အခန်း (၆၇)
Vol. 5 Ch. 67
မကြာခင်မှာပဲ ပြိုင်ပွဲဝင်ကြမည့် တပည့်နှစ်ရာကျော်သည် ဝင်ပေါက်လေးပေါက်ဆီမှ မတူညီသည့်နေရာများတွင် စုဝေးလိုက်ကြသည်။
သူတို့သည် မတ်တပ်ရပ်၍ သူတို့၏ နေရာများတွင် ရပ်လိုက်ချိန်မှာတော့ ပွဲကြည့်စင်များမှ ပရိတ်သတ်များ၏ အဆုတ်ကွဲအောင် အားပေးသည့် အော်သံများအား ကြားလိုက်ကြ၏။ နာမည်ကျော်ကြားသော တပည့်များသည် သူတို့၏ ပရိတ်သတ်နှင့် သူတို့ရှိနေကြသည် မဟုတ်လား။
“အဟမ်း။”
လီရန်မြို့၏ မြို့တော်ဝန်သည် အလယ်အကျဆုံးသော စင်မြင့်ပေါ်တွင် ပေါ်လာ၏။ သူပေါ်လာသည်နှင့် တစ်ပြိုင်နက် ဆူညံသံများသည် တိတ်ဆိတ်သွားကြတော့သည်။
"လီရန်မြို့မှာ ဒီလိုပြိုင်ပွဲမျိုးကို ကျင်းပခွင့်ရတဲ့အတွက် ဂုဏ်ယူတယ်လို့ အရင်ဆုံး ပြောချင်ပါတယ်။ ပြီးတော့ ယဉ်ပြိုင်ကြတဲ့ တပည့်တွေ အားလုံး အကောင်းဆုံး ရလာဒ်တွေ ရရှိပါစေလို့ ဆုတောင်းပေးမယ်။"
တရားဝင် စကားတစ်ချို့ပြောဆိုပြီးသည့်နောက်တွင် မြို့တော်ဝန်သည် မဲနှိုက်ထားသော နာမည်များအား စတင် အော်လိုက်တော့သည်။
"မြေဓားဂိုဏ်း ထန်းပိုးလန်း။"
"ရှိပါတယ်။"
"နဂါးလှအိမ်တော် ချန်မင်းချင်။"
"ရှိပါတယ်။"
"သံမဏိအလင်းရောင်ဂိုဏ်း ဝမ်ဆီတု။"
"ရှိပါတယ်။"
"ပူရှင်ဂိုဏ်း ကျိုးမူ။"
"ရှိပါတယ်။"
မြို့တော်ဝင် နာမည်အခေါ်ခံရသည့်သူများ အမျိုးအဆွေများ ပရိတ်သတ်များ အသိအကျွမ်းများ အားလုံးသည် အားရပါးရ အားပေး ချီးကျူးလျှက် ရှိကြသည်။
"သံမဏိအရိုးဂိုဏ်း ထျန်းချီ ။"
"ရှိပါတယ်။"
ပွဲကြည်စင်တွင် အသံများ တိတ်သွား၏။
ထို့အပြင် ရယ်သံများ တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။
"ထျန်းချီ ဟုတ်လား သူက ဘယ်လိုလူလဲ။"
"အဆင့်ကိုး ဂိုဏ်းတစ်ခု ပီသတယ်။ ဝင်ပြိုင်တဲ့တပည့်ရဲ့နာမည်တောင် ဘယ်သူမှ မသိဘူး။"
နာမည်ခေါ်ခံနေရဖို့ စောင့်စားနေကြသော ပြိုင်ပွဲဝင်များသည် လှောင်ပြောင်ဟန်ဖြင့် ထျန်းချီ အား ကြည့်လိုက်ကြသည်။
ပွဲကြည့်စင်နှင့် ပတ်ဝန်းကျင်ဆီမှ များပြားလှသော ကဲ့ရဲ့ လှောင်ပြောင်သံများ အကြည့်များကို လျစ်လျူရှုပြီး ထျန်းချီ သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ တီးတိုးပြောလိုက်၏။ "စီနီယာအစ်ကို … ကျွန်တော် တစ်စုံတစ်ယောက်ကို ရိုက်နက်ချင်နေတယ်။"
လီချင်းယန် ပြောလိုက်သည်။ "ပြိုင်ပွဲစတဲ့အထိ ခဏ တောင့်ခံထားဦး။"
“ဟူး…….”
