← Chapters

အခန်း (၆၅)

Vol. 5 Ch. 65

အခန်း (၆၅)

Vol. 5 Ch. 65

ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များအား ငရဲခန်းလေ့ကျင့်ခန်းမှု ပြီးပြီးချင်းမှာပဲ လီရန်မြို့သို့ ခေါ်ဆောင်လာခဲ့သည်။

အဓိက အကြောင်းအရင်းမှာ ပိုမို အနားယူချိန် ရရှိရန်နှင့် လာမည့် သိုင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ရာ၌ မိမိ၏ အခြေအနေကို ပိုမို ချိန်ညှိနိုင်ရန် ဖြစ်၏။

"ချင်းချင်း။"

လမ်းတစ်လျှောက်မှာတော့ ကျွင်းချောင်ရှောင်း ပြောလိုက်၏။

"မင်း ဒီရက်ပိုင်းအတွင်း စိတ်ဝိညာဉ် စွမ်းအင် အစီအရင်ထဲမှာ ကျင့်ကြံနေတာကို ငါမြင်ခဲ့တယ်။ မင်းရဲ့ အားအင်တွေ တိုးတက်နေပြီလား။"

ချင်းချင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ "တိုးတက်လာပါတယ်။"

ဤအမျိုးသမီး၏ တည်ငြိမ်မှုကို အသားကျနေပြီဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် ဆက်လက် မေးမြန်းမနေတော့ချေ။

ခေါင်းငုံကာ နောက်မှလိုက်ပါလာသော ရှောင်ကျီအား လှည့်ကြည့်လိုက်၏။

ဤကောင်လေးသည် လီရန်မြို့မှ လူများအား မည်သို့ရင်ဆိုင်ရမည်ကို စဉ်းစားနေခြင်း ဖြစ်ပေလိမ့်မည်။ သူသည် ရှောင်ကလန်နှင့် အချိန်မရေင်ဆိုင်တွေ့နိုင်၏။

ကျွင်းချောင်ရှောင်းသည် အနားသို့ လျှောက်သွားပြီး ပုခုံးအား ပုတ်လိုက်၏။

"မင်းက ယောကျာ်းတစ်ယောက်ပဲ။ အရာကိစ္စအားလုံးကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲရမှာပေါ့။"

“အင်း ။”

ရှောင်ကျီ သက်ပြင်းအရှည်ကြီး ချလိုက်၏။

သူ၏ မျက်လုံးထဲတွင်တော့ ဆုံးဖြတ်ချက် ပြတ်သားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သူတို့ လမ်းလျှောက်လာရင်းမှာ နေဝင်ရီသောအချိန်၌ လီရန်မြို့၏ ဂိတ်တံခါးဆီသို့ ရောက်ရှိလာခဲ့သည်။

သို့ပေမဲ့ သူတို့မဝင်ရသေးခင်မှာပဲ မြို့ထဲသို့ ဝင်ထွက်သွားလာနေကြသော သူများ၏ အကြည့်သည် ရှောင်ကျီဆီသို့ ရောက်ရှိနေကြသည်။

" ဒါ ရှောင်မိသားစုရဲ့ အမှိုက် မဟုတ်လား။"

"သူတကယ်ပဲ သိုင်းပြိုင်ပွဲကို ဝင်ပြီး ပြိုင်မယ်နဲ့တူတယ်။"

"ဒါ ကောလဟာလတွေလို့ ထင်ထားတာ ဒါအမှန်ဖြစ်လိမ့်မယ်လို့ မထင်မိဘူး။"

“ကျွတ် ကျွတ် ကျွတ်။ စိတ်ဝိညာဉ်အမြစ်လည်းမရှိ ၊ ကျင့်ကြံခြင်းလည်း မရှိ၊ ဒါကိုတောင်မှ ပြိုင်ပွဲဝင်ရဲတယ်ဆိုတော့ သူ အရိုက်ခံရပြီး သေမှာကို မကြောက်ဘူးလား မသိဘူး။"

လူများ၏ ပြက်ရယ်မှု ဆွေးနွေးနေသံကို ကြားတော့ ရှောင်ကျီသည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ခေါင်းကို ငုံထား၏။

"ရှောင်မို ….."

