မှ ဆက်လျှောက်ရန်သာ ရှိကြောင်း ကျွင်းချောင်ရှောင်း အတတ်သိရှိလိုက်ရ၏။
သူသည် လုချင်းချင်း နှင့် လီချင်းယန် တို့အား ယုံကြည့်သည်။ တစ်ယောက်သည် သူမ ၏ အားအင် အဆင့်အား ဖုံးကွယ်ထားသူ ဖြစ်ပြီး တစ်ယောက်ကတော့ အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် ကို ပိုင်ဆိုင်သူ ဖြစ်သည်။ စုရှောင်မို နှင့် ထျန်းရှိ တို့သည် အနည်းငယ်သော လိုအပ်ချက်တွေ ရှိနေသည် ဆိုသော်လည်း ငရဲခန်း လေ့ကျင့်မှုပြီးမြောက်လျှင် အတော်အတန် တိုးတက်သွားပေလိမ့်မည်။
ရှောင်ကျီ အား ဝင်ရောက်ခိုင်းစေသည့် ရည်ရွယ်ချက်မှာတော့ ရိုးရှင်းလှသည်။ ရှောင်ကျီ သည် အမှိုက်တစ်စ မဟုတ်ကြောင်း ရှောင်ကလန် အား သိစေချင်သောကြောင့်ပင် ဖြစ်တော့သည်။
တာဝန် မှာ အလွန်ခက်ခဲလှ၏။
နောက်တစ်ရက် …
ကျွင်းချောင်ရှောင်သည် ကျန်သော တပည့်များအား တာဝန်လက်ကျန်များ ခွဲခြမ်း ပေးလိုက်သည် ။ ပြီးနောက် လုချင်းချင်း နှင့် တခြားသူများအား ခေါ်ယူ၍ စဦးတပည့်အဆင့် စိတ်ဝိညာဉ်အစီအရင် ဆီသို့ ခေါ်ဆောင်လာသည် “မင်းတို့ အထဲဝင်ပြီး လေးနာရီကြာ လေ့ကျင့်ကြ”
စုရှောင်းမို နှင့် ထျန်းရှီတို့သည် ချက်ချင်းပဲ သွေးတွေ ဆူဝေလာ၏။
လုချင်းချင်း ပြောလိုက်သည် “ဂိုဏ်းချုပ် က တကယ်ပဲ ကျွန်မတို့ကို သိုင်းပြိုင်ပွဲဆီ လွှတ်မှာလား”
ကျွင်းချောင်ရှောင်း လေးလေးနက်နက် ပြောလိုက်သည် “မင်းတို့ ဝင်ပြိုင်ရုံတင် မဟုတ်ဘူး။ ထိပ်ဆုံး သုံးနေရာကို ရောက်မှ ဖြစ်မယ်”
လီချင်းချင်း ပြောလိုက်သည် “ဒါက ခက်တယ်”
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “လွယ်နေရင် ဘယ်လိုလုပ် စိန်ခေါ်မှု လို့ ခေါ်မှာလဲ။ ကျယ်ကျယ်ပြောစမ်း .. မင်းတို့တွေ လုပ်နိုင်လား”
“လုပ်နိုင်ပါတယ်”
လီချင်းယန် နှင့် စုရှောင်မို တို့သည် သံပြိုင်အော်လိုက်ကြ၏။
“အထဲဝင်ပြီး ကျင့်ကြံတော့”
“ကောင်းပါပြီ”
လေးယောက်သားသည် စိတ်ဝိညာဉ်အစီအရင်ထဲသို့ ဝင်ရောက်ကာ လေ့ကျင့်ကြလေတော့သည်။
….