ထျန်းချီ သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။
ပြီးနောက် သူသည် ပွဲကြည့်စင်ပေါ်တွင် ကြည့်နေသော ဂိုဏ်းချုပ်အား လှမ်းကြည့်လိုက်သည်။
"ဂိုဏ်းချုပ် …. ဂိုဏ်းချုပ် မျှော်လင့်ထားသလို ဖြစ်စေရမယ်။"
နာမည်ခေါ်သည့် လုပ်ငန်းစဉ်သည် ဆက်လက်၍ ခေါ်ဆိုနေသည်။
ဂိုဏ်းများမှ နာမည်ကျော်ကြားသော လက်ရွေးစင်တပည့်များ၏ နာမည်ကို ခေါ်ခံရချိန်တွင် အားလုံးသည် ချီးကျူးကြသလို မနာလိုသည့် လေသံများသည်လည်း တစွန်းတစ ပေါ်လာ၏။
သံမဏိအရိုးဂိုဏ်းရဲ့ စုရှောင်မို။
"ရှိပါတယ်။"
"နာမည်ကတော့ မဆိုးဘူးပဲ။ ကံဆိုးတာက သူက အရပ်ပုလွန်းတယ်။"
"ပြိုင်ပွဲစပြီဆိုတာနဲ့ ထွက်ရမှာ သေချာတယ်။"
သဘောတွေ့တဲ့သူက ကြည့်ရှုလျှင် သဘောတွေ့ကြမှာဖြစ်ပြီး အစောတည်းက မနှစ်သက်သူက ကြည့်ရှုလျှင် ဘယ်လိုပင်ကြည့်ကြည့် နှစ်သက်ကြမှာ မဟုတ်ချေ။
ပွဲကြည့်စင်တွင် ရှိသော ကျင့်ကြံသူများ၏ စိတ်ထားသည်လည်း တူတူပင်ဖြစ်သည်။ သူတို့သည် အစောကြီးကတည်းက သံမဏိအရိုးဂိုဏ်းအား အထင်သေးပြီးသား ဖြစ်၏။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်းမှလူ မည်သူဖြစ်ဖြစ် အထင်မကြီးကြချေ။
နောက်ကျမှ ရောက်လာကြသော အဘိုးအိုသည် အလန့်တကြားဖြင့် ပြောလိုက်သည်။ "သူက လီချင်းယန် မဟုတ်ဘူးလား။"
သူနှင့်သူ၏ တပည့်များသည် စုရှောင်မိုအား ချင်းယန်မြို့ ၏ နံပါတ်တစ် ပါရမီရှင်ဖြစ်သည်ဟု မှတ်ထားခဲ့ကြသည်။
အဘိုးအိုသည် မျက်မှောင်ကုတ်ကာ တွေးလိုက်သည်။
"သူက လီချင်းယန် မဟုတ်ဘူး။ ဒါပေမဲ့ သူရဲ့လှုပ်ရှားမှုက အရမ်းမြန်တယ်။ ဒါက ဖြစ်နိုင်တာ …… အဆင့်ကိုးဂိုဏ်းထဲမှာ နဂါးတွေ ကျားတွေ ပုန်းအောင်းနေတာပဲ ဖြစ်ရမယ်။"
"သံမဏိအရိုးဂိုဏ်း လီချင်းယန်။"
"ရှိပါတယ်။"
ပွဲကြည့်စင်တစ်ခုလုံး ချက်ချင်းပဲ ငြိမ်သက်သွား၏။
အားလုံး၏ အကြည့်များသည် အရပ်ရှည်ရှည်နှင့် ခပ်တောင့်တောင့် လူငယ်ဆီသို့ ရောက်ရှိသွားကြသည်။
သူတို့သည် ချင်းယန်မြို့၏ နံပါတ်တစ် ပါရမီရှင်အား ချီးကျူးမိကြသည်။
လီချင်းယန်၏ အရှိန်အဝါသည် သာမန်ထက် ပိုလှ၏။ သို့ပေမဲ့ ဤလူငယ်လေးသည် စုံလုံးကန်းစွာဖြင့် သံမဏိအရိုးဂိုဏ်းဟူသော အမှိုက်ဂိုဏ်းဆီသို့ ဝင်ရောက်ခဲ့၏။
“ဟင်း ……..”