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

စုချောင်မို ပြန်ထူး၏။ “ဒီမှာ ရှိပါတယ်။”

ကျွင်းချောင်ရှောင်းသည် အမှိုက်ဟု ခေါ်ကာ ပြောဆိုနေသော ကျင့်ကြံသူ နှစ်ယောက်အား လက်ညိုးထိုးကာ ပြောလိုက်သည်။ "တစ်စုံတစ်ယောက်က မင်းရဲ့ ဂျူနီယာညီလေးကို အရှက်ခွဲနေတယ်။ မင်း ဘာလုပ်မလဲ။"

ရှောင်မိုသည် ချက်ချင်း နားလည်သွားသည်။ သူသည် ယုန်တစ်ကောင်ကဲ့သို့ ချက်ချင်းလှစ်ခနဲ ထွက်သွား၏။

ပြီးနောက် လမ်းတစ်ဝက်မှာပဲ လေထဲသို့ ခုန်ကာ ကျင့်ကြံသူနှစ်ယောက်အား ခြေထောက်ဖြင့် တစ်ပြိုင်နက်တည်း ကန်ထုတ်လိုက်တော့သည်။

ဘုန်း။

တစ်ချိန်တည်းမှာပဲ နှစ်ယောက်သည် မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။

သူသည် တစ်ပြိုင်နက်တည်းမှာပဲ နှစ်ယောက်လုံးအား တစ်ချိန်တည်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ အားအင်ကို လိုသည်ထက် ပိုမသုံးခဲ့ပေ။

စုချောင်မိုသည် မြေပေါ်သို့ ခုန်ဆင်းလိုက်ပြီးနောက် သူ၏ လက်ဝါးများကို တစ်ဖြန်းဖြန်းနှင့် ရိုက်ကာ ပြောလိုက်သည်။

"ရှောင်ကျီက ငါ့ရဲ့ ညီလေးပဲ။ သူ့ကို အနိုင်ကျင့်တယ်ဆိုတာ ငါ့ကို အနိုင်ကျင့်တာနဲ့ အတူတူပဲ။"

"မဆိုးဘူး။"

ကျွင်းချောင်ရှောင် သဘောတကျဖြင့် ပြောလိုက်သည်။

ချင်းယန် တီးတိုးပြောလိုက်သည်။

"ဂိုဏ်းချုပ် ဒါက လီရန်မြို့လေ။ ဒီမှာ တိုက်ခိုက်ဖို့ မသင့်တော်ဘူး။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မြို့ထဲမှာ မဟုတ်သေးဘူးလေ။ ဒီတော့ တိုက်ခိုက်လို့ ရသေးတယ်။"

"ဒါ ဟုတ်တာပဲ။" လီချင်းယန် ပြောလိုက်သည်။ သူ ဘာကြောင့် ဤအရာကို အစောကတည်းက မစဉ်းစားမိရသနည်း။ စောစောသာ သိရှိမည်ဆိုလျှင် အရင်ဆုံးသွား၍ တိုက်ခိုက်မိမှာ သေချာသည်။

အကန်ခံလိုက်ရသော ကျင့်ကြံသူနှစ်ယောက်၏ မျက်နှာပေါ်တွင် ခြေရာများနှင့် တင်ကျန်လျက်ရှိ၏။

သူတို့၏ မျက်လုံးထဲတွင် ဒေါသတရားနှင့် ပြည့်နှက်နေသည် ဆိုသော်လည်း မည်သည့်စကားမှ ဆက်လက်၍ မပြောရဲချေ။ သူတို့တွင် လုံလောက်သည့် အားအင်လည်း မရှိချေ။ သူတို့၏ အဆင်ခြင်မဲ့သော ပါးစပ်ကြောင့် ပေးဆပ်ခဲ့ရခြင်း ဖြစ်သည် မဟုတ်လော။