ရှောင်ကျီ သည် ခေါင်းအား ငုံ့၍ တီးတိုးပြောလိုက်သည် “ဂိုဏ်းချုပ် တပည့်အစား တခြား စီနီယာ အစ်ကိုတွေကို ပါခိုင်းပါလား။ ဒီတပည့်က တာဝန်ကို မထမ်းဆောင်နိုင်လောက်ဘူး”
ကြွက်သား တည်ဆောက်ခြင်းအခန်းသည် သူ့အား မျှော်လင့်ချက်များ ပြန်လည် ပေးစွမ်းသည် ဆိုသော်လည်း လီရန်မြို့ရှိ တခြားသော ဂိုဏ်းတပည့်များနှင့် ရင်ဆိုင်တိုက်ခိုက်ရန်တော့ သူ့ကိုယ်သူ ယုံကြည်ချက် မရှိချေ။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မင်း စိတ်ပျက် ပြီး ထွက်ပြေးချင်ပြန်ပြီလား”
ရှောင်ကျီ နာကျင်စွာ ပြန်ပြောလိုက်သည် “ဒီတပည့်ကြောင့် ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကျဆင်းမှာကို မလိုချင်လို့ပါ”
သူ့အနေနှင့် သံမဏိအရိုးဂိုဏ်းအား ကိုယ်စားမပြုဘူးဆိုလျှင် မည်သူနှင့် မဆို အသေခံ၍ တိုက်ခိုက်ရဲသည်။ သို့ပေမဲ့ သူ့လို အမှိုက်အတွက် ဂိုဏ်း၏ ဂုဏ်သိက္ခာကျဆင်းမည့် အဖြစ်မျိုးကို သူ မဖြစ်ချင်ပေ။
ကျွင်းချောင်ရှောင်းသည် ရှောင်ကျီအား ဆွဲခေါ်ကာ လေးလေးနက်နက် ပြောလိုက်သည် “ဆယ်ရက်အတွင်း မင်းက ငါ့အတွက် အားကောင်းတဲ့သူ တစ်ယောက် ဖြစ်လာရမယ်။ မင်းက အသုံးဝင်တဲ့ သူ တစ်ယောက်ဖြစ်ကြောင်း င့ါကို သက်သေပြပါ။ မင်းဆီမှာ စိတ်ဝိညာဉ်အမြစ် ၊ ကျင့်ကြံခြင်းအခြေခံ မရှိတော့ဘူး ဆိုရင်တောင်မှ မင်းက နှစ်တစ်ထောင်မှာ တစ်ယောက် ပေါ်လာတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ရမယ်”
သူသည် ခံစားချက် ပြင်းထန်စွာ ပြောလိုက်သောကြောင့် တံတွေးများပင် နေရာအနှံ့သို့ စင်သွားရသည်။
ဂိုဏ်းချုပ်၏ မျက်စိထဲမှ ယုံကြည်မှု နှင့် အာပေါင်အာရင်း သန်သန် အားပေးနေမှုကို မြင်တော့ ရှောင်ကျီ ၏ နှလုံးသားသည် နွေးထွေးလာသည်။ သူသည် အမှိုက်တစ်စ ဖြစ်သည် ဆိုလျှင်တောင်မှ တစ်စုံတဦး၏ ယုံကြည်မှုကို ရရှိနေသည် ဆိုသော ခံစားချက်မျိုးမှာ အမှန်ပင် ခံစား၍ ကောင်းလှ၏။
“ဂျောက် …”
ရှောင်ကျီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တော့ကြောင့် လက်ဆစ်မှ မြည်သံတွေပင် ပေါ်လာသည် “တပည့် နားလည်ပါပြီ”
ကျွင်းချောင်ရှောင်း လက်ကို အသာယမ်းခါပြီး ရှောင်ကျီအား ကြွက်သား တည်ဆောက်ခြင်း အခန်းထဲသို့ ပစ်ထည့်ကာ အချိန်ကာလ အား နာရီနှစ်ဆယ်အဖြစ် သတ်မှတ်လိုက်၏။