စင်မြင်ပေါ်တွင်ရှိသော ခပ်ဝဝလူတစ်ယောက်သည် ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"ဒီလောက်ကောင်းလှတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ တောင်ပြာဂိုဏ်းကိုသာ ကိုးကွယ်ခဲ့မယ်ဆိုရင် ဒီအချိန်မှာ သိုင်းတပည့်တောင် ဖြစ်ရင် ဖြစ်နေလောက်တယ်။ ဒီလောက်ရွေးချယ်မှုတွေ အများကြီးရှိရဲ့သား နဲ့ အဆင့်ကိုး ဂိုဏ်းတစ်ခုကို ဝင်ဖို့ သူ ဆုံးဖြတ်ခဲ့တယ်။ တကယ်အကောင်းဆုံး ပါရမီရှင်တစ်ယောက်က အမှိုက်တစ်ခုလို ဖြစ်သွားခဲ့တာပဲ။"
"တစ်ခြားဂိုဏ်းတွေကလည်း ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်ကျွင်းရဲ့ အလိမ်အညာတွေထဲကို သူပါသွားတာပဲ။"
မည်သူကမှ လီချင်းယန်အား အထင်မသေးကြချေ။ လှောင်ပြောင်ခြင်းလည်း မပြုကြ။ ထိုအစား သနားနေမိကြ၏။
ကျွင်းချောင်ရှောင်းသည် နားထောင်ပြီး မည်သည့်စကားကိုမှ မဆိုချေ။
သူ ဘာပြောရမည်နည်း။
ဖက်ပြိုင်၍ ငြင်းရမည်လား။
ထိုအရာသည် မိုက်မဲလှ၏။
ထိုသူတို့အားလုံး ပါးစပ်ပိတ်သွားစေရန် အကောင်းဆုံးနည်းလမ်းမှာ သူ့တပည့်များအနေဖြင့် အားအင်အစစ်အမှန်ကို ထုတ်ဖော်ခြင်းသာ ဖြစ်၏။
နာမည် ဆက်လက်ခေါ်ဆိုလျှက်ရှိ၏။
မကြာခင်မှာပဲ ရှောင်ကျီ၏ နာမည် ရောက်လာချိန်မှာတော့ ပွဲကြည့်စင်တစ်ခုလုံးသည် ငြိမ်သက်သွားပြန်သည်။
များပြားလှသော သိုင်းပညာရှင်များသည် ခေါင်းမော့၍ အရှေ့ဘက်ရှိ စင်ဆီသို့ လှမ်းကြည့်လိုက်ကြ၏။
ထိုနေရာတွင် ရှောင်မိသားစု၏ အကြီးအကဲများ ထိုင်လျှက် ရှိကြ၏။ သူတို့သည် အကြီးအကဲ၏ မျက်နှာပေါ်မှ အမူအယာအား မြင်ချင်နေကြသည်။
ခရက်စ်။
ပထမအကြီးအကဲသည် လက်ထဲတွင်ရှိသော လက်ဖက်ရည်ခွက်အား လက်ဖြင့်ဖျစ်ပြီး ခွဲကာ အေးစက်စွာပြောလိုက်သည်။ "ဒီလိုအမှိုက်မျိုးက ပွဲမှာ ဝင်မပါသင့်ဘူး။"
တိုက်ဆိုင်စွာနှင့် ကျွင်းချောင်ရှောင်းသည်လည်း ထိုအဖိုးအိုအား လှမ်းကြည့်လိုက်မိ၏။
အဘိုအို၏ မျက်လုံးထဲတွင်ရှိသော ဒေါသတရားနှင့် သတ်ဖြတ်လိုခြင်း ဆန္ဒများအား မြင်လိုက်ချိန်မှာတော့ သူသည် နှာခေါင်းကို ပွတ်ကာ ပြောလိုက်သည်။ "ဒါက ရှောင်မိသားစုကလား။"