ကျွင်းချောင်ရှောင်းသည် သူတို့ နှစ်ယောက်ကို ကြည့်၍ ထူးမခြားနားသလို ပြောလိုက်သည်။

"မင်း ငါ့ရဲ့ သံမဏိအရိုးဂိုဏ်းတပည့်တွေကို ထပ်ပြီးတော့ စော်ကား ပြောဆိုနေမယ်ဆိုရင် မနက်ဖြန် နေထွက်တာ မမြင်အောင် ငါ လုပ်ပစ်မယ်။"

မိမိလက်အား ဟန်ပါပါနှင့် ယမ်းခါ၍ တပည့်များနှင့် မြိုထဲသို့ ဦးဆောင် ထွက်သွားတော့သည်။

လမ်းတစ်လျှောက်မှာတော့ ရှောင်ကျီသည် သူ၏ လက်သီးအား အသာ ဖြေလျော့လိုက်၏။

"ဂိုဏ်းချုပ် ကျေးဇူးတင်ပါတယ်။"

စုချောင်မိုသည် အနားသို့ ရောက်ရှိလာပြီး သူ၏ ပုခုံးပေါ်သို့ လက်တင်လိုက်၏။ ပြီးနောက် စပ်ဖြီးဖြီးဖြင့် ပြောလိုက်သည်။ "ငါတို့က ဂိုဏ်းတစ်ခုထဲက လူတွေ မဟုတ်လား။ ဒီတော့ ယဉ်ကျေးနေစရာ မလိုဘူး။"

ရှောင်ကျီ ပြုံးလိုက်သည်။

သူသည် ဂိုဏ်းသိုင်းပြိုင်ပွဲကို စာရင်းပေးသွင်းလိုက်ပြီဆိုကတည်းက ပထမဦးဆုံး သူပြုံးမိခြင်းဖြစ်သည်။ သူ၏အပြုံးသည် တောက်ပလွန်းသည်။

"လီရန်မြို့ကလူတွေ ငါ့ကို အထင်သေးကြတာ ကိစ္စမရှိဘူး။ ငါ့ဆီမှာ ဂိုဏ်းချုပ်နဲ့ ဂိုဏ်းတူအစ်ကိုတွေရှိတယ်။ သူတို့က ငါ့ကို ဘယ်တော့မှ ပစ်ပယ်မသွားဘူး။ ဒီလောက်ဆိုရင် လုံလောက်ပြီ။"

မြိုတံခါးထဲသို့ ဖြတ်သန်းဝင်ရောက်ချိန်မှာတော့ မှောင်မဲနေပြီ ဖြစ်သည်။

ရှောင်ကျီ၏ မျက်လုံးထဲရှိ စိုးရိမ်မှုများ ၊နှောင်နှေးမှုများ၊ ယုံကြည်ချက်ကင်းမဲ့မှုများသည် တစ်ဖြည်းဖြည်းနှင့် အားနည်းလာခဲ့ပြီဖြစ်သည်။

"ဟို အရပ်ပုပုနဲ့ကောင်လေးရဲ့လုပ်ရှားမှုက အရမ်းမြန်တယ်။ သူ တိုက်ခိုက်လိုက်တဲ့အချိန်မှာ ဘာစိတ်ဝိညာဉ်စွမ်းအားကိုမှ မသုံးခဲ့ဘူ။ဒါပေမဲ့ အရမ်းမြန်လွန်းတယ်။ သူက သံမဏိအရိုးဂိုဏ်းက မဟုတ်လား။"

"ကျုပ်အထင်အရဆိုရင် သူက ဂိုဏ်ရဲ့ ထိပ်တန်း တပည့်တစ်ယောက် ဖြစ်ရမယ်။ သူက ချင်းယန်မြို့ရဲ့ နံပါတ်တစ် ပါရမီရှင်များ ဖြစ်နေမလား မသိဘူး။"