တူခေါင်းများနှင့် ရိုက်နှက် ခံနေရစဉ်အတွင်းမှာပဲ ရှောင်ကျီသည် “ရီကျင်ကျင်း” ကျင့်ကြံခြင်း နည်းစနစ် အား အသုံးပြု၍ သူ၏ ခန္ဓာကိုယ် အားအင် တိုးတက်လာစေရန် ကြိုးစားတော့သည်။
ငါ ပိုပြီး အားကောင်းရမယ်။
ငါ့ကိုယ်ငါ သက်သေပြရမယ်။
ငါ့ကြောင့် ဂိုဏ်းသိက္ခာကျစေလို့ မဖြစါဘူး။
ထိုသို့သော စိတ်အဟုန်ဖြင့် ရှောင်ကျီသည် တစ်နေ့လျှင် ထမင်းတနပ်သာ စားသည်။ တစ်နာရီသာ အိပ်သည်။ ကျန်သော အချိန်များ အားလုံးအား ကြွက်သား တည်ဆောက်ခြင်း အခန်းထဲတွင် ကုန်ဆုံးလေသည်။
ကျွင်းချောင်ရှောင်းသည် နောက်ထပ်ဂိုဏ်းစုဆောင်းမှတ် လေးဆယ်အား အသုံးပြု၍ ကြွက်သားတည်ဆောက်ခြင်း အခန်း နှစ်ခန်းအား ထပ်မံ ဝယ်ယူလိုက်သည်။ လီချင်းယန် နှင့် စုရှောင်မိုတို့ စိတ်ဝိညာဉ်အစီအရင်ထဲမှ ထွက်လာသည်နှင့် တပြိုင်နက် ကြွက်သား တည်ဆောက်ခြင်း အခန်းထဲသို့ သူ ထည့်လိုက်သည်
လုချင်းချင်းသည် ကြွက်သားတည်ဆောက်ခြင်း အခန်းထဲသို့ မဝင်ချေ။ အစီအရင်ထဲတွင် ခြေချိတ်ထိုင်ကာ ကျင့်ကြံလျက်ရှိ၏။
တပည့်ငါးယောက် ငရဲခန်း လေ့ကျင့်မှုသည် သိုင်းပြိုင်ပွဲ စတင်သည်အထိ ကြာမြင့်ပါလိမ့်မည်။
….
လီရန်မြို့။
တပည့်များ ပြင်းပြင်းထန်ထန် လေ့ကျင့်နေစဉ် အတွင်းမှာပဲ ကျွင်းချောင်ရှောင်းသည် လီရန်မြို့သို့ အပြေးနှင်ခဲ့၏။
ဂိုဏ်းများ၏ အကြီးအကဲများသည် စားပွဲတစ်ခုဆီသို့ သွား၍ ဂိုဏ်းနာမည်နှင့်ယှဉ်ပြိုင်မည့် တပည့် နာမည်များအား စာရင်းပေးနေကြသည်။
“နောက်တစ်ယောက် …”
သက်လတ်ပိုင်းလူတစ်ယောက်သည် စုတ်တံအား ကိုင်ဆောင်၍ အော်လိုက်သည်။
ကျွင်းချောင်ရှောင်း ရှေ့သို့ လျှောက်သွားလိုက်၏။
သက်လတ်ပိုင်းလူသည် ခေါင်းမော့မကြည့်ဘဲ စုတ်တံအား မင်ခွက်ထဲ နှစ်ကာ ပြောလိုက်သည် “ဂိုဏ်း”
“သံမဏိ အရိုးဂိုဏ်း”
ဟမ်။
သက်လတ်ပိုင်းလူ၏ စုတ်တံကိုင်ထားသော လက်သည် တန့်ခနဲ ဖြစ်သွားသည်။ အံ့အားတသင့်ဖြင့် ခေါင်းမော့ ကြည့်လာ၏။
စာရင်းပေးသွင်းပြီ လှည့်ထွက်သွားသော အကြီးအကဲ တစ်ချို့သည်လည်း ရပ်တန့်ကာ နောက်လှည်ကြည့်လိုက်ကြသည်။
“သံမဏိအရိုးဂိုဏ်းလား”
“ဒါက ချင်းယန်ရွာလေးက အဆင့်ကိုး ဂိုဏ်းမဟုတ်လား”
“သိုင်းပြိုင်ပွဲက နှစ်နှစ်ကို တစ်ခါ ကျင်းပတယ်။ ပြိုင်ပွဲဝင်တွေက အဆင့်ရှစ် နဲ့ ဂိုဏ်းအထက်တွေကြီးပဲ။ သံမဏိအရိုးဂိုဏ်းက ဘာလာလုပ်တာလဲ။”