ရှောင်မိသားစု၏ အကြီးအကဲသည်လည်း တစ်စုံတစ်ခုကို အာရုံခံမိပုံဖြင့် ခေါင်းမော့ကာ ကြည့်လာ၏။
သူတို့နှစ်ယောက်သည် တစ်ယောက်နဲ့တစ်ယောက်နှင့် အကြည့်ခြင်းဆုံသွားမိသည်။
ကျွင်းချောင်ရှောင်းသည် ယဉ်ကျေးစွာပြုံးလိုက်၏။
ပြီးနောက် သူ၏ ကန္တာရလင်းယုန် အား ထုတ်၍ လှမ်းချိန်ကာ ပါးစပ်ဖြင့် ဒိုင်းခနဲ ပစ်သည့်ပုံစံ ပြုလုပ်လိုက်သည်။
ထိုအရာသည် သူ၏တပည့်အား မသတ်ဖြတ်ရန် သတိပေးခြင်းဖြစ်၏။ မဟုတ်ပါက သူ့အနေဖြင့် ပစ်သတ်ရပေလိမ့်မည်။
ကံဆိုးစွာဖြင့် ပထမအကြီးအကဲသည် ကျွင်းချောင်ရှောင်း၏ အမူအရာအား နားမလည်ချေ။
ထူးဆန်းသည့် အမူအရာအားမြင်တော့ တွေးလိုက်မိ၏။ "ဂိုဏ်းက စုတ်ပြတ်သတ်နေရုံမကဘူး ခေါင်းဆောင်ကိုယ်တိုင်ကလည်း စိတ်ရော မှန်ရဲ့လား မသိဘူး။"
နာမည် ခေါ်ပြီးသည့်နောက်မှာတော့ တပည့်နှစ်ရာကျော်တို့သည် သူ့နေရာနှင့်သူ ရောက်ရှိသွားခဲ့ကြပြီး ဖြစ်သည်။
လီရန်မြို့တော်ဝန်သည် ချက်ချင်းပင် အချိန်မဆိုင်းဘဲ စည်းမျဉ်းများကို ကြေညာလိုက်၏။
စည်းမျဉ်းများသည် ရိုးရှင်းလှ၏။
လူနှစ်ရာအား အဖွဲများ ခွဲလိုက်မည်ဖြစ်ပြီး မိမိနှင့် ယှဉ်ပြိုင်ရမည့် ယှဉ်ပြိုင်ဘက်အား မဲနှိက်၍ ဆုံးဖြတ်မည်ဖြစ်၏။
အနိုင်ရသူသည် နောက်တစ်ဆင့်သို့ လှမ်းတက်ရမည်ဖြစ်ပြီး ရှုံးနိမ့်သူသည် ထွက်ခွာသွားရပေလိမ့်မည်။
တူညီသည့် ဂိုဏ်းအတွင်းမှ တပည့်များတွေ့ဆုံမှုကို ရှောင်ရှားရန် ဂိုဏ်းများသည် ကြိုတင်၍ ပြင်ဆင်ထားကြသည်။
လုချင်းချင်း နှင့် တစ်ခြားသောသူများသည် တစ် ၊နှစ် ၊ သုံး ၊ လေး နှင့် ရှစ် အဖွဲ့များ ဆီသို့ အသီးသီးရောက်ရှိသွားကြသည်။
မိမိ၏ နေရာသို့ မသွားခင်မှာပဲ လီချင်းယန်သည် လေးလေးနက်နက်ပြောလိုက်သည်။
"စီနီယာအစ်မ ၊ ဂျူနီယာညီလေးတို့ ဂိုဏ်းချုပ်က အပေါ်ကကြည့်နေတယ်။ ငါတို့ သူ့မျှော်လင့်ချက်တွေကို ရိုက်ချိုးလို့ မဖြစ်ဘူး။"
လုချင်းချင်းသည် အဖွဲ့တစ်ဆီသို့ လျှောက်သွားသည်။
"စီနီယာအစ်ကို ကျွန်တော်တို့ နားလည်ပါတယ်။"
စုရှောင်မိုနှင့် ထျန်းချီ တို့သည် ရင်ကော့ကာဖြင့် သူတို့၏ နေရာဆီသို့ လျှောက်သွားတော့သည်။
ရှောင်ကျီသည် တည်နေရာတွင် ရပ်လျှက်ရှိသည်။သူသည် စင်မြင့်ထက်သို့ မော့ကြည့်လိုက်၏။