"ဟုတ်တယ် ချင်းယန်မြိုရဲ့ ပါရမီရှင်က သံမဏိအရိုးဂိုဏ်းကို ဝင်သွားခဲ့တယ်။ ဒါက သူသာဆိုရင်တော့ လက်ခံနိုင်လို့ရတယ်။"

ကျွင်းချောင်ရှောင်းသည် တပည့်များအားခေါ်၍ မြို့ထဲသို့ ဝင်ရောက်ချိန်မှာတော့ မြို့တံခါး အပြင်ဘက်တွင်ရှိသော သူများသည် အပူတပြင်း ဆွေးနွေးနေကြသည်။

သူတို့သည် စုချောင်မိုနှင့် လီချင်းယန်အား မှားယွင်းလျှက်ရှိ၏။

"ချင်းယန်မြို့ရဲ့ ပါရမီရှင် ဟုတ်လား။"

လမ်းမထဲတွင် လျှောက်လှမ်းလာသော လူတစ်စုလည်း ရှိ၏။ ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဆယ်ကျော်သက်လူငယ်သည် ပြုံးကာပြောလိုက်သည်။ "ပြိုင်ပွဲကျရင် သူနဲ့တွေ့ဖို့ မျော်လင့်မိတယ်။"

သူ၏ဘေးဘက်တွင်ရှိသော အဖိုးအိုက ပြောလိုက်၏။

"ဟဲအာ …. ဒီကောင်လေးရဲ့ လှုပ်ရှားမှုက အရမ်းမြန်ဆန်တယ်။ အားအင်ကလည်း သာမန်ထက်ပိုတယ်။ တကယ်လို့ သိုင်းပြိုင်ပွဲမှာ မင်းနဲ့တွေ့ရင် သူ့ကို အထင်သေးလို့ မဖြစ်ဘူး။"

"ကျွန်တော် သိပါပြီ။ ကျွန်တော် သိပါပြီ။" ဟဲအာ ဟုခေါ်သော လူငယ်လေးသည် စိတ်မရှည်သလို ပြန်ပြောလိုက်၏။

"အကြီးအကဲ။ သံမဏိအရိုးဂိုဏ်းမှာ လီချင်းယန်ဆိုတဲ့ တပည့်တစ်ယောက်တည်း ရှိတယ်။ သူက ဘယ်လိုများ သတ္တိရှိလို့ တပည့်တွေကို သိုင်းပြိုင်ပွဲဆီ လွှတ်ရတာလည်း မဟုတ်ဘူး။" ဆယ်ကျော်သက်သည် လှောင်ပြောလိုက်၏။

အဘိုးအိုသည် သတိပို၍ ရှိသည်။ သူသည် လေးလေးနက်နက်နှင့် ပြောလိုက်သည်။

"သူက သိုင်းပြိုင်ပွဲကို ဝင်ပြိုင်တယ်ဆိုတော့ လုပ်နိုင်စွမ်းရှိလို့ နေမှာပေါ့။ မင်း ခုနက တွေ့ခဲ့တဲ့ကောင်လေးကို ကြည့်လေ။ သူက မဆိုးဘူး။"

ဘေးနားရှိ များပြားလှသော တပည့်များကလည်း ထောက်ခံလိုက်ကြ၏။

သို့ပေမဲ့ ထိုလူများသည် အရပ်ပုပုနှင့်လူမှာ စုချောင်မိုဖြစ်ပြီး နံပါတ်တစ် ပါရမီရှင် မဟုတ်ကြောင်းကို မသိခဲ့ချေ။

သိုင်းပြိုင်ပွဲသည် သဘက်ခါတွင် စတင်ကျင်းပမှာ ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် တပည့်ငါးယောက်ကို ခေါ်၍ စားသောက်ဆိုင်တစ်ခုတွင် နေထိုင်ရန် ရှာဖွေခဲ့သည်။