ဂိုဏ်းချုပ်၏မျက်လုံးနှင့် အကြည့်ချင်းဆုံချိန်မှာတော့ သူသည် ဆုံးဖြတ်ချက်ခိုင်မာ ပြတ်သားသော မျက်နှာသွင်ပြင်မျိုးအား ပြသလိုက်သည်။
လက်ရှိအချိန်တွင် လုချင်းချင်းမှလွဲ၍ တစ်ခြားသော တပည့်လေးယောက်တို့၏ အတွေးများသည် တူညီလျက် ရှိသည်။ သူတို့သည် ဂိုဏ်းအတွက် တိုက်ခိုက်ရတော့မည်ဟု လေးလေးနက်နက် နားလည်ထားကြ၏။
စင်မြင့်ပေါ်တွင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် ရှေ့သို့အသာငိုက်၍ မေးထောက်ကာ တီးတိုး ပြောလိုက်သည်။ "အကောင်းဆုံး ကြိုးစားကြ …. ငါ့တပည့်တို့။"
တပည့်နှစ်ရာကျော်တို့သည် တည်နေရာသို့ ရောက်ရှိပြီးချိန်တွင် စတင်၍ မဲနှိက်တော့သည်။
ပြီးနောက် တိုက်ပွဲအတွက် တာဝန်ယူထားသောသူသည် စတင်၍ ကြေညာတော့၏။
ပထမအကျော့ ပထမဦးဆုံးပွဲ သံမဏိအရိုးဂိုဏ်း ထျန်းချီ နှင့် တော်ဝင်နီဂိုဏ်းရဲ့ စွန်းကိုက်။
“အိုက်ရားရား။” တော်ဝင်နီဂိုဏ်းမှ ဂိုဏ်းချုပ်သည် ရယ်လိုက်၏။ "ဂိုဏ်းချုပ်ကျွင်း ကံဆိုးတာပဲ။ ခင်ဗျားတပည့်ကတော့ ကျုပ်တပည့်နဲ့စတွေ့တာပဲ။"
အနားပတ်ဝန်းကျင်ရှိ ဂိုဏ်းများမှ ကျင့်ကြံသူများသည် ထိုသူအား မနာလိုသလို ကြည့်လိုက်မိ၏။
သူတို့၏ တပည့်များသာ ထိုသို့ကျမည်ဆိုလျှင် နောက်တစ်ဆင့်သို့ လွယ်လွယ်ကူကူနှင့် တက်ရောက်သွားနိုင်သည် မဟုတ်လား။
ကျွင်းချောင်ရှောင်းသည် မည်သည့်စကားမှ မပြောချေ။
………
ဒိုင်လူကြီးသည် မဲနှိုက်ခြင်းအလုပ်ကို ဆက်လက်ပြုလုပ်လျက်ရှိသည်။
တပည့်ရာကျော်သည် ကိုယ်စီယှဉ်ပြိုင်ဘက်များ ရရှိသွားခဲ့ကြပြီဖြစ်သည်။
သံမဏီအရိုးဂိုဏ်းမှ လီချင်းယန် နှင့် ရင်ဆိုင်ရန် မဲကျသည့် သူမှလွဲလျှင် တစ်ခြားသော တပည့်များနှင့် ရင်ဆိုင်ရသော ပြိုင်ဘက်များ၏ မျက်နှာပေါ်တွင် အပြုံးများနှင့် ဖြစ်နေကြ၏။ ထိုသူတို့သည် ဒုတိယအဆင့်သို့ ရောက်ရှိမည်ဟု ကြိုတင် ခံစားမိနေကြသည်။
"ပထမအကျော့ တိုက်ပွဲစမယ်။ ပါဝင်သူများစင်မြင့်ပေါ်သို့ တက်ပါ။"
ထျန်းချီ နှင့် စွန်းကိုင်တို့သည် စင်မြင့်ပေါ်သို့ တက်လိုက်၏။
သူတို့နှစ်ယောက်သည် လက်သီးဆုပ်ကာ တစ်ယောက်ကို တစ်ယောက် ဂါဝရပြုလိုက်ကြ၏။