သို့ပေမဲ့ လမ်းတွင် လူတော်တော်များများက သူတို့ကို ဂရုစိုက် ကြည့်ရှုလျက် ရှိကြ၏။

ရှောင်မိသားစု၏ တိုက်ရိုက်မျိုးဆက်ဖြစ်ခဲ့ပြီး လက်ရှိတွင် အမှိုက်ဖြစ်နေသည်ဟူသော စကားလုံးသည် လူတော်တော်များများ၏ နှုတ်ခမ်းဝဆီမှ ထွက်ပေါ်လာလျက်ရှိ၏။

တစ်ချို့သူများဆိုလျှင် အထင်သေးဟန်ဖြင့် ပျက်ရယ်ပြုလျက် ရှိကြ၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"သူတို့ရဲ့ အပြောတွေ ၊မျက်လုံးတွေကို ဂရုစိုက်မနေနဲ့ ၊ သူတို့က တစ်စုံတစ်ခုဆိုလျှင် တစ်စီစီနဲ့လုပ်နေတဲ့ ခွေးတွေလိုပဲ။ မင်းရဲ့ အားအင်ကို မြင်တဲ့အချိန်ကျရင် မင်းရဲ့ခြေထောက်ရှေ့မှာ ဒူးထောက်၊ အမြီးလေးတွေ ယမ်းပြီးတော့ လျှာနဲ့ လာယှက်လိမ့်မယ်။"

ရှောင်ကျီသည် တိကျခိုင်မာစွာနှင့် ပြောလိုက်သည်။

"ဂိုဏ်းချုပ် သူတို့အားလုံးက ဒူးထောက်ပြီးတော့ ခြေထောက်ကို လာလျှက်အောင် လုပ်ပါ့မယ်။"

"ဂိုဏ်းချုပ် …. ဂျူနီယာညီလေး … ခွေးတွေကို မစော်ကားပါနဲ့။"

စုချောင်မိုပြောလိုက်သည်။

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ခွေးဆိုတာ အိမ်တွေကို စောင့်ရှောက်ပေးတယ်။ သခင်အပေါ်ကို သစ္စာရှိတယ်။ လူသားတွေအတွက် သူငယ်ချင်းကောင်းပ။ဲ ဒီတော့ ငါတို့ ခွေးတွေကို မစော်ကားသင့်ဘူး။"

သူတို့နောက်နားတွင်ရှိသော သူများသည် ထိုစကားကို ကြားတော့ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်သွားကြသည်။

စုချောင်မို ထိုသူများအား လှည့်ကြည့်ကာ ပြောလိုက်သည်။

"ဂိုဏ်းချုပ် သူတို့က ကျွန်တော်တို့ကို မနှစ်သက်ကြဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကိုလည်း သတ်ဖြတ်လို့ မရကြဘူး။ သူတို့ကို ကြည့်ရတာ ချီးနင်နေသလိုပဲ။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"အမှန်ပဲ။"

ကျွင်းချောင်ရှောင်းနှင့် စုချောင်မို၏ စကားကို ကြားတော့ ကျင့်ကြံသူများသည် အမျက် ချောင်းချောင်းထွက်သွားကြသည်။

သို့ပေမဲ့ မြို့ထဲတွင် မတိုက်ခိုက်ရ ဟူသော စည်းမျဉ်းလည်း ရှိနေသေး၏။

ထိုစည်းမျဉ်းရှိနေခြင်းကလည်း ကံကောင်းခြင်း ဖြစ်သည်။။

မဟုတ်လျှင် ဂိုဏ်းချုပ်ကျွင်း၏ ဒေါသနှင့်အတူ သူ၏တပည့်များ ဦးဆောင်၍ ကိုယ်တိုင်သွား၍ ရိုက်နှက်နေမည်မှာ သေချာ၏။

မကြာခင်မှာပဲ သူတို့သည် စားသောက်ဆိုင်တစ်ခုရှေ့သို့ ရောက်ရှိသွားကြ၏။

အနောက်ဘက်ဆီမှ ရို့ .. ရို့ ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။။