ပထမအကျော့ ၏ ပထမပွဲသည် စတင်ပြီဖြစ်သည်။
"တော်ဝင်နီဂိုဏ်းကတပည့်ကိုကြည့်ရတာ မရီဒန်ဖွင့်ခြင်း အဆင့်ဆယ့်နှစ်ရှိနေတာပဲ။ သူ ကျိန်းသေပေါက် အနိုင်ယူနိုင်မှာ။"
"ဂိုဏ်းပြိုင်ပွဲမှာ စွမ်းအင်ဖွင့်ခြင်း အဆင့်တစ်ဆယ်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ သံမဏိအရိုးဂိုဏ်းကလူကတော့ ပထမဦးဆုံး စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ်နဲ့ စတွေ့ရတယ်။ သူ့ကံက တော်တော်ဆိုးတာပဲ။"
“ဟား…. ဟား…. ဟား …ဒီလိုအမှိုက်မျိုးက ဘယ်သူနဲ့တွေ့တွေ့ ကံကောင်းမှာ မဟုတ်ပါဘူး။"
ကျင့်ကြံသူများသည် အသီးသီးဆွေးနွေးကာ ရယ်မောပြောဆိုလျက် ရှိကြသည်။
တော်ဝင်နီဂိုဏ်းချုပ်သည် ရယ်မောကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း …. ကျုပ်တပည့်က နည်းနည်းလေး စိတ်မရှည်ဘူး။ တစ်ခါတစ်လေ သူ့ရဲ့အားအင်ကိုလည်း မထိန်းသိမ်းနိုင်ဘူး။ ဒီတော့ ခင်ဗျားရဲ့တပည့်ကို ထိခိုက်သွားရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။"
"ဟုတ်တာပေါ့။"
ကျွင်းချောင်ရှောင်း တုန့်ပြန်လိုက်၏။
"စမယ်။"
ဒိုင်ဆီမှ အသံထွက်ပေါ်လာသည်။
ပြောပြောပြီးချင်းမှာပဲ တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင်ရှိသော ထျန်းချီ သည် မြှားပစ်လိုက်သကဲ့သို့ အမြန်ရောက်ရှိလာပြီး စွန်းကိုင်၏ ဝမ်းဗိုက်ကို ထိုးနှက်ကာ လွင့်စင်အောင် ပြုလုပ်လိုက်တော့သည်။
တော်ဝင်နီဂိုဏ်း၏ တပည့်သည် အနည်းငယ်မျှ စိတ်မရှည်ချေ။ သို့ပေမဲ့ သူစိတ်မရှည်ချိန်ပင် မရလိုက်ချေ။
အော်ဟစ်ပြီး တိုက်ခိုက်ရေးစင်မြင့်အောက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
တော်ဝင်အနီဂိုဏ်းမှ ခပ်ဝဝအကြီးအကဲ၏ မျက်နှာသည် ချက်ချင်းပဲ ပျက်သွား၏။ သူ၏ မျက်လုံးများသည်လည်း ပြူးကျယ်သွားသည်။
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။ "အားနည်းလွန်းလိုက်တာ။"
စင်မြင့်ပေါ်ရှိ ထျန်းချီ သည် သူ၏ လက်သီးအား ပြန်ရုတ်ပြီး ခေါင်းကုတ်လိုက်၏။
"နည်းနည်း အားမထိန်းနိုင်ဘူးဖြစ်သွားတယ် … တောင်းပန်ပါတယ်။"