လှည့်ကြည့်လိုက်ချိန်မှာတော့ ပန်းပွင့်ပုံရေးထိုးထားသော ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် အစေခံများ ခြံရံ၍ ရောက်ရှိလာ၏။

"ပိုင်ယု ….။"

ရှောင်ကျီ၏ မျက်လုံးများသည် မှုန်ကုတ်သွား၏။

"ပိုင်ယု ဟုတ်လား။"

ပိုင်ယု ဟုခေါ်သော လူတစ်ယောက်သည် ဆောင့်ကြွားကြွားဖြင့် ရောက်လာပြီး ပြောလိုက်သည်။

ရို့ .. ရို့။

"ဒါက ချင်းယန်နိုင်ငံရဲ့ ရှားပါးလှတဲ့ ပါရမီရှင် မဟုတ်လား။ မတွေ့ရတာ နှစ်အနည်းငယ်တောင်ကြာပြီ။ ပိုပြီး ကြည့်ကောင်းသွားပါလား။"

"ဂိုဏ်းချုပ် … အထဲကို ဝင်ကြရအောင်။"

လီချင်းယန်သည် ထိုလူအား အလေးထား နှုတ်ဆက်ရမှာ ပျင်းရိစရာကောင်းသည်ဟု ခံစားမိ၏။

ပိုင်ယု ပြောလိုက်သည်။

"ရို့ .. ရို့ …. အသိကျွမ်းတွေ တွေ့ရတာပဲ။ ဘာလို့ စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားတာလဲ။"

စုချောင်မို ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"ဂိုဏ်းချုပ် ဒီလူက ဘာလို့ ရို့ .. ရို့ …. ဆိုတာကို ဘာလို မနားမနေပြောနေရတာတုန်း။ ဦးနှောက်ရော ကောင်းရဲ့လား။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ငါလည်း သေချာမသိဘူး။"

ပြောပြီးသည့်နောက်မှာပဲ ကျွင်းချောင်းရှောင်းသည် တပည့်များကို ခေါ်၍ စားသောက်ခန်းထဲသို့ ခေါ်သွားလိုက်တော့သည်။

ပိုင်ယု သည် အပြင်ဘက်မှာရပ်၍ လှမ်းအော်လိုက်သည်။

"ကြီးမြတ်လှတဲ့ ပါရမီရှင်ရှောင်လေး …. သခင်လေးကလည်း သိုင်းပြိုင်ပွဲကို ဝင်ပြိုင်မှာနော်။ ငါတို့ တွေ့ရင် ကောင်းကောင်း တိုက်ခိုက်ကြတာပေါ့။"

"အဲဒါ ဘယ်သူလဲ။" ကျွင်းချောင်ရှောင်း မေးလိုက်သည်။

ရှောင်ကျီ ပြောလိုက်သည် "သူက ပိုင်မိသားစုရဲ့ တိုက်ရိုက်တပည့်လေ။ လွန်ခဲ့တဲ့ငါးနှစ်တုန်းက နေ့ခင်းအချိန်ကြီး မိန်းကလေးတစ်ယောက်ကို စော်ကားမော်ကားလုပ်နေတာနဲ့ ကျွန်တော် သူ့ကို ရိုက်ခဲ့ဘူးတယ်။"

ကျွင်းချောင်ရှောင်းသည် နှာခေါင်းကိုကုတ်ကာ ပြောလိုက်၏။

"ဒီကောင်ပြောတဲ့ စကားတွေက ငါ့ကို စိတ်တိုသွားစေတယ်။ သိုင်းပြိုင်ပွဲကျရင် သူ့ကို သေအောင်သာရိုက်။ သူ့အဖေ အမေတွေ မမှတ်မိလောက်အောင် ရိုက်လေ ကောင်းလေပဲ။"

"ကောင်းပါပြီ။"

All Chapters